HomeDramaJung So Min ကို အလုပ်ကြိုးစားတဲ့ အယ်ဒီတာအဖြစ် မြင်တွေ့ရမယ့် ဒရာမာသစ် 

Jung So Min ကို အလုပ်ကြိုးစားတဲ့ အယ်ဒီတာအဖြစ် မြင်တွေ့ရမယ့် ဒရာမာသစ် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Jung So Min ကိုတော့ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် Monthly Magazine Home ဆိုတဲ့ ဒရာမာအသစ်မှာ ချစ်စရာ ကာရိုက်တာလေးနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ရိုမန့်စ် ဒရာမာအမျိုးအစားဖြစ်တဲ့ ဒီစီးရီးအသစ်လေးမှာတော့ Jung So Min ဟာ မင်းသား Kim Ji Suk နဲ့အတူ တွဲဖက် သရုပ်ဆောင်ထားပါတယ်။ So Min ဟာ Na Young Won ဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားပြီး Kim Ji Suk ကတော့ Yoo Ja Sung ဆိုတဲ့ လူတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာပါ။

Photo via soompi

အိမ်ဆိုတာဟာ လူတစ်ယောက်အတွက် နေထိုင်ဖို့၊ သက်သောင့်သက်သာ ဖြစ်စေတဲ့ နေရာတစ်ခုလို့ Na Young Won က ခံယူထားသူ ဖြစ်ပါတယ်။ Yoo Ja Sung ဆိုတဲ့လူကတော့ အိမ်ဆိုတာဟာ ဝယ်ယူထားပြီး ရင်းနှီးမြှုပ်နှံရတဲ့အရာလို့ ယုံကြည်သူ ဖြစ်ပါတယ်။

Na Young Won ဟာ lifestyle မဂ္ဂဇင်းတစ်ခုမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်နေတဲ့ အလုပ်ကြိုးစားသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဒီအလုပ်ကို လုပ်ကိုင်လာခဲ့တာ ဆယ်နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပြီး သူမရဲ့အလုပ်ကို ချစ်မြတ်နိုးသူပါ။

Photo via mydramalist

အလားတူပဲ သူမဟာ လက်ရှိနေထိုင်နေတဲ့ ခေါင်မိုးထပ်အိမ်လေးမှာ နေထိုင်လာခဲ့တာ ဆယ်နှစ်ခန့် ရှိနေပါပြီ။ သူမရဲ့ စိတ်ထဲမှာတော့ အိမ်ဆိုတာဟာ ခံစားချက်မှန်သမျှကို ဖုံးကွယ်စရာမလိုဘဲ ကိုယ့်ရဲ့မူရင်းပုံစံအတိုင်း စိတ်သက်သာစွာ နေထိုင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အယ်ဒီတာအဖြစ် လုပ်ကိုင်ရတဲ့ သူမဟာ နေ့ဘက် ရုံးမှာတော့ အလုပ်များလှသူ ဖြစ်ပါတယ်။ သူမရဲ့ တာဝန်မှန်သမျှကို အာရုံစူးစိုက်ကာ လုပ်ဆောင်တတ်သူလည်း ဖြစ်ပါတယ်။ အလုပ်မှာဆိုရင် ပဲများနေဖို့တောင် မစဉ်းစားအားဘဲ အသေးစိတ်ကအစ ကွက်တိကျအောင်၊ မှန်ကန်အောင် လုပ်ကိုင်တတ်သူပါ။

Photo via mydramalist

ဒီလို ထောင့်စေ့ပြီး အလုပ်ကြိုးစားလှတဲ့ သူမဟာ အိမ်ကို ရောက်ပြီဆိုရင်တော့ တခြားလူတစ်ယောက်လိုပဲ သူမရဲ့ တင်းထားရတဲ့ စိတ်တွေကို ဖြေလျှော့တတ်သူပါ။ သူမရဲ့ အိမ်ခေါင်မိုးထပ်လေးကနေ ရှုခင်းလှလှလေးတွေကို ကြည့်ရင်း ဘဝကို ကျေနပ်နေတတ်သလို ဆယ်နှစ်လောက် ဆက်တိုက် အိမ်ငှားခ ပေးလာရတာကိုလည်း အနှမျောမရှိသူ ဖြစ်ပါတယ်။

သူမရဲ့အတွေးထဲမှာတော့ သူမကို လွတ်လပ်စွာ၊ သက်သောင့်သက်သာ ဖြစ်စေတဲ့ နေရာလေးမို့ သံယောဇဉ် ရှိသလို ပေးရတဲ့ အိမ်လခတွေကိုလည်း တန်တယ်လို့ ယူဆထားသူပါ။ ဒီလိုနဲ့ တစ်ဘက်က အိမ်ဆိုတာဟာ ဝယ်ယူရတာလို့ ခံယူထားသူနဲ့ တွေ့မယ်ဆိုရင်တော့ ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

စိတ်သက်သာကြည်နူးရစေမယ့် ရိုမန့်စ် ဒရာမာလေးဖြစ်ပြီး အိမ်အပေါ် ထားရှိတဲ့ အမြင်တွေကို တမျိုးတဖုံ ခံစားရစေမယ့် ဒရာမာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဒရာမာလေးကိုတော့ လာမယ့် ဇွန်လ(၁၆)ရက် ကိုရီးယားစံတော်ချိန် ည(၉)နာရီအချိန်မှာ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာေလး Jung So Min ကိုေတာ့ JTBC ႐ုပ္သံလိုင္းက ထုတ္လႊင့္မယ့္ Monthly Magazine Home ဆိုတဲ့ ဒရာမာအသစ္မွာ ခ်စ္စရာ ကာ႐ိုက္တာေလးနဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

႐ိုမန႔္စ္ ဒရာမာအမ်ိဳးအစားျဖစ္တဲ့ ဒီစီးရီးအသစ္ေလးမွာေတာ့ Jung So Min ဟာ မင္းသား Kim Ji Suk နဲ႔အတူ တြဲဖက္ သ႐ုပ္ေဆာင္ထားပါတယ္။ So Min ဟာ Na Young Won ဆိုတဲ့ ေကာင္မေလးေနရာကေန သ႐ုပ္ေဆာင္ထားၿပီး Kim Ji Suk ကေတာ့ Yoo Ja Sung ဆိုတဲ့ လူတစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားတာပါ။

Photo via mydramalist

အိမ္ဆိုတာဟာ လူတစ္ေယာက္အတြက္ ေနထိုင္ဖို႔၊ သက္ေသာင့္သက္သာ ျဖစ္ေစတဲ့ ေနရာတစ္ခုလို႔ Na Young Won က ခံယူထားသူ ျဖစ္ပါတယ္။ Yoo Ja Sung ဆိုတဲ့လူကေတာ့ အိမ္ဆိုတာဟာ ဝယ္ယူထားၿပီး ရင္းႏွီးျမႇဳပ္ႏွံရတဲ့အရာလို႔ ယုံၾကည္သူ ျဖစ္ပါတယ္။

Na Young Won ဟာ lifestyle မဂၢဇင္းတစ္ခုမွာ အယ္ဒီတာအျဖစ္ လုပ္ကိုင္ေနတဲ့ အလုပ္ႀကိဳးစားသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ ဒီအလုပ္ကို လုပ္ကိုင္လာခဲ့တာ ဆယ္ႏွစ္ခန႔္ ရွိခဲ့ၿပီ ျဖစ္ၿပီး သူမရဲ႕အလုပ္ကို ခ်စ္ျမတ္ႏိုးသူပါ။

Photo via mydramalist

အလားတူပဲ သူမဟာ လက္ရွိေနထိုင္ေနတဲ့ ေခါင္မိုးထပ္အိမ္ေလးမွာ ေနထိုင္လာခဲ့တာ ဆယ္ႏွစ္ခန႔္ ရွိေနပါၿပီ။ သူမရဲ႕ စိတ္ထဲမွာေတာ့ အိမ္ဆိုတာဟာ ခံစားခ်က္မွန္သမွ်ကို ဖုံးကြယ္စရာမလိုဘဲ ကိုယ့္ရဲ႕မူရင္းပုံစံအတိုင္း စိတ္သက္သာစြာ ေနထိုင္ႏိုင္တဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။

အယ္ဒီတာအျဖစ္ လုပ္ကိုင္ရတဲ့ သူမဟာ ေန႔ဘက္ ႐ုံးမွာေတာ့ အလုပ္မ်ားလွသူ ျဖစ္ပါတယ္။ သူမရဲ႕ တာဝန္မွန္သမွ်ကို အာ႐ုံစူးစိုက္ကာ လုပ္ေဆာင္တတ္သူလည္း ျဖစ္ပါတယ္။ အလုပ္မွာဆိုရင္ ပဲမ်ားေနဖို႔ေတာင္ မစဥ္းစားအားဘဲ အေသးစိတ္ကအစ ကြက္တိက်ေအာင္၊ မွန္ကန္ေအာင္ လုပ္ကိုင္တတ္သူပါ။

Photo via mydramalist

ဒီလို ေထာင့္ေစ့ၿပီး အလုပ္ႀကိဳးစားလွတဲ့ သူမဟာ အိမ္ကို ေရာက္ၿပီဆိုရင္ေတာ့ တျခားလူတစ္ေယာက္လိုပဲ သူမရဲ႕ တင္းထားရတဲ့ စိတ္ေတြကို ေျဖေလွ်ာ့တတ္သူပါ။ သူမရဲ႕ အိမ္ေခါင္မိုးထပ္ေလးကေန ရႈခင္းလွလွေလးေတြကို ၾကည့္ရင္း ဘဝကို ေက်နပ္ေနတတ္သလို ဆယ္ႏွစ္ေလာက္ ဆက္တိုက္ အိမ္ငွားခ ေပးလာရတာကိုလည္း အႏွေမ်ာမရွိသူ ျဖစ္ပါတယ္။

သူမရဲ႕အေတြးထဲမွာေတာ့ သူမကို လြတ္လပ္စြာ၊ သက္ေသာင့္သက္သာ ျဖစ္ေစတဲ့ ေနရာေလးမို႔ သံေယာဇဥ္ ရွိသလို ေပးရတဲ့ အိမ္လခေတြကိုလည္း တန္တယ္လို႔ ယူဆထားသူပါ။ ဒီလိုနဲ႔ တစ္ဘက္က အိမ္ဆိုတာဟာ ဝယ္ယူရတာလို႔ ခံယူထားသူနဲ႔ ေတြ႕မယ္ဆိုရင္ေတာ့ ဘယ္လိုေတြ ဆက္ျဖစ္မယ္ဆိုတာ စိတ္ဝင္စားစရာပါပဲ။

စိတ္သက္သာၾကည္ႏူးရေစမယ့္ ႐ိုမန႔္စ္ ဒရာမာေလးျဖစ္ၿပီး အိမ္အေပၚ ထားရွိတဲ့ အျမင္ေတြကို တမ်ိဳးတဖုံ ခံစားရေစမယ့္ ဒရာမာတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဒရာမာေလးကိုေတာ့ လာမယ့္ ဇြန္လ(၁၆)ရက္ ကိုရီးယားစံေတာ္ခ်ိန္ ည(၉)နာရီအခ်ိန္မွာ JTBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular