HomeCelebs Update NewsKoreaSM Entertainment ကို ကျောခိုင်းလိုက်ပြီလို့ သတင်းထွက်နေတဲ့ f(x) ရဲ့ Krystal 

SM Entertainment ကို ကျောခိုင်းလိုက်ပြီလို့ သတင်းထွက်နေတဲ့ f(x) ရဲ့ Krystal 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Krystal ဟာ SM Entertainment ကနေ ကျောခိုင်းထွက်ခွာလာပြီဖြစ်ပြီး သရုပ်ဆောင်အေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ilgan Sports သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းအရ Krystal ဟာ SM ကနေ နှုတ်ထွက်ပြီးပြီလို့ ဆိုပါတယ်။ “Krystal ဟာ ဆယ်စုနှစ်တစ်ခုကျော်လောက် သူမရဲ့အိမ်ဖြစ်ခဲ့တဲ့ SM Entertainment ကနေ ထွက်ခွာသွားပါပြီ။ သူမဟာ အေဂျင်စီအသစ်နဲ့ အစကနေ ပြန်စဖို့ စီစဉ်နေပါတယ်… ” လို့ အတွင်းသတင်းတစ်ခုက ဆိုထားပါတယ်။

Photo: vousmevoyez/ Instagram

Krystal မှာ လောလောဆယ် အေဂျင်စီမရှိသေးဘူးဆိုတဲ့ သတင်းကို ကြားကြားချင်းပဲ နာမည်ကြီး သရုပ်ဆောင်အေဂျင်စီ အများအပြားဟာ သူမဆီကို ဆက်သွယ်ထားကြတယ်လို့ ဆိုပါတယ်။ သူမဟာ အချို့သော ကုမ္ပဏီတွေနဲ့ မီတင်တွေလုပ်ပြီး ညှိနှိုင်းဆွေးနွေးတာမျိုးတွေ ရှိနေပေမယ့် အခုလက်ရှိအချိန်အထိတော့ ဘယ်သူနဲ့မှ အတည်ပြု လက်ခံပြီး စာချုပ်မချုပ်ရသေးဘူးလို့ သိရပါတယ်။

Krystal ဟာ သူမ အဆင်သင့်ဖြစ်တဲ့အချိန်မှာ အယ်လ်ဘမ်ထုတ်နိုင်ပြီး တစ်ဘက်မှာလည်း သရုပ်ဆောင်အပိုင်းကို အာရုံစိုက်လို့ရနိုင်မယ့် အေဂျင်စီကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ သူမ ထွက်ခွာတဲ့သတင်းနဲ့ ပတ်သက်ပြီး SM ဘက်ကတော့ အခုလိုတုံ့ပြန်ထားပါတယ်။

Photo: vousmevoyez/ Instagram

“Krystal နဲ့ သီးသန့်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဩဂုတ်လကုန်လောက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့အတွက် Krystal နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်… ” လို့ SM က ကြေညာချက် ထုတ်ထားပါတယ်။

f(x) ရဲ့အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ Amber နဲ့ Luna တို့ကတော့ ပြီးခဲ့တဲ့နှစ်တုန်းက စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသီးသီး ထွက်ခွာသွားခဲ့ပြီး ဖြစ်ပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

Krystal ဟာ SM Entertainment ကေန ေက်ာခိုင္းထြက္ခြာလာၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္ေအဂ်င္စီတစ္ခုနဲ႔ ခ်ိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Ilgan Sports သတင္းဌာနက ထုတ္ျပန္တဲ့ သတင္းအရ Krystal ဟာ SM ကေန ႏႈတ္ထြက္ၿပီးၿပီလို႔ ဆိုပါတယ္။ “Krystal ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ေလာက္ သူမရဲ႕အိမ္ျဖစ္ခဲ့တဲ့ SM Entertainment ကေန ထြက္ခြာသြားပါၿပီ။ သူမဟာ ေအဂ်င္စီအသစ္နဲ႔ အစကေန ျပန္စဖို႔ စီစဥ္ေနပါတယ္… ” လို႔ အတြင္းသတင္းတစ္ခုက ဆိုထားပါတယ္။

Photo: vousmevoyez/ Instagram

Krystal မွာ ေလာေလာဆယ္ ေအဂ်င္စီမရွိေသးဘူးဆိုတဲ့ သတင္းကို ၾကားၾကားခ်င္းပဲ နာမည္ႀကီး သ႐ုပ္ေဆာင္ေအဂ်င္စီ အမ်ားအျပားဟာ သူမဆီကို ဆက္သြယ္ထားၾကတယ္လို႔ ဆိုပါတယ္။ သူမဟာ အခ်ိဳ႕ေသာ ကုမၸဏီေတြနဲ႔ မီတင္ေတြလုပ္ၿပီး ညႇိႏႈိင္းေဆြးေႏြးတာမ်ိဳးေတြ ရွိေနေပမယ့္ အခုလက္ရွိအခ်ိန္အထိေတာ့ ဘယ္သူနဲ႔မွ အတည္ျပဳ လက္ခံၿပီး စာခ်ဳပ္မခ်ဳပ္ရေသးဘူးလို႔ သိရပါတယ္။

Krystal ဟာ သူမ အဆင္သင့္ျဖစ္တဲ့အခ်ိန္မွာ အယ္လ္ဘမ္ထုတ္ႏိုင္ၿပီး တစ္ဘက္မွာလည္း သ႐ုပ္ေဆာင္အပိုင္းကို အာ႐ုံစိုက္လို႔ရႏိုင္မယ့္ ေအဂ်င္စီကို ရွာေဖြေနတယ္လို႔ ဆိုပါတယ္။ သူမ ထြက္ခြာတဲ့သတင္းနဲ႔ ပတ္သက္ၿပီး SM ဘက္ကေတာ့ အခုလိုတုံ႔ျပန္ထားပါတယ္။

Photo: vousmevoyez/ Instagram

“Krystal နဲ႔ သီးသန႔္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဩဂုတ္လကုန္ေလာက္မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ Krystal နဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္… ” လို႔ SM က ေၾကညာခ်က္ ထုတ္ထားပါတယ္။

f(x) ရဲ႕အျခားအဖြဲ႕ဝင္ေတြျဖစ္တဲ့ Amber နဲ႔ Luna တို႔ကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ အသီးသီး ထြက္ခြာသြားခဲ့ၿပီး ျဖစ္ပါတယ္။

Glasgow

Source: koreaboo

 

 

RELATED ARTICLES

Most Popular