HomeCelebs Update NewsKoreaကြင်နာကူညီတတ်တဲ့ စိတ်ထားကြောင့် လူချစ်လူခင်များတဲ့ Lee Kwang Soo

ကြင်နာကူညီတတ်တဲ့ စိတ်ထားကြောင့် လူချစ်လူခင်များတဲ့ Lee Kwang Soo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lee Kwang Soo ဟာ နာမည်ကျော် ကိုရီးယားရသစုံရှိုးတစ်ခုဖြစ်တဲ့ Running Man ရဲ့ အဖွဲ့ဝင်ဖြစ်လာတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ တစ်ချို့ကဆိုရင် Kwang Soo ကို အာရှတိုက်ရဲ့ မင်းသားလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။

ပရိသတ်တွေဟာ သူ့ရဲ့ရယ်ရွှင်ဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် Kwang Soo ကို ချစ်ခင်ကြသလို နောက်ထပ် အကြောင်းရင်းတစ်ခုကြောင့်လည်း လေးစားချစ်ခင်ကြပါသေးတယ်။ အဲ့ဒါကတော့ သူ့ရဲ့ကြင်နာတတ်မှု၊ သူများအပေါ် ငဲ့ညှာစဉ်းစားပေးတတ်မှုနဲ့ အပြုအမူပိုင်းမှာ ယဉ်ကျေးလွန်းတာတို့ကြောင့် ဖြစ်ပါတယ်။

Photo: masijacoke850714/ Instagram

ဒါကြောင့်လည်း Kwang Soo ဟာ ကိုရီးယားရဲ့ လူချစ်လူခင်အများဆုံး ဆယ်လီတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အတုယူဖွယ်ရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပတ်သက်ပြီးတော့လည်း အခြားဆယ်လီများစွာက ဖွင့်ဟချီးကျူးထားကြပါသေးတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ရဲ့ဘေးနားက လူတွေအပေါ်မှာ ကြင်နာစွာ ဆက်ဆံတတ်တာကိုလည်း ရိုက်ကွင်းပြင်ပက ဖြစ်ရပ်လေးတွေ၊ ကင်မရာပုံရိပ်လေးတွေကနေတစ်ဆင့် မြင်ရလေ့ ရှိပါတယ်။ တစ်ခါကဆိုရင် ရုပ်ရှင်အထူးပွဲပြသနေတဲ့အချိန်မှာ အမှိုက်ကျနေတာတွေ့လို့ အမှိုက်တွေကုန်းကောက်နေတာကို တွေ့လိုက်ကြရပါသေးတယ်။ အဲ့ဒီ့တုန်းကဆိုရင် မီဒီယာတွေမှာတောင် Kwang Soo ရဲ့ စည်းကမ်းလိုက်နာမှုနဲ့ နိုင်ငံကြီးသားပီသမှုတို့ကို ချီးမွမ်းခန်း ဖွင့်လိုက်ကြပါသေးတယ်။

Photo: masijacoke850714/ Instagram

နှလုံးသားလှတဲ့ Kwang Soo ဟာ သူ့ရဲ့တစ်ရက်သော မွေးနေ့မှာတော့ သူ့ဆီရောက်လာတဲ့ မွေးနေ့တွေကို ကိုယ်ပိုင်အဖြစ် မသိမ်းခဲ့ဘဲ လိုအပ်နေတဲ့ ကလေးငယ်တွေကို ပြန်လည်ဝေငှပေးခဲ့ပါသေးတယ်။ Kwang Soo နဲ့ ပတ်သက်လို့ အထင်ကရဖြစ်ခဲ့တဲ့ သူရဲကောင်းဆန်ဆန် လုပ်ရပ်တစ်ခုလည်း ၂၀၀၉ခုနှစ်က ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ့တုန်းက Kwang Soo တစ်ယောက် အပြင်ထွက်တုန်း သက်ကြီးအဘိုးအဘွားစုံတွဲတစ်တွဲဟာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယောက်ကြောင့် နာကျင်ထိခိုက်သွားရတာကို မြင်တွေ့လိုက်ရပါတယ်။ ဒီအခါမှာ Kwang Soo ဟာ ချက်ချင်းပဲ ရဲကို ဖုန်းဆက်အကြောင်းကြားပေးခဲ့ပြီး အဘိုးအဘွားစုံတွဲအတွက် သက်သေပါ ထွက်ဆိုပေးခဲ့ပါတယ်။

Photo: masijacoke850714/ Instagram

ကိစ္စက ဒီလောက်နဲ့တင် ပြီးသွားတာ မဟုတ်ပါဘူး။ အမှုအခင်းဖြစ်သွားတဲ့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ရပြီး Kwang Soo ဟာ တရားရုံးအထိ လိုက်လံကာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းက သူဟာ Running Man နဲ့ အခြားရိုက်ကူးရေးတွေကြောင့် အလုပ်တွေ တအားများနေခဲ့ပေမယ့် အဘိုးအဘွားစုံတွဲမှာ တရားမျှတမှု မရရှိလိုက်မှာကို စိုးရိမ်တဲ့အတွက် စေတနာအပြည့်နဲ့ ကူညီပေးခဲ့ပါတယ်။

တော်ရုံဆယ်လီတွေဆိုရင် သာမန်လူတွေရဲ့ အရေးကိစ္စကို ဒီလောက်ထိ ထဲထဲဝင်ဝင် ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် နှလုံးသားလှပတဲ့ Kwang Soo ကတော့ ကိုယ်ကျိုးမငဲ့ဘဲ တတ်နိုင်သမျှ ကူညီပေးခဲ့တာဟာ ချီးကျူးလေးစားစရာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Lee Kwang Soo ဆိုပြီး လူချစ်လူခင် အများဆုံး ကိုရီးယားဆယ်လီတွေထဲမှာ ပါဝင်နေတာ ဖြစ်ကြောင်း တင်ပြရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lee Kwang Soo ဟာ နာမည္ေက်ာ္ ကိုရီးယားရသစုံရႈိးတစ္ခုျဖစ္တဲ့ Running Man ရဲ႕ အဖြဲ႕ဝင္ျဖစ္လာတည္းက ပရိသတ္အားေပးမႈကို တစ္ခဲနက္ ရရွိထားသူ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကဆိုရင္ Kwang Soo ကို အာရွတိုက္ရဲ႕ မင္းသားေလးလို႔ေတာင္ တင္စားေခၚေဝၚၾကပါေသးတယ္။

ပရိသတ္ေတြဟာ သူ႔ရဲ႕ရယ္႐ႊင္ဖြယ္ရာ ကိုယ္ရည္ကိုယ္ေသြးေတြေၾကာင့္ Kwang Soo ကို ခ်စ္ခင္ၾကသလို ေနာက္ထပ္ အေၾကာင္းရင္းတစ္ခုေၾကာင့္လည္း ေလးစားခ်စ္ခင္ၾကပါေသးတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕ၾကင္နာတတ္မႈ၊ သူမ်ားအေပၚ ငဲ့ညႇာစဥ္းစားေပးတတ္မႈနဲ႔ အျပဳအမူပိုင္းမွာ ယဥ္ေက်းလြန္းတာတို႔ေၾကာင့္ ျဖစ္ပါတယ္။

Photo: masijacoke850714/ Instagram

ဒါေၾကာင့္လည္း Kwang Soo ဟာ ကိုရီးယားရဲ႕ လူခ်စ္လူခင္အမ်ားဆုံး ဆယ္လီေတြထဲမွာ ပါဝင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အတုယူဖြယ္ရာေကာင္းတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း အျခားဆယ္လီမ်ားစြာက ဖြင့္ဟခ်ီးက်ဴးထားၾကပါေသးတယ္။

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူ႔ရဲ႕ေဘးနားက လူေတြအေပၚမွာ ၾကင္နာစြာ ဆက္ဆံတတ္တာကိုလည္း ႐ိုက္ကြင္းျပင္ပက ျဖစ္ရပ္ေလးေတြ၊ ကင္မရာပုံရိပ္ေလးေတြကေနတစ္ဆင့္ ျမင္ရေလ့ ရွိပါတယ္။ တစ္ခါကဆိုရင္ ႐ုပ္ရွင္အထူးပြဲျပသေနတဲ့အခ်ိန္မွာ အမႈိက္က်ေနတာေတြ႕လို႔ အမႈိက္ေတြကုန္းေကာက္ေနတာကို ေတြ႕လိုက္ၾကရပါေသးတယ္။ အဲ့ဒီ့တုန္းကဆိုရင္ မီဒီယာေတြမွာေတာင္ Kwang Soo ရဲ႕ စည္းကမ္းလိုက္နာမႈနဲ႔ ႏိုင္ငံႀကီးသားပီသမႈတို႔ကို ခ်ီးမြမ္းခန္း ဖြင့္လိုက္ၾကပါေသးတယ္။

Photo: masijacoke850714/ Instagram

ႏွလုံးသားလွတဲ့ Kwang Soo ဟာ သူ႔ရဲ႕တစ္ရက္ေသာ ေမြးေန႔မွာေတာ့ သူ႔ဆီေရာက္လာတဲ့ ေမြးေန႔ေတြကို ကိုယ္ပိုင္အျဖစ္ မသိမ္းခဲ့ဘဲ လိုအပ္ေနတဲ့ ကေလးငယ္ေတြကို ျပန္လည္ေဝငွေပးခဲ့ပါေသးတယ္။ Kwang Soo နဲ႔ ပတ္သက္လို႔ အထင္ကရျဖစ္ခဲ့တဲ့ သူရဲေကာင္းဆန္ဆန္ လုပ္ရပ္တစ္ခုလည္း ၂၀၀၉ခုႏွစ္က ျဖစ္ခဲ့ပါေသးတယ္။

အဲ့ဒီ့တုန္းက Kwang Soo တစ္ေယာက္ အျပင္ထြက္တုန္း သက္ႀကီးအဘိုးအဘြားစုံတြဲတစ္တြဲဟာ မူးယစ္ရမ္းကားေနတဲ့ အရက္သမားတစ္ေယာက္ေၾကာင့္ နာက်င္ထိခိုက္သြားရတာကို ျမင္ေတြ႕လိုက္ရပါတယ္။ ဒီအခါမွာ Kwang Soo ဟာ ခ်က္ခ်င္းပဲ ရဲကို ဖုန္းဆက္အေၾကာင္းၾကားေပးခဲ့ၿပီး အဘိုးအဘြားစုံတြဲအတြက္ သက္ေသပါ ထြက္ဆိုေပးခဲ့ပါတယ္။

Photo: masijacoke850714/ Instagram

ကိစၥက ဒီေလာက္နဲ႔တင္ ၿပီးသြားတာ မဟုတ္ပါဘူး။ အမႈအခင္းျဖစ္သြားတဲ့အတြက္ တရား႐ုံးမွာ အမႈရင္ဆိုင္ရၿပီး Kwang Soo ဟာ တရား႐ုံးအထိ လိုက္လံကာ မ်က္ျမင္သက္ေသအျဖစ္ ထြက္ဆိုေပးခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက သူဟာ Running Man နဲ႔ အျခား႐ိုက္ကူးေရးေတြေၾကာင့္ အလုပ္ေတြ တအားမ်ားေနခဲ့ေပမယ့္ အဘိုးအဘြားစုံတြဲမွာ တရားမွ်တမႈ မရရွိလိုက္မွာကို စိုးရိမ္တဲ့အတြက္ ေစတနာအျပည့္နဲ႔ ကူညီေပးခဲ့ပါတယ္။

ေတာ္႐ုံဆယ္လီေတြဆိုရင္ သာမန္လူေတြရဲ႕ အေရးကိစၥကို ဒီေလာက္ထိ ထဲထဲဝင္ဝင္ ကူညီေပးဖို႔ဆိုတာ မျဖစ္ႏိုင္ေပမယ့္ ႏွလုံးသားလွပတဲ့ Kwang Soo ကေတာ့ ကိုယ္က်ိဳးမငဲ့ဘဲ တတ္ႏိုင္သမွ် ကူညီေပးခဲ့တာဟာ ခ်ီးက်ဴးေလးစားစရာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း Lee Kwang Soo ဆိုၿပီး လူခ်စ္လူခင္ အမ်ားဆုံး ကိုရီးယားဆယ္လီေတြထဲမွာ ပါဝင္ေနတာ ျဖစ္ေၾကာင္း တင္ျပရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular