HomeCelebs Update NewsKoreaသားသမီးေတြသာ ရလာခဲ့ရင္ Idol လုံး၀ေပးလုပ္မွာ မဟုတ္ေၾကာင္း ေျပာလာတဲ့ Lay

သားသမီးေတြသာ ရလာခဲ့ရင္ Idol လုံး၀ေပးလုပ္မွာ မဟုတ္ေၾကာင္း ေျပာလာတဲ့ Lay

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Lay ဟာ အေအာင္ျမင္ဆုံးလို႔ ေျပာလို႔ရတဲ့ ေကေပါ့ပ္အဖြဲ႕ထဲက အဖြဲ႕၀င္တစ္ေယာက္ျဖစ္ေပမယ့္ သူေတြ႕ႀကံဳျဖတ္သန္းရသမွ်ေတြ အၿပီးမွာေတာ့ သူ႔မွာကေလးေတြရိွလာခဲ့ရင္ Idol လုပ္ခိုင္းေတာ့မွာ မဟုတ္ေၾကာင္း ရင္ဖြင့္ေျပာျပလာပါတယ္။

Lay ဟာ Pear Vid နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ အျခားေသာ Idol ျဖစ္ဖို႔ အိပ္မက္မက္ေနတဲ့ လူငယ္လူရြယ္ေတြကို အားေပးပါသလားဆိုတဲ့ ေမးခြန္းကို အေမးခံခဲ့ရတာပါ။ ဒီအခါမွာ Lay က Idol ျဖစ္ခ်င္တဲ့ အိပ္မက္ဆႏၵရိွတဲ့ ဘယ္လူငယ္ေတြကိုမဆို အားေပးေပမယ့္ သူ႔ရဲ႕ သားသမီးအရင္းေတြသာဆိုရင္ေတာ့ Idol လုပ္တာကို အားေပးမွာမဟုတ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။

https://www.instagram.com/p/BzYU9t8pAgf/

“Idol ျဖစ္ဖို႔ အိပ္မက္မက္ေနတဲ့ လူငယ္ေတြကို အားေပးပါတယ္။ ကၽြန္ေတာ့္သားအရင္းဆိုရင္ေတာ့ အားေပးမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္သားဆိုရင္ ဆရာ၀န္ေကာင္းတစ္ေယာက္၊ ဒါမွမဟုတ္ ေရွ႕ေနျဖစ္ေစခ်င္တယ္။ သူ႔အေနနဲ႔ အႏုပညာေတြကိုလည္း ခံစားလို႔ရပါတယ္။ သူႀကိဳက္တဲ့ အႏုပညာအမ်ိဳးအစားကို အျပည့္အ၀ ခံစားခြင့္ရိွေစခ်င္တယ္။ ဒါေပမယ့္ Idol လုပ္ဖို႔ကိုေတာ့ ကၽြန္ေတာ့္အေနနဲ႔ အားေပးႏိုင္မွာ မဟုတ္ဘူး” လို႔ ေျပာပါတယ္။

အျခားသရုပ္ေဆာင္တစ္ေယာက္ကလည္း သူ႔ရဲ႕သမီးကို မင္းသမီးလုပ္ဖို႔ လုံး၀အားမေပးတဲ့အေၾကာင္းကို ေျပာရာမွာလည္း Lay က ေထာက္ခံခဲ့ပါတယ္။ “သမီးဆိုရင္လား? ပိုၿပီးေတာ့ေတာင္ ျပင္းျပင္းထန္ထန္ ကန္႕ကြက္မွာပါ” လို႔ Lay က ဆိုပါတယ္။

https://www.instagram.com/p/BzULqgXpfUp/

လက္ရိွ ရႈပ္ေထြးဆူပြက္လြန္းတဲ့ ကိုရီးယားေဖ်ာ္ေျဖေရးေလာကရဲ႕ အေျခအေနအရ Lay က သူ႔ရဲ႕သားသမီးေတြကို ဒီနယ္ပယ္မွာ ေျခခ်ခြင့္မေပးခ်င္တဲ့ အေၾကာင္းရင္းဟာ အ့ံၾသစရာေတာ့ မရိွပါဘူး။

Lay ရဲ႕ အင္တာဗ်ဴးအျပည့္အစုံကို ေအာက္ပါဗီြဒီယိုမွာ ကလစ္ႏွိပ္ၿပီး ၾကည့္ရႈႏိုင္ပါတယ္။

Xei

Ref: koreaboo

(Unicode Version)

Lay ဟာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ ကေပေါ့ပ်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် သူတွေ့ကြုံဖြတ်သန်းရသမျှတွေ အပြီးမှာတော့ သူ့မှာကလေးတွေရှိလာခဲ့ရင် Idol လုပ်ခိုင်းတော့မှာ မဟုတ်ကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

Lay ဟာ Pear Vid နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အခြားသော Idol ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ လူငယ်လူရွယ်တွေကို အားပေးပါသလားဆိုတဲ့ မေးခွန်းကို အမေးခံခဲ့ရတာပါ။ ဒီအခါမှာ Lay က Idol ဖြစ်ချင်တဲ့ အိပ်မက်ဆန္ဒရှိတဲ့ ဘယ်လူငယ်တွေကိုမဆို အားပေးပေမယ့် သူ့ရဲ့ သားသမီးအရင်းတွေသာဆိုရင်တော့ Idol လုပ်တာကို အားပေးမှာမဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။

https://www.instagram.com/p/BzYU9t8pAgf/

“Idol ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ လူငယ်တွေကို အားပေးပါတယ်။ ကျွန်တော့်သားအရင်းဆိုရင်တော့ အားပေးမှာ မဟုတ်ပါဘူး။ ကျွန်တော့်သားဆိုရင် ဆရာဝန်ကောင်းတစ်ယောက်၊ ဒါမှမဟုတ် ရှေ့နေဖြစ်စေချင်တယ်။ သူ့အနေနဲ့ အနုပညာတွေကိုလည်း ခံစားလို့ရပါတယ်။ သူကြိုက်တဲ့ အနုပညာအမျိုးအစားကို အပြည့်အ၀ ခံစားခွင့်ရှိစေချင်တယ်။ ဒါပေမယ့် Idol လုပ်ဖို့ကိုတော့ ကျွန်တော့်အနေနဲ့ အားပေးနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အခြားသရုပ်ဆောင်တစ်ယောက်ကလည်း သူ့ရဲ့သမီးကို မင်းသမီးလုပ်ဖို့ လုံးဝအားမပေးတဲ့အကြောင်းကို ပြောရာမှာလည်း Lay က ထောက်ခံခဲ့ပါတယ်။ “သမီးဆိုရင်လား? ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ကန့်ကွက်မှာပါ” လို့ Lay က ဆိုပါတယ်။

https://www.instagram.com/p/BzULqgXpfUp/

လက်ရှိ ရှုပ်ထွေးဆူပွက်လွန်းတဲ့ ကိုရီးယားဖျော်ဖြေရေးလောကရဲ့ အခြေအနေအရ Lay က သူ့ရဲ့သားသမီးတွေကို ဒီနယ်ပယ်မှာ ခြေချခွင့်မပေးချင်တဲ့ အကြောင်းရင်းဟာ အံ့သြစရာတော့ မရှိပါဘူး။

Lay ရဲ့ အင်တာဗျူးအပြည့်အစုံကို အောက်ပါဗွီဒီယိုမှာ ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular