HomeBiographyအမိုက္စားခႏၶာကိုယ္ေကာက္ေၾကာင္းကို ပိုင္ဆိုင္ထားတဲ့ ဆယ္လီမမ (၅)ေယာက္

အမိုက္စားခႏၶာကိုယ္ေကာက္ေၾကာင္းကို ပိုင္ဆိုင္ထားတဲ့ ဆယ္လီမမ (၅)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေတာင္ကိုရီးယားရဲ႕ အႏုပညာေလာကမွာ ေငးေမာေလာက္တဲ့ အလွကိုယ္စီနဲ႔ အမ်ိဳးသမီးေတြခ်ည္းပါပဲ။ မ်က္ႏွာေလးက လွသလို ခႏၶာကိုယ္ေကာက္ေၾကာင္းေလးကလည္း ဆြဲေဆာင္မႈရိွတဲ့ ဆယ္လီမမ(၅)ေယာက္ကေတာ့ …

(၁) Clara
Photo: actressclara/ Instagram
Photo: actressclara/ Instagram

Clara Lee ဟာ ဆြစ္ဇာလန္ႏိုင္ငံမွာ ေမြးဖြားၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ အေျခခ်ေနတဲ့ သရုပ္ေဆာင္၊ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ပါတယ္။ ေမြးေန႔သကၠရာဇစ္ကေတာ့ ၁၉၈၅ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔ ျဖစ္ပါတယ္။ အမည္ရင္း Lee Sung-Min ျဖစ္ၿပီး Clara Lee ဆိုတဲ့ အႏုပညာနာမည္မွာ Clara ဆိုတဲ့ အတိုေကာက္နာမည္နဲ႔ပဲ လူသိမ်ားပါတယ္။ သူမဟာ ကိုယ္ကာယ ေလ့က်င့္ခန္းေတြကို စနစ္တက် ေလ့က်င့္တတ္သူျဖစ္ၿပီး သူမရဲ႕ ေန႔စဥ္ေလ့က်င့္ခန္းေတြကိုလည္း သူမရဲ႕ IG မွာ ျပန္လည္ေ၀မွ်တတ္သူ ျဖစ္ပါတယ္။

(၂) Sayuri
Photo: sayuriakon13/ Instagram
Photo: sayuriakon13/ Instagram

Sayuri Fujita ဟာ ေတာင္ကိုရီးယားႏိုင္ငံမွာ အေျခခ်ေနတဲ့ ဂ်ပန္လူမ်ိဳး TV Host တစ္ဦး ျဖစ္ပါတယ္။ ေမြးေန႔သကၠရာဇစ္ကေတာ့ ၁၉၇၉ခုႏွစ္ ေအာက္တုိဘာလ(၁၃)ရက္ ျဖစ္တာေၾကာင့္ အသက္ႀကီးေနၿပီလို႔ ထင္ရေပမယ့္ သူ႔ရဲ႕ IG ကို သြားၾကည့္လိုက္ရင္ေတာ့ ပါးစပ္အေဟာင္းသား ျဖစ္သြားရပါလိမ့္မယ္။

(၃) Hyuna
Photo: hyunah_aa/ Instagram
Photo: hyunah_aa/ Instagram

အမည္ရင္းက Kim Hyun-Ah ျဖစ္ေပမယ့္ Hyuna ဆိုတဲ့ နာမည္နဲ႔ ပိုၿပီးလူသိမ်ားပါတယ္။ သူမဟာ ေတးေရး၊ ေတးဆို၊ Rapper နဲ႔ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ၿပီး Wonder Girls အဖြဲ႔၀င္အျဖစ္ ေကေပါ့ပ္ေလာကထဲကို စတင္ပြဲထြက္လာခဲ့တာပါ။ ေနာက္ပိုင္းမွာ Wonder Girls ကထြက္ၿပီး 4Minute အဖြဲ႔ထဲကို၀င္ကာ အေတာ္ေလး ေအာင္ျမင္ၿပီးတဲ့ေနာက္ solo artist အေနနဲ႔ ဆက္လက္လႈပ္ရွားေနပါတယ္။ သူမရဲ႕ ဆြဲေဆာင္မႈကိုေတာ့ MV ေတြကတစ္ဆင့္ အမ်ားစု သိရိွၾကၿပီး ျဖစ္မွာပါ။

(၄) EXID အဖြဲ႔ရဲ႕ LE
Photo: x_xellybabyx/ Instagram
Photo: x_xellybabyx/ Instagram

အမည္ရင္းက Ahn Hyo-jin ျဖစ္ေပမယ့္ LE ဆိုတဲ့ အတိုေကာက္နာမည္နဲ႔ လူသိမ်ားပါတယ္။ သူမဟာ EXID မိန္းကေလးအဖြဲ႔ရဲ႕ အဖြဲ႔၀င္ျဖစ္ၿပီး ေတးေရး၊ ေတးဆိုျဖစ္သလို rapper တစ္ေယာက္လည္း ျဖစ္ပါတယ္။ နာမည္မႀကီးခင္တုန္းကလည္း Jiggy Fellaz ဆိုတဲ့ underground hip-hop အဖြဲ႔မွာ Elly ဆိုတဲ့ အမည္နဲ႔ ပါ၀င္ခဲ့ပါေသးတယ္။

(၅) Han Hye Jin
Photo: modelhanhyejin/ Instagram
Photo: modelhanhyejin/ Instagram

Han Hye Jin ဟာ ေတာင္ကိုရီးယားရဲ႕ ဖက္ရွင္ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္သလို TV Personality တစ္ေယာက္လည္း ျဖစ္ပါတယ္။ ကိုရီးယားဘာသာနဲ႔ ထုတ္ေ၀တဲ့ Vogue မဂၢဇင္း အပါအ၀င္ ဖက္ရွင္မဂၢဇင္း ေတာ္ေတာ္မ်ားမ်ားမွာ မ်က္ႏွာဖုံး ကာဗာေမာ္ဒယ္လ္အျဖစ္ ရိုက္ေပးခဲ့ရပါတယ္။ ဒါ့အျပင္ New York Fashion Week မွာလည္း သုံးႏွစ္ေလာက္ ရိႈးေလွ်ာက္ေပးခဲ့ပါေသးတယ္။

ဒါေတြကေတာ့ ေတာင္ကိုရီးယားႏိုင္ငံထဲမွာ လႈပ္ရွားေနတဲ့ ဆယ္လီမမေတြထဲကမွ ဆြဲေဆာင္မႈရိွတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္း အမိုက္စားကို ပိုင္ဆိုင္ထားသူေတြပါ။ ပိုလွတဲ့ ပုံေလးေတြ ေတြ႔ရဖို႔ သူတို႔ရဲ႕ IG ေတြကိုလည္း ၀င္ေရာက္ၾကည့္ရႈလိုက္ပါဦးလို႔ အႀကံျပဳလိုက္ပါတယ္။

Xei

(Unicode Version)

တောင်ကိုရီးယားရဲ့ အနုပညာလောကမှာ ငေးမောလောက်တဲ့ အလှကိုယ်စီနဲ့ အမျိုးသမီးတွေချည်းပါပဲ။ မျက်နှာလေးက လှသလို ခန္ဓာကိုယ်ကောက်ကြောင်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့ ဆယ်လီမမ(၅)ယောက်ကတော့ …

(၁) Clara
Photo: actressclara/ Instagram
Photo: actressclara/ Instagram

Clara Lee ဟာ ဆွစ်ဇာလန်နိုင်ငံမှာ မွေးဖွားပြီး တောင်ကိုရီးယားနိုင်ငံမှာ အခြေချနေတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။ မွေးနေ့သက္ကရာဇစ်ကတော့ ၁၉၈၅ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ဖြစ်ပါတယ်။ အမည်ရင်း Lee Sung-Min ဖြစ်ပြီး Clara Lee ဆိုတဲ့ အနုပညာနာမည်မှာ Clara ဆိုတဲ့ အတိုကောက်နာမည်နဲ့ပဲ လူသိများပါတယ်။ သူမဟာ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို စနစ်တကျ လေ့ကျင့်တတ်သူဖြစ်ပြီး သူမရဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေကိုလည်း သူမရဲ့ IG မှာ ပြန်လည်ဝေမျှတတ်သူ ဖြစ်ပါတယ်။

(၂) Sayuri
Photo: sayuriakon13/ Instagram
Photo: sayuriakon13/ Instagram

Sayuri Fujita ဟာ တောင်ကိုရီးယားနိုင်ငံမှာ အခြေချနေတဲ့ ဂျပန်လူမျိုး TV Host တစ်ဦး ဖြစ်ပါတယ်။ မွေးနေ့သက္ကရာဇစ်ကတော့ ၁၉၇၉ခုနှစ် အောက်တိုဘာလ(၁၃)ရက် ဖြစ်တာကြောင့် အသက်ကြီးနေပြီလို့ ထင်ရပေမယ့် သူ့ရဲ့ IG ကို သွားကြည့်လိုက်ရင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားရပါလိမ့်မယ်။

(၃) Hyuna
Photo: hyunah_aa/ Instagram
Photo: hyunah_aa/ Instagram

အမည်ရင်းက Kim Hyun-Ah ဖြစ်ပေမယ့် Hyuna ဆိုတဲ့ နာမည်နဲ့ ပိုပြီးလူသိများပါတယ်။ သူမဟာ တေးရေး၊ တေးဆို၊ Rapper နဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး Wonder Girls အဖွဲ့ဝင်အဖြစ် ကေပေါ့ပ်လောကထဲကို စတင်ပွဲထွက်လာခဲ့တာပါ။ နောက်ပိုင်းမှာ Wonder Girls ကထွက်ပြီး 4Minute အဖွဲ့ထဲကိုဝင်ကာ အတော်လေး အောင်မြင်ပြီးတဲ့နောက် solo artist အနေနဲ့ ဆက်လက်လှုပ်ရှားနေပါတယ်။ သူမရဲ့ ဆွဲဆောင်မှုကိုတော့ MV တွေကတစ်ဆင့် အများစု သိရှိကြပြီး ဖြစ်မှာပါ။

(၄) EXID အဖွဲ့ရဲ့ LE
Photo: x_xellybabyx/ Instagram
Photo: x_xellybabyx/ Instagram

အမည်ရင်းက Ahn Hyo-jin ဖြစ်ပေမယ့် LE ဆိုတဲ့ အတိုကောက်နာမည်နဲ့ လူသိများပါတယ်။ သူမဟာ EXID မိန်းကလေးအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး တေးရေး၊ တေးဆိုဖြစ်သလို rapper တစ်ယောက်လည်း ဖြစ်ပါတယ်။ နာမည်မကြီးခင်တုန်းကလည်း Jiggy Fellaz ဆိုတဲ့ underground hip-hop အဖွဲ့မှာ Elly ဆိုတဲ့ အမည်နဲ့ ပါဝင်ခဲ့ပါသေးတယ်။

(၅) Han Hye Jin
Photo: modelhanhyejin/ Instagram
Photo: modelhanhyejin/ Instagram

Han Hye Jin ဟာ တောင်ကိုရီးယားရဲ့ ဖက်ရှင်မော်ဒယ်လ်တစ်ယောက် ဖြစ်သလို TV Personality တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုရီးယားဘာသာနဲ့ ထုတ်ဝေတဲ့ Vogue မဂ္ဂဇင်း အပါအဝင် ဖက်ရှင်မဂ္ဂဇင်း တော်တော်များများမှာ မျက်နှာဖုံး ကာဗာမော်ဒယ်လ်အဖြစ် ရိုက်ပေးခဲ့ရပါတယ်။ ဒါ့အပြင် New York Fashion Week မှာလည်း သုံးနှစ်လောက် ရှိုးလျှောက်ပေးခဲ့ပါသေးတယ်။

ဒါတွေကတော့ တောင်ကိုရီးယားနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ ဆယ်လီမမတွေထဲကမှ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အမိုက်စားကို ပိုင်ဆိုင်ထားသူတွေပါ။ ပိုလှတဲ့ ပုံလေးတွေ တွေ့ရဖို့ သူတို့ရဲ့ IG တွေကိုလည်း ဝင်ရောက်ကြည့်ရှုလိုက်ပါဦးလို့ အကြံပြုလိုက်ပါတယ်။

Xei

 

RELATED ARTICLES

Most Popular