HomeDramaသည်းထိတ်ရင်ဖိုဒရာမာတစ်ခုမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Lee Seung Gi 

သည်းထိတ်ရင်ဖိုဒရာမာတစ်ခုမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Lee Seung Gi 

မင်းသား Lee Seung Gi ကတော့ ဒရာမာအသစ်တစ်ခုမှာ ပါဝင်လာဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ယနေ့ အောက်တိုဘာလ(၁၈)ရက်နေ့မှာ SPOTV News သတင်းဌာနက ဖော်ပြချက်အရ Lee Seung Gi ဟာ “Supernote” ဆိုတဲ့ ဒရာမာအသစ်ထဲမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ ဒီသတင်းထွက်လာပြီး မကြာခင်မှာပဲ Hook Entertainment ဘက်က မင်းသားအနေနဲ့ ဒီဇာတ်ရုပ်မှာ ပါဝင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo: leeseunggi.official/ Instagram

Supernote ဟာ သည်းထိတ်ရင်ဖိုအမျိုးအစား ဒရာမာတစ်ခု ဖြစ်ပြီး အရည်အသွေးကောင်းလွန်းတဲ့ ပိုက်ဆံအတုတွေ ထုတ်လုပ်တာနဲ့ ပတ်သက်ပြီး ဇာတ်လမ်းဖွဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ Taewon Entertainment က ထုတ်လုပ်သွားမှာ ဖြစ်‌ပြီး ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အစောပိုင်းတုန်းကလည်း ဒီဒရာမာထဲမှာ ပါဝင်ဖို့ Kwak Do Won ဟာလည်း ဆွေးနွေးနေတယ်လို့ သိရပြီး Lee Beom Soo ကတော့ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုပြီးပြီလို့ သိရပါတယ်။

Photo: leeseunggi.official/ Instagram

လက်ရှိမှာတော့ Lee Seung Gi ဟာ SBS ရဲ့ ရသစုံရှိုးတစ်ခုဖြစ်တဲ့ Master in the House အစီအစဉ်မှာ ပါဝင်နေပါတယ်။ မကြာခင် နိုဝင်ဘာလ(၂၀)ရက်နေ့မှာ Netflix က ပြသသွားမယ့် ရသစုံရှိုးအသစ် New World မှာလည်း ပါဝင်ထားပါသေးတယ်။

Linda December

Source: soompi

RELATED ARTICLES

Most Popular