HomeEntertainmentFilmSecret Invasion အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Secret Invasion အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄)ကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ MCU ရဲ့ Disney+ Series တွေရဲ့ ထုံးစံအတိုင်း အပိုင်း(၄)မှာတော့ Big Reveal တွေကို ပြသလေ့ရှိပါတယ်။ ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေ ခန့်မှန်းနေသလိုပဲ Rhodey က Skrull ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အခြားဘယ်လိုစိတ်ဝင်စားစရာတွေ ပါဝင်နေလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

Battle of New York Reference

photo credit Marvel Studios

ဒီအပိုင်းရဲ့ အစမှာတော့ ၂၀၁၂ ခုနှစ်ကို Flashback ပြန်ပြခဲ့ပြီး Nick Fury နဲ့ Varra တို့ စကားပြောနေတဲ့အခန်းကို ပြသသွားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Varra ဟာ Avengers တွေရဲ့ ပထမဆုံးတိုက်ပွဲဖြစ်တဲ့ Battle of New York အကြောင်းကို ပြောခဲ့ပါတယ်။ ဒါ့အပြင် သတင်းစာထဲမှာလည်း “Les Avengers: La Bataille De New York” လို့ ရေးထားပြီး “The Avengers: Battle for New York” လို့ အဓိပ္ပာယ်ရပါတယ်။

X-Men သို့မဟုတ် Inhuman တွေနဲ့ ပတ်သက်တဲ့ Easter Egg

photo credit Marvel Studios

ဒီအပိုင်းရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကို Nick Fury ရဲ့အိမ်ထဲမှာပဲ ပြသခဲ့ပါတယ်။ ဒီအိမ်ထဲမှာတော့ X-Men ဒါမှမဟုတ် Inhuman တွေနဲ့ ပတ်သက်တဲ့ Easter Egg တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Varra နေရာဝင်ယူထားတဲ့ Priscilla ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ပြသွားတာဖြစ်ပြီး စာအုပ်နာမည်ကတော့ “Decoding the Superhuman Gene” လို့ တွေ့ရပါတယ်။

MCU ထဲက စူပါဟီးရိုးတွေကတော့ စမ်းသပ်မှုတွေ၊ မတော်တဆမှုတွေကနေ စူပါပါဝါတွေ ရလာတာကိုပဲ ပြသခဲ့တာဖြစ်ပြီး မျိုးဗီဇကြောင့် စူပါပါဝါရလာတာမျိုးကိုတော့ Ms. Marvel မတိုင်ခင်အထိ ပြသခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ Superhuman ဆိုတဲ့ အသုံးအနှုန်းကိုတော့ MCU ဟာ အရင်က mention မလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ MCU ရဲ့ Mutant တွေကို မြင်တွေ့ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

Gravik ရဲ့ စွမ်းအားများ

photo credit Marvel Studios

အပိုင်း(၃)ထဲမှာတော့ Gravik ဟာ Extremis ရဲ့ စွမ်းအားတွေကို ရရှိထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အပိုင်း(၄)ထဲမှာတော့ သူဟာ Groot ရဲ့ စွမ်းအားတွေကိုလည်း အသုံးပြုခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ Gravik ဟာ သူတို့ရရှိထားတဲ့ DNA တွေအားလုံးရဲ့ စွမ်းအားတွေကို ယူထားတယ်လို့ ယူဆလို့ရပါတယ်။ ဒီလိုသာဆိုရင်တော့ Gravik ဟာ Frost Beast နဲ့ Cull Obsidian တို့ရဲ့ စွမ်းအားတွေကိုပါ ပိုင်ဆိုင်ထားမယ်လို့ ယုံကြည်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular