HomeCelebs Update NewsKoreaချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးကို ပြောပြလာတဲ့ Lee Kwang Soo 

ချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးကို ပြောပြလာတဲ့ Lee Kwang Soo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အချစ်တော် သရုပ်ဆောင်နဲ့ ဖျော်ဖြေရေးသမား Lee Kwang Soo ကတော့ သူ့ချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးအကြောင်း အင်တာဗျူးအသစ်မှာ ပြောပြလာပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက်ဟာ ပုံမှန်ချစ်သူစုံတွဲတွေ ပြုလုပ်နေကျအရာတွေကိုပဲ ပြုလုပ်တတ်ကြတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

Lee Kwang Soo ဟာ ယနေ့ ဩဂုတ်လ(၉)ရက်နေ့ မနက်ခင်းမှာ Hankook Ilbo သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပြီး မကြာခင်မှာ ထွက်ရှိလာတော့မယ့် သူ့ရဲ့ ရုပ်ရှင်ကားအသစ် Sinkhole အကြောင်းကို ပရိုမိုးရှင်း လုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးထဲမှာတော့ ရုပ်ရှင်အကြောင်းရော၊ အချစ်ရေးအကြောင်းကိုပါ ပြောပြသွားခဲ့ပါတယ်။

Photo: masijacoke850714/ Instagram

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်အခြေအနေ မတည်ငြိမ်သေးပေမယ့် သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Sinkhole ဇာတ်ကားကို ရုံတင်ခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဆိုထားပါတယ်။

“ဒီလိုအခြေအနေကြီးမှာတောင် ရုံတင်ခွင့် ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကို ပရိုမိုးရှင်း လုပ်ရတာတော့ မလွယ်ဘူးပေါ့။ အခုကာလက လူတွေအနေနဲ့ သတိထားရမယ့်အချိန်မှာ ကျွန်တော်တို့က ရုပ်ရှင်သွားကြည့်ဖို့ တိုက်တွန်းရတာဆိုတော့လေ … ”

Photo: masijacoke850714/ Instagram

“ဒီကားက အခုလိုအချိန်မျိုးမှာ ကြည့်သင့်တဲ့ကားမျိုးပါ။ သဘာဝဘေးအန္တရာယ်တစ်ခုကို ကြုံလာရပေမယ့် လူတွေက အကောင်းဘက်က တွေးမြင်ပြီး ရင်ဆိုင်ကျော်ဖြတ်ကြတာကို ပြထားတာပေါ့။ ပြီးတော့ ဒီဇာတ်ကားထဲမှာ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း ရှိနေတယ်လို့လည်း တွေးမိစေပါလိမ့်မယ်။ အဲဒီတော့ ဒီ Sinkhole ဇာတ်ကားလေးကို ကြည့်ရှုပြီး မျှော်လင့်ချက်တွေ လက်မလွှတ်လိုက်ဖို့ အားအင်ရကြလိမ့်မယ်လို့ ထင်ပါတယ် … ” လို့ Lee Kwang Soo က ဆိုထားပါတယ်။

ဒါတင်မက အင်တာဗျူးထဲမှာ ချစ်သူကောင်မလေး Lee Sun Bin အကြောင်းလည်း ပါဝင်ခဲ့ပြီး Kwang Soo ကတော့ ရှက်ရွံ့နေတဲ့ပုံစံနဲ့ သူတို့အချစ်ရေးမှာ ခိုင်မြဲအားကောင်းလျက် ရှိကြောင်း ဖြေဆိုသွားပါတယ်။

Photo Credit: MyDaily

“ကျွန်တော်တို့ အဆင်ပြေကြပါတယ်။ Lee Sun Bin နဲ့ ကျွန်တော့်ရဲ့ အချစ်ရေးကတော့ တခြားပုံမှန် စုံတွဲတွေလိုပါပဲ။ လူတွေကြားထဲမှာ မတွေ့ရဘူးဆိုတာတွေလည်း မရှိပါဘူး။ ဆိုင်ကောင်းကောင်းလေးတွေ ရှိရင်လည်း နှစ်ယောက်သွားပြီး အပြင်ထွက် စားကြတာပါပဲ။ နှစ်ယောက်လုံး အဆင်ပြေပြေ ရှိနေကြပါတယ် … ” လို့ သူ့ရဲ့အချစ်ရေးကို ပြောသွားတာ ဖြစ်ပါတယ်။

Lee Kwang Soo နဲ့ Lee Sun Bin တို့ဟာ ၂၀၁၆ ခုနှစ်တုန်းက Running Man မှာ ပထမဆုံး ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ သူတို့နှစ်ယောက် တွဲနေကြကြောင်း တရားဝင် ဖော်ပြခဲ့ကြပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္နဲ႔ ေဖ်ာ္ေျဖေရးသမား Lee Kwang Soo ကေတာ့ သူ႔ခ်စ္သူေကာင္မေလးနဲ႔ ဆက္ဆံေရးအေၾကာင္း အင္တာဗ်ဴးအသစ္မွာ ေျပာျပလာပါတယ္။ အဲဒါကေတာ့ သူတို႔ႏွစ္ေယာက္ဟာ ပုံမွန္ခ်စ္သူစုံတြဲေတြ ျပဳလုပ္ေနက်အရာေတြကိုပဲ ျပဳလုပ္တတ္ၾကတယ္လို႔ ဆိုထားတာ ျဖစ္ပါတယ္။

Lee Kwang Soo ဟာ ယေန႔ ဩဂုတ္လ(၉)ရက္ေန႔ မနက္ခင္းမွာ Hankook Ilbo သတင္းဌာနနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ သူ႔ရဲ႕ ႐ုပ္ရွင္ကားအသစ္ Sinkhole အေၾကာင္းကို ပ႐ိုမိုးရွင္း လုပ္ခဲ့တာ ျဖစ္ပါတယ္။ အင္တာဗ်ဴးထဲမွာေတာ့ ႐ုပ္ရွင္အေၾကာင္းေရာ၊ အခ်စ္ေရးအေၾကာင္းကိုပါ ေျပာျပသြားခဲ့ပါတယ္။

Photo: masijacoke850714/ Instagram

လက္ရွိ ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္အေျခအေန မတည္ၿငိမ္ေသးေပမယ့္ သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Sinkhole ဇာတ္ကားကို ႐ုံတင္ခြင့္ ရရွိတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းလည္း ဆိုထားပါတယ္။

“ဒီလိုအေျခအေနႀကီးမွာေတာင္ ႐ုံတင္ခြင့္ ရတဲ့အတြက္ ေက်းဇူးတင္မိပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္ကို ပ႐ိုမိုးရွင္း လုပ္ရတာေတာ့ မလြယ္ဘူးေပါ့။ အခုကာလက လူေတြအေနနဲ႔ သတိထားရမယ့္အခ်ိန္မွာ ကြၽန္ေတာ္တို႔က ႐ုပ္ရွင္သြားၾကည့္ဖို႔ တိုက္တြန္းရတာဆိုေတာ့ေလ … ”

Photo: masijacoke850714/ Instagram

“ဒီကားက အခုလိုအခ်ိန္မ်ိဳးမွာ ၾကည့္သင့္တဲ့ကားမ်ိဳးပါ။ သဘာဝေဘးအႏၲရာယ္တစ္ခုကို ႀကဳံလာရေပမယ့္ လူေတြက အေကာင္းဘက္က ေတြးျမင္ၿပီး ရင္ဆိုင္ေက်ာ္ျဖတ္ၾကတာကို ျပထားတာေပါ့။ ၿပီးေတာ့ ဒီဇာတ္ကားထဲမွာ ေမွ်ာ္လင့္ခ်က္ဆိုတာ အၿမဲတမ္း ရွိေနတယ္လို႔လည္း ေတြးမိေစပါလိမ့္မယ္။ အဲဒီေတာ့ ဒီ Sinkhole ဇာတ္ကားေလးကို ၾကည့္ရႈၿပီး ေမွ်ာ္လင့္ခ်က္ေတြ လက္မလႊတ္လိုက္ဖို႔ အားအင္ရၾကလိမ့္မယ္လို႔ ထင္ပါတယ္ … ” လို႔ Lee Kwang Soo က ဆိုထားပါတယ္။

ဒါတင္မက အင္တာဗ်ဴးထဲမွာ ခ်စ္သူေကာင္မေလး Lee Sun Bin အေၾကာင္းလည္း ပါဝင္ခဲ့ၿပီး Kwang Soo ကေတာ့ ရွက္႐ြံ႕ေနတဲ့ပုံစံနဲ႔ သူတို႔အခ်စ္ေရးမွာ ခိုင္ၿမဲအားေကာင္းလ်က္ ရွိေၾကာင္း ေျဖဆိုသြားပါတယ္။

Photo Credit: MyDaily

“ကြၽန္ေတာ္တို႔ အဆင္ေျပၾကပါတယ္။ Lee Sun Bin နဲ႔ ကြၽန္ေတာ့္ရဲ႕ အခ်စ္ေရးကေတာ့ တျခားပုံမွန္ စုံတြဲေတြလိုပါပဲ။ လူေတြၾကားထဲမွာ မေတြ႕ရဘူးဆိုတာေတြလည္း မရွိပါဘူး။ ဆိုင္ေကာင္းေကာင္းေလးေတြ ရွိရင္လည္း ႏွစ္ေယာက္သြားၿပီး အျပင္ထြက္ စားၾကတာပါပဲ။ ႏွစ္ေယာက္လုံး အဆင္ေျပေျပ ရွိေနၾကပါတယ္ … ” လို႔ သူ႔ရဲ႕အခ်စ္ေရးကို ေျပာသြားတာ ျဖစ္ပါတယ္။

Lee Kwang Soo နဲ႔ Lee Sun Bin တို႔ဟာ ၂၀၁၆ ခုႏွစ္တုန္းက Running Man မွာ ပထမဆုံး ဆုံေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၈ ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ေယာက္ တြဲေနၾကေၾကာင္း တရားဝင္ ေဖာ္ျပခဲ့ၾကပါတယ္။

Glasgow

Source: koreaboo

RELATED ARTICLES

Most Popular