HomeCelebs Update NewsKoreaကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Lee Byung Hun နဲ့ Lee Min Jung တို့စုံတွဲ 

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Lee Byung Hun နဲ့ Lee Min Jung တို့စုံတွဲ 

နာမည်ကျော် ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Lee Byung Hun နဲ့ သရုပ်ဆောင် Lee Min Jung တို့ မောင်နှံဟာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတယ်လို့ သိရပါတယ်။

Lee Byung Hun ရဲ့ အေဂျင်စီဖြစ်တဲ့ BH Entertainment က ယနေ့ ဖေဖော်ဝါရီလ(၉)ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မင်းသား Lee Byung Hun ဟာ ကိုဗစ်ရောဂါ ကူးစက်ခံစားနေရတယ်လို့ ဆိုပါတယ်။

Photo: byunghun0712/ Instagram

“Lee Byung Hun ဟာ ဖေဖော်ဝါရီလ(၇)ရက်နေ့မှာပဲ ကိုဗစ်ကူးစက်ခံလိုက်ရပါတယ်။ အခုတော့ အိမ်မှာပဲ ကွာရန်တင်း နေထိုင်နေပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ပူစရာမရှိပါဘူး … ” လို့ ကြေညာထားပြီး မင်းသားဟာ ကိုဗစ်ကာကွယ်ဆေး booster shot ထိုးပြီးသားလို့လည်း ဆိုပါတယ်။

မင်းသားဟာ အခုလို ကိုဗစ်ရောဂါ ကူးစက်ခံစားနေရတဲ့အတွက် သူရိုက်ကူးနေတဲ့ tvN ဒရာမာအသစ် Our Blues ကိုလည်း ရိုက်ကူးရေး ရပ်နားထားရတယ်လို့ သိရပါတယ်။

Photo: 216jung/ Instagram

ဒါ့အပြင် Lee Byung Hun ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် Lee Min Jung ဟာလည်း အလားတူပဲ ကိုဗစ်ရောဂါ ကူးစက်ခံစားနေရတယ်လို့ သူမရဲ့ အေဂျင်စီ MSteam Entertainment က ထုတ်ပြန်ထားပါတယ်။ သူမကတော့ close contact ဖြစ်သွားတာကြောင့် သူမဘာသာ ကွာရန်တင်း နေထိုင်နေတာ ဖြစ်ပါတယ်။ အဲဒီနောက် ကိုဗစ် ဆေးစစ်ချက်အရ positive အဖြေထွက်လာတာကြောင့် နေအိမ်မှာပဲ ဆက်လက် ကွာရန်တင်း နေထိုင်နေတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular