HomeCelebs Update NewsKoreaလူတွေအာရုံစိုက်တာကို ကြောက်ရွံ့တတ်တဲ့ phobiaတစ်မျိုး ပိုင်ဆိုင်ထားတဲ့ Lee Jong Suk 

လူတွေအာရုံစိုက်တာကို ကြောက်ရွံ့တတ်တဲ့ phobiaတစ်မျိုး ပိုင်ဆိုင်ထားတဲ့ Lee Jong Suk 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

phobia ဆိုတာဟာ တစ်စုံတစ်ခုကို အသည်းအသန် ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်ပြီး လူတိုင်းမှာ မတူညီတဲ့ phobia တစ်ခုစီ ရှိကြပါတယ်။ လူထဲက လူတစ်ယောက်ပဲဖြစ်တဲ့ ကိုရီးယားမင်းသားချော Lee Jong Suk ဆီမှာလည်း လူတွေသိပ်မသိကြတဲ့ phobia တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

Lee Jong Suk ဆီမှာ ဒီအကြောက်တရားမျိုး ရှိနေတယ်ဆိုတာ သိသာစေတဲ့ အချက်တစ်ခုကတော့ ကင်မရာနဲ့ လူအုပ်ရှေ့ကို ထွက်ရပ်ပြရတဲ့ event တိုင်းမှာ ချွေးတွေ အမြဲတမ်း ထွက်နေတတ်တာပါပဲ။ စာနယ်ဇင်းအသိပေးပွဲလို event တွေရဲ့ ဗွီဒီယိုတွေမှာဆိုရင် နဖူးပေါ်မှာ စို့လာတဲ့ ချွေးတွေကို မသိမသာ သုတ်နေရတဲ့ Lee Jong Suk ကို တွေ့ရမှာပါ။

Photo Credit: tvND

ဒါဟာ စိတ်လှုပ်ရှားလွန်းတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ပွဲတွေမှာ မိုက်ခရိုဖုန်း ကိုင်ရပြီဆိုတာနဲ့ ချက်ချင်း မျက်နှာကြီးက နီတက်လာတာမျိုးလည်း ရှိပါသေးတယ်။တစ်ခုသော သတင်းစာရှင်းလင်းပွဲတစ်ခုမှာဆိုရင် စင်ပေါ်မှာ ရပ်နေရင်း ဘေးက Park Bo Young ရဲ့ အင်္ကျီကို ဖမ်းဆွဲထားရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ဒါတွေအားလုံးဟာ Lee Jong Suk မှာ ရှိနေတဲ့ အကြောက်တရားတစ်ခုကြောင့် ဖြစ်လာရတာပါ။ Lee Jong Suk ဟာ attention phobia လို့ခေါ်တဲ့ လူတွေအာရုံစိုက်ခံရမှာကို ကြောက်ရွံ့သူ ဖြစ်ပါတယ်။ လူတွေ ဝိုင်းကြည့်တာမျိုး၊ ဝိုင်းအာရုံစိုက်တာမျိုးကို ခံရပြီဆိုတာနဲ့ နှလုံးခုန်တွေ မြန်လာတာ၊ ဒါမှမဟုတ် အသက်ရှူရကြပ်လာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း စင်ပေါ်တက်ရတဲ့ ပွဲတွေမှာ၊ လူအများကြီးက ဝိုင်းအာရုံစိုက်ကြတဲ့အခါမျိုးတွေမှာ Lee Jong Suk တစ်ယောက် မျက်နှာတွေ နီရဲလာတတ်ပြီး ချွေးတွေပျံလာတာမျိုး၊ စကားကို အရှိန်ယူပြီးမှ ပြောရတာမျိုး ဖြစ်တတ်တာ ဖြစ်ပါတယ်။

Photo: jongsuk0206/ Instagram

ငယ်ငယ်တည်းက လူအများကြီးနဲ့ နေထိုင်ရတာ မကြိုက်ဘဲ တသီးတသန့်လေး နေတတ်သူဖြစ်တဲ့အတွက် လူပေါင်းများစွာရဲ့ အာရုံစိုက်မှုကို ခံရမယ့် မင်းသားအလုပ်ဟာ သူနဲ့မသင့်တော်ဘူးလို့ ဆိုချင်ဆိုနိုင်ပေမယ့် သရုပ်ဆောင်ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကြောင့် ဒီအကြောက်တရားကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကာရိုက်တာတစ်ခုအပေါ် သရုပ်ဆောင်နေပြီဆိုရင်တော့ ဇာတ်ရုပ်ရဲ့ အမူအကျင့်အတိုင်း လိုက်လံနေထိုင်လိုက်တဲ့အတွက် သူ့ရဲ့ကိုယ်ပိုင်အကြောက်တရားတွေက ပျောက်သွားတယ်လို့ ဆိုပါတယ်။

Photo: jongsuk0206/ Instagram

မူလက attention ရမှာကို ကြောက်သူဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တောက်လျှောက်ရရှိခဲ့သူမို့ မေတ္တာရောင်ပြန်ဟပ်ပြီး သူ့ရဲ့အကြောက်တရားကိုလည်း တဖြည်းဖြည်းချင်း အနိုင်ယူလာနိုင်ခဲ့ပုံ ရပါတယ်လို့ တင်ပြရင်း … ။

LaNina

Source: tvND

(Zawgyi Version)

phobia ဆိုတာဟာ တစ္စုံတစ္ခုကို အသည္းအသန္ ထိတ္လန႔္ေၾကာက္႐ြံ႕ျခင္းျဖစ္ၿပီး လူတိုင္းမွာ မတူညီတဲ့ phobia တစ္ခုစီ ရွိၾကပါတယ္။ လူထဲက လူတစ္ေယာက္ပဲျဖစ္တဲ့ ကိုရီးယားမင္းသားေခ်ာ Lee Jong Suk ဆီမွာလည္း လူေတြသိပ္မသိၾကတဲ့ phobia တစ္ခုကို ပိုင္ဆိုင္ထားပါတယ္။

Lee Jong Suk ဆီမွာ ဒီအေၾကာက္တရားမ်ိဳး ရွိေနတယ္ဆိုတာ သိသာေစတဲ့ အခ်က္တစ္ခုကေတာ့ ကင္မရာနဲ႔ လူအုပ္ေရွ႕ကို ထြက္ရပ္ျပရတဲ့ event တိုင္းမွာ ေခြၽးေတြ အၿမဲတမ္း ထြက္ေနတတ္တာပါပဲ။ စာနယ္ဇင္းအသိေပးပြဲလို event ေတြရဲ႕ ဗြီဒီယိုေတြမွာဆိုရင္ နဖူးေပၚမွာ စို႔လာတဲ့ ေခြၽးေတြကို မသိမသာ သုတ္ေနရတဲ့ Lee Jong Suk ကို ေတြ႕ရမွာပါ။

Photo Credit: tvND

ဒါဟာ စိတ္လႈပ္ရွားလြန္းတာေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲတစ္ခုျဖစ္ၿပီး ပြဲေတြမွာ မိုက္ခ႐ိုဖုန္း ကိုင္ရၿပီဆိုတာနဲ႔ ခ်က္ခ်င္း မ်က္ႏွာႀကီးက နီတက္လာတာမ်ိဳးလည္း ရွိပါေသးတယ္။တစ္ခုေသာ သတင္းစာရွင္းလင္းပြဲတစ္ခုမွာဆိုရင္ စင္ေပၚမွာ ရပ္ေနရင္း ေဘးက Park Bo Young ရဲ႕ အက်ႌကို ဖမ္းဆြဲထားရတဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။

ဒါေတြအားလုံးဟာ Lee Jong Suk မွာ ရွိေနတဲ့ အေၾကာက္တရားတစ္ခုေၾကာင့္ ျဖစ္လာရတာပါ။ Lee Jong Suk ဟာ attention phobia လို႔ေခၚတဲ့ လူေတြအာ႐ုံစိုက္ခံရမွာကို ေၾကာက္႐ြံ႕သူ ျဖစ္ပါတယ္။ လူေတြ ဝိုင္းၾကည့္တာမ်ိဳး၊ ဝိုင္းအာ႐ုံစိုက္တာမ်ိဳးကို ခံရၿပီဆိုတာနဲ႔ ႏွလုံးခုန္ေတြ ျမန္လာတာ၊ ဒါမွမဟုတ္ အသက္ရႉရၾကပ္လာတာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း စင္ေပၚတက္ရတဲ့ ပြဲေတြမွာ၊ လူအမ်ားႀကီးက ဝိုင္းအာ႐ုံစိုက္ၾကတဲ့အခါမ်ိဳးေတြမွာ Lee Jong Suk တစ္ေယာက္ မ်က္ႏွာေတြ နီရဲလာတတ္ၿပီး ေခြၽးေတြပ်ံလာတာမ်ိဳး၊ စကားကို အရွိန္ယူၿပီးမွ ေျပာရတာမ်ိဳး ျဖစ္တတ္တာ ျဖစ္ပါတယ္။

Photo: jongsuk0206/ Instagram

ငယ္ငယ္တည္းက လူအမ်ားႀကီးနဲ႔ ေနထိုင္ရတာ မႀကိဳက္ဘဲ တသီးတသန႔္ေလး ေနတတ္သူျဖစ္တဲ့အတြက္ လူေပါင္းမ်ားစြာရဲ႕ အာ႐ုံစိုက္မႈကို ခံရမယ့္ မင္းသားအလုပ္ဟာ သူနဲ႔မသင့္ေတာ္ဘူးလို႔ ဆိုခ်င္ဆိုႏိုင္ေပမယ့္ သ႐ုပ္ေဆာင္ျဖစ္ခ်င္တဲ့ သူ႔ရဲ႕အိပ္မက္ေၾကာင့္ ဒီအေၾကာက္တရားကို ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ ကာ႐ိုက္တာတစ္ခုအေပၚ သ႐ုပ္ေဆာင္ေနၿပီဆိုရင္ေတာ့ ဇာတ္႐ုပ္ရဲ႕ အမူအက်င့္အတိုင္း လိုက္လံေနထိုင္လိုက္တဲ့အတြက္ သူ႔ရဲ႕ကိုယ္ပိုင္အေၾကာက္တရားေတြက ေပ်ာက္သြားတယ္လို႔ ဆိုပါတယ္။

Photo: jongsuk0206/ Instagram

မူလက attention ရမွာကို ေၾကာက္သူျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ေတာက္ေလွ်ာက္ရရွိခဲ့သူမို႔ ေမတၱာေရာင္ျပန္ဟပ္ၿပီး သူ႔ရဲ႕အေၾကာက္တရားကိုလည္း တျဖည္းျဖည္းခ်င္း အႏိုင္ယူလာႏိုင္ခဲ့ပုံ ရပါတယ္လို႔ တင္ျပရင္း … ။

LaNina

Source: tvND

RELATED ARTICLES

Most Popular