HomeEntertainmentMusicပွဲဦးထွက်အယ်လ်ဘမ်နဲ့အတူ Cover Art ကိုပါ အလန်းစားဖန်တီးလိုက်တဲ့ Lil Nas X 

ပွဲဦးထွက်အယ်လ်ဘမ်နဲ့အတူ Cover Art ကိုပါ အလန်းစားဖန်တီးလိုက်တဲ့ Lil Nas X 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lil Nas X ကတော့ ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ သူ့ရဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်နဲ့အတူ အမိုက်စား album art ကိုပါ ပရိသတ်တွေဆီ လက်ဆောင်ပေးလိုက်ပါတယ်။

အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရက်ပ်ပါ Lil Nas X ဟာ “Old Town Road” ၊ “Rodeo” တို့လို ဆင်ဂယ်လ် သီချင်းတွေနဲ့ လူသိများ ကျော်ကြားသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လာမယ့် စက်တင်ဘာလ(၁၇)ရက်နေ့မှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် “Montero” ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo: lilnasx/ Instagram

အယ်လ်ဘမ်အတွက် ရင်ခုန်သံနဲ့အတူ မျက်နှာဖုံးဒီဇိုင်းကိုတော့ သက်တံ့တွေ၊ လိပ်ပြာတွေနဲ့ အိပ်မက်ဆန်ဆန် နောက်ခံမှာ သူ့ရဲ့ ဝတ်လစ်စလစ်ပုံနဲ့ ဖန်တီးထားကြောင်း ပရိသတ်တွေဆီ မျှဝေပေးထားပါတယ်။ လှပဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ မျက်နှာဖုံးဒီဇိုင်းကို မြင်တွေ့လိုက်ရတဲ့ ပရိသတ်တွေကတော့ အယ်လ်ဘမ် ထွက်ရှိလာမယ့် နေ့ရက်ကို ရင်ခုန်စွာ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

Photo: lilnasx/ Instagram

ဒီအယ်လ်ဘမ်မှာတော့ သီချင်းပုဒ်ရေ (၁၅)ပုဒ် ပါဝင်မှာ ဖြစ်ပြီး ထွက်ရှိပြီးတဲ့ ဆင်ဂယ်လ်တွေ ဖြစ်တဲ့ “Montero (Call Me By Your Name)” ၊ “Industry Baby” နဲ့ “SUN GOES DOWN” သီချင်းတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

Lil Nas X ရဲ့ ပရိသတ်တွေဆိုရင်တော့ သူ့ရဲ့ ဒီလိုအဖော်အချွတ်တွေကို ထူးပြီး အံ့ဩနေမှာ မဟုတ်ပါဘူး။ Industry Baby music video ထဲမှာဆိုရင်လည်း ဝတ်လစ်စလစ်နဲ့ ကကွက်တွေကို မြင်တွေ့လိုက်ကြရပြီးသား ဖြစ်ပါတယ်။ Montero ဟာ queer person တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်၊ တိမ်းညွှတ်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြသလေ့ရှိပြီး အချို့သော ပြကွက်တွေအတွက်ကိုတော့ ဝေဖန်မှုအချို့ ရရှိခဲ့ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Lil Nas X ကေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ သူ႔ရဲ႕ ပြဲဦးထြက္ စတူဒီယိုအယ္လ္ဘမ္နဲ႔အတူ အမိုက္စား album art ကိုပါ ပရိသတ္ေတြဆီ လက္ေဆာင္ေပးလိုက္ပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ရက္ပ္ပါ Lil Nas X ဟာ “Old Town Road” ၊ “Rodeo” တို႔လို ဆင္ဂယ္လ္ သီခ်င္းေတြနဲ႔ လူသိမ်ား ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ လာမယ့္ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ သူ႔ရဲ႕ ပထမဆုံး ပြဲဦးထြက္ စတူဒီယိုအယ္လ္ဘမ္ “Montero” ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Photo: lilnasx/ Instagram

အယ္လ္ဘမ္အတြက္ ရင္ခုန္သံနဲ႔အတူ မ်က္ႏွာဖုံးဒီဇိုင္းကိုေတာ့ သက္တံ့ေတြ၊ လိပ္ျပာေတြနဲ႔ အိပ္မက္ဆန္ဆန္ ေနာက္ခံမွာ သူ႔ရဲ႕ ဝတ္လစ္စလစ္ပုံနဲ႔ ဖန္တီးထားေၾကာင္း ပရိသတ္ေတြဆီ မွ်ေဝေပးထားပါတယ္။ လွပဆန္းသစ္တဲ့ အိုင္ဒီယာနဲ႔ မ်က္ႏွာဖုံးဒီဇိုင္းကို ျမင္ေတြ႕လိုက္ရတဲ့ ပရိသတ္ေတြကေတာ့ အယ္လ္ဘမ္ ထြက္ရွိလာမယ့္ ေန႔ရက္ကို ရင္ခုန္စြာ ေမွ်ာ္လင့္ေနၾကၿပီ ျဖစ္ပါတယ္။

Photo: lilnasx/ Instagram

ဒီအယ္လ္ဘမ္မွာေတာ့ သီခ်င္းပုဒ္ေရ (၁၅)ပုဒ္ ပါဝင္မွာ ျဖစ္ၿပီး ထြက္ရွိၿပီးတဲ့ ဆင္ဂယ္လ္ေတြ ျဖစ္တဲ့ “Montero (Call Me By Your Name)” ၊ “Industry Baby” နဲ႔ “SUN GOES DOWN” သီခ်င္းေတြပါ ပါဝင္မွာ ျဖစ္ပါတယ္။

Lil Nas X ရဲ႕ ပရိသတ္ေတြဆိုရင္ေတာ့ သူ႔ရဲ႕ ဒီလိုအေဖာ္အခြၽတ္ေတြကို ထူးၿပီး အံ့ဩေနမွာ မဟုတ္ပါဘူး။ Industry Baby music video ထဲမွာဆိုရင္လည္း ဝတ္လစ္စလစ္နဲ႔ ကကြက္ေတြကို ျမင္ေတြ႕လိုက္ၾကရၿပီးသား ျဖစ္ပါတယ္။ Montero ဟာ queer person တစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ ခံယူခ်က္၊ တိမ္းၫႊတ္မႈေတြကို ပြင့္ပြင့္လင္းလင္း ျပသေလ့ရွိၿပီး အခ်ိဳ႕ေသာ ျပကြက္ေတြအတြက္ကိုေတာ့ ေဝဖန္မႈအခ်ိဳ႕ ရရွိခဲ့ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular