HomeEntertainmentMusicအယ်လ်ဘမ်သစ်နဲ့အတူ ထွက်ရှိလာတဲ့ Lil Nas X ရဲ့ "That's What I Want" MV 

အယ်လ်ဘမ်သစ်နဲ့အတူ ထွက်ရှိလာတဲ့ Lil Nas X ရဲ့ “That’s What I Want” MV 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြို့ဟောင်းလေးရဲ့ လမ်းမပေါ်မှာ မြင်းတစ်ကောင်နဲ့ နှစ်နှစ်လောက် ခရီးသွားပြီးနောက်မှာတော့ Lil Nas X ဟာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်ကို ထွက်ရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယနေ့ သောကြာနေ့မှာ ထွက်ရှိလာတဲ့ ‘Montero’ လို့ အမည်ရတဲ့ ဒီအယ်လ်ဘမ်နဲ့အတူ ဆက်ဆီကျလွန်းတဲ့ music video တစ်ခုလည်း ထွက်ရှိလာပါတယ်။ အဲဒါကတော့ ‘That’s What I Want’ လို့ အမည်ရတဲ့ MV တစ်ခုဖြစ်ပြီး ဆက်ဆီကျလွန်းသလို အသည်းကွဲရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

Photo: lilnasx/ Instagram

MV ထဲမှာတော့ storyline နဲ့ ဖော်ပြထားပြီး Lil Nas X ဟာ အမေရိကန်ဘောလုံးသမားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပြီး ဟော့လွန်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ထားပါတယ်။ အဲဒီနောက်မှာတော့ ကောင်းဘွိုင်နှစ်ယောက်ပုံစံနဲ့ ရွက်ဖျင်တဲတစ်ခုထဲမှာ ချစ်ရည်လူးကြပြန်ပါတယ်။ ဒီလိုနဲ့ ချစ်သူကို ချစ်ခွင့်ပန်ဖို့ ပန်းစည်းလေးနဲ့ အိမ်ရှေ့ကို ရောက်သွားချိန်မှာတော့ သူ့ချစ်သူဟာ မိန်းမယူထားပြီး ကလေးတွေတောင် ရနေတာကို တွေ့ရတာကြောင့် အသည်းကွဲရပါတော့တယ်။

ဒီ storyline ကတော့ တချို့ရုပ်ရှင်ကြည့်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါဟာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Heath Ledger နဲ့ Jake Gyllenhaal တို့ သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကား Brokeback Mountain ရဲ့ ဇာတ်လမ်းကို reference အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ Montero အယ်လ်ဘမ်ထဲမှာတော့ သီချင်းပုဒ်ရေ (၁၅)ပုဒ် ပါဝင်ပြီး Jack Harlow ၊ Doja Cat ၊ Elton John ၊ Megan Thee Stallion နဲ့ Miley Cyrus တို့က featuring အနေနဲ့ ပါဝင်ထားပါတယ်။ ယနေ့ထွက်ရှိလာတဲ့ ‘That’s What I Want’ music video ကတော့ ထွက်ရှိတာ နာရီအနည်းငယ်ပဲ ရှိသေးပေမယ့် လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၁.၄)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ၿမိဳ႕ေဟာင္းေလးရဲ့ လမ္းမေပၚမွာ ျမင္းတစ္ေကာင္နဲ႔ ႏွစ္ႏွစ္ေလာက္ ခရီးသြားၿပီးေနာက္မွာေတာ့ Lil Nas X ဟာ သူ႔ရဲ့ ပထမဆုံးပြဲဦးထြက္ စတူဒီယိုအယ္လ္ဘမ္ကို ထြက္ရွိနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ယေန႔ ေသာၾကာေန႔မွာ ထြက္ရွိလာတဲ့ ‘Montero’ လို႔ အမည္ရတဲ့ ဒီအယ္လ္ဘမ္နဲ႔အတူ ဆက္ဆီက်လြန္းတဲ့ music video တစ္ခုလည္း ထြက္ရွိလာပါတယ္။ အဲဒါကေတာ့ ‘That’s What I Want’ လို႔ အမည္ရတဲ့ MV တစ္ခုျဖစ္ၿပီး ဆက္ဆီက်လြန္းသလို အသည္းကြဲရမယ့္ ဇာတ္လမ္းေလးတစ္ပုဒ္ကိုလည္း ခံစားရမွာ ျဖစ္ပါတယ္။

Photo: lilnasx/ Instagram

MV ထဲမွာေတာ့ storyline နဲ႔ ေဖာ္ျပထားၿပီး Lil Nas X ဟာ အေမရိကန္ေဘာလုံးသမားတစ္ေယာက္နဲ႔ ခ်စ္ကၽြမ္းဝင္သြားၿပီး ေဟာ့လြန္းတဲ့ ဇာတ္ဝင္ခန္းေတြ ပါဝင္ထားပါတယ္။ အဲဒီေနာက္မွာေတာ့ ေကာင္းဘြိဳင္ႏွစ္ေယာက္ပုံစံနဲ႔ ရြက္ဖ်င္တဲတစ္ခုထဲမွာ ခ်စ္ရည္လူးၾကျပန္ပါတယ္။ ဒီလိုနဲ႔ ခ်စ္သူကို ခ်စ္ခြင့္ပန္ဖို႔ ပန္းစည္းေလးနဲ႔ အိမ္ေရွ႕ကို ေရာက္သြားခ်ိန္မွာေတာ့ သူ႔ခ်စ္သူဟာ မိန္းမယူထားၿပီး ကေလးေတြေတာင္ ရေနတာကို ေတြ႕ရတာေၾကာင့္ အသည္းကြဲရပါေတာ့တယ္။

ဒီ storyline ကေတာ့ တခ်ိဳ႕႐ုပ္ရွင္ၾကည့္ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ျဖစ္မွာပါ။ ဒါဟာ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Heath Ledger နဲ႔ Jake Gyllenhaal တို႔ သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီးဇာတ္ကား Brokeback Mountain ရဲ့ ဇာတ္လမ္းကို reference အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

ယခုထြက္ရွိလာတဲ့ Montero အယ္လ္ဘမ္ထဲမွာေတာ့ သီခ်င္းပုဒ္ေရ (၁၅)ပုဒ္ ပါဝင္ၿပီး Jack Harlow ၊ Doja Cat ၊ Elton John ၊ Megan Thee Stallion နဲ႔ Miley Cyrus တို႔က featuring အေနနဲ႔ ပါဝင္ထားပါတယ္။ ယေန႔ထြက္ရွိလာတဲ့ ‘That’s What I Want’ music video ကေတာ့ ထြက္ရွိတာ နာရီအနည္းငယ္ပဲ ရွိေသးေပမယ့္ လက္ရွိအခ်ိန္အထိ ၾကည့္ရွုနားဆင္သူေပါင္း (၁.၄)သန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular