HomeDramaအထက်တန်းကျောင်းမှာ ဇာတ်အိမ်တည်ထားတဲ့ K-Drama ဇာတ်လမ်းကောင်း(၅)ခု

အထက်တန်းကျောင်းမှာ ဇာတ်အိမ်တည်ထားတဲ့ K-Drama ဇာတ်လမ်းကောင်း(၅)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

K-Drama တွေဟာ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ပြီး ညကနေ မနက်မိုးလင်းတဲ့အထိ တောက်လျှောက် ကြည့်ချင်နေတဲ့အထိတောင် စွဲလမ်းစေပါတယ်။ K-Drama တွေကို ဇာတ်လမ်းအမျိူးမျိူး၊ ပုံစံအမျိူးမျိူးနဲ့ ဖန်တီးကြပြီး အထက်တန်းကျောင်းမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွေကလည်း နာမည်ကြီးကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အထက်တန်းကျောင်းမှာ ဇာတ်အိမ်တည်ထားတဲ့ K-Drama ဇာတ်လမ်းကောင်း(၅)ခုကို ဖော်ပြပေးချင်ပါတယ်။

(5) Hi! School- Love On
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေကို ပိုပြီးနားလည်ချင်တဲ့ နတ်သမီးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ့် လူတစ်ယောက်ကို ကယ်တင်ရင်းနဲ့ သူမကိုယ်တိုင်က လူ ဖြစ်သွားပါတော့တယ်။

(4) Angry Mom
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.6) ရရှိထားပါတယ်။ အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက်ဟာ ကျောင်းမှာ နေ့စဉ်ရက်ဆက် အနိုင်ကျင့်ခံနေရပါတယ်။ တစ်ရက်မှာတော့ သူမရဲ့မိခင်ဖြစ်သူဟာ ဒီအကြောင်းကို သိသွားပါတယ်။ ဒါကြောင့်ပဲ သူမရဲ့မိခင်ဟာ အဲ့ဒီကျောင်းမှာရှိတဲ့ အနိုင်ကျင့်သူတွေကို သင်ခန်းစာပေးဖို့အတွက် သူမကိုယ်တိုင် အဲ့ဒီကျောင်းမှာ ကျောင်းသွားတက်ပါတော့တယ်။

(3) Extraordinary You
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Eun Dan-O ဟာ Seuli အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာတော့ သူမဟာ ကာတွန်းစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသလို သူမဟာ အရံဇာတ်ကောင်တစ်ယောက်ပဲ ဆိုတာကိုလည်း သိလိုက်ရပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ နောက်ထပ် ဇာတ်ကောင်တစ်ယောက်နဲ့ ချစ်ကြိုက်သွားတဲ့အချိန်မှာတော့ သူမတို့နှစ်ယောက်အတွက် Happy Ending ရရှိဖို့ ကြိုးစားရပါတော့တယ်။

(2) Reply 1997
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Shi Won ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက်ဘဝတုန်းက Boy Band တစ်ခုကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူမဟာ အသက် (၃၃)နှစ် ရှိနေပြီ ဖြစ်ပြီး ကျောင်းသားဟောင်း တွေ့ဆုံပွဲ နီးကပ်လာတဲ့အချိန်မှာတော့ သူမရဲ့အတိတ်က အကြောင်းတွေကို ပြန်လည်သတိရလာပါတော့တယ်။

(1) True Beauty
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ အထက်တန်း ကျောင်းသူလေးတစ်ယောက်ဟာ မိတ်ကပ်ရဲ့ မှော်ဆန်မှုတွေကို နားလည်သွားတဲ့အချိန်မှာတော့ သူမရဲ့ဘဝဟာ ပြောင်းလဲသွားပါတယ်။ အဲ့ဒီမိတ်ကပ်တွေကြောင့်ပဲ သူမဟာ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သွားပေမယ့်လည်း သူမရဲ့တကယ့်မျက်နှာကိုတော့ လူတွေကိုပြသဖို့ ကြောက်ရွံ့နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကောင်လေးနှစ်ယောက်ဟာ သူမကို ချစ်ကြိုက်သွားပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဖြစ်လာပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

K-Drama ေတြဟာ တစ္ကမာၻလုံးမွာ ရွိေနတဲ့ ပရိသတ္ေတြကို ဖမ္းစားထားႏိုင္ၿပီး ညကေန မနက္မိုးလင္းတဲ့အထိ ေတာက္ေလွ်ာက္ ၾကည့္ခ်င္ေနတဲ့အထိေတာင္ စြဲလမ္းေစပါတယ္။ K-Drama ေတြကို ဇာတ္လမ္းအမ်ိဴးမ်ိဴး၊ ပုံစံအမ်ိဴးမ်ိဴးနဲ႔ ဖန္တီးၾကၿပီး အထက္တန္းေက်ာင္းမွာ ဇာတ္အိမ္တည္ထားတဲ့ ဇာတ္လမ္းေတြကလည္း နာမည္ႀကီးၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ အထက္တန္းေက်ာင္းမွာ ဇာတ္အိမ္တည္ထားတဲ့ K-Drama ဇာတ္လမ္းေကာင္း(၅)ခုကို ေဖာ္ျပေပးခ်င္ပါတယ္။

(5) Hi! School- Love On
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူသားေတြကို ပိုၿပီးနားလည္ခ်င္တဲ့ နတ္သမီးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူမဟာ ကိုယ့္ကိုယ္ကို သတ္ေသေတာ့မယ့္ လူတစ္ေယာက္ကို ကယ္တင္ရင္းနဲ႔ သူမကိုယ္တိုင္က လူ ျဖစ္သြားပါေတာ့တယ္။

(4) Angry Mom
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.6) ရရွိထားပါတယ္။ အထက္တန္းေက်ာင္းသူ ေကာင္မေလးတစ္ေယာက္ဟာ ေက်ာင္းမွာ ေန႔စဥ္ရက္ဆက္ အႏိုင္က်င့္ခံေနရပါတယ္။ တစ္ရက္မွာေတာ့ သူမရဲ႕မိခင္ျဖစ္သူဟာ ဒီအေၾကာင္းကို သိသြားပါတယ္။ ဒါေၾကာင့္ပဲ သူမရဲ႕မိခင္ဟာ အဲ့ဒီေက်ာင္းမွာရွိတဲ့ အႏိုင္က်င့္သူေတြကို သင္ခန္းစာေပးဖို႔အတြက္ သူမကိုယ္တိုင္ အဲ့ဒီေက်ာင္းမွာ ေက်ာင္းသြားတက္ပါေတာ့တယ္။

(3) Extraordinary You
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Eun Dan-O ဟာ Seuli အထက္တန္းေက်ာင္းမွာ တက္ေရာက္ေနတဲ့ မိန္းမလွေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာေတာ့ သူမဟာ ကာတြန္းစာအုပ္ထဲမွာ ေနထိုင္ေနတာကို သိလိုက္ရသလို သူမဟာ အရံဇာတ္ေကာင္တစ္ေယာက္ပဲ ဆိုတာကိုလည္း သိလိုက္ရပါတယ္။ ဒါတင္မကေသးဘဲ သူမဟာ ေနာက္ထပ္ ဇာတ္ေကာင္တစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္သြားတဲ့အခ်ိန္မွာေတာ့ သူမတို႔ႏွစ္ေယာက္အတြက္ Happy Ending ရရွိဖို႔ ႀကိဳးစားရပါေတာ့တယ္။

(2) Reply 1997
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Shi Won ဆိုတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူမဟာ ဆယ္ေက်ာ္သက္ဘဝတုန္းက Boy Band တစ္ခုကို အလြန္ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူမဟာ အသက္ (၃၃)ႏွစ္ ရွိေနၿပီ ျဖစ္ၿပီး ေက်ာင္းသားေဟာင္း ေတြ႕ဆုံပြဲ နီးကပ္လာတဲ့အခ်ိန္မွာေတာ့ သူမရဲ႕အတိတ္က အေၾကာင္းေတြကို ျပန္လည္သတိရလာပါေတာ့တယ္။

(1) True Beauty
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ အထက္တန္း ေက်ာင္းသူေလးတစ္ေယာက္ဟာ မိတ္ကပ္ရဲ႕ ေမွာ္ဆန္မႈေတြကို နားလည္သြားတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ဘဝဟာ ေျပာင္းလဲသြားပါတယ္။ အဲ့ဒီမိတ္ကပ္ေတြေၾကာင့္ပဲ သူမဟာ အလြန္လွပတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္သြားေပမယ့္လည္း သူမရဲ႕တကယ့္မ်က္ႏွာကိုေတာ့ လူေတြကိုျပသဖို႔ ေၾကာက္႐ြံ႕ေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ ေကာင္ေလးႏွစ္ေယာက္ဟာ သူမကို ခ်စ္ႀကိဳက္သြားၿပီး သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေလး ျဖစ္လာပါေတာ့တယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular