HomeCelebs Update NewsKoreaKim Jae Wook နဲ႔ Lee El တို႔တြဲေနတယ္ဆိုတဲ့ ေကာလာဟလ ေအဂ်င္စီဘက္ကတုံ႔ျပန္

Kim Jae Wook နဲ႔ Lee El တို႔တြဲေနတယ္ဆိုတဲ့ ေကာလာဟလ ေအဂ်င္စီဘက္ကတုံ႔ျပန္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေကာင္မေလးပရိသတ္ေတြရဲ႕ ႏႈတ္ဖ်ားမွာ ဖာသာဆိုၿပီး ေရပန္းစားတဲ့ မင္းသားေခ်ာ Kim Jae Wook နဲ႔ မင္းသမီး Lee El တို႔ႏွစ္ေယာက္ကေတာ့ က်ိတ္ပုန္းနဲ႔ စုံတြဲခုတ္ေနတယ္ဆိုတဲ့ ေကာလာဟလကို ကိုယ္စီျငင္းဆိုလိုက္ၾကျပန္ပါၿပီ။

Photo: pinterest

ဒါဟာ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဒုတိယအႀကိမ္ ေကာလာဟလထြက္တာျဖစ္ပါတယ္။ ပထမအႀကိမ္တုန္းကလည္း ႏွစ္ဘက္စလုံးက အၿပိဳင္ျငင္းဆိုခဲ့ၾကပါေသးတယ္။ အခုထြက္တဲ့ ေကာလာဟလကေတာ့ Lee El ၀တ္ထားတဲ့လက္စြပ္နဲ႔ ဆင္တူတဲ့ လက္စြပ္ကို ၀တ္ထားတဲ့ လက္ပုံေၾကာင့္ပါ။ ပရိသတ္အခ်ိဳ႕ဟာ အဆိုပါလက္ပိုင္ရွင္ကို Kim Jae Wook လို႔ အေသအခ်ာ ေျပာေနၾကတာျဖစ္ၿပီး အဲ့ဒီ့ဓာတ္ပုံဟာ အင္တာနက္မွာ ပ်ံ႕ႏွံ႕ေနတာလည္း ျဖစ္ပါတယ္။

Photo: pinterest

Kim Jae Wook ေအဂ်င္စီရဲ႕ ကိုယ္စားလွယ္ကေတာ့ အဆိုပါ ေကာလာဟလကို ျငင္းဆိုထားၿပီး ဓာတ္ပုံထဲက လက္ပိုင္ရွင္ဟာ Kim Jae Wook မဟုတ္ေၾကာင္း ရွင္းထားပါတယ္။ “အခု အင္တာနက္မွာ ပ်ံ႕ေနတဲ့ လက္စြပ္၀တ္ထားတဲ့ လက္ပိုင္ရွင္ဟာ Kim Jae Wook မဟုတ္ပါဘူး။ ေျပာရရင္ Kim Jae Wook ရဲ႕လက္မွာ မွဲ႕မရိွပါဘူး။ သတင္းအမွားေတြ ပ်ံ႕ႏွံ႕ေနတာျဖစ္ၿပီး ဓာတ္ပုံထဲက လက္ဟာလည္း Kim Jae Wook ရဲ႕လက္မဟုတ္လို႔ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ ေကာလာဟလကလည္း အမွန္မဟုတ္ပါဘူး”လို႔ ဆိုပါတယ္။

Photo: koreaboo

အလားတူပဲ Lee El ရဲ႕ ေအဂ်င္စီကလည္း အဆိုပါေကာလာဟလဟာ နားလည္မႈ လြဲမွားေနတာသာျဖစ္ၿပီး အမွန္မဟုတ္ဘူးလို႔ ျငင္းဆိုထားျပန္ပါတယ္။ Lee El ရဲ႕ ေအဂ်င္စီက “အဲ့ဒီ့ဓာတ္ပုံဟာ နားလည္မႈလြဲေနတာပါ။ လုံး၀မမွန္ကန္ပါဘူး။ ႏွစ္ေယာက္သား တြဲေနတယ္ဆိုတဲ့ ေကာလာဟလဟာ ဆက္တိုက္ဆိုသလို ပ်ံ႕လြင့္ေနေပမယ့္ အမွန္မွာ ႏွစ္ေယာက္စလုံးက လုံး၀တြဲေနတာ မဟုတ္ပါဘူး”လို႔ ေျဖရွင္းထားပါတယ္။

ႏွစ္ေယာက္သား တြဲေနတယ္ဆိုၿပီး ေကာလာဟလေတြ စျဖစ္လာတဲ့ ပထမအႀကိမ္တုန္းကေတာ့ Kim Jae Wook အိပ္ေနတဲ့ပုံကို Lee El က သူမရဲ႕Instagram အေကာင့္မွာ တင္လိုက္တုန္းကပါ။ အဲ့ဒီ့ဓာတ္ပုံကိုလည္း ခဏသာတင္လိုက္ၿပီး ေနာက္မွာေတာ့ ျပန္ဖ်က္လိုက္ပါတယ္။ အဲ့ဒီ့တုန္းကလည္း ႏွစ္ေယာက္စလုံးက တြဲေနတာ မဟုတ္ပါဘူးလို႔ အေက်အလည္ ျငင္းဆိုခဲ့ၾကပါေသးတယ္။

Photo: koreaboo

ေကာလာဟလက အမွန္ဟုတ္မဟုတ္ဆိုတာကေတာ့ အခ်ိန္က အဆုံးအျဖတ္ ေပးသြားမွာပါပဲ။ စာဖတ္သူတို႔ေရာ သူတို႔ႏွစ္ေယာက္ သေဘာတူလား၊မတူလားဆိုတာ Comment မွာ ေျပာေပးခဲ့ပါဦး။

Xei

Source: koreaboo

(Unicode Version)

ကောင်မလေးပရိသတ်တွေရဲ့ နှုတ်ဖျားမှာ ဖာသာဆိုပြီး ရေပန်းစားတဲ့ မင်းသားချော Kim Jae Wook နဲ့ မင်းသမီး Lee El တို့နှစ်ယောက်ကတော့ ကျိတ်ပုန်းနဲ့ စုံတွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလကို ကိုယ်စီငြင်းဆိုလိုက်ကြပြန်ပါပြီ။

Photo: pinterest

ဒါဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ကောလာဟလထွက်တာဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကလည်း နှစ်ဘက်စလုံးက အပြိုင်ငြင်းဆိုခဲ့ကြပါသေးတယ်။ အခုထွက်တဲ့ ကောလာဟလကတော့ Lee El ဝတ်ထားတဲ့လက်စွပ်နဲ့ ဆင်တူတဲ့ လက်စွပ်ကို ဝတ်ထားတဲ့ လက်ပုံကြောင့်ပါ။ ပရိသတ်အချို့ဟာ အဆိုပါလက်ပိုင်ရှင်ကို Kim Jae Wook လို့ အသေအချာ ပြောနေကြတာဖြစ်ပြီး အဲ့ဒီ့ဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။

Photo: pinterest

Kim Jae Wook အေဂျင်စီရဲ့ ကိုယ်စားလှယ်ကတော့ အဆိုပါ ကောလာဟလကို ငြင်းဆိုထားပြီး ဓာတ်ပုံထဲက လက်ပိုင်ရှင်ဟာ Kim Jae Wook မဟုတ်ကြောင်း ရှင်းထားပါတယ်။ “အခု အင်တာနက်မှာ ပျံ့နေတဲ့ လက်စွပ်ဝတ်ထားတဲ့ လက်ပိုင်ရှင်ဟာ Kim Jae Wook မဟုတ်ပါဘူး။ ပြောရရင် Kim Jae Wook ရဲ့လက်မှာ မှဲ့မရှိပါဘူး။ သတင်းအမှားတွေ ပျံ့နှံ့နေတာဖြစ်ပြီး ဓာတ်ပုံထဲက လက်ဟာလည်း Kim Jae Wook ရဲ့လက်မဟုတ်လို့ အချစ်ရေးနဲ့ပတ်သက်တဲ့ ကောလာဟလကလည်း အမှန်မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

Photo: koreaboo

အလားတူပဲ Lee El ရဲ့ အေဂျင်စီကလည်း အဆိုပါကောလာဟလဟာ နားလည်မှု လွဲမှားနေတာသာဖြစ်ပြီး အမှန်မဟုတ်ဘူးလို့ ငြင်းဆိုထားပြန်ပါတယ်။ Lee El ရဲ့ အေဂျင်စီက “အဲ့ဒီ့ဓာတ်ပုံဟာ နားလည်မှုလွဲနေတာပါ။ လုံးဝမမှန်ကန်ပါဘူး။ နှစ်ယောက်သား တွဲနေတယ်ဆိုတဲ့ ကောလာဟလဟာ ဆက်တိုက်ဆိုသလို ပျံ့လွင့်နေပေမယ့် အမှန်မှာ နှစ်ယောက်စလုံးက လုံးဝတွဲနေတာ မဟုတ်ပါဘူး”လို့ ဖြေရှင်းထားပါတယ်။

နှစ်ယောက်သား တွဲနေတယ်ဆိုပြီး ကောလာဟလတွေ စဖြစ်လာတဲ့ ပထမအကြိမ်တုန်းကတော့ Kim Jae Wook အိပ်နေတဲ့ပုံကို Lee El က သူမရဲ့Instagram အကောင့်မှာ တင်လိုက်တုန်းကပါ။ အဲ့ဒီ့ဓာတ်ပုံကိုလည်း ခဏသာတင်လိုက်ပြီး နောက်မှာတော့ ပြန်ဖျက်လိုက်ပါတယ်။ အဲ့ဒီ့တုန်းကလည်း နှစ်ယောက်စလုံးက တွဲနေတာ မဟုတ်ပါဘူးလို့ အကျေအလည် ငြင်းဆိုခဲ့ကြပါသေးတယ်။

Photo: koreaboo

ကောလာဟလက အမှန်ဟုတ်မဟုတ်ဆိုတာကတော့ အချိန်က အဆုံးအဖြတ် ပေးသွားမှာပါပဲ။ စာဖတ်သူတို့ရော သူတို့နှစ်ယောက် သဘောတူလား၊မတူလားဆိုတာ Comment မှာ ပြောပေးခဲ့ပါဦး။

Xei

Source: koreaboo

RELATED ARTICLES

Most Popular