HomeCelebs Update NewsKoreaရုပ္ခ်င္းဆင္တူလို႔ တူ၀ရီးေတြလို႔ သတ္မွတ္ခံထားရတဲ့ Kim Ji Hoon နဲ႔ Cha Eunwoo

ရုပ္ခ်င္းဆင္တူလို႔ တူ၀ရီးေတြလို႔ သတ္မွတ္ခံထားရတဲ့ Kim Ji Hoon နဲ႔ Cha Eunwoo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားက ပရိသတ်တွေဟာ မင်းသား Kim Ji Hoon နဲ့ ASTRO အဖွဲ့က Cha Eunwoo တို့နှစ်ယောက်ကို တူဝရီးတွေလို့ ခေါ်ဝေါ်သမုတ်နေကြပါတယ်။ ရုပ်ချင်းဆင်လွန်းနေတာကြောင့်လည်း အခုလို အမျိုးစပ်ပေးနေကြတာ ဖြစ်ပါတယ်။

မင်းသား Kim Ji Hoon ဟာ ဒရာမာလောကမှာတော့ မသိသူရှားတဲ့ အောင်မြင်တဲ့ မင်းသားတစ်လက်ပါ။ သူ့ရဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်၊ ချိုမြတဲ့ အပြုံးကြောင့် ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်သူလည်း ဖြစ်ပါတယ်။ Cha Eunwoo ဆိုတာကတော့ ASTRO အဖွဲ့ဝင်ဖြစ်ပြီး ရယ်လိုက်ရင် ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသူပါ။

Photo: koreaboo

သူတို့နှစ်ယောက်ရဲ့ ဘေးတိုက်ပုံတွေကို ယှဉ်တွဲပြီး ရုပ်ချင်းဆင်တဲ့အကြောင်း ပြောလာကြတာကတော့ ကြာပါပြီ။ အချိန်တွေကြာပြီး Cha Eunwoo တစ်ယောက် အရွယ်ရောက်လာတာနဲ့အမျှ မင်းသား Kim Ji Hoon နဲ့ ရုပ်ချင်းပိုပိုတူလာတာကလည်း မြင်တွေ့ရတဲ့အတိုင်းပါပဲ။

ဒါကြောင့်လည်း ကိုရီးယားကပရိသတ်တွေဟာ “Eunwoo ရဲ့ အမေဘက်က ဦးလေး” ဆိုပြီး Kim Ji Hoon ကို နာမည်ပြောင် ပေးထားကြတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေကလည်း သူတို့ရဲ့ ရုပ်ချင်းဆင်ကြတာလေးကို နှစ်သက်ချစ်ခင်နေကြပါတယ်။ Eunwoo တစ်ယောက်ကတော့ အသက်ပိုကြီးလာလေ Kim Ji Hoon နဲ့ ပိုတူလာလေ ဖြစ်မှာပဲဆိုပြီးတော့လည်း ပြောထားကြပါသေးတယ်။

Photo: koreaboo

မင်းသား Kim Ji Hoon ကတော့ သူ့ရဲ့ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် Idol လုပ်ဖို့ကိုပါ ကမ်းလှမ်းခံခဲ့ရဖူးသူပါ။ သူ့ရဲ့ရုပ်ရည်ကြောင့် SM Entertainment ရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး Super Junior အဖွဲ့နဲ့အတူ ပွဲထွက်ရမလိုတောင် ဖြစ်ခဲ့သေးတာပါ။ သို့ပေမယ့် Kim Ji Hoon ဟာ သရုပ်ဆောင်အနေနဲ့ပဲ ရပ်တည်ချင်တာကြောင့် Idol ဘဝကိုတော့ မရွေးချယ်ဖြစ်ခဲ့ပါဘူး။ တကယ်လို့ သူသာ Idol လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အခု Eunwoo လိုပဲ အဖွဲ့ထဲက တကယ့် visual center တစ်ယောက်ဖြစ်နေမယ်ဆိုတာ မလွဲပါဘူး။

တူလေးနဲ့ ဦးလေးတို့ရဲ့ အမိုက်စား ကြွေချင်စရာ ရုပ်ရည်တွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို ရူးခါနေအောင် ပြုစားတော့မလား ဆိုတာကတော့ … ။

LaNina 

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားက ပရိသတ္ေတြဟာ မင္းသား Kim Ji Hoon နဲ႔ ASTRO အဖြဲ႔က Cha Eunwoo တို႔ႏွစ္ေယာက္ကို တူ၀ရီးေတြလို႔ ေခၚေ၀ၚသမုတ္ေနၾကပါတယ္။ ရုပ္ခ်င္းဆင္လြန္းေနတာေၾကာင့္လည္း အခုလို အမ်ိဳးစပ္ေပးေနၾကတာ ျဖစ္ပါတယ္။

မင္းသား Kim Ji Hoon ဟာ ဒရာမာေလာကမွာေတာ့ မသိသူရွားတဲ့ ေအာင္ျမင္တဲ့ မင္းသားတစ္လက္ပါ။ သူ႔ရဲ႕ ေယာက္်ားပီသတဲ့ ရုပ္ရည္၊ ခ်ိဳျမတဲ့ အၿပံဳးေၾကာင့္ ေကာင္မေလးေတြရဲ႕ အသည္းႏွလုံးကို ကိုင္လႈပ္ႏိုင္သူလည္း ျဖစ္ပါတယ္။ Cha Eunwoo ဆိုတာကေတာ့ ASTRO အဖြဲ႔၀င္ျဖစ္ၿပီး ရယ္လုိက္ရင္ ကေလးေလးတစ္ေယာက္လို အျပစ္ကင္းစင္တဲ့ အၿပံဳးေလးကို ပိုင္ဆိုင္ထားသူပါ။

Photo: koreaboo

သူတို႔ႏွစ္ေယာက္ရဲ႕ ေဘးတိုက္ပုံေတြကို ယွဥ္တြဲၿပီး ရုပ္ခ်င္းဆင္တဲ့အေၾကာင္း ေျပာလာၾကတာကေတာ့ ၾကာပါၿပီ။ အခ်ိန္ေတြၾကာၿပီး Cha Eunwoo တစ္ေယာက္ အရြယ္ေရာက္လာတာနဲ႔အမွ် မင္းသား Kim Ji Hoon နဲ႔ ရုပ္ခ်င္းပိုပိုတူလာတာကလည္း ျမင္ေတြ႕ရတဲ့အတိုင္းပါပဲ။

ဒါေၾကာင့္လည္း ကိုရီးယားကပရိသတ္ေတြဟာ “Eunwoo ရဲ႕ အေမဘက္က ဦးေလး” ဆိုၿပီး Kim Ji Hoon ကို နာမည္ေျပာင္ ေပးထားၾကတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးရဲ႕ ပရိသတ္ေတြကလည္း သူတို႔ရဲ႕ ရုပ္ခ်င္းဆင္ၾကတာေလးကို ႏွစ္သက္ခ်စ္ခင္ေနၾကပါတယ္။ Eunwoo တစ္ေယာက္ကေတာ့ အသက္ပိုႀကီးလာေလ Kim Ji Hoon နဲ႔ ပိုတူလာေလ ျဖစ္မွာပဲဆိုၿပီးေတာ့လည္း ေျပာထားၾကပါေသးတယ္။

Photo: koreaboo

မင္းသား Kim Ji Hoon ကေတာ့ သူ႔ရဲ႕ေခ်ာေမာလြန္းတဲ့ ရုပ္ရည္ေၾကာင့္ Idol လုပ္ဖို႔ကိုပါ ကမ္းလွမ္းခံခဲ့ရဖူးသူပါ။ သူ႔ရဲ႕ရုပ္ရည္ေၾကာင့္ SM Entertainment ရဲ႕ စိတ္၀င္စားျခင္း ခံခဲ့ရၿပီး Super Junior အဖြဲ႔နဲ႔အတူ ပြဲထြက္ရမလိုေတာင္ ျဖစ္ခဲ့ေသးတာပါ။ သို႔ေပမယ့္ Kim Ji Hoon ဟာ သရုပ္ေဆာင္အေနနဲ႔ပဲ ရပ္တည္ခ်င္တာေၾကာင့္ Idol ဘ၀ကိုေတာ့ မေရြးခ်ယ္ျဖစ္ခဲ့ပါဘူး။ တကယ္လို႔ သူသာ Idol လုပ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အခု Eunwoo လိုပဲ အဖြဲ႔ထဲက တကယ့္ visual center တစ္ေယာက္ျဖစ္ေနမယ္ဆိုတာ မလြဲပါဘူး။

တူေလးနဲ႔ ဦးေလးတို႔ရဲ႕ အမိုက္စား ေၾကြခ်င္စရာ ရုပ္ရည္ေတြကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းႏွလုံးကို ရူးခါေနေအာင္ ျပဳစားေတာ့မလား ဆိုတာကေတာ့ … ။

LaNina 

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular