HomeCelebs Update NewsKoreaပွဲမထွက်ခင်က လျာထားခဲ့တဲ့ ကေပေါ့ပ်အဖွဲ့(၈)ဖွဲ့ရဲ့ အမည်များ

ပွဲမထွက်ခင်က လျာထားခဲ့တဲ့ ကေပေါ့ပ်အဖွဲ့(၈)ဖွဲ့ရဲ့ အမည်များ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ ပြဲထြက္ေတာ့မယ္ဆိုရင္ အျခားအရာေတြအတြက္ ျပင္ဆင္ေလ့က်င့္ရတာေတြ ရိွသလို အဖြဲ႕နာမည္ကိုလည္း အမ်ိဳးမ်ိဳး စဥ္းစားေရြးခ်ယ္ၾကရပါတယ္။ ေနာက္ဆုံးအတည္ျပဳတဲ့ နာမည္မရလာခင္အထိ လိုက္ဖက္မယ္ထင္တဲ့ နာမည္ေတြကို ေရြးခ်ယ္ၾကရာမွာ ယခုလက္ရိွ နာမည္ႀကီးေနတဲ့ နာမည္ေတြမဟုတ္ဘဲ အျခားနာမည္ေတြကို အတည္ျပဳေတာ့မလို ျဖစ္ခဲ့ရတဲ့ အဖြဲ႕(၈)ဖြဲ႕ ရိွပါတယ္။

(၁) GFRIEND
Photo: gfriendofficial/ Instagram

GFRIEND ဆိုတဲ့ နာမည္ကိုအတည္မျပဳခင္တုန္းက လ်ာထားခဲ့တဲ့ နာမည္ေတြကေတာ့ World Peace ၊ HugHug နဲ႔ Guardian Angel တို႔ ျဖစ္ပါတယ္။ ေနာက္ဆုံးအတည္ျပဳလိုက္ေတာ့လည္း ပထမစဥ္းစားထားတဲ့ နာမည္ေတြနဲ႔ လားလားမွ မသက္ဆိုင္တဲ့ နာမည္ျဖစ္ေနျပန္ပါတယ္။

(၂) TVXQ
Photo: tvxq.official/ Instagram

TVXQ အဖြဲ႕အတြက္ ကနဦးတုန္းက စဥ္းစားထားခဲ့တဲ့ နာမည္ဟာ Whale That Eats Legends ျဖစ္ပါတယ္။ အရွည္ႀကီး စဥ္းစားထားၿပီးမွ တိုတိုတုတ္တုတ္ အကၡရာေတြပဲ စီေပးလိုက္ေတာ့လည္း အဆင္ေျပသြားတာပါပဲ။

(၃) SHINee
Photo: shinee/ Instagram

ေကာင္မေလးေတြၾကားမွာ ေရပန္းစားလွတဲ့ SHINee အဖြဲ႕အတြက္ ပထမစဥ္းစားထားတဲ့ နာမည္ဟာ Luxury Boys ျဖစ္ပါသတဲ့။

(၄) INFINITE
Photo: official_ifnt_/ Instagram

INFINITE အဖြဲ႕အတြက္ မူလက စဥ္းစားထားတဲ့ နာမည္ဟာ Supersonic ျဖစ္ပါတယ္။ Supersonic ထက္စာရင္ လက္ရိွနာမည္က အမ်ားႀကီး ပိုဆြဲေဆာင္မႈရိွတာ အမွန္ပါပဲ။

(၅) BTOB
Photo: cube_official_btob/ Instagram

မူလစဥ္းစားထားတဲ့ နာမည္ဟာ Arirang ျဖစ္ပါတယ္။ Arirang ရဲ႕ အဓိပၸာယ္ကေတာ့ ကိုရီးယားရိုးရာသီခ်င္းရဲ႕ နာမည္ပါ။ တရား၀င္သတ္မွတ္မထားေပမယ့္ ကိုရီးယားျပည္တြင္းမွာ အင္မတန္မွ ေက်ာ္ၾကားလွတဲ့ အမ်ိဳးသားေရးသီခ်င္းျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။

(၆) VIXX
Photo: vixx_stargram/ Instagram

VIXX ဆိုတဲ့ နာမည္မတိုင္ခင္က လ်ာထားတဲ့နာမည္ဟာ Bluefish လို႔ သိရပါတယ္။

(၇) BTS
Photo: bts.bighitofficial/ Instagram

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ BTS အဖြဲ႕အတြက္ ကနဦး လ်ာထားတဲ့ နာမည္ေတြဟာ ခပ္ဆန္းဆန္းပါပဲ။ Big Kids နဲ႔ Young Nation ႏွစ္ခုတည္းက ေရြးခ်ယ္ဖို႔ စဥ္းစားခဲ့ၾကဖူးပါတယ္။

(၈) SISTAR
Photo: official_sistar/ Instagram

နာမည္ေက်ာ္ မိန္းကေလးအဖြဲ႕တစ္ခုျဖစ္တဲ့ SISTAR အဖြဲ႕အတြက္ မူလစဥ္းစားထားတဲ့ နာမည္ေတြကေတာ့ ခ်စ္စရာေလးေတြပါ။ Diri Diri ၊ Dara Dara ၊ Duru Duru နဲ႔ Bop တို႔ျဖစ္ပါတယ္။

အခုလက္ရိွ ေခၚေနရတဲ့နာမည္ေတြနဲ႔ အရင္က စဥ္းစားထားတဲ့နာမည္ေတြ ဘယ္ဟာက ပိုေကာင္းတယ္လို႔ ထင္ပါသလဲ။ အျမင္ေလးကို comment ေပးသြားပါဦးေနာ္။

Xei

Ref: koreaboo

(Unicode Version)

ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ ပွဲထွက်တော့မယ်ဆိုရင် အခြားအရာတွေအတွက် ပြင်ဆင်လေ့ကျင့်ရတာတွေ ရှိသလို အဖွဲ့နာမည်ကိုလည်း အမျိုးမျိုး စဉ်းစားရွေးချယ်ကြရပါတယ်။ နောက်ဆုံးအတည်ပြုတဲ့ နာမည်မရလာခင်အထိ လိုက်ဖက်မယ်ထင်တဲ့ နာမည်တွေကို ရွေးချယ်ကြရာမှာ ယခုလက်ရှိ နာမည်ကြီးနေတဲ့ နာမည်တွေမဟုတ်ဘဲ အခြားနာမည်တွေကို အတည်ပြုတော့မလို ဖြစ်ခဲ့ရတဲ့ အဖွဲ့(၈)ဖွဲ့ ရှိပါတယ်။

(၁) GFRIEND
Photo: gfriendofficial/ Instagram

GFRIEND ဆိုတဲ့ နာမည်ကိုအတည်မပြုခင်တုန်းက လျာထားခဲ့တဲ့ နာမည်တွေကတော့ World Peace ၊ HugHug နဲ့ Guardian Angel တို့ ဖြစ်ပါတယ်။ နောက်ဆုံးအတည်ပြုလိုက်တော့လည်း ပထမစဉ်းစားထားတဲ့ နာမည်တွေနဲ့ လားလားမှ မသက်ဆိုင်တဲ့ နာမည်ဖြစ်နေပြန်ပါတယ်။

 (၂) TVXQ
Photo: tvxq.official/ Instagram

TVXQ အဖွဲ့အတွက် ကနဦးတုန်းက စဉ်းစားထားခဲ့တဲ့ နာမည်ဟာ Whale That Eats Legends ဖြစ်ပါတယ်။ အရှည်ကြီး စဉ်းစားထားပြီးမှ တိုတိုတုတ်တုတ် အက္ခရာတွေပဲ စီပေးလိုက်တော့လည်း အဆင်ပြေသွားတာပါပဲ။

(၃) SHINee
Photo: shinee/ Instagram

ကောင်မလေးတွေကြားမှာ ရေပန်းစားလှတဲ့ SHINee အဖွဲ့အတွက် ပထမစဉ်းစားထားတဲ့ နာမည်ဟာ Luxury Boys ဖြစ်ပါသတဲ့။

(၄) INFINITE
Photo: official_ifnt_/ Instagram

INFINITE အဖွဲ့အတွက် မူလက စဉ်းစားထားတဲ့ နာမည်ဟာ Supersonic ဖြစ်ပါတယ်။ Supersonic ထက်စာရင် လက်ရှိနာမည်က အများကြီး ပိုဆွဲဆောင်မှုရှိတာ အမှန်ပါပဲ။

(၅) BTOB
Photo: cube_official_btob/ Instagram

မူလစဉ်းစားထားတဲ့ နာမည်ဟာ Arirang ဖြစ်ပါတယ်။ Arirang ရဲ့ အဓိပ္ပာယ်ကတော့ ကိုရီးယားရိုးရာသီချင်းရဲ့ နာမည်ပါ။ တရားဝင်သတ်မှတ်မထားပေမယ့် ကိုရီးယားပြည်တွင်းမှာ အင်မတန်မှ ကျော်ကြားလှတဲ့ အမျိုးသားရေးသီချင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

(၆) VIXX
Photo: vixx_stargram/ Instagram

VIXX ဆိုတဲ့ နာမည်မတိုင်ခင်က လျာထားတဲ့နာမည်ဟာ Bluefish လို့ သိရပါတယ်။

(၇) BTS
Photo: bts.bighitofficial/ Instagram

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဖွဲ့အတွက် ကနဦး လျာထားတဲ့ နာမည်တွေဟာ ခပ်ဆန်းဆန်းပါပဲ။ Big Kids နဲ့ Young Nation နှစ်ခုတည်းက ရွေးချယ်ဖို့ စဉ်းစားခဲ့ကြဖူးပါတယ်။

(၈) SISTAR
Photo: official_sistar/ Instagram

နာမည်ကျော် မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ SISTAR အဖွဲ့အတွက် မူလစဉ်းစားထားတဲ့ နာမည်တွေကတော့ ချစ်စရာလေးတွေပါ။ Diri Diri ၊ Dara Dara ၊ Duru Duru နဲ့ Bop တို့ဖြစ်ပါတယ်။

အခုလက်ရှိ ခေါ်နေရတဲ့နာမည်တွေနဲ့ အရင်က စဉ်းစားထားတဲ့နာမည်တွေ ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်ပါသလဲ။ အမြင်လေးကို comment ပေးသွားပါဦးနော်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular