HomeCelebs Update NewsKoreaကျိကျိတက်ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ ကိုရီးယားနာမည်ကျော်များ 

ကျိကျိတက်ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ ကိုရီးယားနာမည်ကျော်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူအများစုဟာ မိမိဘာသာ ရုန်းကန်ကြိုးစားပြီး ချမ်းသာတဲ့ဘဝရောက်ဖို့ ကြိုးစားကြရပေမယ့် တချို့သော ကံကောင်းတဲ့သူတွေကျတော့ မွေးတည်းက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာကြတာတွေ ရှိပါတယ်။ ဒါဟာ ကိုရီးယားဆယ်လီတွေကြားမှာလည်း အလားတူပါပဲ။ ယခုဖော်ပြပေးချင်တာကတော့ မွေးတည်းက ကျိကျိတက် ချမ်းသာတဲ့ မိသားစုတွေမှာ ကြီးပြင်းလာခဲ့ရတဲ့ နောက်ခံကောင်းနဲ့ ကိုရီးယားဆယ်လီတွေပဲ ဖြစ်ပါတယ်။

(1) CL
Photo: chaelincl/ Instagram

CL ဟာ ငယ်ငယ်တည်းက အထက်တန်းကျတဲ့ လူနေမှုနဲ့ ဇိမ်ခံပစ္စည်းတွေကြားမှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့အဖေနဲ့ အဘိုး နှစ်ယောက်စလုံးဟာ ပါမောက္ခတွေဖြစ်ကြပြီး သူမရဲ့ဖခင်ဖြစ်သူဟာဆိုရင်လည်း CL အတွက် ရည်ရွယ်ပြီး ကလေးစာအုပ်တစ်အုပ်တောင် ရေးသားထုတ်ဝေခဲ့ဖူးတဲ့ စာရေးသူတစ်ယောက် ဖြစ်ပါတယ်။

(2) Kang Dong Won
Photo: dw_kang18/ Instagram

သရုပ်ဆောင် Kang Dong Won ရဲ့ ဖခင်ဖြစ်သူဟာ အကြီးဆုံး သင်္ဘောတည်ဆောက်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ SPP Heavy Industries ကုမ္ပဏီရဲ့ ဒုဥက္ကဌ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး အထင်ကြီး လေးစားစရာကောင်းတာကတော့ Kang Dong Won ရဲ့ဖခင်ဟာ စျေးကွက်လေ့လာသူတစ်ယောက်အဖြစ် အောက်ခြေကနေ ကြိုးစားပြီး အောင်မြင်လာသူလည်း ဖြစ်ပါတယ်။

(3) Lee Ha Nui
Photo: honey_lee32/ Instagram

Miss Korea ကနေ သရုပ်ဆောင်အဖြစ် ကူးပြောင်းလာတဲ့ Lee Ha Nui ရဲ့ဖခင်ဖြစ်သူဟာ ကိုရီးယားနိုင်ငံရဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ သူမရဲ့ဦးလေးကတော့ အမျိုးသားလွှတ်တော်ရဲ့ ဒုဥက္ကဌဟောင်း ဖြစ်ပါတယ်။ သူမရဲ့အမေနဲ့ အစ်မတို့ကတော့ ကိုရီးယားရိုးရာ တူရိယာဖြစ်တဲ့ gayaguem ကို ပရော်ဖက်ရှင်နယ်လ် တီးခတ်သူတွေ ဖြစ်ပါတယ်။

(4) Lee Min Jung
Photo: 216jung/ Instagram

မင်းသမီးလေး Lee Min Jung ရဲ့ ဖခင်ဖြစ်သူကတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်း ကြော်ငြာကုမ္ပဏီတစ်ခုက စီအီးအိုဖြစ်ပြီး မိခင်ဖြစ်သူကတော့ စန္ဒယားပညာရှင် ဖြစ်ပါတယ်။ သူမရဲ့မိသားစုဟာ သူမ ကလေးအရွယ်တည်းက အမေရိကန်ဒေါ်လာ လေးသန်းလောက်တန်တဲ့ စံအိမ်ကြီးမှာ နေထိုင်လာကြသူတွေ ဖြစ်ပါတယ်။

(5) PSY
Photo: 42psy42/ Instagram

PSY ရဲ့ဖခင်ဖြစ်သူဟာ ၁၉၅၅ခုနှစ်တည်းက စီမီးကွန်ဒတ်တာတွေ ထုတ်လုပ်တဲ့ DI Corporation ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့တာပါ။ ယခုဆိုရင်တော့ PSY ဟာ အဆိုပါ ကုမ္ပဏီမှာ စီအီးအို ဖြစ်နေပါပြီ။ ဒီလိုနဲ့ PSY ရဲ့ Gangnam Style သီချင်းကို ထုတ်လွှင့်ပြီးနောက်မှာတော့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာစျေးကွက်တွေဟာ မူလစျေးနှုန်းထက် ရှစ်ဆ ထိုးတက်သွားခဲ့ပါတယ်။ သူ့ရဲ့မိခင်ဖြစ်သူကတော့ နာမည်ကြီးစားသောက်ဆိုင်တစ်ခုကို ဖွင့်ထားပြီး သူ့ရဲ့ညီမဖြစ်သူကတော့ food stylist တစ်ယောက် ဖြစ်ပါတယ်။

(6) Super Junior အဖွဲ့က Siwon
Photo: siwonchoi/ Instagram

Siwon ရဲ့ ဖခင်ဖြစ်သူဟာ နာမည်ကြီးဆေးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဟောင်းတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ နာမည်ကြီး အမျိုးသမီးအတွင်းခံ brand တစ်ခုကို ပိုင်ဆိုင်ပါတယ်။ Super Junior အဖွဲ့ဝင်တွေ Radio Star အစီအစဉ်ကို လာလည်ကြတုန်းကဆိုရင် Siwon သာ ဆန္ဒရှိရင် MBC ကိုတောင် ဝယ်နိုင်တယ်ဆိုပြီး ပြောခဲ့ကြပါတယ်။

(7) Girls’ Generation အဖွဲ့က Sooyoung
Photo: sooyoungchoi/ Instagram

Sooyoung ရဲ့အဘိုးဖြစ်သူဟာ နာမည်ကြီး ဗိသုကာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး အဲ့ဒီ့ကုမ္ပဏီကနေ နာမည်ကြီး ဆိုးလ်အနုပညာစင်တာကို တာဝန်ယူ ဆောက်လုပ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူကတော့ ထရိတ်ဒင်းကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌ ဖြစ်ပါတယ်။

(8) TWICE အဖွဲ့က Tzuyu
Photo: queentzuyu/ Instagram

Tzuyu ရဲ့ မိခင်ဖြစ်သူဟာ ထိုင်ဝမ်က နာမည်ကြီးဆေးရုံတစ်ရုံရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါတင်မက သူမရဲ့မိခင်ဟာ ထိုင်ဝမ်မှာရှိတဲ့ ပလတ်စတစ် ဆာဂျရီ ဆေးရုံတော်တော်များများမှာ ရင်းနှီးမြှုပ်နှံထားသူ ဖြစ်ပါတယ်။

(9) GFRIEND အဖွဲ့က Umji
Photo: ummmmm_j.i/ Instagram

Umji ရဲ့ ဖခင်ကတော့ နာမည်ကြီး Moa Dentist Group ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ ဆိုးလ်မြို့တစ်မြို့တည်းမှာတင် ဆေးခန်းပေါင်း ကိုးခုရှိတာပါ။ GFRIEND ပွဲထွက်တုန်းကလည်း Moa Group ရဲ့ တရားဝင် Facebook စာမျက်နှာကနေ ဝမ်းမြောက်ဂုဏ်ယူကြောင်း ကြေညာပေးခဲ့ပါသေးတယ်။

(10) Yoo Tae Young
Photo via soompi

သရုပ်ဆောင် Yoo Tae Young ဟာ ဆမ်ဆောင်းလျှပ်စစ်ကုမ္ပဏီရဲ့ ဒုဥက္ကဌဟောင်း Yoo Jong Young ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ မင်းသမီး Im Yoo Jin နဲ့ လက်ထပ်တုန်းကလည်း Yoo Tae Young ရဲ့ မင်္ဂလာပွဲကို တကယ့် ထိတ်ထိတ်ကြဲ သူဌေးကြီးတွေနဲ့ အရာရှိကြီးတွေ တက်ရောက်ချီးမြှင့်ခဲ့ကြပါသေးတယ်။

ဒါကတော့ မွေးတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာကြတဲ့ ကိုရီးယားနာမည်ကျော်များ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားနာမည်ကျော် လူချမ်းသာတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူအမ်ားစုဟာ မိမိဘာသာ ႐ုန္းကန္ႀကိဳးစားၿပီး ခ်မ္းသာတဲ့ဘဝေရာက္ဖို႔ ႀကိဳးစားၾကရေပမယ့္ တခ်ိဳ႕ေသာ ကံေကာင္းတဲ့သူေတြက်ေတာ့ ေမြးတည္းက ေ႐ႊဇြန္းကိုက္ၿပီး ေမြးဖြားလာၾကတာေတြ ရွိပါတယ္။ ဒါဟာ ကိုရီးယားဆယ္လီေတြၾကားမွာလည္း အလားတူပါပဲ။ ယခုေဖာ္ျပေပးခ်င္တာကေတာ့ ေမြးတည္းက က်ိက်ိတက္ ခ်မ္းသာတဲ့ မိသားစုေတြမွာ ႀကီးျပင္းလာခဲ့ရတဲ့ ေနာက္ခံေကာင္းနဲ႔ ကိုရီးယားဆယ္လီေတြပဲ ျဖစ္ပါတယ္။

(1) CL
Photo: chaelincl/ Instagram

CL ဟာ ငယ္ငယ္တည္းက အထက္တန္းက်တဲ့ လူေနမႈနဲ႔ ဇိမ္ခံပစၥည္းေတြၾကားမွာ ႀကီးျပင္းလာခဲ့သူ ျဖစ္ပါတယ္။ သူမရဲ႕အေဖနဲ႔ အဘိုး ႏွစ္ေယာက္စလုံးဟာ ပါေမာကၡေတြျဖစ္ၾကၿပီး သူမရဲ႕ဖခင္ျဖစ္သူဟာဆိုရင္လည္း CL အတြက္ ရည္႐ြယ္ၿပီး ကေလးစာအုပ္တစ္အုပ္ေတာင္ ေရးသားထုတ္ေဝခဲ့ဖူးတဲ့ စာေရးသူတစ္ေယာက္ ျဖစ္ပါတယ္။

(2) Kang Dong Won
Photo: dw_kang18/ Instagram

သ႐ုပ္ေဆာင္ Kang Dong Won ရဲ႕ ဖခင္ျဖစ္သူဟာ အႀကီးဆုံး သေဘၤာတည္ေဆာက္တဲ့ ကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ SPP Heavy Industries ကုမၸဏီရဲ႕ ဒုဥကၠဌ ျဖစ္ပါတယ္။ ဒီ့ထက္ပိုၿပီး အထင္ႀကီး ေလးစားစရာေကာင္းတာကေတာ့ Kang Dong Won ရဲ႕ဖခင္ဟာ ေစ်းကြက္ေလ့လာသူတစ္ေယာက္အျဖစ္ ေအာက္ေျခကေန ႀကိဳးစားၿပီး ေအာင္ျမင္လာသူလည္း ျဖစ္ပါတယ္။

(3) Lee Ha Nui
Photo: honey_lee32/ Instagram

Miss Korea ကေန သ႐ုပ္ေဆာင္အျဖစ္ ကူးေျပာင္းလာတဲ့ Lee Ha Nui ရဲ႕ဖခင္ျဖစ္သူဟာ ကိုရီးယားႏိုင္ငံရဲ႕ အမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕ခ်ဳပ္မွာ တာဝန္ထမ္းေဆာင္သူ ျဖစ္ပါတယ္။ သူမရဲ႕ဦးေလးကေတာ့ အမ်ိဳးသားလႊတ္ေတာ္ရဲ႕ ဒုဥကၠဌေဟာင္း ျဖစ္ပါတယ္။ သူမရဲ႕အေမနဲ႔ အစ္မတို႔ကေတာ့ ကိုရီးယား႐ိုးရာ တူရိယာျဖစ္တဲ့ gayaguem ကို ပေရာ္ဖက္ရွင္နယ္လ္ တီးခတ္သူေတြ ျဖစ္ပါတယ္။

(4) Lee Min Jung
Photo: 216jung/ Instagram

မင္းသမီးေလး Lee Min Jung ရဲ႕ ဖခင္ျဖစ္သူကေတာ့ ေတာင္ကိုရီးယားရဲ႕ ထိပ္တန္း ေၾကာ္ျငာကုမၸဏီတစ္ခုက စီအီးအိုျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ စႏၵယားပညာရွင္ ျဖစ္ပါတယ္။ သူမရဲ႕မိသားစုဟာ သူမ ကေလးအ႐ြယ္တည္းက အေမရိကန္ေဒၚလာ ေလးသန္းေလာက္တန္တဲ့ စံအိမ္ႀကီးမွာ ေနထိုင္လာၾကသူေတြ ျဖစ္ပါတယ္။

(5) PSY
Photo: 42psy42/ Instagram

PSY ရဲ႕ဖခင္ျဖစ္သူဟာ ၁၉၅၅ခုႏွစ္တည္းက စီမီးကြန္ဒတ္တာေတြ ထုတ္လုပ္တဲ့ DI Corporation ဆိုတဲ့ ကုမၸဏီတစ္ခုကို ထူေထာင္ခဲ့တာပါ။ ယခုဆိုရင္ေတာ့ PSY ဟာ အဆိုပါ ကုမၸဏီမွာ စီအီးအို ျဖစ္ေနပါၿပီ။ ဒီလိုနဲ႔ PSY ရဲ႕ Gangnam Style သီခ်င္းကို ထုတ္လႊင့္ၿပီးေနာက္မွာေတာ့ ကုမၸဏီရဲ႕ စေတာ့ရွယ္ယာေစ်းကြက္ေတြဟာ မူလေစ်းႏႈန္းထက္ ရွစ္ဆ ထိုးတက္သြားခဲ့ပါတယ္။ သူ႔ရဲ႕မိခင္ျဖစ္သူကေတာ့ နာမည္ႀကီးစားေသာက္ဆိုင္တစ္ခုကို ဖြင့္ထားၿပီး သူ႔ရဲ႕ညီမျဖစ္သူကေတာ့ food stylist တစ္ေယာက္ ျဖစ္ပါတယ္။

(6) Super Junior အဖြဲ႕က Siwon
Photo: siwonchoi/ Instagram

Siwon ရဲ႕ ဖခင္ျဖစ္သူဟာ နာမည္ႀကီးေဆးကုမၸဏီတစ္ခုရဲ႕ စီအီးအိုေဟာင္းတစ္ေယာက္ျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ နာမည္ႀကီး အမ်ိဳးသမီးအတြင္းခံ brand တစ္ခုကို ပိုင္ဆိုင္ပါတယ္။ Super Junior အဖြဲ႕ဝင္ေတြ Radio Star အစီအစဥ္ကို လာလည္ၾကတုန္းကဆိုရင္ Siwon သာ ဆႏၵရွိရင္ MBC ကိုေတာင္ ဝယ္ႏိုင္တယ္ဆိုၿပီး ေျပာခဲ့ၾကပါတယ္။

(7) Girls’ Generation အဖြဲ႕က Sooyoung
Photo: sooyoungchoi/ Instagram

Sooyoung ရဲ႕အဘိုးျဖစ္သူဟာ နာမည္ႀကီး ဗိသုကာကုမၸဏီတစ္ခုရဲ႕ ပိုင္ရွင္ျဖစ္ၿပီး အဲ့ဒီ့ကုမၸဏီကေန နာမည္ႀကီး ဆိုးလ္အႏုပညာစင္တာကို တာဝန္ယူ ေဆာက္လုပ္ေပးခဲ့ရတာ ျဖစ္ပါတယ္။ သူမရဲ႕ဖခင္ျဖစ္သူကေတာ့ ထရိတ္ဒင္းကုမၸဏီတစ္ခုရဲ႕ ဥကၠဌ ျဖစ္ပါတယ္။

(8) TWICE အဖြဲ႕က Tzuyu
Photo: queentzuyu/ Instagram

Tzuyu ရဲ႕ မိခင္ျဖစ္သူဟာ ထိုင္ဝမ္က နာမည္ႀကီးေဆး႐ုံတစ္႐ုံရဲ႕ ရွယ္ယာအမ်ားစုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ဒါတင္မက သူမရဲ႕မိခင္ဟာ ထိုင္ဝမ္မွာရွိတဲ့ ပလတ္စတစ္ ဆာဂ်ရီ ေဆး႐ုံေတာ္ေတာ္မ်ားမ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံထားသူ ျဖစ္ပါတယ္။

(9) GFRIEND အဖြဲ႕က Umji
Photo: ummmmm_j.i/ Instagram

Umji ရဲ႕ ဖခင္ကေတာ့ နာမည္ႀကီး Moa Dentist Group ရဲ႕ ဥကၠဌ ျဖစ္ပါတယ္။ အဆိုပါကုမၸဏီဟာ ဆိုးလ္ၿမိဳ႕တစ္ၿမိဳ႕တည္းမွာတင္ ေဆးခန္းေပါင္း ကိုးခုရွိတာပါ။ GFRIEND ပြဲထြက္တုန္းကလည္း Moa Group ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာကေန ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း ေၾကညာေပးခဲ့ပါေသးတယ္။

(10) Yoo Tae Young
Photo via soompi

သ႐ုပ္ေဆာင္ Yoo Tae Young ဟာ ဆမ္ေဆာင္းလွ်ပ္စစ္ကုမၸဏီရဲ႕ ဒုဥကၠဌေဟာင္း Yoo Jong Young ရဲ႕ တစ္ဦးတည္းေသာသား ျဖစ္ပါတယ္။ မင္းသမီး Im Yoo Jin နဲ႔ လက္ထပ္တုန္းကလည္း Yoo Tae Young ရဲ႕ မဂၤလာပြဲကို တကယ့္ ထိတ္ထိတ္ႀကဲ သူေဌးႀကီးေတြနဲ႔ အရာရွိႀကီးေတြ တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကပါေသးတယ္။

ဒါကေတာ့ ေမြးတည္းက ေ႐ႊဇြန္းကိုက္ၿပီး ေမြးလာၾကတဲ့ ကိုရီးယားနာမည္ေက်ာ္မ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားနာမည္ေက်ာ္ လူခ်မ္းသာေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular