HomeCelebs Update NewsKoreaကေပေါ့ပ် Idol တွေ ကြုံတွေ့ရတတ်တဲ့ အဆိုးဆုံးအရာ(၅)ခု

ကေပေါ့ပ် Idol တွေ ကြုံတွေ့ရတတ်တဲ့ အဆိုးဆုံးအရာ(၅)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ် Idol တစ်ယောက်ဖြစ်ရတာ ကောင်းတဲ့အချက်တွေ အများကြီးရှိပေမယ့် ဆိုးတဲ့အချက်များစွာကိုလည်း ရင်ဆိုင်ကြရပါသေးတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရတာ၊ နာမည်ကျော်ကြားတာ၊ စည်းစိမ်ဂုဏ်သိက္ခာတွေ တိုးတက်တာဟာ ကောင်းတဲ့အပိုင်းဆိုရင် Idol တွေ ရင်ဆိုင်ရတဲ့ အဆိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီထဲက အဆိုးဆုံးအရာ ငါးခုကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

(၁) အစွန်းရောက်ပရိသတ်များ (Sasaeng)။
Photo via koreaboo

sasaeng လို့ ခေါ်ကြတဲ့ အစွန်းရောက်ပရိသတ်တွေဟာ သူတို့စွဲလမ်းတဲ့ Idol ရဲ့ အာရုံစိုက်မှုကို ရမယ်ဆိုရင် နာမည်နဲ့လိုက်အောင်ကို အစွန်းရောက်တတ်ကြသူတွေ ဖြစ်ပါတယ်။ Idol တွေရဲ့ privacy ကို ဂရုမစိုက်ဘဲ ချိုးဖောက်တာကနေ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာအထိ ကျူးလွန်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။

sasaeng တွေရဲ့ လွန်ကျူးတဲ့ လုပ်ရပ်တွေကို ခံစားရတဲ့ Idol တွေထဲမှာ JYJ အဖွဲ့က Jaejoong လည်း အပါအဝင်ပါပဲ။ တစ်ခါတုန်းကဆိုရင် Jaejoong ဟာ ချွေးထုတ်ခန်းမှာ တရေးတမောအိပ်နေတုန်း sasaeng တစ်ယောက်ရဲ့ ဓာတ်ပုံခိုးရိုက်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီ့ sasaeng ဟာJaejoong အိပ်နေတဲ့ပုံကို ဓာတ်ပုံခိုးရိုက်သွားရုံမက အဲ့ဒီ့ပုံကို အွန်လိုင်းမှာပါ တင်လိုက်ပါသေးတယ်။ ဒါ့အပြင် အိပ်နေတုန်း ခိုးနမ်းခဲ့တယ်ဆိုပြီးတော့ လျှောက်ပြောတာကိုပါ ခံခဲ့ရပါတယ်။

sasaeng တွေကြောင့် အနာတရ ဖြစ်ဖူးတဲ့ Idol တွေလည်း ရှိပါသေးတယ်။ တစ်ခါတုန်းကဆိုရင် sasaeng တစ်ယောက်ကြောင့် Super Junior အဖွဲ့က Heechul ဟာ ခြေထောက်ကျိုးခဲ့ရပါတယ်။ ဖြစ်ပုံကတော့ Heechul ရဲ့ကားနောက်ကနေ sasaeng တွေက နောက်ယောင်ခံလိုက်ရာက စတာပါ။ သူတို့ကို မျက်ခြည်ဖြတ်ဖို့ လမ်းကြောင်းတွေ ပြောင်းပြီး မောင်းရင်းကနေ အက်ဆီးဒင့်ဖြစ်ပြီး ခြေထောက်ကျိုးခဲ့ရတာ ဖြစ်ပါတယ်။

(၂) အလွန်အကျူး Diet လုပ်ရခြင်း။
Photo: momojype/ Instagram

ကေပေါ့ပ်လောကဟာ Idol တွေရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်ရင် အတော်လေး ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒါကြောင့်လည်း Idol တွေဟာ သတ်မှတ်ဝိတ်ကို ထိန်းထားနိုင်ဖို့အတွက် အန္တရာယ်ရှိတဲ့ diet မျိုးတွေကိုပါ အလွန်အကျူး လုပ်ကြရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး TWICE အဖွဲ့က Momo က ပြောပြထားဖူးပါသေးတယ်။ Momo ဟာ ထရိန်နီဘဝတုန်းက သတ်မှတ်ဝိတ်ကို ရောက်ဖို့အတွက် တစ်နေ့ကို ရေခဲတုံးတစ်တုံးပဲစားပြီး diet လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူမဟာ အဲ့ဒီ့ diet ကို တစ်ပတ်သာ လုပ်နိုင်ခဲ့ပြီး နောက်ထပ် ထပ်လုပ်ဖို့ အင်အားမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့လို တစ်နေ့ကို ရေခဲတစ်တုံးပဲစားပြီး နေနေရတုန်းက သူမဟာ ပြန်နိုးမလာတော့မှာ ကြောက်လို့ ညဘက်မှာတောင် အိပ်ဖို့ စိုးရွံ့ခဲ့ရတယ်လို့ ဆိုပါတယ်။

(၃) အွန်လိုင်းပေါ်က ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုများ။
Photo via koreaboo

Idol ဖြစ်လာတည်းက လူမြင်ကွင်းရှေ့မှာ ထွက်ပြရတဲ့အလုပ် ဖြစ်တဲ့အတွက် ဘာပဲလုပ်လုပ် အမြဲလိုလို ဝေဖန်ခံရတတ်ပြီး တချို့အချိန်တွေမှာဆိုရင်တော့ တော်တော်လေး ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံရတဲ့ Idol တွေ ဒုနဲ့ဒေး ရှိပါတယ်။

BLACKPINK အဖွဲ့က Lisa ဆိုရင်လည်း ထိုင်းလူမျိုးဖြစ်နေရတဲ့ အကြောင်းရင်းနဲ့ တစ်ခါတုန်းက အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ Lisa ဟာ သာမန်ထိုင်းမိန်းကလေး ရုပ်ရည်မျှသာဖြစ်ပြီး ကိုရီးယားမိတ်ကပ်ကြောင့်သာ လှနေတာဆိုတဲ့ ဝေဖန်မှုမျိုးတွေကို ခံစားခဲ့ရပါသေးတယ်။

ဒါတင်မက Idol တွေဟာ ဒိတ်လုပ်မိရင်လည်း ရစရာမရှိအောင် ဝေဖန်ပြစ်တင်ခံကြရပါသေးတယ်။ Idol တွေ ဒိတ်လုပ်တဲ့အခါ ပရိသတ်တွေကို နာကျင်ရစေတာကြောင့် Idol မှန်ရင် ဒိတ်မလုပ်သင့်ဘူးဆိုတဲ့ အယူအဆကို လက်ကိုင်စွဲထားသူတွေဟာ ဝေဖန်ကြတာပါ။ ဥပမာပြောရရင် Kang Daniel နဲ့ TWICE အဖွဲ့က Jihyo တို့ ဒိတ်နေတဲ့အကြောင်း သတင်းထွက်လာတုန်းကလည်း ဝေဖန်မှုများစွာ ခံစားခဲ့ရပါသေးတယ်။

(၄) အလွန်အကျွံ အလုပ်လုပ်ရခြင်း။
Photo via koreaboo

ကေပေါ့ပ် Idol တွေဟာ အလုပ် အရမ်းလုပ်ကြရတယ်လို့ သိထားကြပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာတော့ အလုပ်ပိလွန်းလို့ ကျန်းမာရေးကို ထိခိုက်တဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။ အချိန်ဇယားတွေ သိပ်ကိုပြည့်ကျပ်ပြီး နားချိန်မရတာကြောင့် Idol တွေဟာ မကြာခဏဆိုသလို မူးလဲကျတာမျိုးတွေ ဖြစ်ကြပါတယ်။

တစ်ခါတုန်းကဆိုရင် အဆိုတော် Kim Jang Hoon ဟာ West Coast Festival Concert မှာ သွားရောက်ဖျော်ဖြေနေတုန်း အလုပ်တွေများလွန်းတဲ့အတွက် စင်ပေါ်မှာတင် မူးလဲသွားခဲ့ပါတယ်။ ဆေးရုံကို အပြေးတင်လိုက်ရပြီး သူ့ရဲ့ကျန်ရှိနေတဲ့ အချိန်ဇယားတွေကို ပယ်ဖျက်ကာ ဇွတ်အနားယူခဲ့ရတဲ့အထိပါပဲ။

(၅) ကုမ္ပဏီက နောက်ကျောဓားနဲ့ထိုးခြင်း။
Photo via koreaboo

ကေပေါ့ပ်ကုမ္ပဏီအများစုဟာ Idol တွေကို ကောင်းကောင်းမွန်မွန် မဆက်ဆံကြတာကြောင့် Idol တွေမှာ ရင်ကွဲရမယ့် အဖြစ်အပျက်မျိုးတေွ ခဏခဏ ကြုံကြရပါတယ်။ တချို့ Idol တွေဆိုရင် ကိုယ့်ကုမ္ပဏီက ကိုယ့်ကိုပြန်ပြီး နောက်ကျောဓားထိုးတာ ခံကြရပါသေးတယ်။ ဥပမာပြောရရင်တော့ gugudan အဖွဲ့ ဖြစ်ပါတယ်။ gugudan အဖွဲ့က Sally ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ကုမ္ပဏီဟာ Idol တွေကို အဆောင်ကနေ ထွက်သွားပြီး ပြန်မလာဖို့တောင် ပြောခဲ့တဲ့အထိပါပဲ။

ဒါကတော့ Idol တွေ ကြုံတွေ့ရလေ့ရှိတဲ့ အဆိုးဆုံးအရာ(၅)ခုပဲ‌ ဖြစ်ပါတယ်။ တကယ်တော့ Idol တွေမှာ ဒီ(၅)ခုထက်မကတဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ သို့ပေမယ့် နွံထဲက ကြာပန်းလေးတွေိလိုပဲ အလန်းဆန်းဆုံးနဲ့ အလှပဆုံး ပွင့်ဖူးနိုင်ကြတဲ့ Idol များဟာ တကယ်ကို တန်ဖိုးထားပြီး ချီးကျူးစရာ လူသားများပဲ ဖြစ်ပါတယ်လို့ ဆိုလိုက်ရင်း …။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္ Idol တစ္ေယာက္ျဖစ္ရတာ ေကာင္းတဲ့အခ်က္ေတြ အမ်ားႀကီးရွိေပမယ့္ ဆိုးတဲ့အခ်က္မ်ားစြာကိုလည္း ရင္ဆိုင္ၾကရပါေသးတယ္။ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကိုရတာ၊ နာမည္ေက်ာ္ၾကားတာ၊ စည္းစိမ္ဂုဏ္သိကၡာေတြ တိုးတက္တာဟာ ေကာင္းတဲ့အပိုင္းဆိုရင္ Idol ေတြ ရင္ဆိုင္ရတဲ့ အဆိုးေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ ဒီထဲက အဆိုးဆုံးအရာ ငါးခုကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

(၁) အစြန္းေရာက္ပရိသတ္မ်ား (Sasaeng)။
Photo via koreaboo

sasaeng လို႔ ေခၚၾကတဲ့ အစြန္းေရာက္ပရိသတ္ေတြဟာ သူတို႔စြဲလမ္းတဲ့ Idol ရဲ႕ အာ႐ုံစိုက္မႈကို ရမယ္ဆိုရင္ နာမည္နဲ႔လိုက္ေအာင္ကို အစြန္းေရာက္တတ္ၾကသူေတြ ျဖစ္ပါတယ္။ Idol ေတြရဲ႕ privacy ကို ဂ႐ုမစိုက္ဘဲ ခ်ိဳးေဖာက္တာကေန ဒဏ္ရာအနာတရျဖစ္ေအာင္ လုပ္တာအထိ က်ဴးလြန္တတ္ၾကသူေတြလည္း ျဖစ္ပါတယ္။

sasaeng ေတြရဲ႕ လြန္က်ဴးတဲ့ လုပ္ရပ္ေတြကို ခံစားရတဲ့ Idol ေတြထဲမွာ JYJ အဖြဲ႕က Jaejoong လည္း အပါအဝင္ပါပဲ။ တစ္ခါတုန္းကဆိုရင္ Jaejoong ဟာ ေခြၽးထုတ္ခန္းမွာ တေရးတေမာအိပ္ေနတုန္း sasaeng တစ္ေယာက္ရဲ႕ ဓာတ္ပုံခိုး႐ိုက္တာကို ခံခဲ့ရပါတယ္။ အဲ့ဒီ့ sasaeng ဟာJaejoong အိပ္ေနတဲ့ပုံကို ဓာတ္ပုံခိုး႐ိုက္သြား႐ုံမက အဲ့ဒီ့ပုံကို အြန္လိုင္းမွာပါ တင္လိုက္ပါေသးတယ္။ ဒါ့အျပင္ အိပ္ေနတုန္း ခိုးနမ္းခဲ့တယ္ဆိုၿပီးေတာ့ ေလွ်ာက္ေျပာတာကိုပါ ခံခဲ့ရပါတယ္။

sasaeng ေတြေၾကာင့္ အနာတရ ျဖစ္ဖူးတဲ့ Idol ေတြလည္း ရွိပါေသးတယ္။ တစ္ခါတုန္းကဆိုရင္ sasaeng တစ္ေယာက္ေၾကာင့္ Super Junior အဖြဲ႕က Heechul ဟာ ေျခေထာက္က်ိဳးခဲ့ရပါတယ္။ ျဖစ္ပုံကေတာ့ Heechul ရဲ႕ကားေနာက္ကေန sasaeng ေတြက ေနာက္ေယာင္ခံလိုက္ရာက စတာပါ။ သူတို႔ကို မ်က္ျခည္ျဖတ္ဖို႔ လမ္းေၾကာင္းေတြ ေျပာင္းၿပီး ေမာင္းရင္းကေန အက္ဆီးဒင့္ျဖစ္ၿပီး ေျခေထာက္က်ိဳးခဲ့ရတာ ျဖစ္ပါတယ္။

(၂) အလြန္အက်ဴး Diet လုပ္ရျခင္း။
Photo: momojype/ Instagram

ေကေပါ့ပ္ေလာကဟာ Idol ေတြရဲ႕ ခႏၶာကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္ရင္ အေတာ္ေလး ကန႔္သတ္ခ်က္ေတြ ရွိပါတယ္။ ဒါေၾကာင့္လည္း Idol ေတြဟာ သတ္မွတ္ဝိတ္ကို ထိန္းထားႏိုင္ဖို႔အတြက္ အႏၲရာယ္ရွိတဲ့ diet မ်ိဳးေတြကိုပါ အလြန္အက်ဴး လုပ္ၾကရပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး TWICE အဖြဲ႕က Momo က ေျပာျပထားဖူးပါေသးတယ္။ Momo ဟာ ထရိန္နီဘဝတုန္းက သတ္မွတ္ဝိတ္ကို ေရာက္ဖို႔အတြက္ တစ္ေန႔ကို ေရခဲတုံးတစ္တုံးပဲစားၿပီး diet လုပ္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ သူမဟာ အဲ့ဒီ့ diet ကို တစ္ပတ္သာ လုပ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ထပ္လုပ္ဖို႔ အင္အားမရွိခဲ့ဘူးလို႔ ဆိုပါတယ္။ အဲ့လို တစ္ေန႔ကို ေရခဲတစ္တုံးပဲစားၿပီး ေနေနရတုန္းက သူမဟာ ျပန္ႏိုးမလာေတာ့မွာ ေၾကာက္လို႔ ညဘက္မွာေတာင္ အိပ္ဖို႔ စိုး႐ြံ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

(၃) အြန္လိုင္းေပၚက ျပင္းထန္တဲ့ ေဝဖန္ျပစ္တင္မႈမ်ား။
Photo via koreaboo

Idol ျဖစ္လာတည္းက လူျမင္ကြင္းေရွ႕မွာ ထြက္ျပရတဲ့အလုပ္ ျဖစ္တဲ့အတြက္ ဘာပဲလုပ္လုပ္ အၿမဲလိုလို ေဝဖန္ခံရတတ္ၿပီး တခ်ိဳ႕အခ်ိန္ေတြမွာဆိုရင္ေတာ့ ေတာ္ေတာ္ေလး ျပင္းထန္တဲ့ ေဝဖန္ျပစ္တင္မႈေတြကိုပါ ခံစားရတတ္ပါတယ္။ ဘာမဟုတ္တဲ့ အေၾကာင္းအရာေတြနဲ႔ အြန္လိုင္းေပၚမွာ ျပင္းျပင္းထန္ထန္ ေဝဖန္ခံရတဲ့ Idol ေတြ ဒုနဲ႔ေဒး ရွိပါတယ္။

BLACKPINK အဖြဲ႕က Lisa ဆိုရင္လည္း ထိုင္းလူမ်ိဳးျဖစ္ေနရတဲ့ အေၾကာင္းရင္းနဲ႔ တစ္ခါတုန္းက အြန္လိုင္းေပၚမွာ ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။ Lisa ဟာ သာမန္ထိုင္းမိန္းကေလး ႐ုပ္ရည္မွ်သာျဖစ္ၿပီး ကိုရီးယားမိတ္ကပ္ေၾကာင့္သာ လွေနတာဆိုတဲ့ ေဝဖန္မႈမ်ိဳးေတြကို ခံစားခဲ့ရပါေသးတယ္။

ဒါတင္မက Idol ေတြဟာ ဒိတ္လုပ္မိရင္လည္း ရစရာမရွိေအာင္ ေဝဖန္ျပစ္တင္ခံၾကရပါေသးတယ္။ Idol ေတြ ဒိတ္လုပ္တဲ့အခါ ပရိသတ္ေတြကို နာက်င္ရေစတာေၾကာင့္ Idol မွန္ရင္ ဒိတ္မလုပ္သင့္ဘူးဆိုတဲ့ အယူအဆကို လက္ကိုင္စြဲထားသူေတြဟာ ေဝဖန္ၾကတာပါ။ ဥပမာေျပာရရင္ Kang Daniel နဲ႔ TWICE အဖြဲ႕က Jihyo တို႔ ဒိတ္ေနတဲ့အေၾကာင္း သတင္းထြက္လာတုန္းကလည္း ေဝဖန္မႈမ်ားစြာ ခံစားခဲ့ရပါေသးတယ္။

(၄) အလြန္အကြၽံ အလုပ္လုပ္ရျခင္း။
Photo via koreaboo

ေကေပါ့ပ္ Idol ေတြဟာ အလုပ္ အရမ္းလုပ္ၾကရတယ္လို႔ သိထားၾကၿပီးသား ျဖစ္ပါတယ္။ သို႔ေပမယ့္ တစ္ခါတစ္ရံမွာေတာ့ အလုပ္ပိလြန္းလို႔ က်န္းမာေရးကို ထိခိုက္တဲ့အထိေတာင္ ျဖစ္တတ္ၾကပါတယ္။ အခ်ိန္ဇယားေတြ သိပ္ကိုျပည့္က်ပ္ၿပီး နားခ်ိန္မရတာေၾကာင့္ Idol ေတြဟာ မၾကာခဏဆိုသလို မူးလဲက်တာမ်ိဳးေတြ ျဖစ္ၾကပါတယ္။

တစ္ခါတုန္းကဆိုရင္ အဆိုေတာ္ Kim Jang Hoon ဟာ West Coast Festival Concert မွာ သြားေရာက္ေဖ်ာ္ေျဖေနတုန္း အလုပ္ေတြမ်ားလြန္းတဲ့အတြက္ စင္ေပၚမွာတင္ မူးလဲသြားခဲ့ပါတယ္။ ေဆး႐ုံကို အေျပးတင္လိုက္ရၿပီး သူ႔ရဲ႕က်န္ရွိေနတဲ့ အခ်ိန္ဇယားေတြကို ပယ္ဖ်က္ကာ ဇြတ္အနားယူခဲ့ရတဲ့အထိပါပဲ။

(၅) ကုမၸဏီက ေနာက္ေက်ာဓားနဲ႔ထိုးျခင္း။
Photo via koreaboo

ေကေပါ့ပ္ကုမၸဏီအမ်ားစုဟာ Idol ေတြကို ေကာင္းေကာင္းမြန္မြန္ မဆက္ဆံၾကတာေၾကာင့္ Idol ေတြမွာ ရင္ကြဲရမယ့္ အျဖစ္အပ်က္မ်ိဳးေတြ ခဏခဏ ႀကဳံၾကရပါတယ္။ တခ်ိဳ႕ Idol ေတြဆိုရင္ ကိုယ့္ကုမၸဏီက ကိုယ့္ကိုျပန္ၿပီး ေနာက္ေက်ာဓားထိုးတာ ခံၾကရပါေသးတယ္။ ဥပမာေျပာရရင္ေတာ့ gugudan အဖြဲ႕ ျဖစ္ပါတယ္။ gugudan အဖြဲ႕က Sally ရဲ႕ ေျပာၾကားခ်က္အရ သူတို႔ရဲ႕ကုမၸဏီဟာ Idol ေတြကို အေဆာင္ကေန ထြက္သြားၿပီး ျပန္မလာဖို႔ေတာင္ ေျပာခဲ့တဲ့အထိပါပဲ။

ဒါကေတာ့ Idol ေတြ ႀကဳံေတြ႕ရေလ့ရွိတဲ့ အဆိုးဆုံးအရာ(၅)ခုပဲ‌ ျဖစ္ပါတယ္။ တကယ္ေတာ့ Idol ေတြမွာ ဒီ(၅)ခုထက္မကတဲ့ အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ၾကရတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ႏြံထဲက ၾကာပန္းေလးေတြိလိုပဲ အလန္းဆန္းဆုံးနဲ႔ အလွပဆုံး ပြင့္ဖူးႏိုင္ၾကတဲ့ Idol မ်ားဟာ တကယ္ကို တန္ဖိုးထားၿပီး ခ်ီးက်ဴးစရာ လူသားမ်ားပဲ ျဖစ္ပါတယ္လို႔ ဆိုလိုက္ရင္း …။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular