HomeCelebs Update NewsInternationalMegan Fox နဲ့လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ချင်နေပြီဆိုတဲ့ MGK

Megan Fox နဲ့လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ချင်နေပြီဆိုတဲ့ MGK

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်အဆိုတော် MGK တစ်ဖြစ်လည်း Colson Baker ဟာ သူ့ရဲ့ချစ်သူမမ Megan Fox နဲ့ မိုးမမြင် လေမမြင် ချစ်မိနေပြီဖြစ်တာကြောင့် အနာဂတ်ခရီးလမ်းကို အတူတူ လျှောက်လှမ်းပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ ဆန္ဒရှိနေပြီလို့ ဆိုလာပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ Machine Gun Kelly ဟာ အသက်(၃၄)နှစ်အရွယ် Megan Fox နဲ့ ယခုနှစ်အစောပိုင်းကစလို့ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Megan ကို လက်ထပ်ကာ သားသမီးတွေလည်း ယူချင်နေပြီလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ MGK နဲ့ နီးစပ်တဲ့အတွင်းလူတစ်ယောက်က hollywood life သတင်းဌာနကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

“သူ့သူငယ်ချင်းတွေကဆိုရင် သူ ဒီလောက်ပျော်နေတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူးလို့တောင် ပြောယူရတယ်။ သူက တစ်ချိန်လုံး Megan ရဲ့အနားမှာပဲ ရှိနေချင်တာလေ။ Megan ကိုလည်း အရမ်းချစ်မိနေပြီဖြစ်တာကြောင့် လက်ထပ်ပြီး သားသမီးတွေ ယူဖို့အထိ သူ စဉ်းစားနေပြီလို့ ပွင့်ပွင့်လင်းလင်းကို ပြောလာတာ။ Megan က အနားမှာရှိနေတော့ သူ့ကိုလည်း တော်တော်လေး ထိန်းပြီးသား ဖြစ်သွားတယ်တဲ့။ Megan အတွက်ကိုပဲ သူ အာရုံစိုက်ထားတယ်။ Megan ပျော်ဖို့ဆိုရင် ဘာဖြစ်ဖြစ် သူ အကုန်လုံး လုပ်ပေးမယ့်ပုံစံပဲ။ သူ ဒီလိုချစ်တတ်နေတာ မြင်ရတာ ဝမ်းသာပါတယ်… ” လို့ အဆိုပါ အတွင်းသတင်းက ဆိုထားပါတယ်။

တကယ်တော့ MGK နဲ့ Megan Fox တို့ဟာ ယခင်က အချစ်ဟောင်းတွေနဲ့ ကိုယ်စီ သားသမီးတွေ ရထားပြီးသား ဖြစ်ပါတယ်။ MGK မှာတော့ အထက်တန်းကျောင်းက ချစ်သူဟောင်း Emma Cannon နဲ့ ရထားတဲ့ (၁၁)နှစ်အရွယ် Casie ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ Megan Fox မှာတော့ ခင်ပွန်းဟောင်း Brian Austin Green နဲ့ ရထားတဲ့ ကလေးသုံးယောက် ရှိပါတယ်။ အကြီးဆုံးက (၈)နှစ်အရွယ် Noah ဖြစ်ပြီး (၆)နှစ်အရွယ် Bodhi နဲ့ (၄)နှစ်အရွယ် Journey တို့ ဖြစ်ကြပါတယ်။

Photo: machinegunkelly/ Instagram

“သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်နေကြတာတော့ တကယ်ကြီးပါ။ Megan ရဲ့ဘဝထဲမှာလည်း Colson က အပြည့်အဝ ရှိနေသလို Colson ရဲ့ဘဝထဲမှာလည်း Megan က နေရာယူထားတာပါ။ သူတို့မိသားစုတွေနဲ့လည်း ဆုံတွေ့ပြီးကြပါပြီ။ ကလေးတွေလည်း အပါအဝင်ပေါ့။ တကယ် ပြည့်စုံတဲ့ အချစ်ရေးတစ်ခုပါပဲ။ အခုအချိန်အထိတော့ နှစ်ယောက်စလုံးက တစ်ယောက်အတွက်ပဲ တစ်ယောက် စိတ်ဝင်စားနေကြပါတယ်။ ဒီတော့ ရှေ့မှာ နောက်ထပ် အတည်တကျနဲ့ လေးနက်တဲ့ကိစ္စတွေ အများကြီး ဖြစ်လာဖို့ ရှိနေပါတယ်… ” လို့ နောက်ထပ် အတွင်းလူတစ်ယောက်က ပြောပြထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္အဆိုေတာ္ MGK တစ္ျဖစ္လည္း Colson Baker ဟာ သူ႔ရဲ႕ခ်စ္သူမမ Megan Fox နဲ႔ မိုးမျမင္ ေလမျမင္ ခ်စ္မိေနၿပီျဖစ္တာေၾကာင့္ အနာဂတ္ခရီးလမ္းကို အတူတူ ေလွ်ာက္လွမ္းၿပီး တစ္အိုးတစ္အိမ္ ထူေထာင္ဖို႔ ဆႏၵရွိေနၿပီလို႔ ဆိုလာပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ Machine Gun Kelly ဟာ အသက္(၃၄)ႏွစ္အ႐ြယ္ Megan Fox နဲ႔ ယခုႏွစ္အေစာပိုင္းကစလို႔ ခ်စ္ကြၽမ္းဝင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Megan ကို လက္ထပ္ကာ သားသမီးေတြလည္း ယူခ်င္ေနၿပီလို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ MGK နဲ႔ နီးစပ္တဲ့အတြင္းလူတစ္ေယာက္က hollywood life သတင္းဌာနကို ေျပာျပထားတာ ျဖစ္ပါတယ္။

Photo: machinegunkelly/ Instagram

“သူ႔သူငယ္ခ်င္းေတြကဆိုရင္ သူ ဒီေလာက္ေပ်ာ္ေနတာမ်ိဳး တစ္ခါမွ မျမင္ဖူးခဲ့ဘူးလို႔ေတာင္ ေျပာယူရတယ္။ သူက တစ္ခ်ိန္လုံး Megan ရဲ႕အနားမွာပဲ ရွိေနခ်င္တာေလ။ Megan ကိုလည္း အရမ္းခ်စ္မိေနၿပီျဖစ္တာေၾကာင့္ လက္ထပ္ၿပီး သားသမီးေတြ ယူဖို႔အထိ သူ စဥ္းစားေနၿပီလို႔ ပြင့္ပြင့္လင္းလင္းကို ေျပာလာတာ။ Megan က အနားမွာရွိေနေတာ့ သူ႔ကိုလည္း ေတာ္ေတာ္ေလး ထိန္းၿပီးသား ျဖစ္သြားတယ္တဲ့။ Megan အတြက္ကိုပဲ သူ အာ႐ုံစိုက္ထားတယ္။ Megan ေပ်ာ္ဖို႔ဆိုရင္ ဘာျဖစ္ျဖစ္ သူ အကုန္လုံး လုပ္ေပးမယ့္ပုံစံပဲ။ သူ ဒီလိုခ်စ္တတ္ေနတာ ျမင္ရတာ ဝမ္းသာပါတယ္… ” လို႔ အဆိုပါ အတြင္းသတင္းက ဆိုထားပါတယ္။

တကယ္ေတာ့ MGK နဲ႔ Megan Fox တို႔ဟာ ယခင္က အခ်စ္ေဟာင္းေတြနဲ႔ ကိုယ္စီ သားသမီးေတြ ရထားၿပီးသား ျဖစ္ပါတယ္။ MGK မွာေတာ့ အထက္တန္းေက်ာင္းက ခ်စ္သူေဟာင္း Emma Cannon နဲ႔ ရထားတဲ့ (၁၁)ႏွစ္အ႐ြယ္ Casie ဆိုတဲ့ သမီးေလးတစ္ေယာက္ ရွိပါတယ္။ Megan Fox မွာေတာ့ ခင္ပြန္းေဟာင္း Brian Austin Green နဲ႔ ရထားတဲ့ ကေလးသုံးေယာက္ ရွိပါတယ္။ အႀကီးဆုံးက (၈)ႏွစ္အ႐ြယ္ Noah ျဖစ္ၿပီး (၆)ႏွစ္အ႐ြယ္ Bodhi နဲ႔ (၄)ႏွစ္အ႐ြယ္ Journey တို႔ ျဖစ္ၾကပါတယ္။

Photo: machinegunkelly/ Instagram

“သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ေနၾကတာေတာ့ တကယ္ႀကီးပါ။ Megan ရဲ႕ဘဝထဲမွာလည္း Colson က အျပည့္အဝ ရွိေနသလို Colson ရဲ႕ဘဝထဲမွာလည္း Megan က ေနရာယူထားတာပါ။ သူတို႔မိသားစုေတြနဲ႔လည္း ဆုံေတြ႕ၿပီးၾကပါၿပီ။ ကေလးေတြလည္း အပါအဝင္ေပါ့။ တကယ္ ျပည့္စုံတဲ့ အခ်စ္ေရးတစ္ခုပါပဲ။ အခုအခ်ိန္အထိေတာ့ ႏွစ္ေယာက္စလုံးက တစ္ေယာက္အတြက္ပဲ တစ္ေယာက္ စိတ္ဝင္စားေနၾကပါတယ္။ ဒီေတာ့ ေရွ႕မွာ ေနာက္ထပ္ အတည္တက်နဲ႔ ေလးနက္တဲ့ကိစၥေတြ အမ်ားႀကီး ျဖစ္လာဖို႔ ရွိေနပါတယ္… ” လို႔ ေနာက္ထပ္ အတြင္းလူတစ္ေယာက္က ေျပာျပထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular