HomeCelebs Update NewsKoreaအက်ရှင်ခန်းတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြခဲ့တဲ့ Joo Ji Hoon

အက်ရှင်ခန်းတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြခဲ့တဲ့ Joo Ji Hoon

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Joo Ji Hoon ဟာ အမျိုးသား lifestyle ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Esquire နဲ့ တွေ့ဆုံပြီး ဩဂုတ်လထွက်ရှိမယ့် မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ပေးထားသလို သရုပ်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အင်တာဗျူးလုပ်ပေးထားပါတယ်။

မင်းသား Joo Ji Hoon ဟာ လတ်တလောမှာ Kingdom ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားပြီး နန်းတွင်းဒရာမာနဲ့ ဇွန်ဘီကောင်တွေကြားထဲက ဒီဇာတ်လမ်းကို ဘယ်လိုသရုပ်ဆောင်ထားလည်းဆိုတာ ပြောပြထားပါတယ်။ Joo Ji Hoon ရဲ့အဆိုအရ Kingdom ဒုတိယ season ထဲက ခေါင်မိုးပေါ်မှာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်ရတဲ့အခန်းဟာ ပုံစံတစ်မျိုးနဲ့ ရိုက်ကူးထားတာလို့ သိရပါတယ်။

Photo Courtesy: Esquire Magazine

“အဲ့ဒီ့အခန်းမှာဆို မိန်းကင်မရာမဟုတ်ဘဲ နောက်ထပ်ကင်မရာတစ်လုံး ရှိသေးတယ်။ ကျွန်တော်တို့ ပြလိုက်တာက အဲ့ကင်မရာနှစ်ခုက ရိုက်ထားတဲ့ အခန်းကို ရောပြီး edit လုပ်ပြီး ပြလိုက်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အဲ့အခန်းကို ရိုက်တုန်းကတော့ one take တစ်ခါတည်း ရိုက်ခဲ့တာ…” လို့ Joo Ji Hoon က ဆိုပါတယ်။

အက်ရှင်ခန်းတွေကို ရိုက်ကူးဖို့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ အပိုင်းပေါင်း(၃၀)လောက်ခွဲပြီး တာဝန်ယူခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ “ခက်ခက်ခဲခဲ ရိုက်ထားတဲ့ အခန်းတစ်ခန်းကို ကြည့်လိုက်ရရင် ဒါဟာ အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုပဲလို့ မြင်ရမှာပါ။ ကိုယ်ခံပညာရပ်ဆိုင်ရာ ဒါရိုက်တာက ကျွန်တော်တို့ကို သေသေချာချာ ကူညီသင်ပြပေးတယ်။ ပြီးတော့ ပါတဲ့သရုပ်ဆောင်တွေအားလုံးက အကုန်ဝိုင်းပြီး အားထုတ်လိုက်ကြရတာပေါ့…” လို့ Joo Ji Hoon က ဆိုပါတယ်။

Photo Courtesy: Esquire Magazine

ဒါ့အပြင် တောက်လျှောက်တစ်ဖြတ်တည်း ရိုက်ရတဲ့ one-take အက်ရှင်ခန်းတွေဟာ တကယ်ကြီး ခက်ခဲပြီး မောပန်းပါတယ်လို့ သူက ဆိုပါသေးတယ်။ “အဲ့ဒီ့တုန်းက ကျွန်တော် လက်ချောင်းတစ်ချောင်းတောင် ကျိုးသွားတယ်။ ခြေထောက်တွေဆိုရင် အားကိုမရှိတော့တာ။ ရိုက်နေရင်း ကျွန်တော် လဲကျသွားပြီး လက်ချောင်းတစ်ချောင်း ကျိုးသွားတော့တာပဲ။ ခက်ခဲတယ်ဆိုတာထက်ပိုတဲ့ ခံစားချက်မျိုးပဲဗျ…” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ကိုယ့်ကိုယ်ကို TV မှာ ပြန်ကြည့်ရင် intense ဖြစ်တဲ့ look တွေက သုံးဆယ်ရာခိုင်နှုန်းလောက် လျှော့ထားတယ်လို့ ပြောလို့ရတယ်။ one-take နဲ့ရိုက်ထားတဲ့ အခန်းတွေဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်းလောက် လျှော့ထားတာ။ ကြည့်တဲ့သူတွေ ခံစားမိမှာမဟုတ်တဲ့ လေးလံတဲ့ ခံစားချက်တစ်မျိုးကို ကျွန်တော်တို့ သရုပ်ဆောင်တွေမှာ ခံစားရတာရှိတယ်။ ပြီးတော့ အရှိန်လိုဟာမျိုးလည်း ရှိသေးတယ်။ ကြည့်တဲ့သူတွေမှာ ကျွန်တော်တို့က ဖန်သားပြင်ပေါ်မှာ ပေါ့ပေါ့ပါးပါးလေး ပျံနေကြတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အားနဲ့ လုံးထွေးသတ်ပုတ်နေရတာမျိုး …” လို့ ပြောပြပါတယ်။

Photo Courtesy: Esquire Magazine

Joo Ji Hoon ဟာ အဲ့ဒီ့တုန်းက ပေါင်(၁၇၀)ကျော်လောက် ရှိတာကြောင့် ဒီလိုပြင်းထန်တဲ့ အက်ရှင်ခန်းတွေကို သရုပ်ဆောင်ရတာ သူ့အတွက် တကယ် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ ယခုဓာတ်ပုံရိုက်ကူးတော့မယ်ဆိုမှသာ ဝိတ်ပြန်လျှော့လိုက်တာလို့လည်း ရယ်မောရင်း ပြောထားပါသေးတယ်။

နန်းတွင်းဒရာမာတွေ ရိုက်ကူးတဲ့အခါ မြင်းစီးတဲ့အခန်းတွေကို သပ်ရပ်နေအောင် သရုပ်ဆောင်တွေ ဘယ်လိုဖန်တီးရတယ်ဆိုတာကိုလည်း ပြောပြထားပါသေးတယ်။ “ကျွန်တော်မြင်းစီးသွားတဲ့အခန်းကို နောက်ကျောကနေ ကင်မရာက ရိုက်မယ် ထားပါတော့။ အဲ့လိုအခန်းမျိုးဆို ကိုယ့်ရဲ့လူစားထိုးသရုပ်ဆောင်ကို သုံးသင့်တယ်။ သူတို့က ကိုယ့်ထက်ပိုပြီး မြင်းကိုကောင်းကောင်းစီးနိုင်တယ်လေ….”

Photo Courtesy: Esquire Magazine

“တစ်ချို့အငြင်းအခုန်လုပ်တဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ အဝေးကြီးကပဲရိုက်ရိုက်၊ နောက်ကျောကပဲရိုက်ရိုက် တကယ့် သရုပ်ဆောင်ကိုယ်တိုင်ကပဲ အခန်းတိုင်းကို သရုပ်ဆောင်ရမယ်ပေါ့။ ဒါပေမယ့် အဲ့ဒါမျိုးက လုံခြုံရေးအရလည်း ပစ္စည်းပစ္စယတွေ စုံစုံလင်လင်ရှိမှ၊ ပြီးတော့ ဘတ်ဂျက်ကလည်း လိုအပ်သလောက် ရမှ ဖြစ်တာဗျ။ ကျွန်တော်က အခန်းတိုင်းကို ကိုယ်တိုင်ရိုက်ပြီး… ဥပမာ – မြင်းစီးတဲ့အခန်းကို ရိုက်လို့ မြင်းပေါ်က ပြုတ်ကျသွားတယ် ဆိုပါတော့။ ရိုက်ကူးရေးက သုံးလလောက် နားလိုက်ရမယ်ဆိုရင် ကုန်ကျစရိတ်တွေက မမျှော်လင့်ထားတာထက် ပိုပြီးအများကြီး ကုန်ကျသွားမှာပေါ့။ အဲ့လိုမျိုး။ ကျွန်တော်ပြောပြတဲ့ အိုင်ဒီယာကတော့ ကျွန်တော့်ခန္ဓာကိုယ် သက်သာဖို့ မဟုတ်ပါဘူး။ ရိုက်ကွင်းတစ်ခုလုံးကို ပိုပြီးအဆင်ပြေဖို့ကို ပြောချင်တာပါ …. ” လို့ မင်းသား Joo Ji Hoon က နိဂုံးချုပ် ပြောထားပါတယ်။

LaNina

Source: soompi

(Zawgyi Version)

နာမည္ေက်ာ္ သ႐ုပ္ေဆာင္မင္းသားတစ္လက္ျဖစ္တဲ့ Joo Ji Hoon ဟာ အမ်ိဳးသား lifestyle ဖက္ရွင္မဂၢဇင္းျဖစ္တဲ့ Esquire နဲ႔ ေတြ႕ဆုံၿပီး ဩဂုတ္လထြက္ရွိမယ့္ မဂၢဇင္းအတြက္ ဓာတ္ပုံ႐ိုက္ေပးထားသလို သ႐ုပ္ေဆာင္ျခင္းနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕အျမင္ကို အင္တာဗ်ဴးလုပ္ေပးထားပါတယ္။

မင္းသား Joo Ji Hoon ဟာ လတ္တေလာမွာ Kingdom ဇာတ္လမ္းတြဲနဲ႔ ပရိသတ္အားေပးမႈကို အခိုင္အမာ ရရွိထားၿပီး နန္းတြင္းဒရာမာနဲ႔ ဇြန္ဘီေကာင္ေတြၾကားထဲက ဒီဇာတ္လမ္းကို ဘယ္လိုသ႐ုပ္ေဆာင္ထားလည္းဆိုတာ ေျပာျပထားပါတယ္။ Joo Ji Hoon ရဲ႕အဆိုအရ Kingdom ဒုတိယ season ထဲက ေခါင္မိုးေပၚမွာ ဇြန္ဘီေတြနဲ႔ တိုက္ခိုက္ရတဲ့အခန္းဟာ ပုံစံတစ္မ်ိဳးနဲ႔ ႐ိုက္ကူးထားတာလို႔ သိရပါတယ္။

Photo Courtesy: Esquire Magazine

“အဲ့ဒီ့အခန္းမွာဆို မိန္းကင္မရာမဟုတ္ဘဲ ေနာက္ထပ္ကင္မရာတစ္လုံး ရွိေသးတယ္။ ကြၽန္ေတာ္တို႔ ျပလိုက္တာက အဲ့ကင္မရာႏွစ္ခုက ႐ိုက္ထားတဲ့ အခန္းကို ေရာၿပီး edit လုပ္ၿပီး ျပလိုက္တာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲ့အခန္းကို ႐ိုက္တုန္းကေတာ့ one take တစ္ခါတည္း ႐ိုက္ခဲ့တာ…” လို႔ Joo Ji Hoon က ဆိုပါတယ္။

အက္ရွင္ခန္းေတြကို ႐ိုက္ကူးဖို႔ ႐ိုက္ကူးေရးအဖြဲ႕သားေတြဟာ အပိုင္းေပါင္း(၃၀)ေလာက္ခြဲၿပီး တာဝန္ယူခဲ့ၾကရတယ္လို႔လည္း ဆိုပါတယ္။ “ခက္ခက္ခဲခဲ ႐ိုက္ထားတဲ့ အခန္းတစ္ခန္းကို ၾကည့္လိုက္ရရင္ ဒါဟာ အဖြဲ႕သားေတြရဲ႕ ႀကိဳးစားအားထုတ္မႈပဲလို႔ ျမင္ရမွာပါ။ ကိုယ္ခံပညာရပ္ဆိုင္ရာ ဒါ႐ိုက္တာက ကြၽန္ေတာ္တို႔ကို ေသေသခ်ာခ်ာ ကူညီသင္ျပေပးတယ္။ ၿပီးေတာ့ ပါတဲ့သ႐ုပ္ေဆာင္ေတြအားလုံးက အကုန္ဝိုင္းၿပီး အားထုတ္လိုက္ၾကရတာေပါ့…” လို႔ Joo Ji Hoon က ဆိုပါတယ္။

Photo Courtesy: Esquire Magazine

ဒါ့အျပင္ ေတာက္ေလွ်ာက္တစ္ျဖတ္တည္း ႐ိုက္ရတဲ့ one-take အက္ရွင္ခန္းေတြဟာ တကယ္ႀကီး ခက္ခဲၿပီး ေမာပန္းပါတယ္လို႔ သူက ဆိုပါေသးတယ္။ “အဲ့ဒီ့တုန္းက ကြၽန္ေတာ္ လက္ေခ်ာင္းတစ္ေခ်ာင္းေတာင္ က်ိဳးသြားတယ္။ ေျခေထာက္ေတြဆိုရင္ အားကိုမရွိေတာ့တာ။ ႐ိုက္ေနရင္း ကြၽန္ေတာ္ လဲက်သြားၿပီး လက္ေခ်ာင္းတစ္ေခ်ာင္း က်ိဳးသြားေတာ့တာပဲ။ ခက္ခဲတယ္ဆိုတာထက္ပိုတဲ့ ခံစားခ်က္မ်ိဳးပဲဗ်…” လို႔ ဆိုပါတယ္။

ဆက္လက္ၿပီး “ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကို TV မွာ ျပန္ၾကည့္ရင္ intense ျဖစ္တဲ့ look ေတြက သုံးဆယ္ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ထားတယ္လို႔ ေျပာလို႔ရတယ္။ one-take နဲ႔႐ိုက္ထားတဲ့ အခန္းေတြဆိုရင္ ေျခာက္ဆယ္ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ထားတာ။ ၾကည့္တဲ့သူေတြ ခံစားမိမွာမဟုတ္တဲ့ ေလးလံတဲ့ ခံစားခ်က္တစ္မ်ိဳးကို ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ေတြမွာ ခံစားရတာရွိတယ္။ ၿပီးေတာ့ အရွိန္လိုဟာမ်ိဳးလည္း ရွိေသးတယ္။ ၾကည့္တဲ့သူေတြမွာ ကြၽန္ေတာ္တို႔က ဖန္သားျပင္ေပၚမွာ ေပါ့ေပါ့ပါးပါးေလး ပ်ံေနၾကတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းက ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အားနဲ႔ လုံးေထြးသတ္ပုတ္ေနရတာမ်ိဳး …” လို႔ ေျပာျပပါတယ္။

Photo Courtesy: Esquire Magazine

Joo Ji Hoon ဟာ အဲ့ဒီ့တုန္းက ေပါင္(၁၇၀)ေက်ာ္ေလာက္ ရွိတာေၾကာင့္ ဒီလိုျပင္းထန္တဲ့ အက္ရွင္ခန္းေတြကို သ႐ုပ္ေဆာင္ရတာ သူ႔အတြက္ တကယ္ ခက္ခဲခဲ့တယ္လို႔ ဆိုပါတယ္။ ယခုဓာတ္ပုံ႐ိုက္ကူးေတာ့မယ္ဆိုမွသာ ဝိတ္ျပန္ေလွ်ာ့လိုက္တာလို႔လည္း ရယ္ေမာရင္း ေျပာထားပါေသးတယ္။

နန္းတြင္းဒရာမာေတြ ႐ိုက္ကူးတဲ့အခါ ျမင္းစီးတဲ့အခန္းေတြကို သပ္ရပ္ေနေအာင္ သ႐ုပ္ေဆာင္ေတြ ဘယ္လိုဖန္တီးရတယ္ဆိုတာကိုလည္း ေျပာျပထားပါေသးတယ္။ “ကြၽန္ေတာ္ျမင္းစီးသြားတဲ့အခန္းကို ေနာက္ေက်ာကေန ကင္မရာက ႐ိုက္မယ္ ထားပါေတာ့။ အဲ့လိုအခန္းမ်ိဳးဆို ကိုယ့္ရဲ႕လူစားထိုးသ႐ုပ္ေဆာင္ကို သုံးသင့္တယ္။ သူတို႔က ကိုယ့္ထက္ပိုၿပီး ျမင္းကိုေကာင္းေကာင္းစီးႏိုင္တယ္ေလ….”

Photo Courtesy: Esquire Magazine

“တစ္ခ်ိဳ႕အျငင္းအခုန္လုပ္တဲ့ လူေတြလည္း ရွိတာေပါ့ဗ်ာ။ အေဝးႀကီးကပဲ႐ိုက္႐ိုက္၊ ေနာက္ေက်ာကပဲ႐ိုက္႐ိုက္ တကယ့္ သ႐ုပ္ေဆာင္ကိုယ္တိုင္ကပဲ အခန္းတိုင္းကို သ႐ုပ္ေဆာင္ရမယ္ေပါ့။ ဒါေပမယ့္ အဲ့ဒါမ်ိဳးက လုံၿခဳံေရးအရလည္း ပစၥည္းပစၥယေတြ စုံစုံလင္လင္ရွိမွ၊ ၿပီးေတာ့ ဘတ္ဂ်က္ကလည္း လိုအပ္သေလာက္ ရမွ ျဖစ္တာဗ်။ ကြၽန္ေတာ္က အခန္းတိုင္းကို ကိုယ္တိုင္႐ိုက္ၿပီး… ဥပမာ – ျမင္းစီးတဲ့အခန္းကို ႐ိုက္လို႔ ျမင္းေပၚက ျပဳတ္က်သြားတယ္ ဆိုပါေတာ့။ ႐ိုက္ကူးေရးက သုံးလေလာက္ နားလိုက္ရမယ္ဆိုရင္ ကုန္က်စရိတ္ေတြက မေမွ်ာ္လင့္ထားတာထက္ ပိုၿပီးအမ်ားႀကီး ကုန္က်သြားမွာေပါ့။ အဲ့လိုမ်ိဳး။ ကြၽန္ေတာ္ေျပာျပတဲ့ အိုင္ဒီယာကေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္ သက္သာဖို႔ မဟုတ္ပါဘူး။ ႐ိုက္ကြင္းတစ္ခုလုံးကို ပိုၿပီးအဆင္ေျပဖို႔ကို ေျပာခ်င္တာပါ …. ” လို႔ မင္းသား Joo Ji Hoon က နိဂုံးခ်ဳပ္ ေျပာထားပါတယ္။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular