HomeCelebs Update NewsKoreaကိုယ်ပိုင်အေဂျင်စီ တည်ထောင်နိုင်ခဲ့တဲ့ ကေပေါ့ပ်Idol များ

ကိုယ်ပိုင်အေဂျင်စီ တည်ထောင်နိုင်ခဲ့တဲ့ ကေပေါ့ပ်Idol များ

ကိုရီးယားအနုပညာလောကမှာ အေဂျင်စီတွေဟာ တော်တော်လေးကို အရေးပါပါတယ်။ တစ်ခါတစ်ရံမှာ အေဂျင်စီတွေဟာ Idol တစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကို ဖျက်စီးပစ်လို့ရသလို တည်ဆောက်ပေးလို့လည်း ရပါတယ်။ အဲ့ဒါကြောင့် တစ်ချို့ idol တွေကတော့ သူတို့ရဲ့အနုပညာလမ်းကြောင်းကို ကိုယ်တိုင်ဆုံးဖြတ်လို့ရအောင် ကိုယ်ပိုင် အေဂျင်စီတွေ ထောင်လိုက်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို Idol တွေထဲက ကိုယ်ပိုင်အေဂျင်စီ ထောင်ထားတဲ့ idol တွေကတော့ …

(1) SHINHWA
photo via koreaboo

SHINHWA အဖွဲ့ ဖွဲ့စည်းခဲ့တာဆိုရင် အနှစ်(၂၀)ကျော်ခဲ့ပါပြီ။ သူတို့ဟာ SM Entertainment လက်အောက်မှာ ပထမဆုံး ဖွဲ့စည်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ စာချုပ်သက်တမ်း ကုန်သွားတဲ့အချိန်မှာတော့ Good Entertainment နဲ့ စာချုပ် ပြောင်းချုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ Good Entertainment နဲ့လည်း စာချုပ်သက်တမ်း ကုန်သွားတဲ့အခါမှာ SHINHWA Company ဆိုပြီးတော့ သူတို့ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်ပြီး band တစ်ခုအနေနဲ့ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

(2) Highlight
photo via koreaboo

Highlight  အဖွဲ့ကတော့ Cube Entertainment လက်အောက်မှာ Beast ဆိုတဲ့ နာမည်နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ စာချုပ်သက်တမ်း ကုန်သွားချိန်မှာတော့ Around Us Entertainment ဆိုပြီး ကိုယ်ပိုင်အေဂျင်စီ တည်ထောင်ခဲ့ကာ အဖွဲ့နာမည်ကိုလည်း Highlight ဆိုပြီး ပြောင်းခဲ့ပါတယ်။

(3) Kang Daniel
photo via koreaboo

Kang Daniel ဟာလည်း အသက်ငယ်ငယ်ပဲ ရှိသေးပေမယ့် ကိုယ်ပိုင်အေဂျင်စီ တည်ထောင်ထားတဲ့ idol တစ်ယောက်ဖြစ်ပါတယ်။ WANNA ONE အဖွဲ့ကွဲသွားပြီးတဲ့နောက်မှာ Kang Daniel ဟာ LM Entertainment နဲ့ အလုပ်လုပ်နေခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ LM Entertainment နဲ့ တရားစွဲဆိုမှုတွေဖြစ်ခဲ့ပြီး ကိုယ်ပိုင်အေဂျင်စီ တည်ထောင်ဖြစ်သွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် အေဂျင်စီနာမည်ကတော့ Konnect Entertainment ဖြစ်ပါတယ်။

(4) Hyolyn
photo via koreaboo

Hyolyn ကတော့ Starship Entertainment လက်အောက်မှာရှိတဲ့ Sistar အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အေဂျင်စီနဲ့ (၇)နှစ်တာ တွဲဖက်အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီလိုနဲ့ Bridge လို့ခေါ်တဲ့ ကိုယ်ပိုင်အေဂျင်စီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

(5) Rain
photo via koreaboo

Rain ဟာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ JYP Entertainment လိုမျိုးပဲ အေဂျင်စီတော်တော်များများနဲ့ တွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ R.A.I.N. Company လို့အမည်ရတဲ့ တစ်ဦးတည်းပိုင် အေဂျင်စီကုမ္ပဏီ တည်ထောင်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

(6) Zico
photo via koreaboo

Block B နဲ့ Seven Seasons အဖွဲ့တွေထဲက ထွက်ခွာပြီး နောက်ပိုင်းမှာတော့ Zico ဟာ တစ်ကိုယ်တော် ဆိုလိုအဖြစ်နဲ့ အနုပညာအလုပ်ကို ဆက်လုပ်သွားဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒါ့အပြင် KOZ Entertainment လို့ခေါ်တဲ့ ကိုယ်ပိုင် အေဂျင်စီကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

(7) Nam Taehyun
photo via koreaboo

Nam Taehyun ဟာ YG Entertainment လက်အောက်က WINNER အဖွဲ့ဝင်အဖြစ်နဲ့ ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ ပွဲထွက်ပြီး နှစ်အနည်းငယ် အကြာမှာတော့ အဖွဲ့ကရော၊ အေဂျင်စီကပါ ထွက်ခွာခဲ့ပြီး ကိုယ်ပိုင်အေဂျင်စီတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အေဂျင်စီရဲ့နာမည်ကတော့ South Buyers Club လို့ အမည်ရပါတယ်။

(8) Jay Park
photo via koreaboo

Jay Park ဟာ 2PM အဖွဲ့နဲ့ JYP Entertainment ကို ကျောခိုင်းပြီးနောက်မှာ SidusHQ နဲ့ စာချုပ် ချုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ AOMG ဆိုတဲ့ ကိုယ်ပိုင်အေဂျင်စီတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။

(9) Kim Sohye
photo via koreaboo

Kim Sohye ဟာ မူလက  I.O.I ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ အဲ့ဒီ့နောက် အဖွဲ့ပျက်သွားတဲ့အခါမှာတော့ သရုပ်ဆောင်ပိုင်းကိုပဲ အဓိကထားပြီး အာရုံစိုက်ခဲ့သူ ဖြစ်ပါတယ်။ Kim Sohye ဟာ I.O.I အဖွဲ့နဲ့ အတူရှိနေခဲ့တဲ့ အချိန်တည်းက S&P Entertainment ဆိုပြီး ကိုယ်ပိုင်အေဂျင်စီ တည်ထောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

(10) Super Junior
photo via koreaboo

SM Entertainment ဟာ Super Junior အဖွဲ့ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ သူတို့အဖွဲ့အတွက် ကိုယ်ပိုင်အေဂျင်စီအဖြစ် Label SJ ဆိုပြီး ခွဲပေးခဲ့ပါတယ်။ ဒါဟာ အထက်က Idol တွေလို ကိုယ်ပိုင်အေဂျင်စီ ထူထောင်တာမျိုးနဲ့ နည်းနည်းတော့ ကွဲပြားပေမယ့်လည်း သူတို့ဟာ SM Entertainment ဆီက ဒီလိုမျိုးခံစားခွင့်ကို ရရှိတဲ့ အနည်းငယ်သော Idol တွေထဲက အဖွဲ့တစ်ဖွဲ့လို့တော့ ပြောလို့ရနိုင်ပါတယ်။

ဒါကတော့ ဖျော်ဖြေရေးအေဂျင်စီတွေရဲ့လက်အောက်မှာ လှုပ်ရှားရာကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အေဂျင်စီ ထူထောင်လိုက်ကြတဲ့ Idol တွေပဲ ဖြစ်ပါတယ်။ အားလုံးလည်း ဒီ့ထက်ပိုတဲ့ အောင်မြင်မှုတေွ ဆက်လက်ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Lego Les
RELATED ARTICLES

Most Popular