HomeCelebs Update NewsKoreaofficial TikTok အကောင့်ဖွင့်လိုက်တဲ့ ကိုရီးယားအနုပညာရှင်များ

official TikTok အကောင့်ဖွင့်လိုက်တဲ့ ကိုရီးယားအနုပညာရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TikTok ဟာ ဝါသနာရှင်တွေချည်းပဲ စုစည်းနေတဲ့ ပလက်ဖောင်းတစ်ခု မဟုတ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ကျော်ကြားလာတဲ့ အကဦးစားပေး အက်ပလီကေးရှင်းဟာ အခုအချိန်မှာဆိုရင် လူတွေအားလုံး အိမ်ထဲမှာ နေနေကြရလို့ ပိုပြီးတော့တောင် လူသုံးများလာပါတယ်။ ဒေါင်းလုဒ်သန်း(၁၀၀)ကျော်သွားပြီမို့ အခုဆိုရင် ဒီပလက်ဖောင်းပေါ်ကို အနုပညာရှင်တွေလည်း ရောက်ရှိလာကြပါပြီ။ လောလောလတ်လတ်ပဲ official အကောင့်ဖွင့်လိုက်တဲ့ ကိုရီးယားအနုပညာရှင်တွေကတော့ …

EXO အဖွဲ့က Sehun
Photo: weareone.exo/ Instagram

Sehun လည်း TikTok ပေါ်ကို ရောက်လာပါပြီ။ မနေ့က ဧပြီ(၂၁)ရက်နေ့မှာ Sehun က သူ့ရဲ့ IG မှာ အသစ်စက်စက် ရိုက်ထားတဲ့ TikTok ဗွီဒီယိုကို တင်လိုက်တာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာတော့ Sehun ရယ်၊ Chanyeol ရယ်၊ Dynamic Duo အဖွဲ့က Gaeko ရယ် သုံးယောက် ပါဝင်ပါတယ်။ Username ကတော့ @imsehun နာမည်နဲ့ပါ။ နာရီပိုင်းအတွင်းမှာပဲ ဖော်လိုဝါ နှစ်သိန်းနီးပါး ရရှိထားတာကို တွေ့ရပါတယ်။ EXO ဖန်တွေကတော့ Sehun တစ်ယောက် TikTok ပေါ်ရောက်လာတဲ့အတွက် စိတ်တွေလှုပ်ရှားနေကြပါတယ်။

Photo: Sehun TikTok
GOT7
Photo: got7.with.igot7/ Instagram

Ahgase တွေအတွက် ပျော်စရာသတင်းကောင်းတစ်ခုပါပဲ။ အခုဆိုရင် GOT7 ကို TikTok ပေါ်မှာပါ follow လုပ်လို့ရပါပြီ။ အဖွဲ့လိုက်အနေနဲ့ official အကောင့်ဖွင့်လိုက်တာဖြစ်ပြီး ဒီသတင်းကိုတော့ သူတို့ရဲ့ official Twitter အကောင့်မှာ ဧပြီ(၂၀)ရက်နေ့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို TikTok Korea ကလည်း သူ့ရဲ့ Twitter အကောင့်မှာ သတင်းပေးထားပါသေးတယ်။ အကောင့်ဖွင့်ပြီးချိန်ကနေ အခုအထိ ဗွီဒီယိုနှစ်ခု တင်ထားပြီးပါပြီ။ ဖော်လိုဝါအရေအတွက်ကတော့ ဧပြီ(၂၁)အထိကို နှစ်သိန်းခွဲနီးပါး ရရှိထားတာ တွေ့ရပါတယ်။

Photo: GOT7 TikTok
Rain
Photo via koreaboo

အဆိုတော်နဲ့သရုပ်ဆောင် Rain ကလည်း official TikTok အကောင့်ဖွင့်လိုက်ပါပြီ။ ဧပြီ(၂၁)ရက်နေ့မှာ အကောင့်စဖွင့်လိုက်တာဖြစ်ပြီး fan အသစ်တွေကတော့ သူ့ရဲ့အကစွမ်းရည်တွေကြောင့် စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ အရင်တည်းက အားပေးလာတဲ့ fan အဟောင်းတွေကတော့ Rain ရဲ့ စကေးတွေကို သိပြီးသားမို့ ဒီသတင်းကိုရတာနဲ့ အကောင့်ကိုပြေး follow လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Rain ကတော့ အကောင့်ဖွင့်ပြီး နာရီပိုင်းအတွင်းမှာ ဖော်လိုဝါတစ်သောင်းကျော်ကို ရရှိထားတာ တွေ့ရပါတယ်။

Photo: Rain TikTok

အသစ်စက်စက် ဆယ်လီတွေရဲ့အကောင့်တွေကို ဖော်ပြပေးပြီးပြီမို့ အပြေးလေးသွားပြီး follow လုပ်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

LaNina
(Zawgyi Version)

TikTok ဟာ ဝါသနာရွင္ေတြခ်ည္းပဲ စုစည္းေနတဲ့ ပလက္ေဖာင္းတစ္ခု မဟုတ္ေတာ့ပါဘူး။ တျဖည္းျဖည္းနဲ႔ ေက်ာ္ၾကားလာတဲ့ အကဦးစားေပး အက္ပလီေကးရွင္းဟာ အခုအခ်ိန္မွာဆိုရင္ လူေတြအားလုံး အိမ္ထဲမွာ ေနေနၾကရလို႔ ပိုၿပီးေတာ့ေတာင္ လူသုံးမ်ားလာပါတယ္။ ေဒါင္းလုဒ္သန္း(၁၀၀)ေက်ာ္သြားၿပီမို႔ အခုဆိုရင္ ဒီပလက္ေဖာင္းေပၚကို အႏုပညာရွင္ေတြလည္း ေရာက္ရွိလာၾကပါၿပီ။ ေလာေလာလတ္လတ္ပဲ official အေကာင့္ဖြင့္လိုက္တဲ့ ကိုရီးယားအႏုပညာရွင္ေတြကေတာ့ …

EXO အဖြဲ႕က Sehun
Photo: weareone.exo/ Instagram

Sehun လည္း TikTok ေပၚကို ေရာက္လာပါၿပီ။ မေန႔က ဧၿပီ(၂၁)ရက္ေန႔မွာ Sehun က သူ႔ရဲ႕ IG မွာ အသစ္စက္စက္ ႐ိုက္ထားတဲ့ TikTok ဗြီဒီယိုကို တင္လိုက္တာ ျဖစ္ပါတယ္။ ဗြီဒီယိုထဲမွာေတာ့ Sehun ရယ္၊ Chanyeol ရယ္၊ Dynamic Duo အဖြဲ႕က Gaeko ရယ္ သုံးေယာက္ ပါဝင္ပါတယ္။ Username ကေတာ့ @imsehun နာမည္နဲ႔ပါ။ နာရီပိုင္းအတြင္းမွာပဲ ေဖာ္လိုဝါ ႏွစ္သိန္းနီးပါး ရရွိထားတာကို ေတြ႕ရပါတယ္။ EXO ဖန္ေတြကေတာ့ Sehun တစ္ေယာက္ TikTok ေပၚေရာက္လာတဲ့အတြက္ စိတ္ေတြလႈပ္ရွားေနၾကပါတယ္။

Photo: Sehun TikTok
GOT7
Photo: got7.with.igot7/ Instagram

Ahgase ေတြအတြက္ ေပ်ာ္စရာသတင္းေကာင္းတစ္ခုပါပဲ။ အခုဆိုရင္ GOT7 ကို TikTok ေပၚမွာပါ follow လုပ္လို႔ရပါၿပီ။ အဖြဲ႕လိုက္အေနနဲ႔ official အေကာင့္ဖြင့္လိုက္တာျဖစ္ၿပီး ဒီသတင္းကိုေတာ့ သူတို႔ရဲ႕ official Twitter အေကာင့္မွာ ဧၿပီ(၂၀)ရက္ေန႔က ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို TikTok Korea ကလည္း သူ႔ရဲ႕ Twitter အေကာင့္မွာ သတင္းေပးထားပါေသးတယ္။ အေကာင့္ဖြင့္ၿပီးခ်ိန္ကေန အခုအထိ ဗြီဒီယိုႏွစ္ခု တင္ထားၿပီးပါၿပီ။ ေဖာ္လိုဝါအေရအတြက္ကေတာ့ ဧၿပီ(၂၁)အထိကို ႏွစ္သိန္းခြဲနီးပါး ရရွိထားတာ ေတြ႕ရပါတယ္။

Photo: GOT7 TikTok
Rain
Photo via koreaboo

အဆိုေတာ္နဲ႔သ႐ုပ္ေဆာင္ Rain ကလည္း official TikTok အေကာင့္ဖြင့္လိုက္ပါၿပီ။ ဧၿပီ(၂၁)ရက္ေန႔မွာ အေကာင့္စဖြင့္လိုက္တာျဖစ္ၿပီး fan အသစ္ေတြကေတာ့ သူ႔ရဲ႕အကစြမ္းရည္ေတြေၾကာင့္ စိတ္ဝင္စားမႈေတြ ျမင့္တက္ေနပါတယ္။ အရင္တည္းက အားေပးလာတဲ့ fan အေဟာင္းေတြကေတာ့ Rain ရဲ႕ စေကးေတြကို သိၿပီးသားမို႔ ဒီသတင္းကိုရတာနဲ႔ အေကာင့္ကိုေျပး follow လုပ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ Rain ကေတာ့ အေကာင့္ဖြင့္ၿပီး နာရီပိုင္းအတြင္းမွာ ေဖာ္လိုဝါတစ္ေသာင္းေက်ာ္ကို ရရွိထားတာ ေတြ႕ရပါတယ္။

Photo: Rain TikTok

အသစ္စက္စက္ ဆယ္လီေတြရဲ႕အေကာင့္ေတြကို ေဖာ္ျပေပးၿပီးၿပီမို႔ အေျပးေလးသြားၿပီး follow လုပ္လိုက္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

LaNina
RELATED ARTICLES

Most Popular