HomeCelebs Update NewsKoreaဟောလိဝုဒ်အထိ ထိုးဖောက်နိုင်ခဲ့တဲ့ နာမည်ကျော် ကိုရီးယားသရုပ်ဆောင်များ 

ဟောလိဝုဒ်အထိ ထိုးဖောက်နိုင်ခဲ့တဲ့ နာမည်ကျော် ကိုရီးယားသရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားရုပ်ရှင်လောကဟာလည်း အခြားသော နိုင်ငံက ရုပ်ရှင်လောကများနည်းတူ စွမ်းရည်မြင့်မားတဲ့ သရုပ်ဆောင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါတင်မက လွန်ခဲ့တဲ့ နှစ်တွေက စတင်ပြီး ကိုရီးယားသရုပ်ဆောင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကဖြစ်တဲ့ ဟောလိဝုဒ်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ ကိုရီးယားပြည်တွင်းနဲ့ အာရှတလွှားမှသည် ဟောလိဝုဒ်ထိ တက်လှမ်းနိုင်ခဲ့တဲ့ နာမည်ကျော် ကိုရီးယားသရုပ်ဆောင်တွေကတော့ …

Minari ရုပ်ရှင်အဖွဲ့သားများ
Photo via IMDb

Minari ရုပ်ရှင်ဇာတ်ကားကတော့ ယခုနှစ် ဟောလိဝုဒ်ရဲ့ ဆုပေးပွဲစင်မြင့်တွေမှာ နေရာယူနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာတဲ့ ကိုရီးယားမိသားစုတစ်ခုရဲ့ ရုန်းကန်ရမှုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Steven Yeun ၊ Youn Yuh Jung ၊ Alan S. Kim နဲ့ Han Yeri တို့ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ သရုပ်ဆောင်အဖွဲ့သားတွေထဲကမှ မင်းသမီးကြီး Youn Yuh Jung ကတော့ ဟောလိဝုဒ်က ရုပ်ရှင်လောကသားတွေရဲ့ ချစ်ခင်လေးစားမှုကို အထူးရရှိခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ထူးခြားတဲ့ဟန်နဲ့ စင်မြင့်တွေထက်မှာ ဆုယူစဉ် ပြောကြားခဲ့တဲ့ စကားတွေကြောင့် အတော်လေး ရေပန်းစားသွားသူလည်း ဖြစ်ပါတယ်။ အဲဒါတွေအားလုံးထက် ပိုကြီးမားတဲ့ အောင်မြင်မှုကတော့ သူမဟာ အော်စကာ၊ BAFTA နဲ့ SAG ဆုတွေကို ပထမဆုံး ရရှိသွားတဲ့ ကိုရီးယားသရုပ်ဆောင်အဖြစ် သမိုင်းတွင်သွားတာပါပဲ။

Parasite ရုပ်ရှင်အဖွဲ့သားများ
Photo via IMDb

Minari ရုပ်ရှင် မတိုင်ခင် အမေရိကန်တွေရဲ့ ဆိုရှယ်မီဒီယာတွေမှာရော၊ ဆုပေးပွဲတွေမှာပါ ဟောလိဝုဒ်ရဲ့ အထူးစိတ်ဝင်စားမှုကို ခံခဲ့ရတာကတော့ Parasite ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Parasite ဟာလည်း ရုပ်ရှင်ထူးချွန်ဆုတွေ အမျိုးမျိုး ရရှိခဲ့သလို သမိုင်းတွင်တဲ့ မှတ်တမ်းအသစ်တွေလည်း တင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အော်စကာဆုပေးပွဲမှာ အင်္ဂလိပ်စကားပြောရုပ်ရှင် မဟုတ်ဘဲ Best Picture ဆုကို ရရှိခဲ့တဲ့ ပထမဆုံးဇာတ်ကား ဖြစ်ရုံမက ရွှေကမ္ဘာလုံးဆုနဲ့ SAG ဆုကို ပထမဆုံး ရရှိခဲ့တဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Parasite ဇာတ်ကားနဲ့ ဟောလိဝုဒ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ကြတဲ့ အဖွဲ့သားတွေကတော့ ဒါရိုက်တာ Bong Joon Ho နဲ့ မင်းသားကြီး Song Kang Ho ၊ Cho Yeo Jeong ၊ Park So Dam ၊ Choi Woo Sik ၊ Lee Sun Gyun နဲ့ Lee Jeong Eun တို့ ဖြစ်ပါတယ်။

တကယ်တော့ ကိုရီးယားရဲ့ ရွှေလို တန်ဖိုးထားရမယ့် ဒါရိုက်တာ Bong Joon Ho နဲ့ တွဲဖက်မင်းသားကြီး Song Kang Ho တို့ဟာ Parasite မတိုင်ခင်မှာလည်း ဇာတ်ကားကောင်းတွေ ဖန်တီးခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ Snowpiercer ဇာတ်ကားကတော့ ဒါရိုက်တာ Bong Joon Ho ရဲ့ ပထမဆုံး အင်္ဂလိပ်စကားပြော ရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Evans ၊ Tilda Swinton နဲ့ Octavia Spencer တို့လို ထိတ်ထိတ်ကြဲတွေ ပါဝင်ခဲ့ပါတယ်။

Lee Byung Hun
Photo via soompi

Lee Byung Hun ကတော့ G.I. Joe ၊ The Magnificent Seven စတဲ့ ဇာတ်ကားတွေနဲ့ ဟောလိဝုဒ်ကို ထိုးဖောက်ထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ဒါတင်မက သူဟာ အော်စကာဆုပေးပွဲမှာ ပထမဆုံး ဆုကြေညာသူအဖြစ် ပြုလုပ်ခဲ့ရတဲ့ ကိုရီးယားသရုပ်ဆောင် ဖြစ်ပြီး ဟောလိဝုဒ်က Grauman’s Chinese Theatre မှာ ခြေရာ၊ လက်ရာတွေ ထားရှိနိုင်တဲ့ ပထမဆုံး ကိုရီးယားသရုပ်ဆောင်လည်း ဖြစ်ပါတယ်။

Lee Byung Hun ဟာ ရုပ်ရှင်ဘက်မှာရော၊ ဇာတ်လမ်းတွဲဘက်မှာပါ အချိုးညီညီ လှုပ်ရှားနိုင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်လို့ကတော့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာတောင် လိုမယ် မထင်ပါဘူး။

Bae Doona
Photo via soompi

Lee Byung Hun လိုပဲ Bae Doona ဟာလည်း ဟောလိဝုဒ်ရဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ သူမဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဒါရိုက်တာတွေဖြစ်ကြတဲ့ Wachowski ညီအစ်မနဲ့လည်း Jupiter Ascending ၊ Cloud Atlas တို့လို ရုပ်ရှင်ကားတွေမှာ အတူအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါတင်မက Netflix နဲ့ ကိုရီးယားရုပ်ရှင်လောကတို့ရဲ့ ပူးပေါင်းမှုကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေဟာလည်း ယခင်ကထက်ပိုပြီး ကမ္ဘာ့ရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ ရေပန်းစားလာပါတယ်။ Bae Doona ပါဝင်ထားတဲ့ Forest of Secrets ဇာတ်လမ်းတွဲကတော့ The New York Times က ရွေးချယ်တဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး တီဗွီဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါတင်မက Netflix က ထုတ်လုပ်တဲ့ သူမရဲ့ Kingdom ဇာတ်လမ်းတွဲဟာလည်း ယူအက်စ် ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကို ရရှိထားပါသေးတယ်။

Ma Dong Seok
Photo via IMDb

Don Lee လို့လည်း သိကြတဲ့ မင်းသား Ma Dong Seok ကတော့ Train to Busan ၊ Along With the Gods တို့လို ဇာတ်ကားတွေနဲ့ နိုင်ငံတကာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ ထိပ်တန်း စတူဒီယိုဖြစ်တဲ့ Marvel ရဲ့ မျက်စိကျမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Ma Dong Seok ဟာ Marvel Cinematic Universe က မကြာခင် ထုတ်လုပ်တော့မယ့် Eternals ရုပ်ရှင်မှာ Gilgamesh ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်တဲ့ Angelina Jolie ၊ Salma Hayek တို့လို ထိတ်ထိတ်ကြဲတွေနဲ့ အတူတူ ပါဝင်ရမှာ ဖြစ်လို့ ဒီထက်ပိုလူကြိုက်များ၊ ရေပန်းစားလာတော့မယ်ဆိုတာ အသေအချာပါပဲ။

Claudia Kim
Photo via soompi

တကယ်တော့ MCU ထဲမှာ ပါဝင်နိုင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်ဟာ Ma Dong Seok တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ Claudia Kim ဟာလည်း ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron ဇာတ်ကားထဲမှာ သိပ္ပံပညာရှင် Helen Cho နေရာက ပါဝင်ထားပါသေးတယ်။ ဒါတင်မက သူမဟာ နာမည်ကျော် franchise တစ်ခုဖြစ်တဲ့ Fantastic Beasts မှာလည်း Nagini နေရာက သရုပ်ဆောင်ထားပါသေးတယ်။

Daniel Henney
Photo via soompi

Daniel Henney ကတော့ ဟောလိဝုဒ်ရုပ်ရှင်အချို့မှာ ပါဝင်ထားဖူးပြီး လူသိပိုများတာကတော့ Hawaii Five-O နဲ့ NCIS: Los Angeles ဇာတ်လမ်းတွဲတွေမှာ ယူအက်စ် အေးဂျင့်အဖြစ် ပါဝင်ခဲ့တာပါပဲ။ ဒါ့အပြင် Criminal Minds: Beyond Borders ဇာတ်လမ်းတွဲထဲမှာလည်း အေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

Rain
Photo via soompi

Rain ကတော့ အဆိုတော်ဘဝကတည်းက ယူအက်စ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်လောက်တည်းက Stephen Colbert ရဲ့ late night show မှာ ပါဝင်ခွင့် ရခဲ့ပြီး ယူအက်စ်ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ သရုပ်ဆောင်အပိုင်းမှာတော့ သူ့ရဲ့ ပထမဆုံး အင်္ဂလိပ်စကားပြော ရုပ်ရှင်အဖြစ် Wachowski ညီအစ်မနဲ့ တွဲဖက်ပြီး Speed Racer ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ ခေါင်းဆောင်မင်းသားအဖြစ်နဲ့  Ninja Assassin ဇာတ်ကား ထွက်ရှိနိုင်ခဲ့ပါသေးတယ်။

ဒါကတော့ ဟောလိဝုဒ်ကို ထိုးဖောက်နိုင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်‌တွေ ရှိရင်လည်း ပြောပြခဲ့ကြပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယား႐ုပ္ရွင္ေလာကဟာလည္း အျခားေသာ ႏိုင္ငံက ႐ုပ္ရွင္ေလာကမ်ားနည္းတူ စြမ္းရည္ျမင့္မားတဲ့ သ႐ုပ္ေဆာင္ေတြကို ပိုင္ဆိုင္ထားပါတယ္။ ဒါတင္မက လြန္ခဲ့တဲ့ ႏွစ္ေတြက စတင္ၿပီး ကိုရီးယားသ႐ုပ္ေဆာင္ေတြဟာ ကမာၻ႔႐ုပ္ရွင္ေလာကျဖစ္တဲ့ ေဟာလိဝုဒ္ရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ၿပီး စိတ္ဝင္စားျခင္း ခံခဲ့ရပါတယ္။ ကိုရီးယားျပည္တြင္းနဲ႔ အာရွတလႊားမွသည္ ေဟာလိဝုဒ္ထိ တက္လွမ္းႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ ကိုရီးယားသ႐ုပ္ေဆာင္ေတြကေတာ့ …

Minari ႐ုပ္ရွင္အဖြဲ႕သားမ်ား
Photo via IMDb

Minari ႐ုပ္ရွင္ဇာတ္ကားကေတာ့ ယခုႏွစ္ ေဟာလိဝုဒ္ရဲ႕ ဆုေပးပြဲစင္ျမင့္ေတြမွာ ေနရာယူႏိုင္ခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းပုံစံကေတာ့ အေမရိကန္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းလာတဲ့ ကိုရီးယားမိသားစုတစ္ခုရဲ႕ ႐ုန္းကန္ရမႈကို တင္ဆက္ထားတာ ျဖစ္ပါတယ္။ အဓိကပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Steven Yeun ၊ Youn Yuh Jung ၊ Alan S. Kim နဲ႔ Han Yeri တို႔ ျဖစ္ပါတယ္။

ဒီဇာတ္ကားရဲ႕ သ႐ုပ္ေဆာင္အဖြဲ႕သားေတြထဲကမွ မင္းသမီးႀကီး Youn Yuh Jung ကေတာ့ ေဟာလိဝုဒ္က ႐ုပ္ရွင္ေလာကသားေတြရဲ႕ ခ်စ္ခင္ေလးစားမႈကို အထူးရရွိခဲ့သူ ျဖစ္ပါတယ္။ သူမရဲ႕ ထူးျခားတဲ့ဟန္နဲ႔ စင္ျမင့္ေတြထက္မွာ ဆုယူစဥ္ ေျပာၾကားခဲ့တဲ့ စကားေတြေၾကာင့္ အေတာ္ေလး ေရပန္းစားသြားသူလည္း ျဖစ္ပါတယ္။ အဲဒါေတြအားလုံးထက္ ပိုႀကီးမားတဲ့ ေအာင္ျမင္မႈကေတာ့ သူမဟာ ေအာ္စကာ၊ BAFTA နဲ႔ SAG ဆုေတြကို ပထမဆုံး ရရွိသြားတဲ့ ကိုရီးယားသ႐ုပ္ေဆာင္အျဖစ္ သမိုင္းတြင္သြားတာပါပဲ။

Parasite ႐ုပ္ရွင္အဖြဲ႕သားမ်ား
Photo via IMDb

Minari ႐ုပ္ရွင္ မတိုင္ခင္ အေမရိကန္ေတြရဲ႕ ဆိုရွယ္မီဒီယာေတြမွာေရာ၊ ဆုေပးပြဲေတြမွာပါ ေဟာလိဝုဒ္ရဲ႕ အထူးစိတ္ဝင္စားမႈကို ခံခဲ့ရတာကေတာ့ Parasite ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ Parasite ဟာလည္း ႐ုပ္ရွင္ထူးခြၽန္ဆုေတြ အမ်ိဳးမ်ိဳး ရရွိခဲ့သလို သမိုင္းတြင္တဲ့ မွတ္တမ္းအသစ္ေတြလည္း တင္ႏိုင္ခဲ့ပါတယ္။ ဒီဇာတ္ကားဟာ ေအာ္စကာဆုေပးပြဲမွာ အဂၤလိပ္စကားေျပာ႐ုပ္ရွင္ မဟုတ္ဘဲ Best Picture ဆုကို ရရွိခဲ့တဲ့ ပထမဆုံးဇာတ္ကား ျဖစ္႐ုံမက ေ႐ႊကမာၻလုံးဆုနဲ႔ SAG ဆုကို ပထမဆုံး ရရွိခဲ့တဲ့ ကိုရီးယား႐ုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။

Parasite ဇာတ္ကားနဲ႔ ေဟာလိဝုဒ္ရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ၾကတဲ့ အဖြဲ႕သားေတြကေတာ့ ဒါ႐ိုက္တာ Bong Joon Ho နဲ႔ မင္းသားႀကီး Song Kang Ho ၊ Cho Yeo Jeong ၊ Park So Dam ၊ Choi Woo Sik ၊ Lee Sun Gyun နဲ႔ Lee Jeong Eun တို႔ ျဖစ္ပါတယ္။

တကယ္ေတာ့ ကိုရီးယားရဲ႕ ေ႐ႊလို တန္ဖိုးထားရမယ့္ ဒါ႐ိုက္တာ Bong Joon Ho နဲ႔ တြဲဖက္မင္းသားႀကီး Song Kang Ho တို႔ဟာ Parasite မတိုင္ခင္မွာလည္း ဇာတ္ကားေကာင္းေတြ ဖန္တီးခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိခဲ့တဲ့ Snowpiercer ဇာတ္ကားကေတာ့ ဒါ႐ိုက္တာ Bong Joon Ho ရဲ႕ ပထမဆုံး အဂၤလိပ္စကားေျပာ ႐ုပ္ရွင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Chris Evans ၊ Tilda Swinton နဲ႔ Octavia Spencer တို႔လို ထိတ္ထိတ္ႀကဲေတြ ပါဝင္ခဲ့ပါတယ္။

Lee Byung Hun
Photo via soompi

Lee Byung Hun ကေတာ့ G.I. Joe ၊ The Magnificent Seven စတဲ့ ဇာတ္ကားေတြနဲ႔ ေဟာလိဝုဒ္ကို ထိုးေဖာက္ထားတဲ့ မင္းသားတစ္လက္ ျဖစ္ပါတယ္။ ဒါတင္မက သူဟာ ေအာ္စကာဆုေပးပြဲမွာ ပထမဆုံး ဆုေၾကညာသူအျဖစ္ ျပဳလုပ္ခဲ့ရတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ ျဖစ္ၿပီး ေဟာလိဝုဒ္က Grauman’s Chinese Theatre မွာ ေျခရာ၊ လက္ရာေတြ ထားရွိႏိုင္တဲ့ ပထမဆုံး ကိုရီးယားသ႐ုပ္ေဆာင္လည္း ျဖစ္ပါတယ္။ Lee Byung Hun ဟာ ႐ုပ္ရွင္ဘက္မွာေရာ၊ ဇာတ္လမ္းတြဲဘက္မွာပါ အခ်ိဳးညီညီ လႈပ္ရွားႏိုင္တဲ့ သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ၿပီး သူ႔ရဲ႕ ဇာတ္ကားေတြနဲ႔ ပတ္သက္လို႔ကေတာ့ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးစရာေတာင္ လိုမယ္ မထင္ပါဘူး။

Bae Doona
Photo via soompi

Lee Byung Hun လိုပဲ Bae Doona ဟာလည္း ေဟာလိဝုဒ္ရဲ႕ ႐ုပ္ရွင္ေတြထဲမွာ ပါဝင္ထားသူ ျဖစ္ပါတယ္။ သူမဟာ ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီး ဒါ႐ိုက္တာေတြျဖစ္ၾကတဲ့ Wachowski ညီအစ္မနဲ႔လည္း Jupiter Ascending ၊ Cloud Atlas တို႔လို ႐ုပ္ရွင္ကားေတြမွာ အတူအလုပ္လုပ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

ဒါတင္မက Netflix နဲ႔ ကိုရီးယား႐ုပ္ရွင္ေလာကတို႔ရဲ႕ ပူးေပါင္းမႈေၾကာင့္ ကိုရီးယားဇာတ္လမ္းတြဲေတြဟာလည္း ယခင္ကထက္ပိုၿပီး ကမာၻ႔႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားလာပါတယ္။ Bae Doona ပါဝင္ထားတဲ့ Forest of Secrets ဇာတ္လမ္းတြဲကေတာ့ The New York Times က ေ႐ြးခ်ယ္တဲ့ ၂၀၁၇ခုႏွစ္အတြက္ အေကာင္းဆုံး တီဗြီဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္ခဲ့ပါတယ္။ ဒါတင္မက Netflix က ထုတ္လုပ္တဲ့ သူမရဲ႕ Kingdom ဇာတ္လမ္းတြဲဟာလည္း ယူအက္စ္ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈေတြကို ရရွိထားပါေသးတယ္။

Ma Dong Seok
Photo via IMDb

Don Lee လို႔လည္း သိၾကတဲ့ မင္းသား Ma Dong Seok ကေတာ့ Train to Busan ၊ Along With the Gods တို႔လို ဇာတ္ကားေတြနဲ႔ ႏိုင္ငံတကာ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကရဲ႕ ထိပ္တန္း စတူဒီယိုျဖစ္တဲ့ Marvel ရဲ႕ မ်က္စိက်မႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။

Ma Dong Seok ဟာ Marvel Cinematic Universe က မၾကာခင္ ထုတ္လုပ္ေတာ့မယ့္ Eternals ႐ုပ္ရွင္မွာ Gilgamesh ဆိုတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ နာမည္ေက်ာ္ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Angelina Jolie ၊ Salma Hayek တို႔လို ထိတ္ထိတ္ႀကဲေတြနဲ႔ အတူတူ ပါဝင္ရမွာ ျဖစ္လို႔ ဒီထက္ပိုလူႀကိဳက္မ်ား၊ ေရပန္းစားလာေတာ့မယ္ဆိုတာ အေသအခ်ာပါပဲ။

Claudia Kim
Photo via soompi

တကယ္ေတာ့ MCU ထဲမွာ ပါဝင္ႏိုင္ခဲ့တဲ့ ကိုရီးယားသ႐ုပ္ေဆာင္ဟာ Ma Dong Seok တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ Claudia Kim ဟာလည္း ၂၀၁၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ Avengers: Age of Ultron ဇာတ္ကားထဲမွာ သိပၸံပညာရွင္ Helen Cho ေနရာက ပါဝင္ထားပါေသးတယ္။ ဒါတင္မက သူမဟာ နာမည္ေက်ာ္ franchise တစ္ခုျဖစ္တဲ့ Fantastic Beasts မွာလည္း Nagini ေနရာက သ႐ုပ္ေဆာင္ထားပါေသးတယ္။

Daniel Henney
Photo via soompi

Daniel Henney ကေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္အခ်ိဳ႕မွာ ပါဝင္ထားဖူးၿပီး လူသိပိုမ်ားတာကေတာ့ Hawaii Five-O နဲ႔ NCIS: Los Angeles ဇာတ္လမ္းတြဲေတြမွာ ယူအက္စ္ ေအးဂ်င့္အျဖစ္ ပါဝင္ခဲ့တာပါပဲ။ ဒါ့အျပင္ Criminal Minds: Beyond Borders ဇာတ္လမ္းတြဲထဲမွာလည္း ေအးဂ်င့္အျဖစ္ သ႐ုပ္ေဆာင္ထားပါေသးတယ္။

Rain
Photo via soompi

Rain ကေတာ့ အဆိုေတာ္ဘဝကတည္းက ယူအက္စ္ရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့သူ ျဖစ္ပါတယ္။ ၂၀၀၇ခုႏွစ္ေလာက္တည္းက Stephen Colbert ရဲ႕ late night show မွာ ပါဝင္ခြင့္ ရခဲ့ၿပီး ယူအက္စ္ပရိသတ္ရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္အပိုင္းမွာေတာ့ သူ႔ရဲ႕ ပထမဆုံး အဂၤလိပ္စကားေျပာ ႐ုပ္ရွင္အျဖစ္ Wachowski ညီအစ္မနဲ႔ တြဲဖက္ၿပီး Speed Racer ဇာတ္ကားမွာ ပါဝင္ခဲ့ပါတယ္။ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ေခါင္းေဆာင္မင္းသားအျဖစ္နဲ႔  Ninja Assassin ဇာတ္ကား ထြက္ရွိႏိုင္ခဲ့ပါေသးတယ္။

ဒါကေတာ့ ေဟာလိဝုဒ္ကို ထိုးေဖာက္ႏိုင္ခဲ့တဲ့ ကိုရီးယားသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားသ႐ုပ္ေဆာင္‌ေတြ ရွိရင္လည္း ေျပာျပခဲ့ၾကပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular