HomeCelebs Update NewsKoreak-pop အဖြဲ႕ေတြထဲက ဂ်ပန္အဖြဲ႕၀င္ေတြကို ထုတ္ပယ္ပစ္ဖို႔ ကိုရီးယားျပည္သူမ်ား သပိတ္ေမွာက္ေန

k-pop အဖြဲ႕ေတြထဲက ဂ်ပန္အဖြဲ႕၀င္ေတြကို ထုတ္ပယ္ပစ္ဖို႔ ကိုရီးယားျပည္သူမ်ား သပိတ္ေမွာက္ေန

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ဂ်ပန္ႏို္င္ငံဟာ ကိုရီးယားႏိုင္ငံနဲ႔ ပတ္သက္တဲ့ ပို႔ကုန္ေတြကို ပိုမိုတင္းၾကပ္စြာ ထိန္းခ်ဳပ္သြားမယ္လို႔ စဥ္းစားေနတဲ့အေပၚမွာ ကိုရီးယားႏိုင္ငံက စားသုံးသူအမ်ားအျပားကလည္း ဂ်ပန္ႏိုင္ငံနဲ႔ ပတ္သက္တဲ့ ထုတ္ကုန္ေတြကို ျပန္လည္သပိတ္ေမွာက္ေနၾကပါတယ္။ ဒီလို သပိတ္ေမွာက္ရာမွာ ပိုၿပီးထင္ရွားလာတာကေတာ့ ေကေပါ့ပ္အဖြဲ႕ေတြထဲက ဂ်ပန္လူမ်ိဳး အဖြဲ႕၀င္ေတြကိုပါ အဖြဲ႕ေတြထဲကေန ထုတ္ပယ္ေပးဖို႔ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

Photo Credit: koreaboo

အဓိက ပစ္မွတ္ထားခံေနရတာကေတာ့ TWICE အဖြဲ႕က Sana ၊ Momo ၊ Mina တို႔နဲ႔ IZ*ONE အဖြဲ႕က Sakura ၊ Hitomi ၊ Nako တို႔ပဲ ျဖစ္ပါတယ္။ သူတို႔အားလုံး ဂ်ပန္ကိုျပန္သင့္ၿပီး ကိုရီးယားမွာ အလုပ္လုပ္ကာ ကိုရီးယားရဲ႕ပိုက္ဆံေတြကို ေပးေနတာ မျဖစ္သင့္ေၾကာင္း ကိုရီးယားရဲ႕ အင္တာနက္သုံးစြဲသူ အမ်ားအျပားက ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ အလားတူပဲ ဂ်ပန္ေတြအေနနဲ႔လည္း ကိုရီးယားေတြရဲ႕ ထုတ္ကုန္ေတြနဲ႔ ပတ္သက္ၿပီး တန္ျပန္သပိတ္ေမွာက္သင့္တယ္လို႔ ေျပာေနသူေတြကလည္း အလုံးအရင္းပါပဲ။

Photo Credit: koreaboo

သို႔ေသာ္ျငားလည္း ဂ်ပန္လူမ်ိဳးျဖစ္ေနရုံနဲ႔ ဂ်ပန္အစိုးရက ခ်မွတ္လိုက္တဲ့ မူ၀ါဒေတြနဲ႔ မသက္ဆိုင္ေၾကာင္းနဲ႔ ဆယ္လီေတြအေနနဲ႔လည္း ဒီကိစၥေတြမွာ ပါ၀င္ပတ္သက္ျခင္းမရိွတာေၾကာင့္ သူတို႔အေပၚ အျပစ္တင္တာ မျဖစ္သင့္ဘူးလို႔ ေျပာေနသူေတြလည္း ရိွေနပါတယ္။

ဘာေတြဆက္ျဖစ္လာဦးမယ္ဆိုတာကေတာ့ စိတ္၀င္စားစရာေကာင္းစြာနဲ႔ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Xei

Source: koreaboo

(Unicode Version)

ဂျပန်နိုင်ငံဟာ ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ပို့ကုန်တွေကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်သွားမယ်လို့ စဉ်းစားနေတဲ့အပေါ်မှာ ကိုရီးယားနိုင်ငံက စားသုံးသူအများအပြားကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို ပြန်လည်သပိတ်မှောက်နေကြပါတယ်။ ဒီလို သပိတ်မှောက်ရာမှာ ပိုပြီးထင်ရှားလာတာကတော့ ကေပေါ့ပ်အဖွဲ့တွေထဲက ဂျပန်လူမျိုး အဖွဲ့ဝင်တွေကိုပါ အဖွဲ့တွေထဲကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Photo Credit: koreaboo

အဓိက ပစ်မှတ်ထားခံနေရတာကတော့ TWICE အဖွဲ့က Sana ၊ Momo ၊ Mina တို့နဲ့ IZ*ONE အဖွဲ့က Sakura ၊ Hitomi ၊ Nako တို့ပဲ ဖြစ်ပါတယ်။ သူတို့အားလုံး ဂျပန်ကိုပြန်သင့်ပြီး ကိုရီးယားမှာ အလုပ်လုပ်ကာ ကိုရီးယားရဲ့ပိုက်ဆံတွေကို ပေးနေတာ မဖြစ်သင့်ကြောင်း ကိုရီးယားရဲ့ အင်တာနက်သုံးစွဲသူ အများအပြားက ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အလားတူပဲ ဂျပန်တွေအနေနဲ့လည်း ကိုရီးယားတွေရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး တန်ပြန်သပိတ်မှောက်သင့်တယ်လို့ ပြောနေသူတွေကလည်း အလုံးအရင်းပါပဲ။

Photo Credit: koreaboo

သို့သော်ငြားလည်း ဂျပန်လူမျိုးဖြစ်နေရုံနဲ့ ဂျပန်အစိုးရက ချမှတ်လိုက်တဲ့ မူဝါဒတွေနဲ့ မသက်ဆိုင်ကြောင်းနဲ့ ဆယ်လီတွေအနေနဲ့လည်း ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတာကြောင့် သူတို့အပေါ် အပြစ်တင်တာ မဖြစ်သင့်ဘူးလို့ ပြောနေသူတွေလည်း ရှိနေပါတယ်။

ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းစွာနဲ့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Xei

Source: koreaboo

 

 

 

RELATED ARTICLES

Most Popular