HomeCelebs Update NewsKoreaLouis Vuitton ဖက္ရွင္ရိႈးပြဲမွာ အတူတြဲေတြ႕လိုက္ရတဲ့ Kris Wu နဲ႔ Gigi Hadid

Louis Vuitton ဖက္ရွင္ရိႈးပြဲမွာ အတူတြဲေတြ႕လိုက္ရတဲ့ Kris Wu နဲ႔ Gigi Hadid

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ေကာင္မေလးေတြရဲ႕ အသည္းေက်ာ္တစ္ဦးျဖစ္တဲ့ Kris Wu ဟာ ၂၀၁၉ခုႏွစ္ ပါရီဖက္ရွင္ရက္သတၱပတ္အတြက္ Louis Vuitton က ျပဳလုပ္တဲ့ ေဆာင္းဦး Collection ဖက္ရွင္ရိႈးပြဲကို တက္ေရာက္လာတာပါ။ ပြဲမွာ သူနဲ႔အတူ တြဲေတြ႕လိုက္ရတာကေတာ့ နာမည္ေက်ာ္ေမာ္ဒယ္လ္ Gigi Hadid ျဖစ္ပါတယ္။

Photo via koreaboo.com

လမ္းမႀကီးေပၚမွာ ျပဳလုပ္ထားတဲ့ ဖက္ရွင္ေလွ်ာက္လမ္းရဲ႕ ကပ္လ်က္က ကေဖးဆိုင္မွာ ႏွစ္ေယာက္သား တူတူထိုင္ၿပီး ရွမ္ပိန္ေသာက္ေနၾကတာကို ေတြ႕လိုက္ရတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးရဲ႕ ပရိသတ္ေတြကေတာ့ အခုလို အတူတြဲေတြ႕ရတဲ့အတြက္ သူတို႔ႏွစ္ေယာက္ကို သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Photo via koreaboo.com

သူတို႔ႏွစ္ေယာက္ ထိုင္ေနတဲ့၀ိုင္းကို မၾကာခင္မွာပဲ ၾသစေတ်းလ်သရုပ္ေဆာင္ Joel Edgerton ကပါ ၀င္လာထိုင္ခဲ့တဲ့အတြက္ လူေတြအားလုံးရဲ႕ အာရုံက သူတို႔သုံးေယာက္ဆီမွာ စုၿပံဳေနခဲ့ပါတယ္။

Photo via koreaboo.com

ဒါ့အျပင္ Collection အသစ္ရဲ႕ ေနာက္ကြယ္က ဖန္တီးသူ၊ Louis Vuitton ရဲ႕ Creative Director Virgil Abloh နဲ႔လည္း စကားစမည္ေျပာေနတာကို ေတြ႕ရပါေသးတယ္။ Kris ဟာ တကယ့္ကမာၻေက်ာ္ နာမည္ႀကီးေတြနဲ႔ မိတ္ေဆြဖြဲ႕ရာမွာ ေမွာ္မ်ားေအာင္ေနသလားရယ္လို႔ တစ္ခ်ိဳ႕ေသာ ပရိသတ္ေတြကလည္း ခ်ီးက်ဴးေထာပနာဖြင့္ေနၾကပါတယ္။

Photo via koreaboo.com

ထိတ္ထိတ္ႀကဲေတြခ်ည္းပဲ စုစည္းေနတဲ့ ေနရာျဖစ္ေပမယ့္ Kris ဟာ ေအးေအးေဆးေဆး၊ သက္ေသာင့္သက္သာပဲ ကေလးတစ္ေယာက္လို ပြဲကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့ပါတယ္။ ပြဲတက္ေရာက္လာတဲ့ အ၀တ္အစားပိုင္းကိုေတာ့ Vogue က ဆင္ျမန္းေပးထားတာျဖစ္ၿပီး ဖက္ရွင္ဂုရုေတြၾကားထဲမွာေတာင္ ထင္းလင္းေနေစမယ့္ အလန္းစားဖက္ရွင္ကေတာ့ ျမင္ရတဲ့အတိုင္းပါပဲ။

Photo via koreaboo.com

Kris က Gigi ရဲ႕ IG ကို follow လုပ္လိုက္တာကလည္း သူတို႔ႏွစ္ဦးရဲ႕ ခင္မင္မႈအတြက္ စိတ္လႈပ္ရွားေနၾကတဲ့ ပရိသတ္ေတြအတြက္ ေနာက္ထပ္ အသည္းယားစရာတစ္ခု ျဖစ္ေနပါေတာ့တယ္။

Xei

Source: koreaboo

(Unicode Version)

ကောင်မလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ Kris Wu ဟာ ၂၀၁၉ခုနှစ် ပါရီဖက်ရှင်ရက်သတ္တပတ်အတွက် Louis Vuitton က ပြုလုပ်တဲ့ ဆောင်းဦး Collection ဖက်ရှင်ရှိုးပွဲကို တက်ရောက်လာတာပါ။ ပွဲမှာ သူနဲ့အတူ တွဲတွေ့လိုက်ရတာကတော့ နာမည်ကျော်မော်ဒယ်လ် Gigi Hadid ဖြစ်ပါတယ်။

Photo via koreaboo.com

လမ်းမကြီးပေါ်မှာ ပြုလုပ်ထားတဲ့ ဖက်ရှင်လျှောက်လမ်းရဲ့ ကပ်လျက်က ကဖေးဆိုင်မှာ နှစ်ယောက်သား တူတူထိုင်ပြီး ရှမ်ပိန်သောက်နေကြတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေကတော့ အခုလို အတူတွဲတွေ့ရတဲ့အတွက် သူတို့နှစ်ယောက်ကို သူငယ်ချင်းကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

Photo via koreaboo.com

သူတို့နှစ်ယောက် ထိုင်နေတဲ့ဝိုင်းကို မကြာခင်မှာပဲ သြစတျေးလျသရုပ်ဆောင် Joel Edgerton ကပါ ဝင်လာထိုင်ခဲ့တဲ့အတွက် လူတွေအားလုံးရဲ့ အာရုံက သူတို့သုံးယောက်ဆီမှာ စုပြုံနေခဲ့ပါတယ်။

Photo via koreaboo.com

ဒါ့အပြင် Collection အသစ်ရဲ့ နောက်ကွယ်က ဖန်တီးသူ၊ Louis Vuitton ရဲ့ Creative Director Virgil Abloh နဲ့လည်း စကားစမည်ပြောနေတာကို တွေ့ရပါသေးတယ်။ Kris ဟာ တကယ့်ကမ္ဘာကျော် နာမည်ကြီးတွေနဲ့ မိတ်ဆွေဖွဲ့ရာမှာ မှော်များအောင်နေသလားရယ်လို့ တစ်ချို့သော ပရိသတ်တွေကလည်း ချီးကျူးထောပနာဖွင့်နေကြပါတယ်။

Photo via koreaboo.com

ထိတ်ထိတ်ကြဲတွေချည်းပဲ စုစည်းနေတဲ့ နေရာဖြစ်ပေမယ့် Kris ဟာ အေးအေးဆေးဆေး၊ သက်သောင့်သက်သာပဲ ကလေးတစ်ယောက်လို ပွဲကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ပွဲတက်ရောက်လာတဲ့ အဝတ်အစားပိုင်းကိုတော့ Vogue က ဆင်မြန်းပေးထားတာဖြစ်ပြီး ဖက်ရှင်ဂုရုတွေကြားထဲမှာတောင် ထင်းလင်းနေစေမယ့် အလန်းစားဖက်ရှင်ကတော့ မြင်ရတဲ့အတိုင်းပါပဲ။

Photo via koreaboo.com

Kris က Gigi ရဲ့ IG ကို follow လုပ်လိုက်တာကလည်း သူတို့နှစ်ဦးရဲ့ ခင်မင်မှုအတွက် စိတ်လှုပ်ရှားနေကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ် အသည်းယားစရာတစ်ခု ဖြစ်နေပါတော့တယ်။

Xei

Source: koreaboo

 

RELATED ARTICLES

Most Popular