HomeDramaSeason 2 ထွက်လာဖို့ အတည်ပြုလိုက်တဲ့ Jung Hae In နဲ့ Goo Kyo Hwan ရဲ့...

Season 2 ထွက်လာဖို့ အတည်ပြုလိုက်တဲ့ Jung Hae In နဲ့ Goo Kyo Hwan ရဲ့ “D.P” ဇာတ်လမ်းတွဲ

ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့ကြတဲ့ Jung Hae In နဲ့ Goo Kyo Hwan တို့ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “D.P” ဟာ season 2 ထွက်ရှိလာဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Deserter Pursuit ကို အတိုကောက်မှည့်ထားတဲ့ D.P ဟာ နာမည်ကြီး ဝက်ဘ်တွန်းတစ်ခုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တပ်ပြေးတွေကို ဖမ်းဆီးဖို့ စေလွှတ်ခံရတဲ့ အထူးစစ်တပ်ဖွဲ့တစ်ခုအကြောင်း ဖြစ်ပါတယ်။

Photo via soompi

Jung Hae In ကတော့ Ahn Jun Ho ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Ahn Jun Ho ဟာ D.P အဖွဲ့အတွက် အသစ်ခန့်အပ်ခံရတဲ့ ကင်းထောက်တစ်ယောက် ဖြစ်ပြီး Goo Kyo Hwan ကတော့ D.P အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Han Ho Yeol အဖြစ် ပါဝင်ထားပါတယ်။

D.P ဟာ မကြာသေးခင်ကပဲ New York Times မဂ္ဂဇင်းက ရွေးချယ်ပေးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ဇာတ်လမ်းတွဲတွေထဲမှာ ရွေးချယ်ခံခဲ့ရတဲ့ တစ်ခုတည်းသော ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ကြည့်ရှုသူတွေကတော့ ဇာတ်လမ်းတွဲရဲ့ အသေးစိတ်ကျနပြီး စစ်သားတွေရဲ့ ဘဝဇာတ်ကြောင်းအပေါ် ဖော်ပြတင်ဆက်မှုကို ချီးမွမ်းထားကြပါတယ်။

Photo via soompi

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jung Hae In ၊ Goo Kyo Hwan ၊ Kim Sung Kyun ၊ Son Seok Gu နဲ့ Cho Hyun Chul တို့ ဖြစ်ပါတယ်။ ဒါ့အပြင် season 1 ဟာ ပရိသတ်တွေအတွက် အဖြေမသိရသေးတဲ့ မေးခွန်းတွေလည်း ချန်ရစ်ခဲ့တာကြောင့် အခုလို season 2 ထပ်မံရိုက်ကူး ထုတ်လုပ်ဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။

season 2 ကိုလည်း ပထမ season ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Han Joon Hee နဲ့ ဇာတ်ညွှန်းရေးသားသူ Kim Bo Tong တို့ကပဲ ဆက်လက် တွဲဖက် ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular