HomeCelebs Update NewsKoreaကြော်ငြာကပေးတဲ့ပိုက်ဆံထက် သိက္ခာကိုအလေးထားတဲ့ K စတားများ

ကြော်ငြာကပေးတဲ့ပိုက်ဆံထက် သိက္ခာကိုအလေးထားတဲ့ K စတားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဖျော်ဖြေရေးလောကထဲမှာတော့ စတားတစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုကို ကြော်ငြာဘယ်လောက်များများ လက်ခံရရှိလည်းဆိုတာနဲ့ တိုင်းတာလေ့ ရှိကြပါတယ်။ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်အစရှိသဖြင့် လူထုရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိလာပြီး အောင်မြင်မှုဒီရေ မြင့်တက်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေကလည်း ကိန်းဂဏန်းကြီးကြီးတွေပေးပြီး သူတို့ရဲ့ကုန်ပစ္စည်းကို ကြော်ငြာပေးဖို့ ကမ်းလှမ်းလာတတ်ကြပါတယ်။ ဒီနေရာမှာတော့ စတားဖြစ်သွားတဲ့လူရဲ့ ခံယူချက်နဲ့ သိက္ခာအပေါ်ထားတဲ့ စောင့်စည်းမှုတို့နဲ့ သက်ဆိုင်သွားပါတယ်။ တစ်ချို့က ကိုယ့်ပုံရိပ်၊ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကြော်ငြာတွေကို ငွေတွေ ဘယ်လောက်ပဲ ပုံအောပေးပေး ငြင်းတတ်ကြပေမယ့် တစ်ချို့ကတော့ မေးခွန်းထုတ်စရာဖြစ်စေမယ့် ကြော်ငြာတွေ ဖြစ်နေရင်တောင် ပိုက်ဆံမက်ပြီး လက်ခံတတ်ကြပါတယ်။

ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ သိက္ခာအတွက် မြောက်များလှတဲ့ ကြော်ငြာခတွေကို ငြင်းပယ်ခဲ့တဲ့ သမာဓိကောင်းသူ စတားတွေလည်း ကိုရီးယားဖျော်ဖြေရေးလောကမှာ ရှိပါတယ်။ သူတို့တွေကတော့ …

လီဟိုရီ

Photo: soompi

လီဟိုရီဟာ ၁၉၉၈ခုနှစ်မှာ Fin.K.L အဖွဲ့နဲ့ ပွဲထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ် ကိုရီးယားမှာ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ကိုရီးယားပြည်တွင်းမှာလည်း တစ်ခဲနက်အားပေးမှုတေွ ရရှိခဲ့တာကြောင့် ကြော်ငြာတွေကလည်း အလုအယက် ကမ်းလှမ်းခဲ့ကြပါတယ်။ သူမဟာ ၂၀၀၀ပြည့်နှစ်များအထိ ကြော်ငြာပေါင်းများစွာကို လက်ခံရိုက်ကူးပေးခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၂ခုနှစ်မှာတော့ ဘယ်ကြော်ငြာကိုမှ လက်ခံရိုက်ကူးပေးတော့မှာ မဟုတ်ကြောင်းကို ကြေငြာချက်ထုတ်ပြန်ပြီး တရားဝင် ငြင်းဆိုလိုက်ပါတယ်။

အဲ့ဒီ့နောက်ပိုင်းကစလို့ လီဟိုရီဟာ ဘယ်ကုမ္ပဏီက ဘယ်လောက်ပဲပေးပေး၊ ကြော်ငြာအားလုံးကို ငြင်းဆိုလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ရောက်တဲ့အချိန်မှာတော့ သူမရဲ့ Hyori’s Homestay အစီအစဉ်က သိပ်ကိုလူကြိုက်များလာခဲ့တာကြောင့် ဝမ်(၃)ဘီလျံတန်တဲ့ ကြော်ငြာတစ်ခုကို ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ဒေါ်လာ(၂.၆)သန်းကျော် တန်ကြေးရှိတဲ့ ကြော်ငြာခ ဖြစ်ပေမယ့် ဟိုရီကတော့ ငြင်းဆိုခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေးတို့လို လူထုအတွက် အကျိုးပြုမယ့် ပရော့ဂျက်တွေ ဖြစ်မယ်ဆိုရင်တော့ သူမအနေနဲ့ လက်ခံဖို့ စဉ်းစားမယ်လို့ Radio Star အစီအစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။

ဂျိုဂျင်ဝန်း

Photo: soompi

လူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Signal ထဲက သရုပ်ဆောင် ဂျိုဂျင်ဝန်းဟာ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုရဲ့ ကြော်ငြာကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ်။ အလျှော့မပေးတဲ့ ကုမ္ပဏီကဝန်ထမ်းတွေဟာ ဂျိုဂျင်ဝန်းရဲ့ဇနီးသည်နဲ့ပါ တွေ့ခွင့်ရအောင် ဖန်တီးပြီး ခင်ပွန်းဖြစ်သူကို ကြော်ငြာကို လက်ခံလာအောင် နားချပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ သစ္စာရှိတဲ့ဇနီးသည်ဖြစ်သူကတော့ “ဒါကို လက်မခံဘူးဆိုရင် ကျွန်မယောကျ်ားမှာ လက်မခံရတဲ့ အကြောင်းပြချက်ရှိလို့ ဖြစ်မှာပါ။ အဲ့တော့ ကျွန်မမှာလည်း သူ့ကိုမြူဆွယ်ပေးဖို့အကြောင်း မရှိပါဘူး…” လို့ ပြန်လည်ချေပခဲ့ပါတယ်။

ဘိက်ဂျောင်ဝန်

Photo: soompi

ဘိက်ဂျောင်ဝန်ဟာ ကိုရီးယားက နာမည်ကျော်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး စီအီးအိုတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လမ်းဘေးက စားသောက်ဆိုင်လေးတွေကို စွမ်းစွမ်းတမံ ကူညီပေးနေသူဖြစ်ပြီး နာမည်ကျော်ဒရာမာသရုပ်ဆောင် မင်းသမီး ဆိုယူးဂျင်ရဲ့ခင်ပွန်းလည်း ဖြစ်ပါတယ်။ သူဟာ လူသုံးကုန်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းတွေက ကြော်ငြာကမ်းလှမ်းမှုများစွာကို လက်ခံရရှိခဲ့ပေမယ့် ဇနီးသည်ရဲ့စကားကြောင့် ကြော်ငြာအားလုံးကို ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။ ဇနီးသည်က ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါလို့ ပြောထားတာကြောင့် ကြော်ငြာအားလုံးကို ငြင်းလိုက်ပါတယ်လို့ Healing Camp အစီအစဉ်မှာ ပါဝင်ခဲ့ရတုန်းက ပြောပြဖူးပါတယ်။

ဟာဂျောင်ဝူး

Photo: soompi

Along with the Gods ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်ကြားမှာ လူသိများတဲ့ မင်းသား ဟာဂျောင်ဝူးဟာလည်း သူ့ရုပ်ရှင်တွေထဲက သွားရည်ယိုချင်စရာ အစားစားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် မမျှော်လင့်ဘဲ mukbang စတားတစ်ယောက် ဖြစ်လာပါတယ်။ သို့ပေမယ့် မင်းသားကတော့ အစားအသောက်နဲ့ ပတ်သက်တဲ့ထုတ်ကုန်တွေက ကမ်းလှမ်းလာတဲ့ ကြော်ငြာတွေကို ငြင်းပယ်ခဲ့ပါတယ်။ “ဒါတွေကို လက်ခံလိုက်ရင် ကျွန်တော့်ရဲ့သရုပ်ဆောင်ဆိုတဲ့ဘဝကို စစ်မှန်မှုမရှိတော့သလို ခံစားရမှာပါ။ သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းတွေမှာ အစားစားတဲ့အခန်းတွေ ပါရင်သာ သဏ္ဍာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ချင်ပါတယ် …” လို့ ရှင်းပြထားပါတယ်။

လီယောင်အေး

Photo: soompi

မြန်မာပရိသတ်တွေကြားမှာ ချန်ဂင်လို့ နာမည်ကြီးတဲ့ မင်းသမီးချော လီယောင်အေးဟာ ဂျပန်ချေးငွေကုမ္ပဏီတစ်ခုက ကမ်းလှမ်းတဲ့ ကြော်ငြာကို ငြင်းပယ်ခဲ့ပါတယ်။ “ဒီကုမ္ပဏီက လူထုကို ဆိုးကျိုးတွေပေးနေတယ်ဆိုတာ ကျွန်မ သိလိုက်ရပါတယ်။ ဒီငွေရေးကြေးရေးလုပ်ငန်းတွေ လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ကျွန်မပုံရိပ်နဲ့ မကိုက်ညီပါဘူး။ နောက်နောင်ကိုလည်း သတိကြီးကြီးထားပါ့မယ် …” လို့ ငြင်းပယ်ရတဲ့အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။

ဘီဝှိုင်း

Photo: soompi

Show Me the Money 5 ရဲ့ winner ဖြစ်တဲ့ ဘီဝှိုင်းဟာ ကြော်ငြာအနည်းငယ်ကိုသာ လက်ခံရိုက်ကူးထားသူ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ဟင်းခတ်အရသာမှုန့်ကုမ္ပဏီတစ်ခုက ကြော်ငြာခတွေအများကြီး ပုံအောပေးပြီး ဘီဝှိုင်းကို ကြော်ငြာအပ်ခဲ့ပေမယ့် သူတို့ရဲ့ကုန်ပစ္စည်းဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဆောင်းဟေကျို

Photo: soompi

အွန်စောလို့ မြန်မာပရိသတ်တွေ နှုတ်ကျိုးနေကြတဲ့ မင်းသမီး ဆောင်းဟေကျိုဟာ နာမည်ကြီးဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီက ကမ်းလှမ်းတဲ့ တရုတ်ကြော်ငြာတစ်ခုကို ငြင်းပယ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အတင်းအဓမ္မလုပ်သားစေခိုင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့ လုပ်ငန်းစုတစ်ခုအတွက် ကြော်ငြာရိုက်မပေးနိုင်ပါဘူးဆိုပြီး ခပ်ပြတ်ပြတ် ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပါ့ခ်ဟျော့ကွမ်း

Photo: soompi

သရုပ်ဆောင် ပါ့ခ်ဟျော့ကွမ်းဟာ ကုမ္ပဏီများစွာရဲ့ ကြော်ငြာကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ကြောင့် အားလုံးကို ငြင်းပယ်ခဲ့သူပါ။ “သရုပ်ဆောင်တစ်ယောက်က ကြော်ငြာတွေ ရိုက်ကူးခွင့်ရှိပါသလား? ကျွန်တော်ကတော့ မရိုက်သင့်ဘူးလို့ ထင်ပါတယ် …” လို့ပြောပြီး မြောက်များလှစွာသော ကြော်ငြာတွေကို ငြင်းပယ်ခဲ့ပါတယ်။ သူငြင်းခဲ့တဲ့ ကြော်ငြာတွေထဲမှာ အလှကုန်ပစ္စည်းတွေ၊ အိမ်သုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်ကြော်ငြာတွေနဲ့ အာမခံကုမ္ပဏီတွေရဲ့ ကြော်ငြာတေွ ပါဝင်ပါတယ်။

ပါ့ခ်ဂျင်ဟီး

Photo: soompi

ပါ့ခ်ဂျင်ဟီးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကို ကာကွယ်ရေးတွေမှာ ကာလကြာရှည်စွာ တက်တက်ကြွကြွ လှုပ်ရှားလာသူ ဖြစ်ပါတယ်။ ချေးငွေကုမ္ပဏီတစ်ခုက ဝမ်ဘီလျံပေါင်းများစွာ ပုံပေးပြီး ကြော်ငြာအပ်ခဲ့ပေမယ့် သူမဘက်ကတော့ ခဏလေးတောင် မတွေဝေဘဲ ချက်ချင်းဆိုသလို ငြင်းဆိုခဲ့ပါတယ်။ “ပုဂ္ဂလိကချေးငွေတွေကြောင့် အကြွေးနွံထဲမှာ နစ်နေရတဲ့ သာမန်လူတန်းစားတွေအတွက် ဒီကုမ္ပဏီမျိုးတွေဟာ ပိုပြီးဘဝပျက်သွားစေမှာပါ။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီလိုကြော်ငြာမျိုးကို လက်ခံရိုက်ကူးပေးလို့ မဖြစ်တာပါ …” လို့ သူမက ရှင်းပြထားပါတယ်။

ဒါကတော့ ငွေကြေးတစ်ခုတည်းကို မကြည့်ဘဲ သူတို့ကိုယ်တိုင်ရဲ့ယုံကြည်ချက်၊ ဂုဏ်သိက္ခာနဲ့ အနှစ်နှစ်အလလက တည်ဆောက်ထားတဲ့ပုံရိပ်တွေကို ထိန်းသိမ်းနိုင်ဖို့ မက်လောက်စရာ ကြော်ငြာကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့သူတေွ ဖြစ်ပါတယ်။ တကယ်ကို ချီးကျူးစရာလည်းကောင်းသလို လေးစားစရာလည်းကောင်းကြပါတယ်လို့ ဆိုရင်း … ။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဖ်ာ္ေျဖေရးေလာကထဲမွာေတာ့ စတားတစ္ေယာက္ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈကို ေၾကာ္ျငာဘယ္ေလာက္မ်ားမ်ား လက္ခံရရွိလည္းဆိုတာနဲ႔ တိုင္းတာေလ့ ရွိၾကပါတယ္။ အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္အစရွိသျဖင့္ လူထုရဲ႕ခ်စ္ခင္ႏွစ္သက္မႈကို ရရွိလာၿပီး ေအာင္ျမင္မႈဒီေရ ျမင့္တက္လာတာနဲ႔အမွ် စီးပြားေရးလုပ္ငန္းေတြကလည္း ကိန္းဂဏန္းႀကီးႀကီးေတြေပးၿပီး သူတို႔ရဲ႕ကုန္ပစၥည္းကို ေၾကာ္ျငာေပးဖို႔ ကမ္းလွမ္းလာတတ္ၾကပါတယ္။ ဒီေနရာမွာေတာ့ စတားျဖစ္သြားတဲ့လူရဲ႕ ခံယူခ်က္နဲ႔ သိကၡာအေပၚထားတဲ့ ေစာင့္စည္းမႈတို႔နဲ႔ သက္ဆိုင္သြားပါတယ္။ တစ္ခ်ိဳ႕က ကိုယ့္ပုံရိပ္၊ ဂုဏ္သိကၡာကို ထိခိုက္ေစမယ့္ ေၾကာ္ျငာေတြကို ေငြေတြ ဘယ္ေလာက္ပဲ ပုံေအာေပးေပး ျငင္းတတ္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေစမယ့္ ေၾကာ္ျငာေတြ ျဖစ္ေနရင္ေတာင္ ပိုက္ဆံမက္ၿပီး လက္ခံတတ္ၾကပါတယ္။

ကိုယ့္ရဲ႕ယုံၾကည္ခ်က္နဲ႔ သိကၡာအတြက္ ေျမာက္မ်ားလွတဲ့ ေၾကာ္ျငာခေတြကို ျငင္းပယ္ခဲ့တဲ့ သမာဓိေကာင္းသူ စတားေတြလည္း ကိုရီးယားေဖ်ာ္ေျဖေရးေလာကမွာ ရွိပါတယ္။ သူတို႔ေတြကေတာ့ …

လီဟိုရီ

Photo: soompi

လီဟိုရီဟာ ၁၉၉၈ခုႏွစ္မွာ Fin.K.L အဖြဲ႕နဲ႔ ပြဲထြက္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ တစ္ကိုယ္ေတာ္အဆိုေတာ္အျဖစ္ ကိုရီးယားမွာ ဟုန္းဟုန္းေတာက္ ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ ကိုရီးယားျပည္တြင္းမွာလည္း တစ္ခဲနက္အားေပးမႈေတြ ရရွိခဲ့တာေၾကာင့္ ေၾကာ္ျငာေတြကလည္း အလုအယက္ ကမ္းလွမ္းခဲ့ၾကပါတယ္။ သူမဟာ ၂၀၀၀ျပည့္ႏွစ္မ်ားအထိ ေၾကာ္ျငာေပါင္းမ်ားစြာကို လက္ခံ႐ိုက္ကူးေပးခဲ့ပါတယ္။ သို႔ေပမယ့္ ၂၀၁၂ခုႏွစ္မွာေတာ့ ဘယ္ေၾကာ္ျငာကိုမွ လက္ခံ႐ိုက္ကူးေပးေတာ့မွာ မဟုတ္ေၾကာင္းကို ေၾကျငာခ်က္ထုတ္ျပန္ၿပီး တရားဝင္ ျငင္းဆိုလိုက္ပါတယ္။

အဲ့ဒီ့ေနာက္ပိုင္းကစလို႔ လီဟိုရီဟာ ဘယ္ကုမၸဏီက ဘယ္ေလာက္ပဲေပးေပး၊ ေၾကာ္ျငာအားလုံးကို ျငင္းဆိုလာခဲ့သူ ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ေရာက္တဲ့အခ်ိန္မွာေတာ့ သူမရဲ႕ Hyori’s Homestay အစီအစဥ္က သိပ္ကိုလူႀကိဳက္မ်ားလာခဲ့တာေၾကာင့္ ဝမ္(၃)ဘီလ်ံတန္တဲ့ ေၾကာ္ျငာတစ္ခုကို ကမ္းလွမ္းခံခဲ့ရပါတယ္။ ဒါဟာ အေမရိကန္ေဒၚလာနဲ႔တြက္ရင္ ေဒၚလာ(၂.၆)သန္းေက်ာ္ တန္ေၾကးရွိတဲ့ ေၾကာ္ျငာခ ျဖစ္ေပမယ့္ ဟိုရီကေတာ့ ျငင္းဆိုခဲ့ပါတယ္။ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ေရအရင္းအျမစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးတို႔လို လူထုအတြက္ အက်ိဳးျပဳမယ့္ ပေရာ့ဂ်က္ေတြ ျဖစ္မယ္ဆိုရင္ေတာ့ သူမအေနနဲ႔ လက္ခံဖို႔ စဥ္းစားမယ္လို႔ Radio Star အစီအစဥ္မွာ ေျပာၾကားခဲ့ဖူးပါတယ္။

ဂ်ိဳဂ်င္ဝန္း

Photo: soompi

လူႀကိဳက္မ်ားခဲ့တဲ့ စီးရီးတစ္ခုျဖစ္တဲ့ Signal ထဲက သ႐ုပ္ေဆာင္ ဂ်ိဳဂ်င္ဝန္းဟာ ဂ်ပန္ႏိုင္ငံက ကုမၸဏီတစ္ခုရဲ႕ ေၾကာ္ျငာကမ္းလွမ္းခ်က္ကို ျငင္းဆိုခဲ့ပါတယ္။ အေလွ်ာ့မေပးတဲ့ ကုမၸဏီကဝန္ထမ္းေတြဟာ ဂ်ိဳဂ်င္ဝန္းရဲ႕ဇနီးသည္နဲ႔ပါ ေတြ႕ခြင့္ရေအာင္ ဖန္တီးၿပီး ခင္ပြန္းျဖစ္သူကို ေၾကာ္ျငာကို လက္ခံလာေအာင္ နားခ်ေပးဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။ သစၥာရွိတဲ့ဇနီးသည္ျဖစ္သူကေတာ့ “ဒါကို လက္မခံဘူးဆိုရင္ ကြၽန္မေယာက်္ားမွာ လက္မခံရတဲ့ အေၾကာင္းျပခ်က္ရွိလို႔ ျဖစ္မွာပါ။ အဲ့ေတာ့ ကြၽန္မမွာလည္း သူ႔ကိုျမဴဆြယ္ေပးဖို႔အေၾကာင္း မရွိပါဘူး…” လို႔ ျပန္လည္ေခ်ပခဲ့ပါတယ္။

ဘိက္ေဂ်ာင္ဝန္

Photo: soompi

ဘိက္ေဂ်ာင္ဝန္ဟာ ကိုရီးယားက နာမည္ေက်ာ္စားဖိုမႉးတစ္ေယာက္ျဖစ္ၿပီး စီအီးအိုတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ လမ္းေဘးက စားေသာက္ဆိုင္ေလးေတြကို စြမ္းစြမ္းတမံ ကူညီေပးေနသူျဖစ္ၿပီး နာမည္ေက်ာ္ဒရာမာသ႐ုပ္ေဆာင္ မင္းသမီး ဆိုယူးဂ်င္ရဲ႕ခင္ပြန္းလည္း ျဖစ္ပါတယ္။ သူဟာ လူသုံးကုန္ပစၥည္းေတြ၊ မီးဖိုေခ်ာင္သုံးလွ်ပ္စစ္ပစၥည္းေတြက ေၾကာ္ျငာကမ္းလွမ္းမႈမ်ားစြာကို လက္ခံရရွိခဲ့ေပမယ့္ ဇနီးသည္ရဲ႕စကားေၾကာင့္ ေၾကာ္ျငာအားလုံးကို ျငင္းပယ္ခဲ့သူ ျဖစ္ပါတယ္။ ဇနီးသည္က ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ပါလို႔ ေျပာထားတာေၾကာင့္ ေၾကာ္ျငာအားလုံးကို ျငင္းလိုက္ပါတယ္လို႔ Healing Camp အစီအစဥ္မွာ ပါဝင္ခဲ့ရတုန္းက ေျပာျပဖူးပါတယ္။

ဟာေဂ်ာင္ဝူး

Photo: soompi

Along with the Gods ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ၾကားမွာ လူသိမ်ားတဲ့ မင္းသား ဟာေဂ်ာင္ဝူးဟာလည္း သူ႔႐ုပ္ရွင္ေတြထဲက သြားရည္ယိုခ်င္စရာ အစားစားတဲ့ဇာတ္ဝင္ခန္းေတြေၾကာင့္ မေမွ်ာ္လင့္ဘဲ mukbang စတားတစ္ေယာက္ ျဖစ္လာပါတယ္။ သို႔ေပမယ့္ မင္းသားကေတာ့ အစားအေသာက္နဲ႔ ပတ္သက္တဲ့ထုတ္ကုန္ေတြက ကမ္းလွမ္းလာတဲ့ ေၾကာ္ျငာေတြကို ျငင္းပယ္ခဲ့ပါတယ္။ “ဒါေတြကို လက္ခံလိုက္ရင္ ကြၽန္ေတာ့္ရဲ႕သ႐ုပ္ေဆာင္ဆိုတဲ့ဘဝကို စစ္မွန္မႈမရွိေတာ့သလို ခံစားရမွာပါ။ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ဝင္ခန္းေတြမွာ အစားစားတဲ့အခန္းေတြ ပါရင္သာ သ႑ာန္လုပ္ သ႐ုပ္တူေအာင္ သ႐ုပ္ေဆာင္ခ်င္ပါတယ္ …” လို႔ ရွင္းျပထားပါတယ္။

လီေယာင္ေအး

Photo: soompi

ျမန္မာပရိသတ္ေတြၾကားမွာ ခ်န္ဂင္လို႔ နာမည္ႀကီးတဲ့ မင္းသမီးေခ်ာ လီေယာင္ေအးဟာ ဂ်ပန္ေခ်းေငြကုမၸဏီတစ္ခုက ကမ္းလွမ္းတဲ့ ေၾကာ္ျငာကို ျငင္းပယ္ခဲ့ပါတယ္။ “ဒီကုမၸဏီက လူထုကို ဆိုးက်ိဳးေတြေပးေနတယ္ဆိုတာ ကြၽန္မ သိလိုက္ရပါတယ္။ ဒီေငြေရးေၾကးေရးလုပ္ငန္းေတြ လုပ္တဲ့ ကုမၸဏီေတြနဲ႔ ကြၽန္မပုံရိပ္နဲ႔ မကိုက္ညီပါဘူး။ ေနာက္ေနာင္ကိုလည္း သတိႀကီးႀကီးထားပါ့မယ္ …” လို႔ ျငင္းပယ္ရတဲ့အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။

ဘီဝႈိင္း

Photo: soompi

Show Me the Money 5 ရဲ႕ winner ျဖစ္တဲ့ ဘီဝႈိင္းဟာ ေၾကာ္ျငာအနည္းငယ္ကိုသာ လက္ခံ႐ိုက္ကူးထားသူ ျဖစ္ပါတယ္။ တစ္ခါမွာေတာ့ ဟင္းခတ္အရသာမႈန႔္ကုမၸဏီတစ္ခုက ေၾကာ္ျငာခေတြအမ်ားႀကီး ပုံေအာေပးၿပီး ဘီဝႈိင္းကို ေၾကာ္ျငာအပ္ခဲ့ေပမယ့္ သူတို႔ရဲ႕ကုန္ပစၥည္းဟာ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစတာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ေဆာင္းေဟက်ိဳ

Photo: soompi

အြန္ေစာလို႔ ျမန္မာပရိသတ္ေတြ ႏႈတ္က်ိဳးေနၾကတဲ့ မင္းသမီး ေဆာင္းေဟက်ိဳဟာ နာမည္ႀကီးဂ်ပန္ကားကုမၸဏီတစ္ခုျဖစ္တဲ့ မစ္ဆူဘီရွီက ကမ္းလွမ္းတဲ့ တ႐ုတ္ေၾကာ္ျငာတစ္ခုကို ျငင္းပယ္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္အတြင္းမွာ အတင္းအဓမၼလုပ္သားေစခိုင္းမႈနဲ႔ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ထားတဲ့ လုပ္ငန္းစုတစ္ခုအတြက္ ေၾကာ္ျငာ႐ိုက္မေပးႏိုင္ပါဘူးဆိုၿပီး ခပ္ျပတ္ျပတ္ ျငင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ပါ့ခ္ေဟ်ာ့ကြမ္း

Photo: soompi

သ႐ုပ္ေဆာင္ ပါ့ခ္ေဟ်ာ့ကြမ္းဟာ ကုမၸဏီမ်ားစြာရဲ႕ ေၾကာ္ျငာကမ္းလွမ္းမႈေတြကို ရရွိခဲ့ေပမယ့္ သူ႔ရဲ႕ကိုယ္ပိုင္ယုံၾကည္ခ်က္ေၾကာင့္ အားလုံးကို ျငင္းပယ္ခဲ့သူပါ။ “သ႐ုပ္ေဆာင္တစ္ေယာက္က ေၾကာ္ျငာေတြ ႐ိုက္ကူးခြင့္ရွိပါသလား? ကြၽန္ေတာ္ကေတာ့ မ႐ိုက္သင့္ဘူးလို႔ ထင္ပါတယ္ …” လို႔ေျပာၿပီး ေျမာက္မ်ားလွစြာေသာ ေၾကာ္ျငာေတြကို ျငင္းပယ္ခဲ့ပါတယ္။ သူျငင္းခဲ့တဲ့ ေၾကာ္ျငာေတြထဲမွာ အလွကုန္ပစၥည္းေတြ၊ အိမ္သုံးကုန္ပစၥည္းေတြ၊ အဝတ္အထည္ေၾကာ္ျငာေတြနဲ႔ အာမခံကုမၸဏီေတြရဲ႕ ေၾကာ္ျငာေတြ ပါဝင္ပါတယ္။

ပါ့ခ္ဂ်င္ဟီး

Photo: soompi

ပါ့ခ္ဂ်င္ဟီးဟာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈကို ကာကြယ္ေရးေတြမွာ ကာလၾကာရွည္စြာ တက္တက္ႂကြႂကြ လႈပ္ရွားလာသူ ျဖစ္ပါတယ္။ ေခ်းေငြကုမၸဏီတစ္ခုက ဝမ္ဘီလ်ံေပါင္းမ်ားစြာ ပုံေပးၿပီး ေၾကာ္ျငာအပ္ခဲ့ေပမယ့္ သူမဘက္ကေတာ့ ခဏေလးေတာင္ မေတြေဝဘဲ ခ်က္ခ်င္းဆိုသလို ျငင္းဆိုခဲ့ပါတယ္။ “ပုဂၢလိကေခ်းေငြေတြေၾကာင့္ အေႂကြးႏြံထဲမွာ နစ္ေနရတဲ့ သာမန္လူတန္းစားေတြအတြက္ ဒီကုမၸဏီမ်ိဳးေတြဟာ ပိုၿပီးဘဝပ်က္သြားေစမွာပါ။

ဒါေၾကာင့္ ကြၽန္မအေနနဲ႔ ဒီလိုေၾကာ္ျငာမ်ိဳးကို လက္ခံ႐ိုက္ကူးေပးလို႔ မျဖစ္တာပါ …” လို႔ သူမက ရွင္းျပထားပါတယ္။ဒါကေတာ့ ေငြေၾကးတစ္ခုတည္းကို မၾကည့္ဘဲ သူတို႔ကိုယ္တိုင္ရဲ႕ယုံၾကည္ခ်က္၊ ဂုဏ္သိကၡာနဲ႔ အႏွစ္ႏွစ္အလလက တည္ေဆာက္ထားတဲ့ပုံရိပ္ေတြကို ထိန္းသိမ္းႏိုင္ဖို႔ မက္ေလာက္စရာ ေၾကာ္ျငာကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့သူေတြ ျဖစ္ပါတယ္။ တကယ္ကို ခ်ီးက်ဴးစရာလည္းေကာင္းသလို ေလးစားစရာလည္းေကာင္းၾကပါတယ္လို႔ ဆိုရင္း … ။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular