HomeDramaဒီဇင်ဘာမှာ ကြည့်ရှုရတော့မယ့် Jisoo နဲ့ Jung Hae In တို့ရဲ့ Snowdrop ဒရာမာ 

ဒီဇင်ဘာမှာ ကြည့်ရှုရတော့မယ့် Jisoo နဲ့ Jung Hae In တို့ရဲ့ Snowdrop ဒရာမာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒရာမာပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ BLACKPINK အဖွဲ့က Jisoo နဲ့ မင်းသားချော Jung Hae In တို့ရဲ့ ရိုမန့်စ်ဒရာမာ Snowdrop ကတော့ ထုတ်လွှင့်ပြသမယ့် နေ့ရက်နဲ့အတူ ပိုစတာအသစ်ကိုပါ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်ရဲ့ ဆိုးလ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ Snowdrop ဒရာမာကတော့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတဲ့ Su Ho နဲ့ Young Ro တို့ကြားက ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Jung Hae In ကတော့ လူကုံထံအသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ Su Ho ဆိုတဲ့ ကျောင်းသားဇာတ်ရုပ်နေရာက ပါဝင်ထားပါတယ်။ Jisoo ကတော့ Young Ro ဆိုတဲ့ ကျောင်းသူ ကောင်မလေးနေရာက ပါဝင်ထားပါတယ်။

Su Ho ကတော့ တစ်နေ့မှာ တက္ကသိုလ်က အမျိုးသမီးအဆောင်ကို သွေးသံရဲရဲနဲ့ ရုတ်တရက် ရောက်ရှိလာပါတယ်။ ဒီမှာတင် အဆောင်မှာ ရှိနေတဲ့ Young Ro က သူ့ကို ဖွက်ထားပေးပြီး ရလာတဲ့ ဒဏ်ရာတွေကိုလည်း ဆေးကုသပေးရပါတော့တယ်။

Photo via mydramalist

ယနေ့ နိုဝင်ဘာလ(၉)ရက်နေ့မှာ ထွက်ရှိလာတဲ့ ပိုစတာအသစ်မှာတော့ Su Ho နဲ့ Young Ro တို့ဟာ နွေးထွေးတဲ့ နေရောင်အောက်မှာ အတူတူ ထိုင်နေကြတာ တွေ့ရပါတယ်။ Su Ho ကတော့ အဝေးကို ခပ်ငေးငေး ကြည့်နေပြီး Young Ro ကတော့ ချစ်ခြင်းအပြည့်လွှမ်းတဲ့ မျက်ဝန်းတွေနဲ့ Su Ho ကို ကြည့်နေပါတယ်။

ပိုစတာမှာ ပြထားပုံအရ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအစ ငယ်ရွယ်ပျိုမျစ်မှုတွေကို တွေ့မြင်ရသလို ပုံရဲ့ foreground မှာ ပြထားတဲ့ snowdrop ပန်းလေးကလည်း ရိုမန့်တစ်ဖြစ်တဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးထားပါတယ်။ ပိုစတာထဲမှာ ရေးသားထားတဲ့ စာကတော့ “အချစ်ရော ကံတရားရော လူသိသွားလို့ မရဘူး … ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့အပြင် Young Ro ရဲ့ အကြည့်တွေကို မျက်လုံးချင်းမဆိုင်တဲ့ Su Ho ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားမှာ တင်းမာမှုတစ်ခုလည်း ရှိနေတဲ့သဘော ဖြစ်ပါတယ်။

Photo via mydramalist

Snowdrop ကိုတော့ စာရေးသူ Yoo Hyun Mi က ဇာတ်လမ်းရေးသားပေးထားပြီး ဒါရိုက်တာ Jo Hyun Tak က ရိုက်ကူးပေးထားပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ နာမည်ကျော်ဒရာမာ Sky Castle မှာ အတူတူ တွဲလုပ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် ဒီဒရာမာမှာလည်း ရင်သပ်ရှုမောဖွယ်ရာ ပြကွက်တွေကို ပြသဦးမယ်လို့ ယုံကြည်ရပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jung Hae In ၊ Jisoo ၊ Yoo In Na ၊ Jang Seung Jo ၊ Yoon Se Ah ၊ Kim Hye Yoon နဲ့ Jung Yoo Jin တို့ပဲ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ လာမယ့် ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ JTBC ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ဒရာမာပရိသတ္ေတြ ေမၽွာ္လင့္တႀကီး ေစာင့္စားေနၾကတဲ့ BLACKPINK အဖြဲ႕က Jisoo နဲ႔ မင္းသားေခ်ာ Jung Hae In တို႔ရဲ့ ရိုမန႔္စ္ဒရာမာ Snowdrop ကေတာ့ ထုတ္လႊင့္ျပသမယ့္ ေန႔ရက္နဲ႔အတူ ပိုစတာအသစ္ကိုပါ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။

၁၉၈၇ ခုႏွစ္ရဲ့ ဆိုးလ္ၿမိဳ႕မွာ ဇာတ္အိမ္တည္ထားတဲ့ Snowdrop ဒရာမာကေတာ့ တကၠသိုလ္ေက်ာင္းသားေတြ ျဖစ္ၾကတဲ့ Su Ho နဲ႔ Young Ro တို႔ၾကားက ရင္ခုန္စိတ္လွုပ္ရွားစရာ အခ်စ္ဇာတ္လမ္းကို ၾကည့္ရွုရမွာ ျဖစ္ပါတယ္။ Jung Hae In ကေတာ့ လူကုံထံအသိုင္းအဝိုင္းက ဆင္းသက္လာတဲ့ Su Ho ဆိုတဲ့ ေက်ာင္းသားဇာတ္႐ုပ္ေနရာက ပါဝင္ထားပါတယ္။ Jisoo ကေတာ့ Young Ro ဆိုတဲ့ ေက်ာင္းသူ ေကာင္မေလးေနရာက ပါဝင္ထားပါတယ္။

Su Ho ကေတာ့ တစ္ေန႔မွာ တကၠသိုလ္က အမ်ိဳးသမီးအေဆာင္ကို ေသြးသံရဲရဲနဲ႔ ႐ုတ္တရက္ ေရာက္ရွိလာပါတယ္။ ဒီမွာတင္ အေဆာင္မွာ ရွိေနတဲ့ Young Ro က သူ႔ကို ဖြက္ထားေပးၿပီး ရလာတဲ့ ဒဏ္ရာေတြကိုလည္း ေဆးကုသေပးရပါေတာ့တယ္။

Photo via mydramalist

ယေန႔ နိုဝင္ဘာလ(၉)ရက္ေန႔မွာ ထြက္ရွိလာတဲ့ ပိုစတာအသစ္မွာေတာ့ Su Ho နဲ႔ Young Ro တို႔ဟာ ေႏြးေထြးတဲ့ ေနေရာင္ေအာက္မွာ အတူတူ ထိုင္ေနၾကတာ ေတြ႕ရပါတယ္။ Su Ho ကေတာ့ အေဝးကို ခပ္ေငးေငး ၾကည့္ေနၿပီး Young Ro ကေတာ့ ခ်စ္ျခင္းအျပည့္လႊမ္းတဲ့ မ်က္ဝန္းေတြနဲ႔ Su Ho ကို ၾကည့္ေနပါတယ္။

ပိုစတာမွာ ျပထားပုံအရ သူတို႔ႏွစ္ေယာက္ရဲ့ အခ်စ္ခရီးအစ ငယ္ရြယ္ပ်ိဳမ်စ္မွုေတြကို ေတြ႕ျမင္ရသလို ပုံရဲ့ foreground မွာ ျပထားတဲ့ snowdrop ပန္းေလးကလည္း ရိုမန႔္တစ္ျဖစ္တဲ့ ပတ္ဝန္းက်င္ေလးကို ဖန္တီးေပးထားပါတယ္။ ပိုစတာထဲမွာ ေရးသားထားတဲ့ စာကေတာ့ “အခ်စ္ေရာ ကံတရားေရာ လူသိသြားလို႔ မရဘူး … ” လို႔ အဓိပၸာယ္ရပါတယ္။ ဒါ့အျပင္ Young Ro ရဲ့ အၾကည့္ေတြကို မ်က္လုံးခ်င္းမဆိုင္တဲ့ Su Ho ကို ၾကည့္ျခင္းအားျဖင့္ သူတို႔ႏွစ္ဦးၾကားမွာ တင္းမာမွုတစ္ခုလည္း ရွိေနတဲ့သေဘာ ျဖစ္ပါတယ္။

Photo via mydramalist

Snowdrop ကိုေတာ့ စာေရးသူ Yoo Hyun Mi က ဇာတ္လမ္းေရးသားေပးထားၿပီး ဒါရိုက္တာ Jo Hyun Tak က ရိုက္ကူးေပးထားပါတယ္။ သူတို႔ႏွစ္ဦးစလုံးကေတာ့ နာမည္ေက်ာ္ဒရာမာ Sky Castle မွာ အတူတူ တြဲလုပ္ခဲ့ၾကသူေတြ ျဖစ္တာေၾကာင့္ ဒီဒရာမာမွာလည္း ရင္သပ္ရွုေမာဖြယ္ရာ ျပကြက္ေတြကို ျပသဦးမယ္လို႔ ယုံၾကည္ရပါတယ္။

ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Jung Hae In ၊ Jisoo ၊ Yoo In Na ၊ Jang Seung Jo ၊ Yoon Se Ah ၊ Kim Hye Yoon နဲ႔ Jung Yoo Jin တို႔ပဲ ျဖစ္ပါတယ္။ ဒီဒရာမာကိုေတာ့ လာမယ့္ ဒီဇင္ဘာလ(၁၈)ရက္ေန႔မွာ JTBC ႐ုပ္သံလိုင္းကေန စတင္ထုတ္လႊင့္ ျပသမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular