HomeCelebs Update NewsKoreapromote လုပ္တဲ့တစ္ေလွ်ာက္လုံး ၀င္ေငြတစ္ျပားမွ မရခဲ့ဘူးဆိုတဲ့ Fiestar အဖြဲ႕

promote လုပ္တဲ့တစ္ေလွ်ာက္လုံး ၀င္ေငြတစ္ျပားမွ မရခဲ့ဘူးဆိုတဲ့ Fiestar အဖြဲ႕

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

K-pop Idol ဘ၀ဆိုတာဟာ စြန္႔စားမႈေတြမ်ားၿပီး မတည္ၿမဲတဲ့အေၾကာင္း လူတိုင္းသိၾကမွာပါ။ ခက္ခဲမႈမ်ားစြာကို ရင္ဆိုင္ၿပီး နာမည္ေက်ာ္ၾကားလာသူ အခ်ိဳ႕ကပဲ ေဒၚလာသန္းေပါင္းမ်ားစြာကို ရရိွႏိုင္တာလည္း ျဖစ္ပါတယ္။ တက္သစ္စ Idol အဖြဲ႔အမ်ားစုကေတာ့ ရုန္းကန္ရင္းနဲ႔ပဲ က်ဆုံးသြားၾကတာ မ်ားပါတယ္။

ဒီလိုက်ဆုံးသြားတဲ့ အဖြဲ႕တစ္ဖြဲ႕ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က အဖြဲ႕ပ်က္သြားခဲ့တဲ့ Fiestar အဖြဲ႔ပဲ ျဖစ္ပါတယ္။ Fiestar အဖြဲ႕နဲ႔ ေငြေၾကးတစ္စုံတစ္ရာ ရွာေဖြရရိွခဲ့လားဆိုတာကိုေတာ့ အခု YEL လို႔ လူေတြသိၾကတဲ့ Fiestar အဖြဲ႕၀င္ေဟာင္း Hyemi က ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

“ကၽြန္မတို႔အဖြဲ႕ဟာ ၀င္ေငြတစ္ျပားမွ မရခဲ့ပါဘူး။ ကုမၸဏီက ကၽြန္မတို႔အတြက္ သုံးေပးတဲ့ အ၀တ္အစားေတြ၊ ရိုက္ကူးေရးမွာသုံးတဲ့ စက္ပစၥည္းေတြက အေကာင္းစားေတြခ်ည္းပါပဲ။ ဒါေပမယ့္ ကၽြန္မတို႔အဖြဲ႕ရဲ႕ ရလဒ္ကေတာ့ မေကာင္းခဲ့ပါဘူး” လို႔ Hyemi က အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။

Photo: koreaboo

၀င္ေငြမရရိွခဲ့ေပမယ့္ ကုမၸဏီေၾကာင့္ ေကာင္းမြန္တဲ့ အေတြ႕အႀကံဳေတြ ရခဲ့ေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။ “အဲ့ဒီ့ကုမၸဏီက ေတာ္ေတာ္ေလးေကာင္းတဲ့ ကုမၸဏီပါ။ ကၽြန္မတို႔ကို အၿမဲတမ္း အသုံးစရိတ္ေတြ ေပးခဲ့ပါတယ္။ ၀င္ေငြတစ္ျပားမွ မရွာႏိုင္ခဲ့ေပမယ့္ Fiestar အဖြဲ႔ကို ပရိုမိုးရွင္းလုပ္ေနတုန္းက တန္ဖိုးျဖတ္လို႔မရတဲ့ အေတြ႕အႀကံဳေတြကို ရခဲ့ပါတယ္။ ကၽြန္မတို႔အဖြဲ႕က နာမည္ႀကီးအဖြဲ႕တစ္ဖြဲ႕လိုမ်ိဳး မေအာင္ျမင္ခဲ့ေပမယ့္ Fiestar အဖြဲ႔ကို သိတဲ့သူေတြ အမ်ားႀကီး ရိွေနေသးတာကို ေတြ႕ရပါတယ္။ အဲ့ဒါေလးတစ္ခုကပဲ ကၽြန္မတို႔ေက်ာ္ျဖတ္ခဲ့ရသမွ် ခက္ခဲမႈအားလုံးအတြက္ ရလဒ္ေကာင္းေလးတစ္ခုလို႔ ထင္ပါတယ္” လို႔ ရင္ဖြင့္ခဲ့ပါတယ္။

Photo: koreaboo

အဖြဲ႔ပ်က္သြားခဲ့ေပမယ့္လည္း Fiestar အဖြဲ႔၀င္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ခင္ခင္မင္မင္ ရွိေနၾကဆဲျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ပ့ံပိုးအားေပးေနၾကဆဲလို႔လည္း ဆိုပါတယ္။ တစ္ေန႔ေန႔မွာေတာ့ သူတို႔အားလုံး ေအာင္ျမင္ၿပီး ေပ်ာ္ရႊင္ႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္တယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

K-pop Idol ဘဝဆိုတာဟာ စွန့်စားမှုတွေများပြီး မတည်မြဲတဲ့အကြောင်း လူတိုင်းသိကြမှာပါ။ ခက်ခဲမှုများစွာကို ရင်ဆိုင်ပြီး နာမည်ကျော်ကြားလာသူ အချို့ကပဲ ဒေါ်လာသန်းပေါင်းများစွာကို ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ တက်သစ်စ Idol အဖွဲ့အများစုကတော့ ရုန်းကန်ရင်းနဲ့ပဲ ကျဆုံးသွားကြတာ များပါတယ်။

ဒီလိုကျဆုံးသွားတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ ပြီးခဲ့တဲ့နှစ်က အဖွဲ့ပျက်သွားခဲ့တဲ့ Fiestar အဖွဲ့ပဲ ဖြစ်ပါတယ်။ Fiestar အဖွဲ့နဲ့ ငွေကြေးတစ်စုံတစ်ရာ ရှာဖွေရရှိခဲ့လားဆိုတာကိုတော့ အခု YEL လို့ လူတွေသိကြတဲ့ Fiestar အဖွဲ့ဝင်ဟောင်း Hyemi က ရင်ဖွင့်ပြောပြခဲ့ပါတယ်။

“ကျွန်မတို့အဖွဲ့ဟာ ဝင်ငွေတစ်ပြားမှ မရခဲ့ပါဘူး။ ကုမ္ပဏီက ကျွန်မတို့အတွက် သုံးပေးတဲ့ အဝတ်အစားတွေ၊ ရိုက်ကူးရေးမှာသုံးတဲ့ စက်ပစ္စည်းတွေက အကောင်းစားတွေချည်းပါပဲ။ ဒါပေမယ့် ကျွန်မတို့အဖွဲ့ရဲ့ ရလဒ်ကတော့ မကောင်းခဲ့ပါဘူး” လို့ Hyemi က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

Photo: koreaboo

ဝင်ငွေမရရှိခဲ့ပေမယ့် ကုမ္ပဏီကြောင့် ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ “အဲ့ဒီ့ကုမ္ပဏီက တော်တော်လေးကောင်းတဲ့ ကုမ္ပဏီပါ။ ကျွန်မတို့ကို အမြဲတမ်း အသုံးစရိတ်တွေ ပေးခဲ့ပါတယ်။ ဝင်ငွေတစ်ပြားမှ မရှာနိုင်ခဲ့ပေမယ့် Fiestar အဖွဲ့ကို ပရိုမိုးရှင်းလုပ်နေတုန်းက တန်ဖိုးဖြတ်လို့မရတဲ့ အတွေ့အကြုံတွေကို ရခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့က နာမည်ကြီးအဖွဲ့တစ်ဖွဲ့လိုမျိုး မအောင်မြင်ခဲ့ပေမယ့် Fiestar အဖွဲ့ကို သိတဲ့သူတွေ အများကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ အဲ့ဒါလေးတစ်ခုကပဲ ကျွန်မတို့ကျော်ဖြတ်ခဲ့ရသမျှ ခက်ခဲမှုအားလုံးအတွက် ရလဒ်ကောင်းလေးတစ်ခုလို့ ထင်ပါတယ်” လို့ ရင်ဖွင့်ခဲ့ပါတယ်။

Photo: koreaboo

အဖွဲ့ပျက်သွားခဲ့ပေမယ့်လည်း Fiestar အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင် ရှိနေကြဆဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးအားပေးနေကြဆဲလို့လည်း ဆိုပါတယ်။ တစ်နေ့နေ့မှာတော့ သူတို့အားလုံး အောင်မြင်ပြီး ပျော်ရွှင်နိုင်ကြမယ်လို့ မျှော်လင့်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular