HomeCelebs Update NewsKoreaပလတ်စတစ် ဆာဂျရီ လုပ်ထားကြောင်း ဝန်ခံထားတဲ့ ကိုရီးယားသရုပ်ဆောင်များ 

ပလတ်စတစ် ဆာဂျရီ လုပ်ထားကြောင်း ဝန်ခံထားတဲ့ ကိုရီးယားသရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပလတ်စတစ် ဆာဂျရီလို့ခေါ်တဲ့ မျက်နှာသွင်ပြင် ခွဲစိတ်ပြုပြင်ခြင်းဟာ ကိုရီးယားနိုင်ငံမှာ ရေပန်းစားရုံသာမက နာမည်ကျော်တွေရော သာမန်လူတွေပါ ပြုလုပ်နေကြတဲ့ ပုံမှန်အရာတစ်ခု ဖြစ်ပါတယ်။ နာမည်ကျော်အများစုကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် မိမိတို့ရဲ့ ရုပ်သွင်ကို ခွဲစိတ်ပြုပြင်ထားကြောင်း လူသိမခံလိုကြဘဲ သိုသိုသိပ်သိပ်နဲ့ နေလေ့ရှိကြပါတယ်။ သို့ပေမယ့် တစ်ချို့သော ကိုရီးယားသရုပ်ဆောင်တွေကတော့ ဖုံးကွယ်ထားတာမျိုး မလုပ်ဘဲ ပလတ်စတစ် ဆာဂျရီ လုပ်ထားကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ချ၊ ဝန်ခံထားကြပါတယ်။

Lee Da Hae
Photo: leedahey4eva/ Instagram

မြန်မာပရိသတ်တွေကြားမှာ ချိုဝမ်လို့ လူသိများတဲ့ မင်းသမီး Lee Da Hae ဟာ မျက်နှာခွဲစိတ် ပြုပြင်မှုတွေ ပြုလုပ်ထားကြောင်း ဝန်ခံထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ မျက်နှာခွဲစိတ် ပြုပြင်မှုသာမက အတိတ်တုန်းက ဝခဲ့ဖူးကြောင်းနဲ့ ဝိတ်တွေအများကြီးကျအောင် ကြိုးစားခဲ့ရကြောင်းကိုပါ ပြောပြထားသူ ဖြစ်ပါတယ်။

Kim Hyun Joong
Photo: hyunjoong860606/ Instagram

SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို Boys Over Flower ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ အားပေးခဲ့ကြတဲ့ မင်းသား Kim Hyun Joong ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ပလတ်စတစ် ဆာဂျရီ လုပ်ထားရသူ ဖြစ်ပါတယ်။ သူငယ်ငယ်က အက်ဆီးဒင့်တစ်ခုဖြစ်ပြီး နှာခေါင်းနဲ့ ကျောက်တုံး ရိုက်မိရာက နှာခေါင်းရင်းမှာ ပြားသွားခဲ့တာပါ။ ဒါကြောင့် နှာခေါင်းရင်းကို နဂိုအတိုင်း ပြန်မြှင့်ဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Min Hyo Rin
Photo: hyorin_min/ Instagram

အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Min Hyo Rin ဟာ Big Bang အဖွဲ့က Taeyang ရဲ့ ဇနီးသည်လည်း ဖြစ်ပါတယ်။ သူမကတော့ အရင်တုန်းက မျက်ရစ်ပေါ်အောင် ခွဲစိတ်မှု လုပ်ခဲ့ဖူးကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။

Hong Soo Ah
Photo: sooah.hong/ Instagram

မင်းသမီး Hong Soo Ah ဟာ မျက်ရစ်ခွဲစိတ်မှုသာမက အခြားပြုပြင်မှုတွေလည်း ပြုလုပ်ဖူးကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။ ခွဲစိတ်ပြီး ပြောင်းလဲသွားတဲ့ သူမရဲ့ရုပ်ရည်သွင်ပြင်ကြောင့် သရုပ်ဆောင်ရာမှာ ပိုအဆင်ပြေလာပြီး ပိုအရေးပါတဲ့ ဇာတ်ရုပ်တွေမှာ ကမ်းလှမ်းခံရတဲ့အကြောင်းကိုလည်း ပြောပြထားပါတယ်။

Lee Si Young
Photo: leesiyoung38/ Instagram

မင်းသမီး Lee Si Young ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲမထွက်ခင်တုန်းက မျက်နှာခွဲစိတ် ပြုပြင်ဖူးကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်မဖြစ်ခင်တုန်းက အပျော်တမ်း လက်ဝှေ့သမားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါသေးတယ်။

Park Han Byul
Photo: onestar_p/ Instagram

နာမည်ကျော် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများစွာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Park Han Byul ဟာလည်း မျက်ဝန်းတစ်ဝိုက်နေရာမှာ ပြုပြင်မှုတွေ လုပ်ခဲ့ဖူးတယ်လို့ ပြောပြထားဖူးပါတယ်။

Park Min Young
Photo: parkminyoungx/ Instagram

ပရိသတ်အချစ်‌တော် မင်းသမီးလေး Park Min Young ကတော့ ပွဲမထွက်ခင်ကာလတုန်းက မျက်ရစ်ခွဲစိတ်တာနဲ့ နှာခေါင်းပုံစံ ပြုပြင်တာတွေ လုပ်ခဲ့ဖူးကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။

ဒါကတော့ မျက်နှာသွင်ပြင်မှာ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ထားကြောင်း တရားဝင် ဖွင့်ပြောထားတဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ မျက်နှာသွင်ပြင်ဟာ အောင်မြင်ကျော်ကြားမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နိုင်ကောင်းပေမယ့် သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်၊ အနုပညာအင်အားတွေကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုနဲ့ ချစ်ခင်နှစ်သက်ခြင်းကို ရရှိထားကြတယ်လို့ ပြောရင် မမှားပါဘူး။

LaNina
(Zawgyi Version)

ပလတ္စတစ္ ဆာဂ်ရီလို႔ေခၚတဲ့ မ်က္ႏွာသြင္ျပင္ ခြဲစိတ္ျပဳျပင္ျခင္းဟာ ကိုရီးယားႏိုင္ငံမွာ ေရပန္းစား႐ုံသာမက နာမည္ေက်ာ္ေတြေရာ သာမန္လူေတြပါ ျပဳလုပ္ေနၾကတဲ့ ပုံမွန္အရာတစ္ခု ျဖစ္ပါတယ္။ နာမည္ေက်ာ္အမ်ားစုကေတာ့ ေဝဖန္တိုက္ခိုက္မႈေတြေၾကာင့္ မိမိတို႔ရဲ႕ ႐ုပ္သြင္ကို ခြဲစိတ္ျပဳျပင္ထားေၾကာင္း လူသိမခံလိုၾကဘဲ သိုသိုသိပ္သိပ္နဲ႔ ေနေလ့ရွိၾကပါတယ္။ သို႔ေပမယ့္ တစ္ခ်ိဳ႕ေသာ ကိုရီးယားသ႐ုပ္ေဆာင္ေတြကေတာ့ ဖုံးကြယ္ထားတာမ်ိဳး မလုပ္ဘဲ ပလတ္စတစ္ ဆာဂ်ရီ လုပ္ထားေၾကာင္း ပြင့္ပြင့္လင္းလင္း ဖြင့္ခ်၊ ဝန္ခံထားၾကပါတယ္။

Lee Da Hae
Photo: leedahey4eva/ Instagram

ျမန္မာပရိသတ္ေတြၾကားမွာ ခ်ိဳဝမ္လို႔ လူသိမ်ားတဲ့ မင္းသမီး Lee Da Hae ဟာ မ်က္ႏွာခြဲစိတ္ ျပဳျပင္မႈေတြ ျပဳလုပ္ထားေၾကာင္း ဝန္ခံထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ မ်က္ႏွာခြဲစိတ္ ျပဳျပင္မႈသာမက အတိတ္တုန္းက ဝခဲ့ဖူးေၾကာင္းနဲ႔ ဝိတ္ေတြအမ်ားႀကီးက်ေအာင္ ႀကိဳးစားခဲ့ရေၾကာင္းကိုပါ ေျပာျပထားသူ ျဖစ္ပါတယ္။

Kim Hyun Joong
Photo: hyunjoong860606/ Instagram

SS501 ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သလို Boys Over Flower ဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြ အားေပးခဲ့ၾကတဲ့ မင္းသား Kim Hyun Joong ကေတာ့ ထိခိုက္ဒဏ္ရာ ရခဲ့တဲ့အတြက္ ပလတ္စတစ္ ဆာဂ်ရီ လုပ္ထားရသူ ျဖစ္ပါတယ္။ သူငယ္ငယ္က အက္ဆီးဒင့္တစ္ခုျဖစ္ၿပီး ႏွာေခါင္းနဲ႔ ေက်ာက္တုံး ႐ိုက္မိရာက ႏွာေခါင္းရင္းမွာ ျပားသြားခဲ့တာပါ။ ဒါေၾကာင့္ ႏွာေခါင္းရင္းကို နဂိုအတိုင္း ျပန္ျမႇင့္ဖို႔အတြက္ ခြဲစိတ္မႈ ျပဳလုပ္ခဲ့ရတာ ျဖစ္ပါတယ္။

Min Hyo Rin
Photo: hyorin_min/ Instagram

အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ Min Hyo Rin ဟာ Big Bang အဖြဲ႕က Taeyang ရဲ႕ ဇနီးသည္လည္း ျဖစ္ပါတယ္။ သူမကေတာ့ အရင္တုန္းက မ်က္ရစ္ေပၚေအာင္ ခြဲစိတ္မႈ လုပ္ခဲ့ဖူးေၾကာင္း ဝန္ခံထားသူ ျဖစ္ပါတယ္။

Hong Soo Ah
Photo: sooah.hong/ Instagram

မင္းသမီး Hong Soo Ah ဟာ မ်က္ရစ္ခြဲစိတ္မႈသာမက အျခားျပဳျပင္မႈေတြလည္း ျပဳလုပ္ဖူးေၾကာင္း ဝန္ခံထားသူ ျဖစ္ပါတယ္။ ခြဲစိတ္ၿပီး ေျပာင္းလဲသြားတဲ့ သူမရဲ႕႐ုပ္ရည္သြင္ျပင္ေၾကာင့္ သ႐ုပ္ေဆာင္ရာမွာ ပိုအဆင္ေျပလာၿပီး ပိုအေရးပါတဲ့ ဇာတ္႐ုပ္ေတြမွာ ကမ္းလွမ္းခံရတဲ့အေၾကာင္းကိုလည္း ေျပာျပထားပါတယ္။

Lee Si Young
Photo: leesiyoung38/ Instagram

မင္းသမီး Lee Si Young ဟာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ပြဲမထြက္ခင္တုန္းက မ်က္ႏွာခြဲစိတ္ ျပဳျပင္ဖူးေၾကာင္း ဝန္ခံထားသူ ျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္မျဖစ္ခင္တုန္းက အေပ်ာ္တမ္း လက္ေဝွ႔သမားတစ္ေယာက္လည္း ျဖစ္ခဲ့ဖူးပါေသးတယ္။

Park Han Byul
Photo: onestar_p/ Instagram

နာမည္ေက်ာ္ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲမ်ားစြာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးေခ်ာ Park Han Byul ဟာလည္း မ်က္ဝန္းတစ္ဝိုက္ေနရာမွာ ျပဳျပင္မႈေတြ လုပ္ခဲ့ဖူးတယ္လို႔ ေျပာျပထားဖူးပါတယ္။

Park Min Young
Photo: parkminyoungx/ Instagram

ပရိသတ္အခ်စ္‌ေတာ္ မင္းသမီးေလး Park Min Young ကေတာ့ ပြဲမထြက္ခင္ကာလတုန္းက မ်က္ရစ္ခြဲစိတ္တာနဲ႔ ႏွာေခါင္းပုံစံ ျပဳျပင္တာေတြ လုပ္ခဲ့ဖူးေၾကာင္း ဝန္ခံထားသူ ျဖစ္ပါတယ္။

ဒါကေတာ့ မ်က္ႏွာသြင္ျပင္မွာ ခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္ထားေၾကာင္း တရားဝင္ ဖြင့္ေျပာထားတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ မ်က္ႏွာသြင္ျပင္ဟာ ေအာင္ျမင္ေက်ာ္ၾကားမႈရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ႏိုင္ေကာင္းေပမယ့္ သူတို႔ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္၊ အႏုပညာအင္အားေတြေၾကာင့္ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈနဲ႔ ခ်စ္ခင္ႏွစ္သက္ျခင္းကို ရရွိထားၾကတယ္လို႔ ေျပာရင္ မမွားပါဘူး။

LaNina

 

 

RELATED ARTICLES

Most Popular