HomeDramaအမျိုးသမီးသုံးယောက်ရဲ့ မတူညီတဲ့ ဘဝတိုက်ပွဲအကြောင်း ကြည့်ရှုရမယ့် Kill Heel ဒရာမာ

အမျိုးသမီးသုံးယောက်ရဲ့ မတူညီတဲ့ ဘဝတိုက်ပွဲအကြောင်း ကြည့်ရှုရမယ့် Kill Heel ဒရာမာ

ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြတဲ့ Kim Ha Neul ၊ Lee Hye Young နဲ့ Kim Sung Ryung တို့ကိုတော့ ရည်မှန်းချက်တွေ တပုံတပင်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လုပ်ငန်းခွင်က အမျိုးသမီးသုံးယောက်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Kill Heel လို့ အမည်ရတဲ့ ဒီဒရာမာကိုတော့ tvN က ရုပ်သံလိုင်းက မကြာခင် ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ home shopping network လောကထဲက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး လောဘရမ္မက်ကြီးတဲ့ အမျိုးသမီးသုံးယောက်အကြောင်း ဖြစ်ပါတယ်။ Kim Ha Neul ကတော့ Woo Hyun ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားပါတယ်။ Woo Hyun ကတော့ သူမရဲ့ ထူးမခြားနား ဘဝအခြေအနေကနေ လွတ်မြောက်ဖို့ ကြိုးစားပြီး UNI home shopping ရဲ့ ထိပ်တန်း အစီအစဉ်တင်ဆက်သူဘဝကို ရရှိလာသူ ဖြစ်လာပါတယ်။

Photo via mydramalist

Lee Hye Young ကတော့ စာရေးဘဝကနေ UNI home shopping ရဲ့ ဒုဥက္ကဌဘဝကို ရိုးရိုးကုပ်ကုပ် တက်လှမ်းလာတဲ့ Mo Ran ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားပါတယ်။ Kim Sung Ryung ကတော့ နာမည်ကြီး နိုင်ငံရေးသမားကို ခင်ပွန်းတော်ထားပြီး ချစ်စရာကောင်းတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ UNI home shopping ရဲ့ အစီအစဉ်တင်ဆက်သူ Ok Sun အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo via mydramalist

teaser ထဲမှာ ပြသထားပုံအရ Woo Hyun ကတော့ သူမရဲ့ဘဝကို ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ သူမဟာ တစ်ချိန်တုန်းက နာမည်ကြီးတဲ့ ပေါ်ပြူလာ host တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ယဲ့ယဲ့လေး ရပ်တည်နေရသူ ဖြစ်ပါတယ်။ သူမဆီမှာ ကျန်ရှိတာဆိုလို့ fashion show host ဟောင်းဆိုတဲ့ ဂုဏ်ပုဒ်သာ ရှိတော့ပြီး ဖက်ရှင်အဝတ်အစားတွေအစား အိမ်သာသုံးစက္ကူတွေ ရောင်းချနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

Photo via mydramalist

Ok Sun ကတော့ အားလုံးက လေးစားအားကျရတဲ့ host တစ်ယောက် ဖြစ်ပြီး ဘာရောင်းရောင်း အမြန်ရောင်းကုန်တတ်လို့ sold-out queen လို့ တင်စားခံရသူ ဖြစ်ပါတယ်။ Mo Ran ကတော့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသူ ဖြစ်ပြီး အားလုံးက ကြောက်ရွံ့ရ၊ ရှိန်ရတဲ့သူ ဖြစ်ပါတယ်။ သူမဟာ စိတ်ဓာတ် ကြံ့ခိုင်ပြီး ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ရဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ နေထိုင်နေသူ ဖြစ်ပါတယ်။ သို့သော်လည်း သူမရဲ့ ကွယ်ရာမှာတော့ အဆိပ်ပြင်းတဲ့ စုန်းမလို့ ခေါ်ဆိုခံရပြီး လူမုန်းများသူလည်း ဖြစ်ပါတယ်။

Kill Heel လို့ အမည်ရတဲ့ ဒီဒရာမာကိုတော့ လာမယ့် မတ်လ(၉)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။ ထုတ်လွှင့်မယ့် နေ့ရက်ကတော့ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းမှာ tvN ရုပ်သံလိုင်းက ပြသသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို ကြာမြင့်ချိန် မိနစ်(၆၀) ဖြစ်ပါတယ်။

Glasgow

Source: soompi/ mydramalist

RELATED ARTICLES

Most Popular