HomeCelebs Update NewsKoreaဒရာမာအသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးလေးအဖြစ် သရုပ်ဆောင်ရတော့မယ့် Jisoo 

ဒရာမာအသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးလေးအဖြစ် သရုပ်ဆောင်ရတော့မယ့် Jisoo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLINK တွေ ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့ရတဲ့ အချိန်လေးကတော့ ရောက်ရှိလာခဲ့ပါပြီ။ BLINK တွေဟာ အဖွဲ့ထဲက visual တစ်ယောက်ဖြစ်တဲ့ Jisoo ကို မင်းသမီးလေးတစ်ယောက်အဖြစ် သရုပ်ဆောင်တာကို မြင်တွေ့ချင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင်တော့ အဲ့ဒီ့ဆန္ဒလေးက ပြည့်ဝတော့မှာ ဖြစ်ပါတယ်။

Jisoo ဟာ ၂၀၁၈ခုနှစ်ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ Sky Castle ဒရာမာရဲ့ ပီဒီက ထပ်မံဖန်တီးမယ့် ဒရာမာအသစ်တစ်ခုထဲမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Mydaily သတင်းဌာနရဲ့ ဖော်ပြချက်အရ Jisoo ဟာ Snowdrop လို့ အမည်ပေးထားတဲ့ ဒရာမာထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: sooyaaa__/ Instagram

အဆိုပါ ဒရာမာဟာ လက်ရှိမှာတော့ JTBC ရုပ်သံလိုင်းနဲ့ ထုတ်လွှင့်ပြသမယ့် အစီအစဉ်တွေကို ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။ Snowdrop လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ဟာ Sky Castle ကို ဖန်တီးခဲ့ကြတဲ့ စာရေးဆရာ Yoo Hyun Mi နဲ့ ပီဒီ Cho Hyun Tak တို့ ထပ်မံလက်တွဲ ဖန်တီးမယ့် လက်ရာအသစ် ဖြစ်ပါတယ်။

Jisoo တစ်ယောက် သရုပ်ဆောင်အဖြစ် ပထမဆုံး ပွဲထွက်မယ့်အကြောင်းကိုလည်း YG Entertainment က အတည်ပြုပေးထားပါတယ်။ “Snowdrop ဒရာမာထဲမှာ Jisoo ပါဝင်မယ်ဆိုတာ အမှန်ပါပဲ… ” လို့ YG က အတည်ပြု ပြောကြားပေးထားတာ ဖြစ်ပါတယ်။

Photo: sooyaaa__/ Instagram

ဒါဟာ Jisoo အတွက်တော့ ပွဲဦးထွက် သရုပ်ဆောင်ရမယ့် ဒရာမာလည်း ဖြစ်သလို ကိုယ်ပိုင်ဇာတ်ရုပ်နဲ့ လုပ်ကွက်တွေ အများကြီးရမယ့် ပထမဆုံးဒရာမာလည်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ သူမဟာ KBS က ထုတ်လွှင့်တဲ့ The Producers ဆိုတဲ့ ဒရာမာနဲ့ tvN က ထုတ်လွှင့်တဲ့ Arthdal Chronicles ဆိုတဲ့ ဒရာမာတွေမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ သရုပ်ဆောင်ရမှာကတော့ အခုက ပထမဆုံး ဖြစ်ပါတယ်။

လတ်တလောမှာတော့ Jisoo ဟာ BLACKPINK ရဲ့ အောက်တိုဘာလ(၂)ရက်နေ့မှာ ပြုလုပ်မယ့် comeback အတွက် ပြင်ဆင်နေပါတယ်။ ဒီတစ်ခေါက် comeback မှာတော့ BLACKPINK အဖွဲ့ရဲ့ ပထမဆုံး full length album ကို ထုတ်ဝေမှာဖြစ်ပြီး Selena Gomez နဲ့ collab လုပ်မယ့်အကြောင်းကိုလည်း teaser ထပ်ထုတ်ထားတာ တွေ့ရပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

BLINK ေတြ ကာလၾကာရွည္စြာ ေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ အခ်ိန္ေလးကေတာ့ ေရာက္ရွိလာခဲ့ပါၿပီ။ BLINK ေတြဟာ အဖြဲ႕ထဲက visual တစ္ေယာက္ျဖစ္တဲ့ Jisoo ကို မင္းသမီးေလးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္တာကို ျမင္ေတြ႕ခ်င္ခဲ့ၾကတာျဖစ္ၿပီး အခုဆိုရင္ေတာ့ အဲ့ဒီ့ဆႏၵေလးက ျပည့္ဝေတာ့မွာ ျဖစ္ပါတယ္။

Jisoo ဟာ ၂၀၁၈ခုႏွစ္ရဲ႕ နာမည္ႀကီး ေအာင္ျမင္ခဲ့တဲ့ Sky Castle ဒရာမာရဲ႕ ပီဒီက ထပ္မံဖန္တီးမယ့္ ဒရာမာအသစ္တစ္ခုထဲမွာ ပါဝင္သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ Mydaily သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Jisoo ဟာ Snowdrop လို႔ အမည္ေပးထားတဲ့ ဒရာမာထဲမွာ ေခါင္းေဆာင္မင္းသမီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Photo: sooyaaa__/ Instagram

အဆိုပါ ဒရာမာဟာ လက္ရွိမွာေတာ့ JTBC ႐ုပ္သံလိုင္းနဲ႔ ထုတ္လႊင့္ျပသမယ့္ အစီအစဥ္ေတြကို ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ Snowdrop လို႔ အမည္ရတဲ့ ဒီဒရာမာအသစ္ဟာ Sky Castle ကို ဖန္တီးခဲ့ၾကတဲ့ စာေရးဆရာ Yoo Hyun Mi နဲ႔ ပီဒီ Cho Hyun Tak တို႔ ထပ္မံလက္တြဲ ဖန္တီးမယ့္ လက္ရာအသစ္ ျဖစ္ပါတယ္။

Jisoo တစ္ေယာက္ သ႐ုပ္ေဆာင္အျဖစ္ ပထမဆုံး ပြဲထြက္မယ့္အေၾကာင္းကိုလည္း YG Entertainment က အတည္ျပဳေပးထားပါတယ္။ “Snowdrop ဒရာမာထဲမွာ Jisoo ပါဝင္မယ္ဆိုတာ အမွန္ပါပဲ… ” လို႔ YG က အတည္ျပဳ ေျပာၾကားေပးထားတာ ျဖစ္ပါတယ္။

Photo: sooyaaa__/ Instagram

ဒါဟာ Jisoo အတြက္ေတာ့ ပြဲဦးထြက္ သ႐ုပ္ေဆာင္ရမယ့္ ဒရာမာလည္း ျဖစ္သလို ကိုယ္ပိုင္ဇာတ္႐ုပ္နဲ႔ လုပ္ကြက္ေတြ အမ်ားႀကီးရမယ့္ ပထမဆုံးဒရာမာလည္း ျဖစ္ပါတယ္။ ဒီမတိုင္ခင္မွာေတာ့ သူမဟာ KBS က ထုတ္လႊင့္တဲ့ The Producers ဆိုတဲ့ ဒရာမာနဲ႔ tvN က ထုတ္လႊင့္တဲ့ Arthdal Chronicles ဆိုတဲ့ ဒရာမာေတြမွာ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ဖူးပါတယ္။ သို႔ေပမယ့္ ေခါင္းေဆာင္မင္းသမီးအျဖစ္နဲ႔ သ႐ုပ္ေဆာင္ရမွာကေတာ့ အခုက ပထမဆုံး ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ Jisoo ဟာ BLACKPINK ရဲ႕ ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ျပဳလုပ္မယ့္ comeback အတြက္ ျပင္ဆင္ေနပါတယ္။ ဒီတစ္ေခါက္ comeback မွာေတာ့ BLACKPINK အဖြဲ႕ရဲ႕ ပထမဆုံး full length album ကို ထုတ္ေဝမွာျဖစ္ၿပီး Selena Gomez နဲ႔ collab လုပ္မယ့္အေၾကာင္းကိုလည္း teaser ထပ္ထုတ္ထားတာ ေတြ႕ရပါတယ္။

Glasgow

Source: koreaboo

 

RELATED ARTICLES

Most Popular