HomeCelebs Update NewsKoreafan တွေ stream လို့မရတော့အောင် အပြောင်းအလဲတွေ ပြုလုပ်လိုက်တဲ့ Melon Charts

fan တွေ stream လို့မရတော့အောင် အပြောင်းအလဲတွေ ပြုလုပ်လိုက်တဲ့ Melon Charts

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Melon music chart ဟာ တေးသီချင်းတွေ streaming နားထောင်လို့ရတဲ့ ထိပ်တန်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး Idol တွေ comeback ပြန်လာတိုင်း fandom တွေက အသုံးပြုနေကျ ဝက်ဘ်ဆိုဒ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူထုကြားထဲမှာလည်း တေးသီချင်း streaming နားထောင်ဖို့အတွက် ကျော်ကြားတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ Soribada ၊ Genie ၊ FLO ၊ Vibe စတဲ့ အလားတူ streaming နားထောင်လို့ရတဲ့ အခြားဝက်ဘ်ဆိုဒ်များစွာ ရှိပေမယ့်လည်း Melon ဟာ ပိုပြီးလူသုံးများတဲ့ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့်လည်း အခုဆိုရင်တော့ Melon မှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး Melon ဟာ ပြီးခဲ့တဲ့ မေလတည်းက သုံးစွဲသူတွေကို အသိပေးခဲ့ပြီး ယခုဇူလိုင်လမှာ ပြောင်းလဲမှုတွေ စတင်သက်ရောက်တာ ဖြစ်ပါတယ်။ Melon ဟာ ဇူလိုင်လ(၆)ရက်နေ့ကစပြီး real time chart စနစ်ကို ဖြုတ်ပစ်လိုက်ပါတယ်။ real time chart က ranking တွေဟာ တစ်နာရီတိုင်းမှာ update ဖြစ်နေပြီး ကိုရီးယားစံတော်ချိန် ည(၁)နာရီမှာ ရပ်နားကာ နောက်တစ်မနက်ခင်းလုံး အသစ်ပြန်စလေ့ ရှိပါတယ်။ Melon မှာ stream လုပ်ဖူးသူတွေဆိုရင်တော့ ဒီအကြောင်းကို သိပြီးသား ဖြစ်မှာပါ။

Photo Courtesy: Melon

ယခု အသစ်ပြောင်းလဲလိုက်တဲ့ စနစ်မှာတော့ real time chart နေရာမှာ 24 Hits လို့ခေါ်တဲ့ chart တစ်ခုကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ 24 Hits chart ဟာ (၂၄)နာရီတစ်ခါ update လုပ်ပြီး ကိုရီးယားစံတော်ချိန် ည(၇)နာရီအချိန်မှာ refresh ပြန်စသွားမှာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုရဲ့ အဓိကသော့ချက်ကတော့ (၂၄)နာရီအတွင်းမှာ လူတစ်ယောက်က သီချင်းတစ်ပုဒ်တည်းကို ဘယ်နှကြိမ်ပဲ stream လုပ်လုပ်၊ တစ်ကြိမ်ဆိုပြီးတော့ပဲ ထည့်သွင်း တွက်ချက်သွားမှာ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို တစ်နေ့တည်းမှာပဲ အကြိမ်ရေများစွာ stream လုပ်ခြင်းဟာ ယခုစနစ်မှာတော့ chart အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်တော့ပါဘူး။ ဒါဟာ streaming အပေါ် အားကိုးနေရတဲ့ fandom တွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ပြောင်းလဲမှုတွေ မပြုလုပ်ခင်က Melon Chart ပုံ
Photo Courtesy: Melon

Charts တွေရဲ့ ထိပ်ဆုံးနေရာကို ရောက်ဖို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်ပျက်ခဲ့တဲ့အတွက် Melon ဟာ ranking ပေးတဲ့စနစ်ကိုလည်း ပယ်ဖျက်လိုက်ပါသေးတယ်။ ယခုဆိုရင် ranking နံပါတ်တွေကို လုံးဝမသုံးစွဲတော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ယခင်က chart တွေဟာ fandom တွေရဲ့ အလွန်အကျူး လွှမ်းမိုးအုပ်စိုးမှုကို ခံခဲ့ရပြီး တကယ့်လူထုရဲ့ ကြိုက်နှစ်သက်မှုနဲ့ အချိုးမကျခဲ့တာကြောင့် အခုလိုပြောင်းလဲမှုတွေ ပြုလုပ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

သို့ပေမယ့်လည်း Melon app ကို သုံးစွဲတဲ့ fandom အများစုဟာ ပြောင်းလဲမှုတွေ လုပ်ထားတဲ့ update ဗားရှင်းအသစ်ကို သုံးစွဲဖို့ ငြင်းဆန်နေကြပြီး ယခင် real time chart စနစ် ပါဝင်နေသေးတဲ့ ဗားရှင်းအဟောင်းကိုသာ ဆက်လက်သုံးစွဲနေကြပါတယ်။ ယခုလက်ရှိအချိန်ထိမှာတော့ ဗားရှင်းအဟောင်းဟာ real time chart စနစ်ကို သုံးစွဲလို့ ရနေပါသေးတယ်။

ပြောင်းလဲမှုတွေ ပြုလုပ်ပြီး Melon Chart ပုံ
Photo Courtesy: Melon

ဒီပြောင်းလဲမှုတွေဟာ ကိန်းဂဏန်းတွေကိုပဲ အာရုံစိုက်ထားသူတွေအတွက် စိတ်မသက်သာစရာ ဖြစ်နိုင်ပေမယ့် အခြားသော လူအများစုအတွက်ကတော့ ပိုပြီးပွင့်လင်းမြင်သာကာ အရောင်အသွေးစုံတဲ့ ဂီတ၊ တေးသီချင်းများစွာရဲ့ ညီမျှတဲ့ ယှဉ်ပြိုင်မှုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂီတထုတ်လုပ်သူတွေအတွက်လည်း ပိုပြီးအားတက်ဖွယ်ရာ ဖြစ်လာဖို့ ရှိတယ်လို့လည်း အချို့က မှတ်ချက်ပေးနေကြပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

Melon music chart ဟာ ေတးသီခ်င္းေတြ streaming နားေထာင္လို႔ရတဲ့ ထိပ္တန္းဝက္ဘ္ဆိုဒ္တစ္ခုျဖစ္ၿပီး Idol ေတြ comeback ျပန္လာတိုင္း fandom ေတြက အသုံးျပဳေနက် ဝက္ဘ္ဆိုဒ္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ လူထုၾကားထဲမွာလည္း ေတးသီခ်င္း streaming နားေထာင္ဖို႔အတြက္ ေက်ာ္ၾကားတဲ့ ဝက္ဘ္ဆိုဒ္တစ္ခုပါ။ Soribada ၊ Genie ၊ FLO ၊ Vibe စတဲ့ အလားတူ streaming နားေထာင္လို႔ရတဲ့ အျခားဝက္ဘ္ဆိုဒ္မ်ားစြာ ရွိေပမယ့္လည္း Melon ဟာ ပိုၿပီးလူသုံးမ်ားတဲ့ ဝက္ဘ္ဆိုဒ္တစ္ခု ျဖစ္ေနခဲ့ပါတယ္။ သို႔ေပမယ့္လည္း အခုဆိုရင္ေတာ့ Melon မွာ ႀကီးမားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္လိုက္ၿပီ ျဖစ္ပါတယ္။

အဆိုပါ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ ပတ္သက္ၿပီး Melon ဟာ ၿပီးခဲ့တဲ့ ေမလတည္းက သုံးစြဲသူေတြကို အသိေပးခဲ့ၿပီး ယခုဇူလိုင္လမွာ ေျပာင္းလဲမႈေတြ စတင္သက္ေရာက္တာ ျဖစ္ပါတယ္။ Melon ဟာ ဇူလိုင္လ(၆)ရက္ေန႔ကစၿပီး real time chart စနစ္ကို ျဖဳတ္ပစ္လိုက္ပါတယ္။ real time chart က ranking ေတြဟာ တစ္နာရီတိုင္းမွာ update ျဖစ္ေနၿပီး ကိုရီးယားစံေတာ္ခ်ိန္ ည(၁)နာရီမွာ ရပ္နားကာ ေနာက္တစ္မနက္ခင္းလုံး အသစ္ျပန္စေလ့ ရွိပါတယ္။ Melon မွာ stream လုပ္ဖူးသူေတြဆိုရင္ေတာ့ ဒီအေၾကာင္းကို သိၿပီးသား ျဖစ္မွာပါ။

Photo Courtesy: Melon

ယခု အသစ္ေျပာင္းလဲလိုက္တဲ့ စနစ္မွာေတာ့ real time chart ေနရာမွာ 24 Hits လို႔ေခၚတဲ့ chart တစ္ခုကို အစားထိုးလိုက္တာ ျဖစ္ပါတယ္။ အဆိုပါ 24 Hits chart ဟာ (၂၄)နာရီတစ္ခါ update လုပ္ၿပီး ကိုရီးယားစံေတာ္ခ်ိန္ ည(၇)နာရီအခ်ိန္မွာ refresh ျပန္စသြားမွာ ျဖစ္ပါတယ္။

ဒီေျပာင္းလဲမႈရဲ႕ အဓိကေသာ့ခ်က္ကေတာ့ (၂၄)နာရီအတြင္းမွာ လူတစ္ေယာက္က သီခ်င္းတစ္ပုဒ္တည္းကို ဘယ္ႏွႀကိမ္ပဲ stream လုပ္လုပ္၊ တစ္ႀကိမ္ဆိုၿပီးေတာ့ပဲ ထည့္သြင္း တြက္ခ်က္သြားမွာ ျဖစ္ပါတယ္။ သီခ်င္းတစ္ပုဒ္ကို တစ္ေန႔တည္းမွာပဲ အႀကိမ္ေရမ်ားစြာ stream လုပ္ျခင္းဟာ ယခုစနစ္မွာေတာ့ chart အေပၚ သက္ေရာက္မႈ ရွိမွာ မဟုတ္ေတာ့ပါဘူး။ ဒါဟာ streaming အေပၚ အားကိုးေနရတဲ့ fandom ေတြအတြက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။

ေျပာင္းလဲမႈေတြ မျပဳလုပ္ခင္က Melon Chart ပုံ
Photo Courtesy: Melon

Charts ေတြရဲ႕ ထိပ္ဆုံးေနရာကို ေရာက္ဖို႔ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြ ျဖစ္ပ်က္ခဲ့တဲ့အတြက္ Melon ဟာ ranking ေပးတဲ့စနစ္ကိုလည္း ပယ္ဖ်က္လိုက္ပါေသးတယ္။ ယခုဆိုရင္ ranking နံပါတ္ေတြကို လုံးဝမသုံးစြဲေတာ့ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ ယခင္က chart ေတြဟာ fandom ေတြရဲ႕ အလြန္အက်ဴး လႊမ္းမိုးအုပ္စိုးမႈကို ခံခဲ့ရၿပီး တကယ့္လူထုရဲ႕ ႀကိဳက္ႏွစ္သက္မႈနဲ႔ အခ်ိဳးမက်ခဲ့တာေၾကာင့္ အခုလိုေျပာင္းလဲမႈေတြ ျပဳလုပ္လိုက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

သို႔ေပမယ့္လည္း Melon app ကို သုံးစြဲတဲ့ fandom အမ်ားစုဟာ ေျပာင္းလဲမႈေတြ လုပ္ထားတဲ့ update ဗားရွင္းအသစ္ကို သုံးစြဲဖို႔ ျငင္းဆန္ေနၾကၿပီး ယခင္ real time chart စနစ္ ပါဝင္ေနေသးတဲ့ ဗားရွင္းအေဟာင္းကိုသာ ဆက္လက္သုံးစြဲေနၾကပါတယ္။ ယခုလက္ရွိအခ်ိန္ထိမွာေတာ့ ဗားရွင္းအေဟာင္းဟာ real time chart စနစ္ကို သုံးစြဲလို႔ ရေနပါေသးတယ္။

ေျပာင္းလဲမႈေတြ ျပဳလုပ္ၿပီး Melon Chart ပုံ
Photo Courtesy: Melon

ဒီေျပာင္းလဲမႈေတြဟာ ကိန္းဂဏန္းေတြကိုပဲ အာ႐ုံစိုက္ထားသူေတြအတြက္ စိတ္မသက္သာစရာ ျဖစ္ႏိုင္ေပမယ့္ အျခားေသာ လူအမ်ားစုအတြက္ကေတာ့ ပိုၿပီးပြင့္လင္းျမင္သာကာ အေရာင္အေသြးစုံတဲ့ ဂီတ၊ ေတးသီခ်င္းမ်ားစြာရဲ႕ ညီမွ်တဲ့ ယွဥ္ၿပိဳင္မႈကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂီတထုတ္လုပ္သူေတြအတြက္လည္း ပိုၿပီးအားတက္ဖြယ္ရာ ျဖစ္လာဖို႔ ရွိတယ္လို႔လည္း အခ်ိဳ႕က မွတ္ခ်က္ေပးေနၾကပါတယ္။

LaNina

Source: koreaboo

 

 

RELATED ARTICLES

Most Popular