HomeDramaဒရာမာအသစ်မှာ အတူတွေ့ရတော့မယ့် Lee Jong Suk နဲ့ YoonA

ဒရာမာအသစ်မှာ အတူတွေ့ရတော့မယ့် Lee Jong Suk နဲ့ YoonA

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Lee Jong Suk နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ကိုတော့ tvN က ထုတ်လွှင့်ပြသမယ့် ဒရာမာအသစ်တစ်ခုမှာ အတူတွဲတွေ့ရဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ပြသသွားမယ့် ဒရာမာရဲ့အမည်ကတော့ “Big Mouth” လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဟာ လူသတ်မှုတစ်ခုအတွက် တာဝန်ယူဖို့ ဖြစ်လာပြီးနောက်မှာတော့ ဂျီးနီးယက်စ် လူလိမ် “Big Mouse” နဲ့ လူမှားခံလိုက်ရပါတယ်။ ဒီမှာတင် အသက်ဆက်ရှင်သန်ဖို့အတွက်ရော၊ သူ့မိသားစုကို ကာကွယ်ဖို့အတွက်ပါ အထက်တန်းလွှာ လူတန်းစားထဲမှာ ဖြစ်ပေါ်နေတဲ့ လျှို့ဝှက် တရားမဝင်မှုတွေကို ဖော်ထုတ်ရပါတော့တယ်။

Photo: jungsok0206/ Instagram

ဒီဇာတ်လမ်းထဲမှာတော့ Lee Jong Suk ဟာ Park Chang Ho ဆိုတဲ့ ရှေ့နေ နေရာက သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Park Chang Ho ဟာ တတိယတန်းစား ရှေ့နေတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အမှုအောင်နိုင်မှု ရာခိုင်နှုန်းဟာ (၁၀)ရာခိုင်နှုန်းသာ ရှိပါတယ်။ သူဟာ အပြောသာရှိပြီး အလုပ်နဲ့ သက်သေမပြနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ တရားခွင်က လုပ်ဖော်ကိုင်ဖက်တွေကတော့ အပြောကြီးသူ “Big Mouth” လို့ သူ့ကို ခေါ်ဆိုကြပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ နာမည်ကြီး ဂျီးနီးယက်စ် လူလိမ် “Big Mouse” နဲ့ အပြောကြီးသူ “Big Mouth” Park Chang Ho ဟာ အမှားခံလိုက်ရပြီး သူ့ဘဝဟာ အန္တရာယ်တောထဲ ကျရောက်သွားပါတော့တယ်။

Photo: yoona__lim/ Instagram

YoonA ကတော့ Go Mi Ho ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်သွားမှာပါ။ Go Mi Ho ဟာ သူနာပြုတစ်ယောက် ဖြစ်ပြီး Park Chang Ho ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူမရဲ့ ပြင်းထန်ပြီး မယိုင်လဲတဲ့ ထောက်ပံ့အားပေးမှုတွေကြောင့်သာ Park Chang Ho ဟာ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူမရဲ့ ခင်ပွန်းသည်ဟာ လူလိမ်တစ်ယောက်နဲ့ အမှားခံနေရတာကို သိသွားချိန်မှာတော့ သူမကိုယ်တိုင် ဒီအရှုပ်အထွေးကို ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။

“Big Mouth” ဒရာမာရဲ့ ဖန်တီးသူတွေကတော့ “Vagabond” ဒရာမာကို ဇာတ်လမ်းရေးသားပေးခဲ့ကြတဲ့ Jang Young Chul နဲ့ Jung Kyung Soon တို့ ဖြစ်ပြီး ရိုက်ကူးပေးမယ့် ဒါရိုက်တာကတော့ Hotel Del Luna ထဲက ရိုက်ကူးရေး အပြင်အဆင်တွေကို တာဝန်ယူပေးခဲ့တဲ့ Oh Choong Hwan ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသားေခ်ာ Lee Jong Suk နဲ႔ Girls’ Generation အဖြဲ႕ဝင္ YoonA တို႔ကိုေတာ့ tvN က ထုတ္လႊင့္ျပသမယ့္ ဒရာမာအသစ္တစ္ခုမွာ အတူတြဲေတြ႕ရဖို႔ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္မွာ စတင္ျပသသြားမယ့္ ဒရာမာရဲ႕အမည္ကေတာ့ “Big Mouth” လို႔ သိရပါတယ္။ ဇာတ္လမ္းကေတာ့ တတိယတန္းစား ေရွ႕ေနတစ္ေယာက္ဟာ လူသတ္မႈတစ္ခုအတြက္ တာဝန္ယူဖို႔ ျဖစ္လာၿပီးေနာက္မွာေတာ့ ဂ်ီးနီးယက္စ္ လူလိမ္ “Big Mouse” နဲ႔ လူမွားခံလိုက္ရပါတယ္။ ဒီမွာတင္ အသက္ဆက္ရွင္သန္ဖို႔အတြက္ေရာ၊ သူ႔မိသားစုကို ကာကြယ္ဖို႔အတြက္ပါ အထက္တန္းလႊာ လူတန္းစားထဲမွာ ျဖစ္ေပၚေနတဲ့ လွ်ိဳ႕ဝွက္ တရားမဝင္မႈေတြကို ေဖာ္ထုတ္ရပါေတာ့တယ္။

Photo: jungsok0206/ Instagram

ဒီဇာတ္လမ္းထဲမွာေတာ့ Lee Jong Suk ဟာ Park Chang Ho ဆိုတဲ့ ေရွ႕ေန ေနရာက သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ Park Chang Ho ဟာ တတိယတန္းစား ေရွ႕ေနတစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕ အမႈေအာင္ႏိုင္မႈ ရာခိုင္ႏႈန္းဟာ (၁၀)ရာခိုင္ႏႈန္းသာ ရွိပါတယ္။ သူဟာ အေျပာသာရွိၿပီး အလုပ္နဲ႔ သက္ေသမျပႏိုင္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ တရားခြင္က လုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့ အေျပာႀကီးသူ “Big Mouth” လို႔ သူ႔ကို ေခၚဆိုၾကပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ နာမည္ႀကီး ဂ်ီးနီးယက္စ္ လူလိမ္ “Big Mouse” နဲ႔ အေျပာႀကီးသူ “Big Mouth” Park Chang Ho ဟာ အမွားခံလိုက္ရၿပီး သူ႔ဘဝဟာ အႏၲရာယ္ေတာထဲ က်ေရာက္သြားပါေတာ့တယ္။

Photo: yoona__lim/ Instagram

YoonA ကေတာ့ Go Mi Ho ဆိုတဲ့ ဇာတ္ေကာင္ေနရာက သ႐ုပ္ေဆာင္သြားမွာပါ။ Go Mi Ho ဟာ သူနာျပဳတစ္ေယာက္ ျဖစ္ၿပီး Park Chang Ho ရဲ႕ ဇနီးလည္း ျဖစ္ပါတယ္။ သူမရဲ႕ ျပင္းထန္ၿပီး မယိုင္လဲတဲ့ ေထာက္ပံ့အားေပးမႈေတြေၾကာင့္သာ Park Chang Ho ဟာ ေရွ႕ေနတစ္ေယာက္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူမရဲ႕ ခင္ပြန္းသည္ဟာ လူလိမ္တစ္ေယာက္နဲ႔ အမွားခံေနရတာကို သိသြားခ်ိန္မွာေတာ့ သူမကိုယ္တိုင္ ဒီအရႈပ္အေထြးကို ေျဖရွင္းဖို႔ ႀကိဳးစားပါေတာ့တယ္။

“Big Mouth” ဒရာမာရဲ႕ ဖန္တီးသူေတြကေတာ့ “Vagabond” ဒရာမာကို ဇာတ္လမ္းေရးသားေပးခဲ့ၾကတဲ့ Jang Young Chul နဲ႔ Jung Kyung Soon တို႔ ျဖစ္ၿပီး ႐ိုက္ကူးေပးမယ့္ ဒါ႐ိုက္တာကေတာ့ Hotel Del Luna ထဲက ႐ိုက္ကူးေရး အျပင္အဆင္ေတြကို တာဝန္ယူေပးခဲ့တဲ့ Oh Choong Hwan ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular