HomeEntertainmentFilmMCU ရဲ့ Illuminati ထဲမှာ ဘယ်သူတွေ ပါဝင်လာနိုင်မလဲ?

MCU ရဲ့ Illuminati ထဲမှာ ဘယ်သူတွေ ပါဝင်လာနိုင်မလဲ?

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Marvel စတူဒီယိုဟာလည်း ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေအမျိူးမျိူး ဆင်းနေပြီး Footage အသစ်တွေကိုလည်း ထပ်မံပြသနေပါတယ်။ အဲဒီ Footage တွေထဲမှာတော့ Illuminati အဖွဲ့ရဲ့ အဖွဲ့ဝင်တချို့ကိုလည်း ပြသခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ရဲ့ Illuminati အဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်လာနိုင်သေးလည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်လာဖို့ အတည်ပြုထားတဲ့ အဖွဲ့ဝင်များ

photo via screenrant

Illuminati အဖွဲ့ဝင်အဖြစ် ပထမဆုံး အတည်ပြုခဲ့တာကတော့ Mordo ပဲ ဖြစ်ပါတယ်။ ထွေလာထဲမှာတော့ Mordo ဟာ Reality ကို နှောင့်ယှက်မှုနဲ့ Doctor Strange ကို Illuminati အဖွဲ့ဝင်တွေရှိရာဆီ ဖမ်းခေါ်လာတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီ Mordo ကတော့ Doctor Strange ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Mordo လား၊ Variant လား ဆိုတာကိုတော့ မသိရသေးပါဘူး။

X-Men တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Professor X လည်း ပါဝင်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ အရင်ကသိခဲ့တဲ့ Professor X တော့ မဟုတ်နိုင်ပါဘူး။ အကြောင်းကတော့ TV Spot ထဲမှာတော့ Professor X ဟာ အဝါရောင်စက်တပ် ဝှီးချဲကို စီးနင်းထားပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒီပုံစံကတော့ X-Men: The Animated Series ထဲက ပုံစံပဲ ဖြစ်ပါတယ်။

Captain Carter လည်း ပါဝင်လာမှာ ဖြစ်ပြီး သူမဟာ Wanda ရဲ့ ဗားရှင်းတစ်မျိူးနဲ့ Illuminati အဖွဲ့ အခြေစိုက်နေရာမှာ တိုက်ခိုက်နေတာကို တွေ့ခဲ့ရပါတယ်။ သူမကလည်း What If…? ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ယခုဆိုရင်တော့ Illuminati အဖွဲ့ဝင် ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Hayley Atwell ကပဲ ပါဝင်သရုပ်ဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ Maria Rambeau လို့ ယူဆရပြီး သူမဟာလည်း Wanda နဲ့ တိုက်ခိုက်နေတယ်လို့ ယူဆရပါတယ်။ Maria Rambeau ရဲ့ ဒီဗားရှင်းကလည်း WandaVision ထဲက တစ်ယောက် ဖြစ်နေမလား၊ Variant ဖြစ်နေမလား ဆိုတာတော့ မသေချာသေးပါဘူး။

ဘယ်သူတွေ ပါဝင်လာနိုင်သေးလဲ?

photo via screenrant

လောလောဆယ်မှာတော့ Illuminati အဖွဲ့ဝင် လေးယောက်ကို အတည်ပြုထားပြီး Illuminati ခန်းမရဲ့ ထိုင်ခုံနှစ်ခုံအတွက် ဇာတ်ကောင် နှစ်ယောက် လိုအပ်နေပါသေးတယ်။ အတည်ပြုထားတဲ့ လေးယောက်ထဲမှာတော့ သုံးယောက်ဟာ MCU က ပြောင်းလဲဖန်တီးထားတာ ဖြစ်တာကြောင့် ကျန်တဲ့သုံးယောက်ကိုတော့ Professor X လိုမျိူး ကောမစ်ထဲက မူလအဖွဲ့ဝင်တွေ ထည့်သွင်းသွားမယ်လို့ ယူဆရပါတယ်။

ဒီယူဆချက်သာ မှန်မယ် ဆိုရင်တော့ စဉ်းစားစရာ ဇာတ်ကောင် လေးယောက် ရှိနေပါတယ်။ အဲဒီလေးယောက်ကတော့ Iron Man ၊ Mister Fantastic ၊ Black Bolt နဲ့ Namor တို့ပဲ ဖြစ်ပါတယ်။ Illuminati အဖွဲ့ရဲ့ အစောင့်တွေအဖြစ် Ultron Bot တွေကို အသုံးပြုထားတာကြောင့် Iron Man ပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။ အဲဒီ Iron Man ကတော့ Variant ပဲ ဖြစ်ပြီး Ultron ကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကောလာဟလတွေအရ ဆိုရင်တော့ Tom Cruise က ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

photo via screenrant

နောက်ထပ် တစ်ယောက်ကတော့ Mister Fantastic ဖြစ်ဖို့ များပါတယ်။ Marvel စတူဒီယိုဟာ Fantastic Four ရုပ်ရှင်ကို ဖန်တီးသွားဦးမှာ ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Mister Fantastic ကို စတင် ထည့်သွင်းသွားနိုင်ပါတယ်။ သူဟာ ကောမစ်ထဲမှာတော့ အချိန်ခရီးသွားခြင်းနဲ့ Multiverse နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဒါမှမဟုတ် Doctor Strange Variant တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ထဲမှာ Doctor Strange Variant အမျိူးမျိူးကို မြင်တွေ့ရမှာ ဖြစ်ပြီး အဲဒီထဲက တစ်ယောက်က Illuminati အဖွဲ့ဝင် ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီသီအိုရီတွေ မှန်မမှန် ဆိုတာကိုတော့ ရုပ်ရှင်ထွက်လာတဲ့ အချိန်ထိ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular