HomeCelebs Update NewsKoreaနာမည္ႀကီးေပမယ့္ သာမန္လူေတြလိုပဲ ရထားစီးၿပီး သြားလာတတ္ၾကတဲ့ ကိုရီးယားဆယ္လီမ်ား

နာမည္ႀကီးေပမယ့္ သာမန္လူေတြလိုပဲ ရထားစီးၿပီး သြားလာတတ္ၾကတဲ့ ကိုရီးယားဆယ္လီမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ဆယ္လီအမ်ားစုဟာ ဟိုဟိုဒီဒီ သြားဖို႔အတြက္ ကိုယ္ပိုင္ကားေတြ၊ ဒါမွမဟုတ္ သူတို႔ရဲ႕ ေအဂ်င္စီေတြက ေပးထားတဲ့ ယာဥ္ေတြကို အသုံးျပဳတတ္ၾကပါတယ္။ သို႔ေပမယ့္လည္း အခ်ိဳ႕ေသာ ဆယ္လီေတြကေတာ့ အမ်ားသူငါလိုပဲ အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးစနစ္ေတြျဖစ္တဲ့ ရထားေတြ၊ ဘတ္စ္ကားေတြကိုပဲ အခြင့္ႀကံဳလာရင္ သုံးစြဲတတ္ၾကပါတယ္။ နာမည္ေက်ာ္ တိုင္းသိျပည္သိ အႏုပညာရွင္ေတြျဖစ္ေပမယ့္ အမ်ားျပည္သူသုံး ရထားေတြ၊ ဘတ္စ္ကားေတြကို ႀကံဳရင္ႀကံဳသလို စီးတတ္ၾကသူ ကိုရီးယားဆယ္လီေလးေယာက္ကေတာ့ …

(၁) Ha Jung Woo

Photo: koreaboo

နာမည္ေက်ာ္သရုပ္ေဆာင္မင္းသား Ha Jung Woo ဟာ မၾကာေသးခင္ကပဲ fan meeting တစ္ခုကအျပန္မွာ ရထားစီးၿပီး အိမ္ျပန္သြားခဲ့ပါတယ္။ Ha Jung Woo ဟာ ရထားစီးေနတဲ့ပုံကို ဓာတ္ပုံရိုက္ၿပီး ကားပိတ္ေနတာေၾကာင့္ သူ႔ကားကို ထားခ့ဲၿပီး ရထားစီးလာခဲ့ေၾကာင္း Caption မွာ ေရးသားထားခဲ့ပါတယ္။ ဒါ့အျပင္ တပ္ထားတဲ့ မ်က္ႏွာဖုံးကိုခၽြတ္ၿပီး ပရိသတ္ေတြနဲ႔လည္း ေပ်ာ္ေပ်ာ္ပါးပါး အမွတ္တရဓာတ္ပုံေတြ ရိုက္ခြင့္ေပးခဲ့ပါေသးတယ္။

(၂) Kim Jaehwan

Photo: koreaboo

Wanna One ရဲ႕အဖြဲ႔၀င္ေဟာင္း Kim Jaehwan ကိုလည္း ေျမေအာက္ရထား စီးေနတာ ေတြ႕ခဲ့ရပါေသးတယ္။ သာမန္ျပည္သူတစ္ေယာက္လိုပဲ ေပါ့ေပါ့ပါးပါး ၀တ္ဆင္ထားၿပီး mask ကိုလည္း တပ္ဆင္ထားတာေၾကာင့္ ေတာ္တန္ရုံလူကေတာ့ သူ႔ကို နာမည္ႀကီး Idol တစ္ေယာက္လို႔ ထင္မွာမဟုတ္ပါဘူး။ Kim Jaehwan ဟာ Idol အျဖစ္ နာမည္ႀကီးလာတဲ့ ေနာက္ပိုင္းမွာလည္း ရထားစီးတာကို ခဏခဏ ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕ပရိသတ္ေတြက ပိုၿပီးအခ်စ္ပိုေနၾကရတာပါ။

(၃) Geum Donghyun

Photo: koreaboo

Produce X 101 ရဲ႕ ၿပိဳင္ပြဲ၀င္တစ္ေယာက္အျဖစ္ နာမည္ေက်ာ္ၾကားလာခဲ့တဲ့ Idol Geum Donghyun ဟာလည္း ရထားစီးရတာကို ႏွစ္သက္သူတစ္ေယာက္ပါ။ သူပါ၀င္ထားတဲ့ အစီအစဥ္ လႊင့္ေနတဲ့အခ်ိန္မ်ိဳးမွာေတာင္ ရထားစီးတာကို ေတြ႕ၾကရပါတယ္။ ပတ္၀န္းက်င္ကို အာရုံစိုက္မႈမရိွဘဲ သာမန္ျပည္သူေတြလိုပဲ ေပါ့ေပါ့ပါးပါးနဲ႔ အမ်ားသုံး သယ္ယူပို႔ေဆာင္းေရးစနစ္ေတြကို အသုံးျပဳခဲ့တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ ခ်ီးမြမ္းမႈကို ခံခဲ့ရပါေသးတယ္။

(၄) Park Bo Gum

Photo: koreaboo

မင္းသားေခ်ာ Park Bo Gum ကို ရထားေပၚမွာ ေတြ႕လိုက္ၾကရတဲ့အခါမွာေတာ့ ပရိသတ္ေတြအတြက္ တကယ္အ့ံအားသင့္စရာ ျဖစ္ခဲ့ရပါတယ္။ နာမည္ႀကီး ဆယ္လီတစ္ေယာက္ ျဖစ္ေနေပမယ့္ mask ေတာင္ တပ္မထားဘဲ သာမန္ျပည္သူတစ္ေယာက္လိုပဲ ရထားစီးေနပုံကလည္း ပရိသတေ္တြကို ေၾကြၿပီးရင္း ေၾကြေစခဲ့ပါတယ္။ ဒီပုံေလးကို ျမင္လိုက္ၾကရတဲ့ ကိုရီးယားက အင္တာနက္သုံးစြဲသူ အမ်ားအျပားဟာ Park Bo Gum နဲ႔ ေဘးခ်င္းယွဥ္လ်က္ ရထားစီးခြင့္ ရခဲ့တဲ့ ေဘးကလူေတြကိုေတာင္ မနာလိုျဖစ္ခဲ့ၾကရပါေသးတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

ဆယ်လီအများစုဟာ ဟိုဟိုဒီဒီ သွားဖို့အတွက် ကိုယ်ပိုင်ကားတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ အေဂျင်စီတွေက ပေးထားတဲ့ ယာဉ်တွေကို အသုံးပြုတတ်ကြပါတယ်။ သို့ပေမယ့်လည်း အချို့သော ဆယ်လီတွေကတော့ အများသူငါလိုပဲ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေဖြစ်တဲ့ ရထားတွေ၊ ဘတ်စ်ကားတွေကိုပဲ အခွင့်ကြုံလာရင် သုံးစွဲတတ်ကြပါတယ်။ နာမည်ကျော် တိုင်းသိပြည်သိ အနုပညာရှင်တွေဖြစ်ပေမယ့် အများပြည်သူသုံး ရထားတွေ၊ ဘတ်စ်ကားတွေကို ကြုံရင်ကြုံသလို စီးတတ်ကြသူ ကိုရီးယားဆယ်လီလေးယောက်ကတော့ …

(၁) Ha Jung Woo

Photo: koreaboo

နာမည်ကျော်သရုပ်ဆောင်မင်းသား Ha Jung Woo ဟာ မကြာသေးခင်ကပဲ fan meeting တစ်ခုကအပြန်မှာ ရထားစီးပြီး အိမ်ပြန်သွားခဲ့ပါတယ်။ Ha Jung Woo ဟာ ရထားစီးနေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ကားပိတ်နေတာကြောင့် သူ့ကားကို ထားခဲ့ပြီး ရထားစီးလာခဲ့ကြောင်း Caption မှာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ထားတဲ့ မျက်နှာဖုံးကိုချွတ်ပြီး ပရိသတ်တွေနဲ့လည်း ပျော်ပျော်ပါးပါး အမှတ်တရဓာတ်ပုံတွေ ရိုက်ခွင့်ပေးခဲ့ပါသေးတယ်။

(၂) Kim Jaehwan

Photo: koreaboo

Wanna One ရဲ့အဖွဲ့ဝင်ဟောင်း Kim Jaehwan ကိုလည်း မြေအောက်ရထား စီးနေတာ တွေ့ခဲ့ရပါသေးတယ်။ သာမန်ပြည်သူတစ်ယောက်လိုပဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး mask ကိုလည်း တပ်ဆင်ထားတာကြောင့် တော်တန်ရုံလူကတော့ သူ့ကို နာမည်ကြီး Idol တစ်ယောက်လို့ ထင်မှာမဟုတ်ပါဘူး။ Kim Jaehwan ဟာ Idol အဖြစ် နာမည်ကြီးလာတဲ့ နောက်ပိုင်းမှာလည်း ရထားစီးတာကို ခဏခဏ တွေ့ရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ပရိသတ်တွေက ပိုပြီးအချစ်ပိုနေကြရတာပါ။

(၃) Geum Donghyun

Photo: koreaboo

Produce X 101 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် နာမည်ကျော်ကြားလာခဲ့တဲ့ Idol Geum Donghyun ဟာလည်း ရထားစီးရတာကို နှစ်သက်သူတစ်ယောက်ပါ။ သူပါဝင်ထားတဲ့ အစီအစဉ် လွှင့်နေတဲ့အချိန်မျိုးမှာတောင် ရထားစီးတာကို တွေ့ကြရပါတယ်။ ပတ်ဝန်းကျင်ကို အာရုံစိုက်မှုမရှိဘဲ သာမန်ပြည်သူတွေလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အများသုံး သယ်ယူပို့ဆောင်းရေးစနစ်တွေကို အသုံးပြုခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို ခံခဲ့ရပါသေးတယ်။

(၄) Park Bo Gum

Photo: koreaboo

မင်းသားချော Park Bo Gum ကို ရထားပေါ်မှာ တွေ့လိုက်ကြရတဲ့အခါမှာတော့ ပရိသတ်တွေအတွက် တကယ်အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ နာမည်ကြီး ဆယ်လီတစ်ယောက် ဖြစ်နေပေမယ့် mask တောင် တပ်မထားဘဲ သာမန်ပြည်သူတစ်ယောက်လိုပဲ ရထားစီးနေပုံကလည်း ပရိသတေ်တွကို ကြွေပြီးရင်း ကြွေစေခဲ့ပါတယ်။ ဒီပုံလေးကို မြင်လိုက်ကြရတဲ့ ကိုရီးယားက အင်တာနက်သုံးစွဲသူ အများအပြားဟာ Park Bo Gum နဲ့ ဘေးချင်းယှဉ်လျက် ရထားစီးခွင့် ရခဲ့တဲ့ ဘေးကလူတွေကိုတောင် မနာလိုဖြစ်ခဲ့ကြရပါသေးတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular