HomeCelebs Update NewsKoreaSolo comeback အတွက် ပြင်ဆင်နေပြီဖြစ်တဲ့ MAMAMOO ရဲ့ Hwasa 

Solo comeback အတွက် ပြင်ဆင်နေပြီဖြစ်တဲ့ MAMAMOO ရဲ့ Hwasa 

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

ပရိသတ်တွေကတော့ MAMAMOO အဖွဲ့က Hwasa ရဲ့ တေးသီချင်းသစ်တွေကို မကြာခင်မှာ နားဆင်ကြရတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ(၂၉)ရက်နေ့မှာ Sports Chosun သတင်းဌာနရဲ့ ဖော်ပြချက်အရ Hwasa ဟာ solo comeback အတွက် ပြင်ဆင်နေပြီး သူမရဲ့ အယ်လ်ဘမ်သစ်ကို ယခုနှစ်အတွင်းမှာပဲ ထွက်ရှိသွားမယ်လို့ သိရပါတယ်။

Photo: _mariahwasa/ Instagram

“Hwasa ဟာ သူမရဲ့ ဆိုလိုအယ်လ်ဘမ်အတွက် အာရုံစိုက် ကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ထွက်ရှိရမလည်းဆိုတာကိုတော့ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်တို့ဘက်က အယ်လ်ဘမ်ထွက်မယ့်ရက်ကို သေချာသွားပြီဆိုတာနဲ့ ကြေညာချက်ထုတ်ပေးမှာပါ … ” လို့လည်း နောက်ဆက်တွဲသတင်းက ဆိုထားပါတယ်။

Photo: _mariahwasa/ Instagram

Hwasa ဟာ သူမရဲ့ ပထမဆုံးပွဲဦးထွက် ဆင်ဂယ်လ် “Twit” ကိုတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ solo comeback ကတော့ “Maria” ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်ကျော်အကြာမှာ ဆိုလို ထပ်မံထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။

Hwasa ဟာ သူမရဲ့ သီချင်းတွေနဲ့တင်မက “Home Alone” ရသစုံရှိုးက သူမရဲ့တင်ဆက်မှုကြောင့်လည်း ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)








Glasgow

Source: soompi

RELATED ARTICLES

Most Popular