HomeCelebs Update NewsKoreaဒရာမာပရိသတ်တွေ Kim Seon Ho ကို သည်းသည်းလှုပ် ကြိုက်နေကြရတဲ့အကြောင်းရင်း

ဒရာမာပရိသတ်တွေ Kim Seon Ho ကို သည်းသည်းလှုပ် ကြိုက်နေကြရတဲ့အကြောင်းရင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Kim Seon Ho ကတော့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ၂၀၂၀ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Start-Up ဇာတ်လမ်းတွဲကြောင့်လည်း ပိုပြီးရေပန်းစားလာသူ ဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကြောင့်ပဲ Kim Seon Ho ဟာ ကိုရီးယားသရုပ်ဆောင်တွေကြားမှာ ပရိသတ် စိတ်ဝင်စားခံရတဲ့ မင်းသားတစ်လက် ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဒရာမာပရိသတ်တွေဟာ မင်းသားကို သည်းသည်းလှုပ် နှစ်သက်ကာ အားပေးနေကြတာ ဖြစ်ပါတယ်။

ချီးကျူးလောက်တဲ့ သရုပ်ဆောင်စွမ်းရည်
Photo via mydramalist

Kim Seon Ho ဟာ ပြဇာတ်သရုပ်ဆောင်အနေနဲ့ အောက်သက်ကျေလာခဲ့သူမို့ သရုပ်ဆောင်တဲ့နေရာမှာတော့ ထူးချွန်ပြောင်မြောက်သူ ဖြစ်ပါတယ်။ ဒရာမာဘက်ကိုတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Good Manager ဇာတ်လမ်းတွဲနဲ့ ပထမဆုံး ပွဲထွက်လာခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်တွေ အမှတ်ရနေမယ့် သူ့ရဲ့ ဇာတ်ရုပ်တစ်ခုကတော့ ၂၀၂၀ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Start-Up ဇာတ်လမ်းတွဲထဲက Han Ji Pyeong ပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း Hometown Cha-Cha-Cha ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိနေပါတယ်။

ချစ်စရာကောင်းအောင် ကတတ်သူ

နာမည်ကျော် ရသစုံရှိုးတစ်ခုဖြစ်တဲ့ “2 Days & 1 Night” ရဲ့ Season 4 မှာ ပင်တိုင် cast အဖြစ် ပါဝင်လာပြီးနောက်မှာတော့ Kim Seon Ho ဟာ “စက္ကူအရုပ်” လို့ တင်စားရတဲ့ ကကွက်လေးတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်။

ပထမဆုံးအကြိမ် တီဗွီဖန်သားပြင်ပေါ်မှာ ကပြခဲ့ရတုန်းက ရှက်ရွံ့နေခဲ့တဲ့ မင်းသားဟာ နောက်ပိုင်းမှာတော့ သူ့ရဲ့ စကေးကို ကောင်းကောင်းကြီး ချပြခဲ့နိုင်ပါတယ်။ အဲဒါကတော့ ၂၀၂၀ ခုနှစ်ရဲ့ KBS Entertainment Awards ဆုပေးပွဲ စင်မြင့်ထက်မှာ Taemin ရဲ့ Move သီချင်းနဲ့ ပရိသတ်တွေကို ကပြဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

သီချင်းလည်း ကောင်းကောင်းကြီး ဆိုတတ်ပါသေးတယ်။

သရုပ်ဆောင်ကောင်းတာနဲ့ ချစ်စရာကောင်းအောင် ကတတ်တာတွေအပြင် Kim Seon Ho ဟာ သီချင်းလည်း ကောင်းကောင်း ဆိုတတ်ပါသေးတယ်။ သူ့ရဲ့ ချိုသာပြီး နွေးထွေးတဲ့ အသံနဲ့ သီဆိုထားတဲ့ သီချင်းလေးဟာ တကယ့်အဆိုတော်တစ်ယောက်လိုပဲ ခံစားမှုတွေ ပေးစွမ်းပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ music video လေးကတော့ သူကိုယ်တိုင် သီဆိုပြီး သရုပ်ဆောင်ထားတဲ့  ပရောဂျက်လေး ဖြစ်ပါတယ်။

ညှို့ငင်စွမ်း ကြီးမားလွန်းတဲ့ ပါးချိုင့်လေးနဲ့ သူ့အပြုံး
Photo via mydramalist

မိန်းကလေး ဒရာမာပရိသတ်တွေရဲ့ အသည်းကို ချုပ်ကိုင်ထားနိုင်တဲ့ Kim Seon Ho ရဲ့ အကြီးမားဆုံး လက်နက်ကတော့ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးတတ်တဲ့ သူ့ရဲ့ ချိုသာတဲ့ အပြုံးတွေပဲ ဖြစ်ပါတယ်။

သူတစ်ပါးကို အားပေးကြင်နာတတ်သူ
Photo: seonho__kim/ Instagram

မင်းသားဟာ သူ့ရဲ့ ဖြူစင်တဲ့စိတ်ထားနဲ့ တစ်ပါးသူတွေကို ကူညီအားပေးတတ်တဲ့ သဘာဝတွေကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေရဲ့ ပရောဂျက်အသစ်တွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဝေမျှပြီး ကူညီပေးတတ်သလို သူတစ်ပါးရဲ့ အောင်မြင်မှုတွေကိုလည်း အားပေးထောက်ခံတတ်တဲ့ အကျင့်လေး ရှိပါသေးတယ်။ ဒါကိုတော့ “2 Days & 1 Night” ကို ကြည့်နေသူတွေက ပိုပြီးသိကြပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို အမြဲသုံးသပ်လေ့ရှိပြီး ကြိုးစားတတ်သူ
Photo via mydramalist

Kim Seon Ho ဟာ မတူညီတဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ ပါဝင်ပြီး သူ့ရဲ့ စွမ်းရည်တွေကို ပြသထားသူ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အတွင်းမှာ ရှိတဲ့ ဖြစ်နိုင်ချေ အလားအလာတွေကို သူကိုယ်တိုင် ဆွဲထုတ်ပြီး ပရိသတ်တွေဆီကို ပြသထားတာလည်း ဖြစ်ပါတယ်။ ပရောဂျက်များစွာမှာ တက်ကြွစွာ ပါဝင်ထားပြီး စွယ်စုံရ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေတာဟာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်နိုင်တဲ့ အကောင်းဆုံးသော အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကတော့ မင်းသား Kim Seon Ho ကို ပရိသတ်တွေ နှစ်သက်သွားစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ မင်းသားရဲ့ အခြားချစ်စရာ၊ အတုယူစရာ၊ လေးစားစရာ အချက်တွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသားေခ်ာ Kim Seon Ho ကေတာ့ ပရိသတ္ေတြရဲ့ ႏွလုံးသားကို ဖမ္းစားထားနိုင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္က ထုတ္လႊင့္ခဲ့တဲ့ Start-Up ဇာတ္လမ္းတြဲေၾကာင့္လည္း ပိုၿပီးေရပန္းစားလာသူ ျဖစ္ပါတယ္။ ဇာတ္႐ုပ္မ်ိဳးစုံကို ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့ စြမ္းရည္ေၾကာင့္ပဲ Kim Seon Ho ဟာ ကိုရီးယားသ႐ုပ္ေဆာင္ေတြၾကားမွာ ပရိသတ္ စိတ္ဝင္စားခံရတဲ့ မင္းသားတစ္လက္ ျဖစ္လာပါတယ္။ ဒါေၾကာင့္လည္း ဒရာမာပရိသတ္ေတြဟာ မင္းသားကို သည္းသည္းလွုပ္ ႏွစ္သက္ကာ အားေပးေနၾကတာ ျဖစ္ပါတယ္။

ခ်ီးက်ဴးေလာက္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္
Photo via mydramalist

Kim Seon Ho ဟာ ျပဇာတ္သ႐ုပ္ေဆာင္အေနနဲ႔ ေအာက္သက္ေက်လာခဲ့သူမို႔ သ႐ုပ္ေဆာင္တဲ့ေနရာမွာေတာ့ ထူးခၽြန္ေျပာင္ေျမာက္သူ ျဖစ္ပါတယ္။ ဒရာမာဘက္ကိုေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Good Manager ဇာတ္လမ္းတြဲနဲ႔ ပထမဆုံး ပြဲထြက္လာခဲ့သူ ျဖစ္ပါတယ္။

ပရိသတ္ေတြ အမွတ္ရေနမယ့္ သူ႔ရဲ့ ဇာတ္႐ုပ္တစ္ခုကေတာ့ ၂၀၂၀ ခုႏွစ္က ထုတ္လႊင့္ခဲ့တဲ့ Start-Up ဇာတ္လမ္းတြဲထဲက Han Ji Pyeong ပဲ ျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း Hometown Cha-Cha-Cha ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ရဲ့ တခဲနက္ အားေပးမွုကို ရရွိေနပါတယ္။

ခ်စ္စရာေကာင္းေအာင္ ကတတ္သူ

နာမည္ေက်ာ္ ရသစုံရွိုးတစ္ခုျဖစ္တဲ့ “2 Days & 1 Night” ရဲ့ Season 4 မွာ ပင္တိုင္ cast အျဖစ္ ပါဝင္လာၿပီးေနာက္မွာေတာ့ Kim Seon Ho ဟာ “စကၠဴအ႐ုပ္” လို႔ တင္စားရတဲ့ ကကြက္ေလးေတြနဲ႔ ပရိသတ္ကို ဖမ္းစားခဲ့ျပန္ပါတယ္။

ပထမဆုံးအႀကိမ္ တီဗြီဖန္သားျပင္ေပၚမွာ ကျပခဲ့ရတုန္းက ရွက္ရြံ့ေနခဲ့တဲ့ မင္းသားဟာ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ့ စေကးကို ေကာင္းေကာင္းႀကီး ခ်ျပခဲ့နိုင္ပါတယ္။ အဲဒါကေတာ့ ၂၀၂၀ ခုႏွစ္ရဲ့ KBS Entertainment Awards ဆုေပးပြဲ စင္ျမင့္ထက္မွာ Taemin ရဲ့ Move သီခ်င္းနဲ႔ ပရိသတ္ေတြကို ကျပေဖ်ာ္ေျဖခဲ့တာပဲ ျဖစ္ပါတယ္။

သီခ်င္းလည္း ေကာင္းေကာင္းႀကီး ဆိုတတ္ပါေသးတယ္။

သ႐ုပ္ေဆာင္ေကာင္းတာနဲ႔ ခ်စ္စရာေကာင္းေအာင္ ကတတ္တာေတြအျပင္ Kim Seon Ho ဟာ သီခ်င္းလည္း ေကာင္းေကာင္း ဆိုတတ္ပါေသးတယ္။ သူ႔ရဲ့ ခ်ိဳသာၿပီး ေႏြးေထြးတဲ့ အသံနဲ႔ သီဆိုထားတဲ့ သီခ်င္းေလးဟာ တကယ့္အဆိုေတာ္တစ္ေယာက္လိုပဲ ခံစားမွုေတြ ေပးစြမ္းပါတယ္။ အထက္မွာ ေဖာ္ျပထားတဲ့ music video ေလးကေတာ့ သူကိုယ္တိုင္ သီဆိုၿပီး သ႐ုပ္ေဆာင္ထားတဲ့  ပေရာဂ်က္ေလး ျဖစ္ပါတယ္။

ညႇို႔ငင္စြမ္း ႀကီးမားလြန္းတဲ့ ပါးခ်ိဳင့္ေလးနဲ႔ သူ႔အျပဳံး
Photo via mydramalist

မိန္းကေလး ဒရာမာပရိသတ္ေတြရဲ့ အသည္းကို ခ်ဳပ္ကိုင္ထားနိုင္တဲ့ Kim Seon Ho ရဲ့ အႀကီးမားဆုံး လက္နက္ကေတာ့ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ ျပဳံးတတ္တဲ့ သူ႔ရဲ့ ခ်ိဳသာတဲ့ အျပဳံးေတြပဲ ျဖစ္ပါတယ္။

သူတစ္ပါးကို အားေပးၾကင္နာတတ္သူ
Photo: seonho__kim/ Instagram

မင္းသားဟာ သူ႔ရဲ့ ျဖဴစင္တဲ့စိတ္ထားနဲ႔ တစ္ပါးသူေတြကို ကူညီအားေပးတတ္တဲ့ သဘာဝေတြေၾကာင့္လည္း ပရိသတ္ေတြရဲ့ ခ်စ္ခင္မွုကို ရရွိထားသူ ျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူငယ္ခ်င္းေတြရဲ့ ပေရာဂ်က္အသစ္ေတြကို သူ႔ရဲ့ ဆိုရွယ္မီဒီယာမွာ ေဝမၽွၿပီး ကူညီေပးတတ္သလို သူတစ္ပါးရဲ့ ေအာင္ျမင္မွုေတြကိုလည္း အားေပးေထာက္ခံတတ္တဲ့ အက်င့္ေလး ရွိပါေသးတယ္။ ဒါကိုေတာ့ “2 Days & 1 Night” ကို ၾကည့္ေနသူေတြက ပိုၿပီးသိၾကပါလိမ့္မယ္။

ကိုယ့္ကိုယ္ကို အျမဲသုံးသပ္ေလ့ရွိၿပီး ႀကိဳးစားတတ္သူ
Photo via mydramalist

Kim Seon Ho ဟာ မတူညီတဲ့ ေဖ်ာ္ေျဖေရးက႑ေတြမွာ ပါဝင္ၿပီး သူ႔ရဲ့ စြမ္းရည္ေတြကို ျပသထားသူ ျဖစ္ပါတယ္။ ဒါဟာ သူ႔ရဲ့ အတြင္းမွာ ရွိတဲ့ ျဖစ္နိုင္ေခ် အလားအလာေတြကို သူကိုယ္တိုင္ ဆြဲထုတ္ၿပီး ပရိသတ္ေတြဆီကို ျပသထားတာလည္း ျဖစ္ပါတယ္။ ပေရာဂ်က္မ်ားစြာမွာ တက္ႂကြစြာ ပါဝင္ထားၿပီး စြယ္စုံရ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာဖို႔ ႀကိဳးစားေနတာဟာ ပရိသတ္ေတြရဲ့ အသည္းႏွလုံးကို ဆြဲကိုင္နိုင္တဲ့ အေကာင္းဆုံးေသာ အေၾကာင္းျပခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

ဒါကေတာ့ မင္းသား Kim Seon Ho ကို ပရိသတ္ေတြ ႏွစ္သက္သြားေစတဲ့ အေၾကာင္းရင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ မင္းသားရဲ့ အျခားခ်စ္စရာ၊ အတုယူစရာ၊ ေလးစားစရာ အခ်က္ေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular