HomeCelebs Update NewsKoreaကပြားသွေးနှောထားတဲ့ Idol အချောလေး(၆)ယောက်

ကပြားသွေးနှောထားတဲ့ Idol အချောလေး(၆)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်ဟာ တောင်ကိုရီးယားနိုင်ငံမှာ အဓိကအခြေစိုက်ပြီး ဖန်တီးနေတာဖြစ်ပေမယ့် ယနေ့အချိန်မှာတော့ အခြားနိုင်ငံတွေက Idol တွေနဲ့လည်း အဖွဲ့များစွာ ဖွဲ့စည်းနိုင်နေပြီ ဖြစ်ပါတယ်။ ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်အစရှိတဲ့ နိုင်ငံက Idol များစွာဟာလည်း နာမည်ကျော်အဖွဲ့တွေမှာ ပါဝင်နေကြပြီ ဖြစ်ပါတယ်။ ကိုရီးယားသွေးတစ်ဝက်နဲ့ ကပြားသွေးနှောထားတဲ့ Idol အချောလေးတွေကတော့ …

Jeon SoMi
Photo: somsomi0309/ Instagram

Jeon SoMi ကတော့ MNet ရဲ့ survival reality အစီအစဉ်တစ်ခုဖြစ်တဲ့ Produce 101 မှာ ပထမနေရာ ရရှိခဲ့ပြီး I.O.I အဖွဲ့နဲ့ ပွဲထွက်ခဲ့သူလေးပါ။ နောက်ပိုင်းမှာတော့ I.O.I အဖွဲ့ထဲက ထွက်ခွာခဲ့ပြီး Solo artist အနေနဲ့ လှုပ်ရှားနေပါတယ်။ သူမကတော့ ကိုရီးယားလူမျိုးမိခင်နဲ့ ဒတ်ချ်လူမျိုး ကနေဒါနိုင်ငံသား ဖခင်တို့က မွေးဖွားလာသူ ဖြစ်ပါတယ်။ သူမအသက်တစ်နှစ်အရွယ်မှာ ကိုရီးယားနိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။

TXT အဖွဲ့ဝင် Hueningkai
Photo: hueningkaicolombia/ Instagram

TXT အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hueningkai ကတော့ ကိုရီးယားနဲ့အမေရိကန်သွေးနှောထားတဲ့ ကပြားလေးတစ်ယောက် ဖြစ်ပါတယ်။ Hueningkai ကိုတော့ ကိုရီးယားလူမျိုးမိခင်နဲ့ ဘရာဇီးလ်လူမျိုး အမေရိကန်နိုင်ငံသား ဖခင်တို့က အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူကျွန်းမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

MOMOLAND အဖွဲ့ဝင် Nancy
Photo: nancy.momoland/ Instagram

MOMOLAND က Nancy ကတော့ ကိုရီးယားအမေရိကန်ကပြားမလေး ဖြစ်ပါတယ်။ မိခင်ဖြစ်သူက ကိုရီးယားလူမျိုးဖြစ်ပြီး ဖခင်ဖြစ်သူကတော့ အမေရိကန်နိုင်ငံသားပါ။ သူမရဲ့အင်္ဂလိပ်နာမည် အပြည့်အစုံကတော့ Nancy Jewel Mcdonie ဖြစ်ပြီး ကိုရီးယားနာမည်ကတော့ Lee Seung Ri ဖြစ်ပါတယ်။ သူမကိုတော့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့မှာ မွေးဖွားခဲ့ပါတယ်။

SEVENTEEN အဖွဲ့ဝင် Vernon
Photo: chwenotchew/ Instagram

SEVENTEEN အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Vernon ဟာလည်း ကိုရီးယားအမေရိကန် ကပြားတစ်ယောက် ဖြစ်ပါတယ်။ Vernon ရဲ့အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေကတော့ အမေရိကန်နိုင်ငံသူပါ။ နာမည်အပြည့်အစုံကတော့ Hansol Vernon Chwe ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့သူလည်း ဖြစ်ပါတယ်။

THE BOYZ အဖွဲ့ဝင် Joo HakNyeon
Photo: ju.haknyeon/ Instagram

Joo HakNyeon ကတော့ တရုတ်ကိုရီးယားကပြား ဖြစ်ပါတယ်။ ဟောင်ကောင်နိုင်ငံသား တရုတ်လူမျိုးဖခင်နဲ့ ကိုရီးယားလူမျိုးမိခင်တို့က မွေးဖွားထားသူလည်း ဖြစ်ပါတယ်။ Joo HakNyeon ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးမှာ မွေးဖွားခဲ့တာပါ။ သို့ပေမယ့် ဟောင်ကောင်မှာလည်း အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Samuel Kim
Photo: its_kimsamuel/ Instagram

အမည်ရင်း Samuel Kim Arredondo ဖြစ်ပြီး Samuel Kim ဆိုတဲ့ စတိတ်နာမည်နဲ့ လူသိများပါတယ်။ အဖေဖြစ်သူက မက္ကဆီကန်လူမျိုး အမေရိကန်နိုင်ငံသားဖြစ်ပြီး အမေဖြစ်သူကတော့ ကိုရီးယားလူမျိုးဖြစ်ပါတယ်။ မွေးဖွားရာဇာတိကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ့်မြို့ ဖြစ်ပါတယ်။

ဒါကတော့ ကိုရီးယားကပြား Idol (၆)ယောက်ဖြစ်ပါတယ်။ ဘယ်တစ်ယောက်ကို နှစ်သက်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္ဟာ ေတာင္ကိုရီးယားႏိုင္ငံမွာ အဓိကအေျခစိုက္ၿပီး ဖန္တီးေနတာျဖစ္ေပမယ့္ ယေန႔အခ်ိန္မွာေတာ့ အျခားႏိုင္ငံေတြက Idol ေတြနဲ႔လည္း အဖြဲ႕မ်ားစြာ ဖြဲ႕စည္းႏိုင္ေနၿပီ ျဖစ္ပါတယ္။ ထိုင္ဝမ္၊ ေဟာင္ေကာင္၊ တ႐ုတ္၊ ဂ်ပန္အစရွိတဲ့ ႏိုင္ငံက Idol မ်ားစြာဟာလည္း နာမည္ေက်ာ္အဖြဲ႕ေတြမွာ ပါဝင္ေနၾကၿပီ ျဖစ္ပါတယ္။ ကိုရီးယားေသြးတစ္ဝက္နဲ႔ ကျပားေသြးေႏွာထားတဲ့ Idol အေခ်ာေလးေတြကေတာ့ …

Jeon SoMi
Photo: somsomi0309/ Instagram

Jeon SoMi ကေတာ့ MNet ရဲ႕ survival reality အစီအစဥ္တစ္ခုျဖစ္တဲ့ Produce 101 မွာ ပထမေနရာ ရရွိခဲ့ၿပီး I.O.I အဖြဲ႕နဲ႔ ပြဲထြက္ခဲ့သူေလးပါ။ ေနာက္ပိုင္းမွာေတာ့ I.O.I အဖြဲ႕ထဲက ထြက္ခြာခဲ့ၿပီး Solo artist အေနနဲ႔ လႈပ္ရွားေနပါတယ္။ သူမကေတာ့ ကိုရီးယားလူမ်ိဳးမိခင္နဲ႔ ဒတ္ခ်္လူမ်ိဳး ကေနဒါႏိုင္ငံသား ဖခင္တို႔က ေမြးဖြားလာသူ ျဖစ္ပါတယ္။ သူမအသက္တစ္ႏွစ္အ႐ြယ္မွာ ကိုရီးယားႏိုင္ငံကို မိသားစုလိုက္ ေျပာင္းေ႐ႊ႕လာၾကတာ ျဖစ္ပါတယ္။

TXT အဖြဲ႕ဝင္ Hueningkai
Photo: hueningkaicolombia/ Instagram

TXT အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Hueningkai ကေတာ့ ကိုရီးယားနဲ႔အေမရိကန္ေသြးေႏွာထားတဲ့ ကျပားေလးတစ္ေယာက္ ျဖစ္ပါတယ္။ Hueningkai ကိုေတာ့ ကိုရီးယားလူမ်ိဳးမိခင္နဲ႔ ဘရာဇီးလ္လူမ်ိဳး အေမရိကန္ႏိုင္ငံသား ဖခင္တို႔က အေမရိကန္ျပည္ေထာင္စု၊ ဟာဝိုင္ယီျပည္နယ္၊ ဟိုႏိုလူလူကြၽန္းမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

MOMOLAND အဖြဲ႕ဝင္ Nancy
Photo: nancy.momoland/ Instagram

MOMOLAND က Nancy ကေတာ့ ကိုရီးယားအေမရိကန္ကျပားမေလး ျဖစ္ပါတယ္။ မိခင္ျဖစ္သူက ကိုရီးယားလူမ်ိဳးျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ အေမရိကန္ႏိုင္ငံသားပါ။ သူမရဲ႕အဂၤလိပ္နာမည္ အျပည့္အစုံကေတာ့ Nancy Jewel Mcdonie ျဖစ္ၿပီး ကိုရီးယားနာမည္ကေတာ့ Lee Seung Ri ျဖစ္ပါတယ္။ သူမကိုေတာ့ ေတာင္ကိုရီးယားႏိုင္ငံ ဒယ္ဂူၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

SEVENTEEN အဖြဲ႕ဝင္ Vernon
Photo: chwenotchew/ Instagram

SEVENTEEN အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Vernon ဟာလည္း ကိုရီးယားအေမရိကန္ ကျပားတစ္ေယာက္ ျဖစ္ပါတယ္။ Vernon ရဲ႕အေဖက ကိုရီးယားလူမ်ိဳးျဖစ္ၿပီး အေမကေတာ့ အေမရိကန္ႏိုင္ငံသူပါ။ နာမည္အျပည့္အစုံကေတာ့ Hansol Vernon Chwe ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု၊ နယူးေယာ့ခ္ၿမိဳ႕မွာ ေမြးဖြားခဲ့သူလည္း ျဖစ္ပါတယ္။

THE BOYZ အဖြဲ႕ဝင္ Joo HakNyeon
Photo: ju.haknyeon/ Instagram

Joo HakNyeon ကေတာ့ တ႐ုတ္ကိုရီးယားကျပား ျဖစ္ပါတယ္။ ေဟာင္ေကာင္ႏိုင္ငံသား တ႐ုတ္လူမ်ိဳးဖခင္နဲ႔ ကိုရီးယားလူမ်ိဳးမိခင္တို႔က ေမြးဖြားထားသူလည္း ျဖစ္ပါတယ္။ Joo HakNyeon ကိုေတာ့ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴးမွာ ေမြးဖြားခဲ့တာပါ။ သို႔ေပမယ့္ ေဟာင္ေကာင္မွာလည္း အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ဖူးသူ ျဖစ္ပါတယ္။

Samuel Kim
Photo: its_kimsamuel/ Instagram

အမည္ရင္း Samuel Kim Arredondo ျဖစ္ၿပီး Samuel Kim ဆိုတဲ့ စတိတ္နာမည္နဲ႔ လူသိမ်ားပါတယ္။ အေဖျဖစ္သူက မကၠဆီကန္လူမ်ိဳး အေမရိကန္ႏိုင္ငံသားျဖစ္ၿပီး အေမျဖစ္သူကေတာ့ ကိုရီးယားလူမ်ိဳးျဖစ္ပါတယ္။ ေမြးဖြားရာဇာတိကေတာ့ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ့္ၿမိဳ႕ ျဖစ္ပါတယ္။

ဒါကေတာ့ ကိုရီးယားကျပား Idol (၆)ေယာက္ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္ကို ႏွစ္သက္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular