HomeDramaCrazy Love ဒရာမာအသစ်ထဲမှာ အတူသရုပ်ဆောင်ကြမယ့် Krystal နဲ့ Kim Jae Wook

Crazy Love ဒရာမာအသစ်ထဲမှာ အတူသရုပ်ဆောင်ကြမယ့် Krystal နဲ့ Kim Jae Wook

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Kim Jae Wook နဲ့ အဆိုတော်၊ သရုပ်ဆောင် Krystal တို့ကိုတော့ ရိုမန့်စ် ဒရာမာအသစ်တစ်ခုမှာ အတူတွဲပြီး တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ ယနေ့ အောက်တိုဘာလ(၁၂)ရက်နေ့မှာပဲ အတည်ပြုလိုက်တာ ဖြစ်ပြီး သူတို့နှစ်ယောက် အတူသရုပ်ဆောင်သွားမယ့် ဒရာမာကတော့ Crazy Love လို့ အမည်ရပါတယ်။

Photo via soompi

Kim Jae Wook ကတော့ ဒီဒရာမာထဲမှာ Noh Go Jin ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ရမှာ‌ ဖြစ်ပါတယ်။ Noh Go Jin ဟာ အတ္တကြီးလွန်းသူတစ်ယောက် ဖြစ်ပြီး GOTOP ဆိုတဲ့ ပညာရေးကုမ္ပဏီရဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ IQ (190) ရှိတဲ့ ကိုရီးယားရဲ့ ထိပ်တန်း သင်္ချာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့ကို သတ်ဖို့ ကြံစည်ထားကြောင်း သိလိုက်ရပါတော့တယ်။

f(x)အဖွဲ့က Krystal ကတော့ Lee Shin Ah ဆိုတဲ့ ကာရိုက်တာမှာ သရုပ်ဆောင်ရမှာပါ။ Lee Shin Ah ဟာ Noh Go Jin ရဲ့ အတွင်းရေးမှူးဖြစ်ပြီး ကုပ်ကုပ်ကလေး နေတတ်သူ ဖြစ်ပါတယ်။ သူမဟာ အလုပ်ကြိုးစားပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်တတ်တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပေမယ့် အေးအေးငြိမ်ငြိမ်လေး နေတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။

Photo via soompi

သူမဟာ Noh Go Jin ရဲ့ အတွင်းရေးမှူးအနေနဲ့ အသားကျအောင် တစ်နှစ်ကျော်လောက် ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ဘဲ သူမဟာ အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။

ဒီဒရာမာနဲ့ ပတ်သက်ပြီး ရိုက်ကူးရေးအဖွဲ့သားတွေကတော့ အခုလိုပြောကြားထားပါတယ်။ “မကြာသေးခင်ကပဲ ဇာတ်ညွှန်းဖတ် လေ့ကျင့်မှုတွေ ပြီးသွားပါပြီ။ မကြာခင်အချိန်မှာပဲ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။ ကြည့်ရှုသူတွေ မျှော်လင့်ကြတဲ့ ရိုမန့်စ် အချစ်ကားပုံစံမျိုးကို ကျွန်ုပ်တို့ဘက်က တင်ဆက်သွားပါမယ် …” လို့ ဆိုထားပါတယ်။

Photo: kimjaewook.officialid/ Instagram

Crazy Love ဒရာမာကိုတော့ My Fellow Citizens ၊ Awaken ဒရာမာတွေကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Kim Jung Hyun က ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Kim Bo Gyeon က ရေးသားပေးထားပါတယ်။

ဒီဒရာမာကို လာမယ့်နှစ် ပထမနှစ်ဝက်အတွင်းမှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ KBS2 ရုပ်သံလိုင်းက တနင်္လာ – အင်္ဂါနေ့တွေမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပြီး နိုင်ငံတကာကိုတော့ iQIYI ကနေ streaming ပြသသွားမယ်လို့ သိရပါတယ်။

Linda December

Source: soompi

(Zawgyi Version)

မင္းသားေခ်ာ Kim Jae Wook နဲ႔ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Krystal တို႔ကိုေတာ့ ရိုမန႔္စ္ ဒရာမာအသစ္တစ္ခုမွာ အတူတြဲၿပီး ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းကိုေတာ့ ယေန႔ ေအာက္တိုဘာလ(၁၂)ရက္ေန႔မွာပဲ အတည္ျပဳလိုက္တာ ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ အတူသ႐ုပ္ေဆာင္သြားမယ့္ ဒရာမာကေတာ့ Crazy Love လို႔ အမည္ရပါတယ္။

Photo via soompi

Kim Jae Wook ကေတာ့ ဒီဒရာမာထဲမွာ Noh Go Jin ဆိုတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ရမွာ‌ ျဖစ္ပါတယ္။ Noh Go Jin ဟာ အတၱႀကီးလြန္းသူတစ္ေယာက္ ျဖစ္ၿပီး GOTOP ဆိုတဲ့ ပညာေရးကုမၸဏီရဲ့ စီအီးအိုလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ IQ (190) ရွိတဲ့ ကိုရီးယားရဲ့ ထိပ္တန္း သခၤ်ာဆရာတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သူ႔ကို သတ္ဖို႔ ႀကံစည္ထားေၾကာင္း သိလိုက္ရပါေတာ့တယ္။

f(x)အဖြဲ႕က Krystal ကေတာ့ Lee Shin Ah ဆိုတဲ့ ကာရိုက္တာမွာ သ႐ုပ္ေဆာင္ရမွာပါ။ Lee Shin Ah ဟာ Noh Go Jin ရဲ့ အတြင္းေရးမွူးျဖစ္ၿပီး ကုပ္ကုပ္ကေလး ေနတတ္သူ ျဖစ္ပါတယ္။ သူမဟာ အလုပ္ႀကိဳးစားၿပီး တာဝန္ေက်ပြန္ေအာင္ ေဆာင္ရြက္တတ္တဲ့ ဝန္ထမ္းတစ္ေယာက္ ျဖစ္ေပမယ့္ ေအးေအးၿငိမ္ၿငိမ္ေလး ေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္ပါ။

Photo via soompi

သူမဟာ Noh Go Jin ရဲ့ အတြင္းေရးမွူးအေနနဲ႔ အသားက်ေအာင္ တစ္ႏွစ္ေက်ာ္ေလာက္ ႐ုန္းကန္ခဲ့ရသူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မေမၽွာ္လင့္ဘဲ သူမဟာ အသက္ရွင္ဖို႔အခ်ိန္ သိပ္မက်န္ေတာ့ဘူးဆိုတာ သိလိုက္ရပါတယ္။

ဒီဒရာမာနဲ႔ ပတ္သက္ၿပီး ရိုက္ကူးေရးအဖြဲ႕သားေတြကေတာ့ အခုလိုေျပာၾကားထားပါတယ္။ “မၾကာေသးခင္ကပဲ ဇာတ္ညႊန္းဖတ္ ေလ့က်င့္မွုေတြ ၿပီးသြားပါၿပီ။ မၾကာခင္အခ်ိန္မွာပဲ ရိုက္ကူးေရး စတင္ေတာ့မွာ ျဖစ္ပါတယ္။ ၾကည့္ရွုသူေတြ ေမၽွာ္လင့္ၾကတဲ့ ရိုမန႔္စ္ အခ်စ္ကားပုံစံမ်ိဳးကို ကၽြန္ုပ္တို႔ဘက္က တင္ဆက္သြားပါမယ္ …” လို႔ ဆိုထားပါတယ္။

Photo: kimjaewook.officialid/ Instagram

Crazy Love ဒရာမာကိုေတာ့ My Fellow Citizens ၊ Awaken ဒရာမာေတြကို ရိုက္ကူးေပးခဲ့တဲ့ ဒါရိုက္တာ Kim Jung Hyun က ရိုက္ကူးေပးသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကိုေတာ့ Kim Bo Gyeon က ေရးသားေပးထားပါတယ္။

ဒီဒရာမာကို လာမယ့္ႏွစ္ ပထမႏွစ္ဝက္အတြင္းမွာ ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။ KBS2 ႐ုပ္သံလိုင္းက တနလၤာ – အဂၤါေန႔ေတြမွာ ထုတ္လႊင့္သြားမွာ ျဖစ္ၿပီး နိုင္ငံတကာကိုေတာ့ iQIYI ကေန streaming ျပသသြားမယ္လို႔ သိရပါတယ္။

Linda December

Source: soompi

RELATED ARTICLES

Most Popular