HomeAnimeOne Piece: အဖွဲ့ဝင်အသစ်တစ်ယောက် ထပ်တိုးလာဦးမယ့် Luffy ရဲ့အဖွဲ့

One Piece: အဖွဲ့ဝင်အသစ်တစ်ယောက် ထပ်တိုးလာဦးမယ့် Luffy ရဲ့အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Monkey D. Luffy ဟာ သူ့ရဲ့ရွာလေးကနေ ထွက်လာတဲ့အချိန်ကတည်းက သူဟာ အဖွဲ့သား(၁၀)ယောက် လိုချင်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းကနေ Luffy ရဲ့ စွန့်စားခန်းအမျိူးမျိူးကို ကြည့်လာခဲ့ပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးရဲ့ အလိုရှိဆုံး ပင်လယ်ဓားပြတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ငါးလူသားတစ်ယောက် ဖြစ်တဲ့ Jimbei ကလည်း သိပ်မကြာသေးခင်ကပဲ Luffy ရဲ့တရားဝင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် Luffy ရဲ့အဖွဲ့ဟာ (၁၀)‌ယောက် ပြည့်နေပြီ ဖြစ်တာကြောင့် တစ်ချို့ကတော့ နောက်ထပ်အဖွဲ့ဝင်အသစ်တွေ ပါဝင်လာဖို့အတွက် သိပ်ပြီးတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်နေကြပါတယ်။ သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ One Piece မဂ္ဂဇင်းထဲမှာတော့ အဖွဲ့ဝင်(၁၀) ယောက် လိုချင်တယ်လို့ ပြောခဲ့တဲ့ Luffy ရဲ့စကားကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ နောက်ထပ်အဖွဲ့ဝင်(၁၀) ယောက် လိုချင်တာဖြစ်ပြီး သူ့ကိုယ်သူတော့  ကပ္ပတိန်ဖြစ်တာကြောင့် ထည့်မတွက်ထားခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့အဖွဲ့ထဲကို ဝင်လာဖို့အတွက် အနည်းဆုံး နောက်ထပ်တစ်ယောက်စာ ကျန်နေပါသေးတယ်။ အဲ့ဒီလွတ်နေတဲ့နေရာမှာ ဘယ်သူတွေ ဖြစ်လာမလည်း ဆိုတာကတော့……။

Luffy ရဲ့အဖွဲ့ဝင်တွေ အကုန်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ကျွမ်းကျင်တာတွေ မတူသလို သင်္ဘောပေါ်မှာ လုပ်ရတဲ့အလုပ်တွေလည်း မတူပါဘူး။ ဥပမာ – Nami က ရေကြောင်းလမ်းပြ ဖြစ်ပြီး Sanji ကတော့ စားဖိုမှူးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အခုနောက်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jimbei ကတော့ ပင်လယ်ရဲ့ရေစီးကြောင်းတွေကို သေချာသိတဲ့အပြင် နှစ်ပေါင်းများစွာ ပင်လယ်ဓားပြလုပ်လာတာကြောင့် သင်္ဘောရဲ့ ပဲ့ကိုင်သူအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုနောက်ထပ်အသစ်ဝင်လာနိုင်တဲ့သူတွေနဲ့ သူတို့ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်မယ့် တာဝန်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

photo via cbr

Luffy ရဲ့အဖွဲ့ထဲကို ဝင်နိုင်ချေရှိတဲ့ ပထမဆုံးတစ်ယောက်ကတော့ Mink မျိူးနွယ်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ Carrot ပဲ ဖြစ်ပါတယ်။ သူမဟာ Zou arc မှာ စတင်ပါဝင်တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Luffy ရဲ့သင်္ဘောပေါ်မှာ ခိုးပြီး လိုက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကနေ စပြီးတော့ သူမဟာ Big Mom ရဲ့အဖွဲ့ဝင်တွေကိုတောင် Sulong ပုံစံပြောင်းလဲပြီးတော့ တိုက်ခိုက်ခဲ့ကာ အခုချိန်မှာတော့ Kaido ကိုတော်လှန်ဖို့အတွက် စီစဉ်နေတဲ့အထဲမှာ ပါဝင်နေပါတယ်။

သူမကတော့ နောက်ပိုင်းမှာ Luffy ရဲ့အဖွဲ့ထဲကို ဝင်လာနိုင်ချေလည်း ရှိပါတယ်။ အဲ့လိုမျိူး အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင်တော့ သူမရဲ့အရည်အချင်းတွေကြောင့် အဖွဲ့သားတွေအတွက် အစာရှာပေးတဲ့ မုဆိုးတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နိုင်ပေမယ့်လည်း Carrot ရဲ့စိတ်ဓာတ်အရ အဲ့ဒီတာဝန်ကို လုပ်မယ်လို့တော့ မထင်မိပါဘူး။ အဲ့ဒါကြောင့် သူမရဲ့လျင်မြန်မှုနဲ့ အသင့်တော်ဆုံးတာဝန်ကတော့ ကင်းထောက်တာဝန်ပဲ ဖြစ်ပါတယ်။

photo via cbr

နောက်ထပ်တစ်ယောက်ကတော့ Yamato ဖြစ်ပြီးတော့ Kaido ရဲ့သားပဲ ဖြစ်ပါတယ်။ သူကတော့ ယောကျာ်းလေးဆိုပေမယ့်လည်း ပုံစံက မိန်းကလေးပုံစံလိုမျိူး ပုံဖော်ထားပါတယ်။ Spoil သလို ဖြစ်သွားမှာ စိုးရိမ်တာကြောင့် ဇာတ်လမ်းအတိအကျကိုတော့ မဖော်ပြတော့ပါဘူး။ သူဟာ အကြောင်းတစ်မျိူးမျိူးကြောင့် Luffy နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ Luffy ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်ချေ ရှိပါတယ်ဆိုပြီး လူပြောများနေသူလည်း ဖြစ်ပါတယ်။ Kaido ရဲ့သားဖြစ်တာကြောင့် သူဟာလည်း Kaido ရဲ့ကြီးမားတဲ့ ခွန်အားတွေကို ပိုင်ဆိုင်ထားပြီး အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရင်တော့ အသုံးဝင်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

photo via cbr

နောက်ဆုံးတစ်ယောက်ကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းလောက်မှာကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး Alabasta မင်းသမီးဖြစ်သူ Nefertari Vivi ပဲ ဖြစ်ပါတယ်။ Luffy တို့အဖွဲ့ဟာ Grand Line ထဲကို စတင်ဝင်ရောက်လာတဲ့အချိန်မှာ Vivi နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး Alabasta နိုင်ငံကို Crocodile လက်ထဲကနေ ဝိုင်းဝန်းကာကွယ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Vivi ဟာ Luffy ရဲ့အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်ထားကြပြီး နောက်ပိုင်းမှသာ မင်းသမီးတာဝန်ကို ယူဖို့အတွက် Luffy တို့အဖွဲ့ထဲကို မဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် Jimbei ဆိုရင်လည်း အစတုန်းက လုပ်စရာတာဝန်တွေ ရှိနေတာကြောင့် အဖွဲ့ထဲကို မဝင်ခဲ့ဘဲ နောက်ပိုင်းမှ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Vivi ဟာလည်း Jimbei လိုပဲ တာဝန်တွေပြီးသွားတဲ့အချိန်မှာ Luffy ရဲ့အဖွဲ့ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ သူမကတော့ အဖွဲ့ရဲ့ စားသောက်ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ တာဝန်နဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Monkey D. Luffy ဟာ သူ႔ရဲ႕႐ြာေလးကေန ထြက္လာတဲ့အခ်ိန္ကတည္းက သူဟာ အဖြဲ႕သား(၁၀)ေယာက္ လိုခ်င္ပါတယ္ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကတည္းကေန Luffy ရဲ႕ စြန႔္စားခန္းအမ်ိဴးမ်ိဴးကို ၾကည့္လာခဲ့ၿပီး အခုခ်ိန္မွာေတာ့ တစ္ကမာၻလုံးရဲ႕ အလိုရွိဆုံး ပင္လယ္ဓားျပတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။ ဒါ့အျပင္ ငါးလူသားတစ္ေယာက္ ျဖစ္တဲ့ Jimbei ကလည္း သိပ္မၾကာေသးခင္ကပဲ Luffy ရဲ႕တရားဝင္ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ Luffy ရဲ႕အဖြဲ႕ဟာ (၁၀)‌ေယာက္ ျပည့္ေနၿပီ ျဖစ္တာေၾကာင့္ တစ္ခ်ိဳ႕ကေတာ့ ေနာက္ထပ္အဖြဲ႕ဝင္အသစ္ေတြ ပါဝင္လာဖို႔အတြက္ သိပ္ၿပီးေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ထင္ေနၾကပါတယ္။ သိပ္မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ One Piece မဂၢဇင္းထဲမွာေတာ့ အဖြဲ႕ဝင္(၁၀) ေယာက္ လိုခ်င္တယ္လို႔ ေျပာခဲ့တဲ့ Luffy ရဲ႕စကားကို ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ ေနာက္ထပ္အဖြဲ႕ဝင္(၁၀) ေယာက္ လိုခ်င္တာျဖစ္ၿပီး သူ႔ကိုယ္သူေတာ့  ကပၸတိန္ျဖစ္တာေၾကာင့္ ထည့္မတြက္ထားခဲ့ပါဘူး။ ဒါေၾကာင့္ သူ႔ရဲ႕အဖြဲ႕ထဲကို ဝင္လာဖို႔အတြက္ အနည္းဆုံး ေနာက္ထပ္တစ္ေယာက္စာ က်န္ေနပါေသးတယ္။ အဲ့ဒီလြတ္ေနတဲ့ေနရာမွာ ဘယ္သူေတြ ျဖစ္လာမလည္း ဆိုတာကေတာ့……။

Luffy ရဲ႕အဖြဲ႕ဝင္ေတြ အကုန္လုံးဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ကြၽမ္းက်င္တာေတြ မတူသလို သေဘၤာေပၚမွာ လုပ္ရတဲ့အလုပ္ေတြလည္း မတူပါဘူး။ ဥပမာ – Nami က ေရေၾကာင္းလမ္းျပ ျဖစ္ၿပီး Sanji ကေတာ့ စားဖိုမႉးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုေနာက္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့ Jimbei ကေတာ့ ပင္လယ္ရဲ႕ေရစီးေၾကာင္းေတြကို ေသခ်ာသိတဲ့အျပင္ ႏွစ္ေပါင္းမ်ားစြာ ပင္လယ္ဓားျပလုပ္လာတာေၾကာင့္ သေဘၤာရဲ႕ ပဲ့ကိုင္သူအျဖစ္ တာဝန္ထမ္းေဆာင္မွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အခုေနာက္ထပ္အသစ္ဝင္လာႏိုင္တဲ့သူေတြနဲ႔ သူတို႔ကြၽမ္းက်င္စြာ ထမ္းေဆာင္ႏိုင္မယ့္ တာဝန္ေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

photo via cbr

Luffy ရဲ႕အဖြဲ႕ထဲကို ဝင္ႏိုင္ေခ်ရွိတဲ့ ပထမဆုံးတစ္ေယာက္ကေတာ့ Mink မ်ိဴးႏြယ္တစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ပိုင္ဆိုင္ထားတဲ့ Carrot ပဲ ျဖစ္ပါတယ္။ သူမဟာ Zou arc မွာ စတင္ပါဝင္တာ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Luffy ရဲ႕သေဘၤာေပၚမွာ ခိုးၿပီး လိုက္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ သူမဟာ Big Mom ရဲ႕အဖြဲ႕ဝင္ေတြကိုေတာင္ Sulong ပုံစံေျပာင္းလဲၿပီးေတာ့ တိုက္ခိုက္ခဲ့ကာ အခုခ်ိန္မွာေတာ့ Kaido ကိုေတာ္လွန္ဖို႔အတြက္ စီစဥ္ေနတဲ့အထဲမွာ ပါဝင္ေနပါတယ္။

သူမကေတာ့ ေနာက္ပိုင္းမွာ Luffy ရဲ႕အဖြဲ႕ထဲကို ဝင္လာႏိုင္ေခ်လည္း ရွိပါတယ္။ အဲ့လိုမ်ိဴး အဖြဲ႕ဝင္ျဖစ္လာမယ္ဆိုရင္ေတာ့ သူမရဲ႕အရည္အခ်င္းေတြေၾကာင့္ အဖြဲ႕သားေတြအတြက္ အစာရွာေပးတဲ့ မုဆိုးတစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ႏိုင္ေပမယ့္လည္း Carrot ရဲ႕စိတ္ဓာတ္အရ အဲ့ဒီတာဝန္ကို လုပ္မယ္လို႔ေတာ့ မထင္မိပါဘူး။ အဲ့ဒါေၾကာင့္ သူမရဲ႕လ်င္ျမန္မႈနဲ႔ အသင့္ေတာ္ဆုံးတာဝန္ကေတာ့ ကင္းေထာက္တာဝန္ပဲ ျဖစ္ပါတယ္။

photo via cbr

ေနာက္ထပ္တစ္ေယာက္ကေတာ့ Yamato ျဖစ္ၿပီးေတာ့ Kaido ရဲ႕သားပဲ ျဖစ္ပါတယ္။ သူကေတာ့ ေယာက်ာ္းေလးဆိုေပမယ့္လည္း ပုံစံက မိန္းကေလးပုံစံလိုမ်ိဴး ပုံေဖာ္ထားပါတယ္။ Spoil သလို ျဖစ္သြားမွာ စိုးရိမ္တာေၾကာင့္ ဇာတ္လမ္းအတိအက်ကိုေတာ့ မေဖာ္ျပေတာ့ပါဘူး။ သူဟာ အေၾကာင္းတစ္မ်ိဴးမ်ိဴးေၾကာင့္ Luffy နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Luffy ရဲ႕အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာႏိုင္ေခ် ရွိပါတယ္ဆိုၿပီး လူေျပာမ်ားေနသူလည္း ျဖစ္ပါတယ္။ Kaido ရဲ႕သားျဖစ္တာေၾကာင့္ သူဟာလည္း Kaido ရဲ႕ႀကီးမားတဲ့ ခြန္အားေတြကို ပိုင္ဆိုင္ထားၿပီး အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာရင္ေတာ့ အသုံးဝင္တဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာမွာ ေသခ်ာပါတယ္။

photo via cbr

ေနာက္ဆုံးတစ္ေယာက္ကေတာ့ ဒီဇာတ္လမ္းရဲ႕ အစပိုင္းေလာက္မွာကတည္းက ပါဝင္ခဲ့သူျဖစ္ၿပီး Alabasta မင္းသမီးျဖစ္သူ Nefertari Vivi ပဲ ျဖစ္ပါတယ္။ Luffy တို႔အဖြဲ႕ဟာ Grand Line ထဲကို စတင္ဝင္ေရာက္လာတဲ့အခ်ိန္မွာ Vivi နဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ၿပီး Alabasta ႏိုင္ငံကို Crocodile လက္ထဲကေန ဝိုင္းဝန္းကာကြယ္ေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Vivi ဟာ Luffy ရဲ႕အဖြဲ႕ဝင္တစ္ေယာက္လို႔ သတ္မွတ္ထားၾကၿပီး ေနာက္ပိုင္းမွသာ မင္းသမီးတာဝန္ကို ယူဖို႔အတြက္ Luffy တို႔အဖြဲ႕ထဲကို မဝင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ Jimbei ဆိုရင္လည္း အစတုန္းက လုပ္စရာတာဝန္ေတြ ရွိေနတာေၾကာင့္ အဖြဲ႕ထဲကို မဝင္ခဲ့ဘဲ ေနာက္ပိုင္းမွ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Vivi ဟာလည္း Jimbei လိုပဲ တာဝန္ေတြၿပီးသြားတဲ့အခ်ိန္မွာ Luffy ရဲ႕အဖြဲ႕ထဲကို ဝင္ေရာက္လာႏိုင္ပါတယ္။ သူမကေတာ့ အဖြဲ႕ရဲ႕ စားေသာက္ပစၥည္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္ေပးတဲ့ တာဝန္နဲ႔ ပိုၿပီးေတာ့ လိုက္ဖက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular