HomeCelebs Update NewsKoreaကေပေါ့ပ်လောကရဲ့ ခုနှစ်နှစ်ကျိန်စာကို အနိုင်ပိုင်းကြမယ့် Idol အဖွဲ့(၆)ဖွဲ့

ကေပေါ့ပ်လောကရဲ့ ခုနှစ်နှစ်ကျိန်စာကို အနိုင်ပိုင်းကြမယ့် Idol အဖွဲ့(၆)ဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်လောကမှာ ခုနှစ်နှစ်ကျိန်စာဆိုတဲ့ ငြင်းဆန်လို့မရတဲ့အရာတစ်ခု ရှိပါတယ်။ ပရိသတ်တွေ တစ်ခဲနက် အားပေးကြတဲ့ ကေပေါ့ပ်အဖွဲ့တွေဟာ အဖွဲ့သက်တမ်း ခုနှစ်နှစ်ပြည့်မြောက်တဲ့အခါ အကြောင်းတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အဖွဲ့ကွဲသွားတတ်ကြပါတယ်။ သို့ပေမယ့် အခုဖော်ပြပေးမယ့် အဖွဲ့(၆)ဖွဲ့ကတော့ လာမယ့်နှစ် ၂၀၂၁ခုနှစ်မှာ ခုနှစ်နှစ်သက်တမ်း ပြည့်မြောက်မှာ မှန်ပေမယ့် ဒီကျိန်စာဆိုတာကြီးကို သေချာပေါက် အနိုင်ယူနိုင်ကြမယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ခုနှစ်နှစ်ကျိန်စာကို ချေဖျက်ပစ်ကြမယ့် အဖွဲ့(၆)ဖွဲ့ကတော့ …

(1) Red Velvet
Photo: koreaboo

Red Velvet အဖွဲ့ဟာ ၂၀၁၄ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး လာမယ့် ၂၀၂၁ခုနှစ်မှာ အဖွဲ့သက်တမ်း (၇)နှစ် ပြည့်မှာဖြစ်ပါတယ်။ တစထက်တစ ပိုပိုအောင်မြင်လာတဲ့ ဒီအလှပဂေး အမျိုးသမီးတွေဟာ ခုနှစ်နှစ်ကျိန်စာဆိုတာကြီးကို ကောင်းမွန်စွာ ဖြတ်ကျော်အောင်နိုင်သွားမယ်ဆိုတာ သံသယတောင် ဖြစ်စရာမလိုပါဘူး။

(2) GOT7
Photo: koreaboo

GOT7 အဖွဲ့ရဲ့ ညီအစ်ကိုသံယောဇဉ်ဟာ ခိုင်မြဲလွန်းလှပါတယ်။ ဒါ့အပြင် ခုနှစ်ဆိုတဲ့ ကိန်းဂဏန်းဟာ အဖွဲ့အတွက် ကံကောင်းစေတဲ့ ဂဏန်းလည်းဖြစ်တာကြောင့် ခုနှစ်နှစ်ပြည့်တဲ့အချိန်မှာ ကံကောင်းခြင်း ခုနှစ်ခုကို ပိုင်ဆိုင်ရတာမျိုးသာ ဖြစ်နိုင်ပါလိမ့်မယ်။

(3) MAMAMOO
Photo: koreaboo

၂၀၁၄ခုနှစ် ဇွန်လမှာ စတင်ပွဲထွက်ခဲ့တဲ့ MAMAMOO အဖွဲ့ဟာ ရှေ့နှစ်မှာ ခုနှစ်နှစ်ပြည့်မြောက်တော့မယ်ဆိုပေမယ့် ဒီနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျိန်စာဟာ သူတို့အဖွဲ့ကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒီအဆိုရှင်မလေးတွေဟာ သူတို့ရဲ့ အနုပညာသက်တမ်းမှာ လုပ်ချင်တဲ့အရာတွေ အများကြီးလည်း ကျန်နေကြသေးတာကြောင့် အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်မယ်ဆိုတာ အသေအချာ ယုံကြည်ထားလို့ ရပါတယ်။

(4) WINNER
Photo: koreaboo

Jinu နဲ့ Hoony တို့နှစ်ယောက်က စစ်မှုထမ်းဝင်ရောက်နေရတဲ့အတွက် လက်ရှိအချိန်မှာတော့ အဖွဲ့က တစ်ယောက်တစ်နေရာစီ ဖြစ်နေရပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရင်းကြောင့်ပဲ အဖွဲ့သားတွေဟာ ပိုမိုစည်းလုံးချစ်ခင်လာကြတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကာလကြီးကို အသာလေး ဖြတ်ကျော်သွားနိုင်ကြမှာပါ။

(5) Lovelyz
Photo: koreaboo

ဟာမိုနီကျကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကို ပြောပါဆိုရင် Lovelyz အဖွဲ့ကိုပဲ ပြောရမှာပါ။ ဒီတေးသီငှက်လေးတွေဟာ လာမယ့်ခုနှစ်နှစ်မှာတင် မဟုတ်ဘဲ နောက်နှစ်ပေါင်းများစွာအထိ သီချင်းများစွာ သီကြွေးသွားနိုင်ဦးမယ်ဆိုတာ ယုံကြည်ထားလို့ ရပါတယ်။

(6) LABOUM
Photo: koreaboo

LABOUM ဟာ အဖွဲ့ဝင်တစ်ယောက် ဆုံးရှုံးထားရပေမယ့် မပြိုပျက်သွားဘဲ ပိုပြီးခိုင်မြဲစည်းလုံးလာကြတဲ့ အဖွဲ့ပါ။ အခက်အခဲတွေကို ကျော်ဖြတ်ပြီးသကာလ ပိုကောင်းတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် တောင့်ခံထားနိုင်လို့ ရှေ့နှစ်ကိုလည်း အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ကြမှာပါပဲ။

ဒါကတော့ ကေပေါ့ပ်လောကရဲ့ နာမည်ကြီး ခုနှစ်နှစ်ကျိန်စာဆိုးကို အနိုင်ပိုင်းသွားကြမှာဖြစ်တဲ့ အဖွဲ့(၆)ဖွဲ့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဒီထဲက ဘယ်အဖွဲ့ကို အကြိုက်ဆုံးလည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္ေလာကမွာ ခုႏွစ္ႏွစ္က်ိန္စာဆိုတဲ့ ျငင္းဆန္လို႔မရတဲ့အရာတစ္ခု ရွိပါတယ္။ ပရိသတ္ေတြ တစ္ခဲနက္ အားေပးၾကတဲ့ ေကေပါ့ပ္အဖြဲ႕ေတြဟာ အဖြဲ႕သက္တမ္း ခုႏွစ္ႏွစ္ျပည့္ေျမာက္တဲ့အခါ အေၾကာင္းတစ္မ်ိဳးမဟုတ္ တစ္မ်ိဳးနဲ႔ အဖြဲ႕ကြဲသြားတတ္ၾကပါတယ္။ သို႔ေပမယ့္ အခုေဖာ္ျပေပးမယ့္ အဖြဲ႕(၆)ဖြဲ႕ကေတာ့ လာမယ့္ႏွစ္ ၂၀၂၁ခုႏွစ္မွာ ခုႏွစ္ႏွစ္သက္တမ္း ျပည့္ေျမာက္မွာ မွန္ေပမယ့္ ဒီက်ိန္စာဆိုတာႀကီးကို ေသခ်ာေပါက္ အႏိုင္ယူႏိုင္ၾကမယ္ဆိုတာ မျငင္းႏိုင္ပါဘူး။

ခုႏွစ္ႏွစ္က်ိန္စာကို ေခ်ဖ်က္ပစ္ၾကမယ့္ အဖြဲ႕(၆)ဖြဲ႕ကေတာ့ …

(1) Red Velvet
Photo: koreaboo

Red Velvet အဖြဲ႕ဟာ ၂၀၁၄ခုႏွစ္ ဩဂုတ္လမွာ ဖြဲ႕စည္းခဲ့ၿပီး လာမယ့္ ၂၀၂၁ခုႏွစ္မွာ အဖြဲ႕သက္တမ္း (၇)ႏွစ္ ျပည့္မွာျဖစ္ပါတယ္။ တစထက္တစ ပိုပိုေအာင္ျမင္လာတဲ့ ဒီအလွပေဂး အမ်ိဳးသမီးေတြဟာ ခုႏွစ္ႏွစ္က်ိန္စာဆိုတာႀကီးကို ေကာင္းမြန္စြာ ျဖတ္ေက်ာ္ေအာင္ႏိုင္သြားမယ္ဆိုတာ သံသယေတာင္ ျဖစ္စရာမလိုပါဘူး။

(2) GOT7
Photo: koreaboo

GOT7 အဖြဲ႕ရဲ႕ ညီအစ္ကိုသံေယာဇဥ္ဟာ ခိုင္ၿမဲလြန္းလွပါတယ္။ ဒါ့အျပင္ ခုႏွစ္ဆိုတဲ့ ကိန္းဂဏန္းဟာ အဖြဲ႕အတြက္ ကံေကာင္းေစတဲ့ ဂဏန္းလည္းျဖစ္တာေၾကာင့္ ခုႏွစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ ကံေကာင္းျခင္း ခုႏွစ္ခုကို ပိုင္ဆိုင္ရတာမ်ိဳးသာ ျဖစ္ႏိုင္ပါလိမ့္မယ္။

(3) MAMAMOO
Photo: koreaboo

၂၀၁၄ခုႏွစ္ ဇြန္လမွာ စတင္ပြဲထြက္ခဲ့တဲ့ MAMAMOO အဖြဲ႕ဟာ ေရွ႕ႏွစ္မွာ ခုႏွစ္ႏွစ္ျပည့္ေျမာက္ေတာ့မယ္ဆိုေပမယ့္ ဒီနာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ က်ိန္စာဟာ သူတို႔အဖြဲ႕ကိုေတာ့ တားဆီးႏိုင္မွာ မဟုတ္ပါဘူး။ ဒီအဆိုရွင္မေလးေတြဟာ သူတို႔ရဲ႕ အႏုပညာသက္တမ္းမွာ လုပ္ခ်င္တဲ့အရာေတြ အမ်ားႀကီးလည္း က်န္ေနၾကေသးတာေၾကာင့္ ေအာင္ျမင္စြာနဲ႔ ျဖတ္ေက်ာ္ႏိုင္မယ္ဆိုတာ အေသအခ်ာ ယုံၾကည္ထားလို႔ ရပါတယ္။

(4) WINNER
Photo: koreaboo

Jinu နဲ႔ Hoony တို႔ႏွစ္ေယာက္က စစ္မႈထမ္းဝင္ေရာက္ေနရတဲ့အတြက္ လက္ရွိအခ်ိန္မွာေတာ့ အဖြဲ႕က တစ္ေယာက္တစ္ေနရာစီ ျဖစ္ေနရပါတယ္။ ဒါေပမယ့္ ဒီအေၾကာင္းအရင္းေၾကာင့္ပဲ အဖြဲ႕သားေတြဟာ ပိုမိုစည္းလုံးခ်စ္ခင္လာၾကတာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ကာလႀကီးကို အသာေလး ျဖတ္ေက်ာ္သြားႏိုင္ၾကမွာပါ။

(5) Lovelyz
Photo: koreaboo

ဟာမိုနီက်က် ဖြဲ႕စည္းထားတဲ့ အဖြဲ႕တစ္ဖြဲ႕ကို ေျပာပါဆိုရင္ Lovelyz အဖြဲ႕ကိုပဲ ေျပာရမွာပါ။ ဒီေတးသီငွက္ေလးေတြဟာ လာမယ့္ခုႏွစ္ႏွစ္မွာတင္ မဟုတ္ဘဲ ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ သီခ်င္းမ်ားစြာ သီေႂကြးသြားႏိုင္ဦးမယ္ဆိုတာ ယုံၾကည္ထားလို႔ ရပါတယ္။

(6) LABOUM
Photo: koreaboo

LABOUM ဟာ အဖြဲ႕ဝင္တစ္ေယာက္ ဆုံးရႈံးထားရေပမယ့္ မၿပိဳပ်က္သြားဘဲ ပိုၿပီးခိုင္ၿမဲစည္းလုံးလာၾကတဲ့ အဖြဲ႕ပါ။ အခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီးသကာလ ပိုေကာင္းတဲ့အဖြဲ႕တစ္ဖြဲ႕အျဖစ္ ေတာင့္ခံထားႏိုင္လို႔ ေရွ႕ႏွစ္ကိုလည္း အေကာင္းဆုံး ျဖတ္ေက်ာ္သြားႏိုင္ၾကမွာပါပဲ။

ဒါကေတာ့ ေကေပါ့ပ္ေလာကရဲ႕ နာမည္ႀကီး ခုႏွစ္ႏွစ္က်ိန္စာဆိုးကို အႏိုင္ပိုင္းသြားၾကမွာျဖစ္တဲ့ အဖြဲ႕(၆)ဖြဲ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ ဒီထဲက ဘယ္အဖြဲ႕ကို အႀကိဳက္ဆုံးလည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular