HomeCelebs Update NewsKoreaအလွဴအတန္းမွာ ရက္ေရာၾကတဲ့ ႏွလုံးသားလွသူ မမ(၆)ေယာက္

အလွဴအတန္းမွာ ရက္ေရာၾကတဲ့ ႏွလုံးသားလွသူ မမ(၆)ေယာက္

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်ကြားမှု၊ စည်းစိမ်၊ ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်လာတဲ့အခါ စိတ်ထင်ရာကို ပြုလုပ်နိုင်ကြပေမယ့် အချို့သော စိတ်နှလုံးသားလှပသူတွေကတော့ လှူဒါန်းပေးကမ်းခြင်းအလုပ်ကို စိုက်လိုက်မတ်တပ် လုပ်တတ်ကြပါတယ်။ ကိုရီးယား entertainment လောကမှာလည်း ရုပ်ရည်လေးတွေ ချောမောလှပရုံတင် မဟုတ်ဘဲ စိတ်နှလုံးသားလှပပြီး အလှူအတန်း ရက်ရောသူတွေလို့ သတ်မှတ်ခံထားရသူ မမတွေ ရှိပါတယ်။ ဝမ်သန်းရာနဲ့ချီပြီး လှူဒါန်းထားလို့ အလှူ့ဘုရင်မတွေအဖြစ် သတ်မှတ်ခံထားရသူတွေကတော့ …

၁။ Yoona

Photo: yoona__lim/ Instagram

Girls’ Generation အဖွဲ့ဝင် Yoona ဟာ လှူရတန်းရတာကို ပျော်မွေ့သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ၂၀၁၅ခုနှစ်မှာ Community Chest of Korea ရဲ့ Honor Society ထဲကို ဖိတ်ခေါ်ခံခဲ့ရပါတယ်။ Yoona ဟာ Idol တွေထဲမှာ ဒီအဖွဲ့အစည်းထဲ ဖိတ်ခေါ်ခံရတဲ့ ပထမဆုံးသော Idol ဖြစ်ပါတယ်။ သူမဟာ အဆိုပါ အဖွဲ့အစည်းအတွက် အနည်းဆုံး ဝမ်သန်း(၃၀၀)ခန့် လှူဒါန်းထားပြီး အခြားသော ပရဟိတအသင်းအဖွဲ့တွေကိုလည်း လှူဒါန်းနေသူတစ်ဦး ဖြစ်ပါတယ်။ သူမ ဒီလိုလှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေဖို့လို့ ဆိုပါတယ်။

၂။ Suzy

Photo: skuukzky/ Instagram

Suzy ဟာလည်း ၂၀၁၅ခုနှစ်မှာ Honor Society ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းကစလို့ ဝင်ငွေကျပ်တည်း ဆင်းရဲလွန်းတဲ့ မိသားစုတွေကို ကူညီထောက်ပံ့ပေးခြင်း၊ မိဘမဲ့ကလေးဂေဟာများ ထူထောင်ခြင်း၊ ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးသူငယ်များကို ဆေးဝါးကုသပေးခြင်းစတဲ့ ပရဟိတ လှူဒါန်းမှုတွေကို ဆက်တိုက် တက်ကြွစွာ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

၃။ Seolhyun

Photo: sh_9513/ Instagram

AOA အဖွဲ့ဝင် Seolhyun ကတော့ Honor Society ထဲကို ဝင်ရောက်နိုင်တဲ့ တတိယမြောက် အမျိုးသမီး Idol ဖြစ်ပါတယ်။ “ဒီနေ့ ကျွန်မဒီလိုနေရာမျိုးကို ရောက်လာဖို့ လူအများကြီးက ကျွန်မကို ကူညီပေးခဲ့ကြပါတယ်။ အခုတော့ ကျွန်မ အဲ့ဒီ့ချစ်ခြင်းမေတ္တာတွေကို ပြန်ပေးဆပ်ပါတော့မယ်” လို့ဆိုပြီး Honor Society ထဲကို ၂၀၁၈ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။

၄။ IU

Photo: dlwlrma/ Instagram

IU ဟာ ဘယ်အဖွဲ့အစည်း၊ Honor club ကိုမှ တရားဝင် အသင်းဝင်ထားခြင်း မရှိပေမယ့် အကူအညီလိုအပ်နေတဲ့ ပရဟိတအသင်းအဖွဲ့ ဆယ်ခုကျော်ကို ဝမ်သန်း(၆၀၀)ကျော် လှူဒါန်းထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းတစ်ခုကို လှူဒါန်းတော့မယ်ဆိုရင် အသေးစိတ် စုံစမ်းစိစစ်ပြီးမှ လှူဒါန်းသူလို့လည်း နာမည်ကျော်ကြားပါတယ်။ IU ဟာ သူမရဲ့လှူဒါန်းပေးကမ်းမှုတွေနဲ့ ပတ်သက်ပြီး ထင်ထင်ပေါ်ပေါ် နာမည်ယူလေ့ မရှိဘဲ သိုသိုသိပ်သိပ် နေတတ်သူဖြစ်ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ အလှူအတန်းမှာ စေတနာကောင်းလွန်းလှတဲ့အကြောင်း သိထားကြပါတယ်။

၅။ Hyeri

Photo: hyeri_0609/ Instagram

Girl’s Day အဖွဲ့ဝင် Hyeri ဟာ ယခု၂၀၁၉ခုနှစ်မှာပဲ UNICEF ရဲ့ အသက်အငယ်ဆုံးသော Honor’s Club အဖွဲ့ဝင် ဖြစ်လာသူပါ။ Hyeri ဟာ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ ပညာရေးအတွက် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်း၊ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး၊ ဘဝနေထိုင်မှုဆိုင်ရာ ပညာပေးခြင်းတို့အတွက် လှူဒါန်းထားတဲ့အပြင် အာရှတိုက်တစ်လွှားက ကုသိုလ်ကံမကောင်းရှာတဲ့ ကလေးငယ်တွေအတွက် သန့်ရှင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ပညာသင်ကြားနိုင်ရေးအတွက် ဆရာများ လေ့ကျင့်ရေး ပရိုဂရမ်တို့အတွက်ပါ လှူဒါန်းထားပါတယ်။

၆။ Taeyeon

Photo: taeyeon_ss/ Instagram

Taeyeon ဟာ မကြာသေးခင်ကပဲ Red Cross Honor Club ရဲ့ (၁၃၂)ယောက်မြောက် အဖွဲ့ဝင် ဖြစ်လာသူပါ။ သူမဟာ မီးမီးလေးတွေနဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်လေးတွေရဲ့ အခြေခံ ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက်ကူညီပေးရတာကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ သူမ လှူဒါန်းထားတဲ့ ဝမ်သန်းနဲ့ချီတဲ့ အလှူငွေတွေကြောင့် ကြက်ခြေနီအသင်းကြီး အနေနဲ့လည်း သူမရဲ့ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်မယ်ဆိုတာ သံသယဖြစ်ဖွယ်ရာ မရှိပါဘူး။

ဒါကတော့ အလှူအတန်းမှာ လက်မတွန့်တဲ့ စိတ်နှလုံးလှသူ ကိုရီးယားမချော(၆)ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် စိတ်ကြည်နူး၊ ပီတိဖြစ်ရတယ်ဆိုရင်လည်း Like & Share လုပ်ပေးခဲ့ပါဦး။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ၾကားမႈ၊ စည္းစိမ္၊ ဂုဏ္ျဒပ္ေတြကို ပိုင္ဆိုင္လာတဲ့အခါ စိတ္ထင္ရာကို ျပဳလုပ္ႏိုင္ၾကေပမယ့္ အခ်ိဳ႕ေသာ စိတ္ႏွလုံးသားလွပသူေတြကေတာ့ လွဴဒါန္းေပးကမ္းျခင္းအလုပ္ကို စိုက္လုိက္မတ္တပ္ လုပ္တတ္ၾကပါတယ္။ ကိုရီးယား entertainment ေလာကမွာလည္း ရုပ္ရည္ေလးေတြ ေခ်ာေမာလွပရုံတင္ မဟုတ္ဘဲ စိတ္ႏွလုံးသားလွပၿပီး အလွဴအတန္း ရက္ေရာသူေတြလို႔ သတ္မွတ္ခံထားရသူ မမေတြ ရိွပါတယ္။ ၀မ္သန္းရာနဲ႔ခ်ီၿပီး လွဴဒါန္းထားလို႔ အလွဴ႕ဘုရင္မေတြအျဖစ္ သတ္မွတ္ခံထားရသူေတြကေတာ့ …

၁။ Yoona

Photo: yoona__lim/ Instagram

Girls’ Generation အဖြဲ႔၀င္ Yoona ဟာ လွဴရတန္းရတာကို ေပ်ာ္ေမြ႕သူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း ၂၀၁၅ခုႏွစ္မွာ Community Chest of Korea ရဲ႕ Honor Society ထဲကို ဖိတ္ေခၚခံခဲ့ရပါတယ္။ Yoona ဟာ Idol ေတြထဲမွာ ဒီအဖြဲ႔အစည္းထဲ ဖိတ္ေခၚခံရတဲ့ ပထမဆုံးေသာ Idol ျဖစ္ပါတယ္။ သူမဟာ အဆိုပါ အဖြဲ႔အစည္းအတြက္ အနည္းဆုံး ၀မ္သန္း(၃၀၀)ခန္႔ လွဴဒါန္းထားၿပီး အျခားေသာ ပရဟိတအသင္းအဖြဲ႔ေတြကိုလည္း လွဴဒါန္းေနသူတစ္ဦး ျဖစ္ပါတယ္။ သူမ ဒီလိုလွဴဒါန္းရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ကမာၻႀကီးကို ပိုေကာင္းတဲ့ ေနရာတစ္ခု ျဖစ္လာေစဖို႔လို႔ ဆိုပါတယ္။

၂။ Suzy

Photo: skuukzky/ Instagram

Suzy ဟာလည္း ၂၀၁၅ခုႏွစ္မွာ Honor Society ရဲ႕ အဖြဲ႔၀င္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ ၀င္ေငြက်ပ္တည္း ဆင္းရဲလြန္းတဲ့ မိသားစုေတြကို ကူညီေထာက္ပ့ံေပးျခင္း၊ မိဘမဲ့ကေလးေဂဟာမ်ား ထူေထာင္ျခင္း၊ ကင္ဆာေရာဂါ ခံစားေနရတဲ့ ကေလးသူငယ္မ်ားကို ေဆး၀ါးကုသေပးျခင္းစတဲ့ ပရဟိတ လွဴဒါန္းမႈေတြကို ဆက္တိုက္ တက္ၾကြစြာ လုပ္ေဆာင္ေနသူ ျဖစ္ပါတယ္။

၃။ Seolhyun

Photo: sh_9513/ Instagram

AOA အဖြဲ႔၀င္ Seolhyun ကေတာ့ Honor Society ထဲကို ၀င္ေရာက္ႏိုင္တဲ့ တတိယေျမာက္ အမ်ိဳးသမီး Idol ျဖစ္ပါတယ္။ “ဒီေန႔ ကၽြန္မဒီလိုေနရာမ်ိဳးကို ေရာက္လာဖို႔ လူအမ်ားႀကီးက ကၽြန္မကို ကူညီေပးခဲ့ၾကပါတယ္။ အခုေတာ့ ကၽြန္မ အဲ့ဒီ့ခ်စ္ျခင္းေမတၱာေတြကို ျပန္ေပးဆပ္ပါေတာ့မယ္” လို႔ဆိုၿပီး Honor Society ထဲကို ၂၀၁၈ခုႏွစ္မွာ ၀င္ေရာက္ခဲ့ပါတယ္။

၄။ IU

Photo: dlwlrma/ Instagram

IU ဟာ ဘယ္အဖြဲ႔အစည္း၊ Honor club ကိုမွ တရား၀င္ အသင္း၀င္ထားျခင္း မရိွေပမယ့္ အကူအညီလိုအပ္ေနတ့ဲ ပရဟိတအသင္းအဖြဲ႔ ဆယ္ခုေက်ာ္ကို ၀မ္သန္း(၆၀၀)ေက်ာ္ လွဴဒါန္းထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ အဖြဲ႔အစည္းတစ္ခုကို လွဴဒါန္းေတာ့မယ္ဆိုရင္ အေသးစိတ္ စုံစမ္းစိစစ္ၿပီးမွ လွဴဒါန္းသူလို႔လည္း နာမည္ေက်ာ္ၾကားပါတယ္။ IU ဟာ သူမရဲ႕လွဴဒါန္းေပးကမ္းမႈေတြနဲ႔ ပတ္သက္ၿပီး ထင္ထင္ေပၚေပၚ နာမည္ယူေလ့ မရိွဘဲ သိုသိုသိပ္သိပ္ ေနတတ္သူျဖစ္ေပမယ့္ သူမရဲ႕ပရိသတ္ေတြကေတာ့ အလွဴအတန္းမွာ ေစတနာေကာင္းလြန္းလွတဲ့အေၾကာင္း သိထားၾကပါတယ္။

၅။ Hyeri

Photo: hyeri_0609/ Instagram

Girl’s Day အဖြဲ႔၀င္ Hyeri ဟာ ယခု၂၀၁၉ခုႏွစ္မွာပဲ UNICEF ရဲ႕ အသက္အငယ္ဆုံးေသာ Honor’s Club အဖြဲ႔၀င္ ျဖစ္လာသူပါ။ Hyeri ဟာ စာသင္ေက်ာင္းမ်ား ေဆာက္လုပ္လွဴဒါန္းျခင္း၊ ပညာေရးအတြက္ သင္ေထာက္ကူပစၥည္းမ်ား ပ့ံပိုးေပးျခင္း၊ ေအအိုင္ဒီအက္စ္ေရာဂါ ကာကြယ္ေရး၊ ဘ၀ေနထိုင္မႈဆိုင္ရာ ပညာေပးျခင္းတို႔အတြက္ လွဴဒါန္းထားတဲ့အျပင္ အာရွတိုက္တစ္လႊားက ကုသိုလ္ကံမေကာင္းရွာတဲ့ ကေလးငယ္ေတြအတြက္ သန္႔ရွင္းလံုၿခံဳတဲ့ ပတ္၀န္းက်င္မွာ ပညာသင္ၾကားႏိုင္ေရးအတြက္ ဆရာမ်ား ေလ့က်င့္ေရး ပရိုဂရမ္တို႔အတြက္ပါ လွဴဒါန္းထားပါတယ္။

၆။ Taeyeon

Photo: taeyeon_ss/ Instagram

Taeyeon ဟာ မၾကာေသးခင္ကပဲ Red Cross Honor Club ရဲ႕ (၁၃၂)ေယာက္ေျမာက္ အဖြဲ႔၀င္ ျဖစ္လာသူပါ။ သူမဟာ မီးမီးေလးေတြနဲ႔ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးငယ္ေလးေတြရဲ႕ အေျခခံ က်န္းမာေရးဆိုင္ရာကိစၥေတြအတြက္ကူညီေပးရတာကို စိတ္၀င္စားသူလည္း ျဖစ္ပါတယ္။ သူမ လွဴဒါန္းထားတဲ့ ၀မ္သန္းနဲ႔ခ်ီတဲ့ အလွဴေငြေတြေၾကာင့္ ၾကက္ေျခနီအသင္းႀကီး အေနနဲ႔လည္း သူမရဲ႕ရည္ရြယ္ခ်က္အတိုင္း အေကာင္အထည္ေဖာ္ႏိုင္မယ္ဆိုတာ သံသယျဖစ္ဖြယ္ရာ မရိွပါဘူး။

ဒါကေတာ့ အလွဴအတန္းမွာ လက္မတြန္႕တဲ့ စိတ္ႏွလုံးလွသူ ကိုရီးယားမေခ်ာ(၆)ေယာက္ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီေဆာငး္ပါးေလးေၾကာင့္ စိတ္ၾကည္ႏူး၊ ပီတိျဖစ္ရတယ္ဆိုရင္လည္း Like & Share လုပ္ေပးခဲ့ပါဦး။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular