HomeBiographyTWICE အဖွဲ့က Dancing Machine လေး Momo ရဲ့ဘဝအကြောင်း

TWICE အဖွဲ့က Dancing Machine လေး Momo ရဲ့ဘဝအကြောင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TWICE အဖွဲ့ဟာ လက်ရှိ ထိပ်တန်းကေပေါ့ပ်အဖွဲ့တွေထဲက နာမည်ကြီး မိန်းကလေးအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ TWICE ရဲ့ မြူးကြွတဲ့ တေးသီချင်းတွေနဲ့ အဖွဲ့ဝင်တွေရဲ့ မငြင်းနိုင်တဲ့ talent တွေကြောင့် ကမ္ဘာ့နေရာအနှံ့မှာလည်း ONCE တွေ တစ်နေ့တစ်ခြား တိုးပွားလာတာ အံ့ဩစရာတော့ မရှိပါဘူး။ TWICE အဖွဲ့ဟာ Nayeon ၊ Jeongyeon ၊ Momo ၊ Sana ၊ Jihyo ၊ Mina ၊ Dahyun ၊ Chaeyoung နဲ့ Tzuyu ဆိုတဲ့ အဖွဲ့ဝင် မိန်းကလေးကိုးယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ TWICE အဖွဲ့အကြောင်းကို ပိုပြီးနက်နက်နဲနဲ သိချင်ကြတဲ့ စာဖတ်သူတွေအတွက် Dancing Machine လို့ နာမည်ပြောင်ပေးပြီး တင်စားကြရတဲ့ အဖွဲ့ဝင် Momo ရဲ့ အကြောင်းနဲ့ စတင်မိတ်ဆက်ပေးချင်ပါတယ်။

Momo အကြောင်းတွေကို မပြောခင် မသိသေးတဲ့သူတွေအတွက် TWICE အဖွဲ့အကြောင်းလေးကို နည်းနည်းလောက် အကျဉ်းချုံး ပြောပြပေးချင်ပါတယ်။ TWICE အဖွဲ့ဟာ ၂၀၁၅ခုနှစ်က ကျင်းပခဲ့တဲ့ Sixteen ဆိုတဲ့ ပြိုင်ပွဲတစ်ခုကနေ အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့တာပါ။ ယခုအချိန်မှာ အဖွဲ့ဝင်တွေကြားက သံယောဇဉ်ဟာ အံ့ဩစရာ ခိုင်မာနေတာကို တွေ့ရမှာဖြစ်ပေမယ့် တစ်ချိန်တုန်းကတော့ သူတို့တေွဟာ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေဟာ လွယ်လွယ်လေးနဲ့ ကျော်ဖြတ်ပြီး TWICE အဖွဲ့ဖြစ်လာခဲ့တယ်လို့ ထင်မိရင်တော့ မှားသွားပါလိမ့်မယ်။ အခြားအဖွဲ့ဝင်တွေအတွက် မလွယ်ကူခဲ့သလို Momo အတွက်လည်း တော်တော်လေး ခက်ခဲခဲ့ပါတယ်။

Photo: momojype/ Instagram

Momo ဟာ Sixteen ပြိုင်ပွဲရဲ့ အပိုင်း(၆)မှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီ့အချိန်တုန်းက ကြည့်ရှုသူတွေအတွက်ရော၊ အခြားပြိုင်ပွဲဝင်တွေအတွက်ပါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။ သို့ပေမယ့် ဒါဟာ Momo ရဲ့ အိပ်မက်တွေအတွက် အဆုံးသတ်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့အတူ သင် သိကိုသိထားသင့်တဲ့ Momo ရဲ့အကြောင်း ငါးခုကတော့ …

Momo ဟာ ဂျပန်လူမျိုးတစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာကို ဖောက်ထွက်နေတဲ့ ကေပေါ့ပ်ရဲ့ ကြီးမားတဲ့ စျေးကွက်နဲ့အညီ ကေပေါ့ပ်အဖွဲ့ဝင်တွေဟာလည်း ကိုရီးယားလူမျိုးချည်းသပ်သပ် မဟုတ်ကြတော့ပါဘူး။ အခြားနိုင်ငံတွေက Idol ဖြစ်ဖို့ အိပ်မက်ရှိတဲ့ လူငယ်တွေဟာလည်း ကေပေါ့ပ်လောကကို ဝင်ရောက်လာကြပြီး အပြိုင်အဆိုင်များလွန်းတဲ့ ဒီခရီးလမ်းကို လျှောက်လှမ်းလာကြပါတယ်။ အလားတူပါပဲ။ TWICE အဖွဲ့ထဲမှာဆိုရင်လည်း ဂျပန်လူမျိုးအဖွဲ့ဝင် သုံးယောက် ပါဝင်နေပါတယ်။ Momo နဲ့အတူ Sana နဲ့ Mina တို့ဟာ ဂျပန်မလေးတွေပါ။ Momo ဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပေမယ့် ကိုရီးယားစကားကိုလည်း တွင်တွင်ကျယ်ကျယ် ပြောတတ်ပါတယ်။ ကြိုးစားလွန်းသူလေး ဖြစ်တာကြောင့် ဂျပန်မှာ အဖွဲ့လိုက် ပရိုမိုးရှင်းသွားတဲ့အခါမှာလည်း အဖွဲ့အတွက် အကူအညီရသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဂျပန်စကားဟာ မိခင်ဘာသာစကားဖြစ်ပေမယ့် အချိန်အများစုက ကိုရီးယားလူမျိုး အဖွဲ့ဝင်တွေနဲ့ ကုန်ဆုံးနေရတာကြောင့် တစ်ခါတစ်ရံမှာတော့ စကားလေးတွေ ရောပြီး မှားပြောမိတတ်တဲ့ ချစ်စရာအခိုက်အတန့်လေးတွေလည်း ရှိပါတယ်။

Photo: momojype/ Instagram

Momo ဟာ TWICE ရဲ့ အကခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။

Momo ဟာ dancing machine ဆိုတဲ့ နာမည်ပြောင်ကို လွယ်လွယ်နဲ့ ရထားတာတော့ မဟုတ်ပါဘူး။ အချိန်အားရှိသရွေ့ သေသပ်လှပတဲ့ ကကွက်တွေဖြစ်အောင် လေ့ကျင့်နေတတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဆိုရင် အခြားအဖွဲ့တွေရဲ့ ကကွက်တွေကိုပါ အပျော်သဘောအနေနဲ့ လေ့ကျင့်တတ်ပါသေးတယ်။ ထိပ်တန်းအကပညာရှင်တစ်ယောက်ဖြစ်တဲ့ Lia Kim ကတော့ Momo ဟာ ကကွက်တွေကို ခဏလေးနဲ့ သင်ယူလေ့လာနိုင်စွမ်းရှိလို့ နတ်ပြည်က စေလွှတ်လိုက်တဲ့ အကနတ်သမီးလေးတစ်ပါးလို့တောင် ပြောထားဖူးပါတယ်။

Momo ဟာ GOT7 ရဲ့ music video တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။

နာမည်ကြီးစတားတွေအကုန်လုံးဟာ နုနယ်စဉ်ကာလမှာတော့ ရသမျှခြေလှမ်းတွေကို လှမ်းကြရတာဟာ ဓမ္မတာပါ။ Momo ဟာလည်း ၂၀၁၄ခုနှစ် JYP မှာ ထရိန်နင်အဖြစ် ရှိခဲ့တုန်းက GOT7 ရဲ့ “Stop Stop It” MV ထဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ Cameo ပါဝင်ခဲ့ဖူးပါတယ်။ ပါဝင်ထားတဲ့ screen time ကတော့ တကယ့်ကို ဖြတ်ခနဲ ခဏလေးပါပဲ။ ဒါပေမယ့် ဒီနေ့လို ကိုယ်ပိုင်အဖွဲ့နဲ့ ကိုယ်ပိုင် MV တွေ ထွက်ရှိလာနိုင်တာကို တွေ့ရတော့ ကြိုးစားမှုရဲ့ အင်အားတွေကို အားတက်ဖွယ်ရာ ခံစားရပါတယ်။ Momo ပါဝင်ထားတဲ့ အခန်းကတော့ Stop Stop It MV ရဲ့ 3:36 နားမှာ ဖြစ်ပါတယ်။ JYP ရဲ့ တစ်ခြား MV တွေဖြစ်တဲ့ Junho ရဲ့ Feel နဲ့ Wooyoung ရဲ့ R.O.S.E. တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Sixteen ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် သူမရဲ့အနာဂတ်ကို အထိခိုက်မခံခဲ့ပါဘူး။

Momo ဟာ ပြိုင်ပွဲကနေ အဖြုတ်ခံခဲ့ရပေမယ့် သူမရဲ့ခွန်အားနဲ့ talent တွေကို အခြားတစ်နည်းနဲ့ ပြသခဲ့ပါတယ်။ ပြိုင်ပွဲက ပြုတ်သွားတဲ့ အခြားပြိုင်ပွဲဝင်တွေနဲ့အတူ 2PM ရဲ့ My House သီချင်းကို dance cover ကပြပြီး YouTube မှာ တင်ခဲ့ပါတယ်။ Momo ဟာ ရှုံးနိမ့်မှုကို ဝမ်းနည်းအားငယ်စရာအဖြစ် မမှတ်ယူခဲ့ဘဲ အခွင့်အရေးတစ်ခုလို့ မြင်ခဲ့တာကြောင့် သူမမှာရှိတဲ့ အရည်အချင်းတွေကို လူအများမြင်နိုင်အောင် ချပြခဲ့ပါတယ်။ သူမရဲ့စိတ်ဓာတ်ခွန်အားနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုကို ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ dance cover ကို ကြည့်လိုက်ရတဲ့ ဒိုင်လူကြီးတွေဟာ Momo မှာရှိနေတဲ့ အလားအလာတွေကို မြင်သွားပြီး TWICE အဖွဲ့မှာ ပါဝင်ဖို့ ပြန်လည်ဖိတ်ခေါ်ခဲ့ကြတာပါပဲ။

Photo: momojype/ Instagram

Momo ဟာ အကြိုးစားဆုံး Idol တွေထဲကတစ်ယောက်ပါ။ 

Sixteen ပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်ပွဲမှာတော့ အရှေ့က ပြုတ်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေအားလုံးကို ဒိုင်လူကြီးတွေက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အကြောင်းကတော့ TWICE အဖွဲ့ အောင်မြင်ဖို့အတွက် ထူးခြားတဲ့အရည်အသွေးနဲ့ အဖွဲ့ဝင်တစ်ယောက်က အဖွဲ့ကို ပြီးပြည့်စုံစေမယ်လို့ ခန့်မှန်းမိခဲ့ကြလို့ ဖြစ်ပါတယ်။ အခြားသော TWICE အဖွဲ့ဝင်တွေမှာ မရှိတဲ့ အရည်အချင်းမျိုးကို ဒီအဖွဲ့ဝင်တစ်ယောက်မှာ ရှိနေတယ်ဆိုပြီး ဒိုင်လူကြီးတွေက ပြောကြားခဲ့တာပါ။ TWICE အဖွဲ့အတွက် အဖွဲ့ဝင်ရှစ်ယောက် ရွေးချယ်ထားပြီးသားဖြစ်ပြီး နောက်ဆုံးအဖွဲ့ဝင်အနေနဲ့ အရွေးချယ်ခံလိုက်ရတာကတော့ Momo ဖြစ်ပါတယ်။ ဒါ့အပြင် JYP Entertainment ရဲ့ A&R တစ်ဖွဲ့လုံးနဲ့ ထရိန်နာတွေအကုန်လုံးက အကြိုးစားဆုံးနဲ့ စိတ်ရောကိုယ်ပါ အနှစ်မြုပ်ထားနိုင်ဆုံး အဖွဲ့ဝင်အဖြစ် Momo ကို ရွေးချယ်ခဲ့ကြပါသေးတယ်။

ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ စကားအတိုင်းပဲ Momo ဟာ ပြိုင်ပွဲက အဖြုတ်ခံရပြီး မျှော်လင့်ချက်လုံးဝ ကုန်ဆုံးသွားခဲ့ပေမယ့် သူမရဲ့ စစ်မှန်တဲ့ အရည်အချင်းနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တို့က ဒီနေ့ သူမပိုင်ဆိုင်နေတဲ့ အောင်မြင်မှုဆီကို တွန်းပို့ပေးခဲ့တာပါလို့ ဆိုလိုက်ပါရစေ။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

TWICE အဖြဲ႕ဟာ လက္ရွိ ထိပ္တန္းေကေပါ့ပ္အဖြဲ႕ေတြထဲက နာမည္ႀကီး မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။ TWICE ရဲ႕ ျမဴးႂကြတဲ့ ေတးသီခ်င္းေတြနဲ႔ အဖြဲ႕ဝင္ေတြရဲ႕ မျငင္းႏိုင္တဲ့ talent ေတြေၾကာင့္ ကမာၻ႔ေနရာအႏွံ႔မွာလည္း ONCE ေတြ တစ္ေန႔တစ္ျခား တိုးပြားလာတာ အံ့ဩစရာေတာ့ မရွိပါဘူး။ TWICE အဖြဲ႕ဟာ Nayeon ၊ Jeongyeon ၊ Momo ၊ Sana ၊ Jihyo ၊ Mina ၊ Dahyun ၊ Chaeyoung နဲ႔ Tzuyu ဆိုတဲ့ အဖြဲ႕ဝင္ မိန္းကေလးကိုးေယာက္နဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ TWICE အဖြဲ႕အေၾကာင္းကို ပိုၿပီးနက္နက္နဲနဲ သိခ်င္ၾကတဲ့ စာဖတ္သူေတြအတြက္ Dancing Machine လို႔ နာမည္ေျပာင္ေပးၿပီး တင္စားၾကရတဲ့ အဖြဲ႕ဝင္ Momo ရဲ႕ အေၾကာင္းနဲ႔ စတင္မိတ္ဆက္ေပးခ်င္ပါတယ္။

Momo အေၾကာင္းေတြကို မေျပာခင္ မသိေသးတဲ့သူေတြအတြက္ TWICE အဖြဲ႕အေၾကာင္းေလးကို နည္းနည္းေလာက္ အက်ဥ္းခ်ဳံး ေျပာျပေပးခ်င္ပါတယ္။ TWICE အဖြဲ႕ဟာ ၂၀၁၅ခုႏွစ္က က်င္းပခဲ့တဲ့ Sixteen ဆိုတဲ့ ၿပိဳင္ပြဲတစ္ခုကေန အဖြဲ႕တစ္ဖြဲ႕ ျဖစ္လာခဲ့တာပါ။ ယခုအခ်ိန္မွာ အဖြဲ႕ဝင္ေတြၾကားက သံေယာဇဥ္ဟာ အံ့ဩစရာ ခိုင္မာေနတာကို ေတြ႕ရမွာျဖစ္ေပမယ့္ တစ္ခ်ိန္တုန္းကေတာ့ သူတို႔ေတြဟာ ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကပါတယ္။ အဖြဲ႕ဝင္ေတြဟာ လြယ္လြယ္ေလးနဲ႔ ေက်ာ္ျဖတ္ၿပီး TWICE အဖြဲ႕ျဖစ္လာခဲ့တယ္လို႔ ထင္မိရင္ေတာ့ မွားသြားပါလိမ့္မယ္။ အျခားအဖြဲ႕ဝင္ေတြအတြက္ မလြယ္ကူခဲ့သလို Momo အတြက္လည္း ေတာ္ေတာ္ေလး ခက္ခဲခဲ့ပါတယ္။

Photo: momojype/ Instagram

Momo ဟာ Sixteen ၿပိဳင္ပြဲရဲ႕ အပိုင္း(၆)မွာ ၿပိဳင္ပြဲကေန ထုတ္ပယ္ခံခဲ့ရပါေသးတယ္။ အဲ့ဒီ့အခ်ိန္တုန္းက ၾကည့္ရႈသူေတြအတြက္ေရာ၊ အျခားၿပိဳင္ပြဲဝင္ေတြအတြက္ပါ ဝမ္းနည္းပက္လက္ျဖစ္ခဲ့ၾကရပါတယ္။ သို႔ေပမယ့္ ဒါဟာ Momo ရဲ႕ အိပ္မက္ေတြအတြက္ အဆုံးသတ္တစ္ခုေတာ့ မဟုတ္ခဲ့ပါဘူး။ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔အတူ သင္ သိကိုသိထားသင့္တဲ့ Momo ရဲ႕အေၾကာင္း ငါးခုကေတာ့ …

Momo ဟာ ဂ်ပန္လူမ်ိဳးတစ္ဦး ျဖစ္ပါတယ္။

ကမာၻကို ေဖာက္ထြက္ေနတဲ့ ေကေပါ့ပ္ရဲ႕ ႀကီးမားတဲ့ ေစ်းကြက္နဲ႔အညီ ေကေပါ့ပ္အဖြဲ႕ဝင္ေတြဟာလည္း ကိုရီးယားလူမ်ိဳးခ်ည္းသပ္သပ္ မဟုတ္ၾကေတာ့ပါဘူး။ အျခားႏိုင္ငံေတြက Idol ျဖစ္ဖို႔ အိပ္မက္ရွိတဲ့ လူငယ္ေတြဟာလည္း ေကေပါ့ပ္ေလာကကို ဝင္ေရာက္လာၾကၿပီး အၿပိဳင္အဆိုင္မ်ားလြန္းတဲ့ ဒီခရီးလမ္းကို ေလွ်ာက္လွမ္းလာၾကပါတယ္။ အလားတူပါပဲ။ TWICE အဖြဲ႕ထဲမွာဆိုရင္လည္း ဂ်ပန္လူမ်ိဳးအဖြဲ႕ဝင္ သုံးေယာက္ ပါဝင္ေနပါတယ္။ Momo နဲ႔အတူ Sana နဲ႔ Mina တို႔ဟာ ဂ်ပန္မေလးေတြပါ။ Momo ဟာ ဂ်ပန္လူမ်ိဳးတစ္ဦးျဖစ္ေပမယ့္ ကိုရီးယားစကားကိုလည္း တြင္တြင္က်ယ္က်ယ္ ေျပာတတ္ပါတယ္။ ႀကိဳးစားလြန္းသူေလး ျဖစ္တာေၾကာင့္ ဂ်ပန္မွာ အဖြဲ႕လိုက္ ပ႐ိုမိုးရွင္းသြားတဲ့အခါမွာလည္း အဖြဲ႕အတြက္ အကူအညီရသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဂ်ပန္စကားဟာ မိခင္ဘာသာစကားျဖစ္ေပမယ့္ အခ်ိန္အမ်ားစုက ကိုရီးယားလူမ်ိဳး အဖြဲ႕ဝင္ေတြနဲ႔ ကုန္ဆုံးေနရတာေၾကာင့္ တစ္ခါတစ္ရံမွာေတာ့ စကားေလးေတြ ေရာၿပီး မွားေျပာမိတတ္တဲ့ ခ်စ္စရာအခိုက္အတန႔္ေလးေတြလည္း ရွိပါတယ္။

Photo: momojype/ Instagram

Momo ဟာ TWICE ရဲ႕ အကေခါင္းေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။

Momo ဟာ dancing machine ဆိုတဲ့ နာမည္ေျပာင္ကို လြယ္လြယ္နဲ႔ ရထားတာေတာ့ မဟုတ္ပါဘူး။ အခ်ိန္အားရွိသေ႐ြ႕ ေသသပ္လွပတဲ့ ကကြက္ေတြျဖစ္ေအာင္ ေလ့က်င့္ေနတတ္သူ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာဆိုရင္ အျခားအဖြဲ႕ေတြရဲ႕ ကကြက္ေတြကိုပါ အေပ်ာ္သေဘာအေနနဲ႔ ေလ့က်င့္တတ္ပါေသးတယ္။ ထိပ္တန္းအကပညာရွင္တစ္ေယာက္ျဖစ္တဲ့ Lia Kim ကေတာ့ Momo ဟာ ကကြက္ေတြကို ခဏေလးနဲ႔ သင္ယူေလ့လာႏိုင္စြမ္းရွိလို႔ နတ္ျပည္က ေစလႊတ္လိုက္တဲ့ အကနတ္သမီးေလးတစ္ပါးလို႔ေတာင္ ေျပာထားဖူးပါတယ္။

Momo ဟာ GOT7 ရဲ႕ music video တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ဖူးပါတယ္။

နာမည္ႀကီးစတားေတြအကုန္လုံးဟာ ႏုနယ္စဥ္ကာလမွာေတာ့ ရသမွ်ေျခလွမ္းေတြကို လွမ္းၾကရတာဟာ ဓမၼတာပါ။ Momo ဟာလည္း ၂၀၁၄ခုႏွစ္ JYP မွာ ထရိန္နင္အျဖစ္ ရွိခဲ့တုန္းက GOT7 ရဲ႕ “Stop Stop It” MV ထဲမွာ ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ Cameo ပါဝင္ခဲ့ဖူးပါတယ္။ ပါဝင္ထားတဲ့ screen time ကေတာ့ တကယ့္ကို ျဖတ္ခနဲ ခဏေလးပါပဲ။ ဒါေပမယ့္ ဒီေန႔လို ကိုယ္ပိုင္အဖြဲ႕နဲ႔ ကိုယ္ပိုင္ MV ေတြ ထြက္ရွိလာႏိုင္တာကို ေတြ႕ရေတာ့ ႀကိဳးစားမႈရဲ႕ အင္အားေတြကို အားတက္ဖြယ္ရာ ခံစားရပါတယ္။ Momo ပါဝင္ထားတဲ့ အခန္းကေတာ့ Stop Stop It MV ရဲ႕ 3:36 နားမွာ ျဖစ္ပါတယ္။ JYP ရဲ႕ တစ္ျခား MV ေတြျဖစ္တဲ့ Junho ရဲ႕ Feel နဲ႔ Wooyoung ရဲ႕ R.O.S.E. တို႔မွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Sixteen ၿပိဳင္ပြဲက ထြက္ခြာခဲ့ရေပမယ့္ သူမရဲ႕အနာဂတ္ကို အထိခိုက္မခံခဲ့ပါဘူး။

Momo ဟာ ၿပိဳင္ပြဲကေန အျဖဳတ္ခံခဲ့ရေပမယ့္ သူမရဲ႕ခြန္အားနဲ႔ talent ေတြကို အျခားတစ္နည္းနဲ႔ ျပသခဲ့ပါတယ္။ ၿပိဳင္ပြဲက ျပဳတ္သြားတဲ့ အျခားၿပိဳင္ပြဲဝင္ေတြနဲ႔အတူ 2PM ရဲ႕ My House သီခ်င္းကို dance cover ကျပၿပီး YouTube မွာ တင္ခဲ့ပါတယ္။ Momo ဟာ ရႈံးနိမ့္မႈကို ဝမ္းနည္းအားငယ္စရာအျဖစ္ မမွတ္ယူခဲ့ဘဲ အခြင့္အေရးတစ္ခုလို႔ ျမင္ခဲ့တာေၾကာင့္ သူမမွာရွိတဲ့ အရည္အခ်င္းေတြကို လူအမ်ားျမင္ႏိုင္ေအာင္ ခ်ျပခဲ့ပါတယ္။ သူမရဲ႕စိတ္ဓာတ္ခြန္အားနဲ႔ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ေတြက အဖိုးမျဖတ္ႏိုင္တဲ့ အခြင့္အေရးတစ္ခုကို ယူေဆာင္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ dance cover ကို ၾကည့္လိုက္ရတဲ့ ဒိုင္လူႀကီးေတြဟာ Momo မွာရွိေနတဲ့ အလားအလာေတြကို ျမင္သြားၿပီး TWICE အဖြဲ႕မွာ ပါဝင္ဖို႔ ျပန္လည္ဖိတ္ေခၚခဲ့ၾကတာပါပဲ။

Photo: momojype/ Instagram

Momo ဟာ အႀကိဳးစားဆုံး Idol ေတြထဲကတစ္ေယာက္ပါ။ 

Sixteen ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးဖိုင္နယ္ပြဲမွာေတာ့ အေရွ႕က ျပဳတ္သြားခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြအားလုံးကို ဒိုင္လူႀကီးေတြက ျပန္လည္ေခၚယူခဲ့ပါတယ္။ အေၾကာင္းကေတာ့ TWICE အဖြဲ႕ ေအာင္ျမင္ဖို႔အတြက္ ထူးျခားတဲ့အရည္အေသြးနဲ႔ အဖြဲ႕ဝင္တစ္ေယာက္က အဖြဲ႕ကို ၿပီးျပည့္စုံေစမယ္လို႔ ခန႔္မွန္းမိခဲ့ၾကလို႔ ျဖစ္ပါတယ္။ အျခားေသာ TWICE အဖြဲ႕ဝင္ေတြမွာ မရွိတဲ့ အရည္အခ်င္းမ်ိဳးကို ဒီအဖြဲ႕ဝင္တစ္ေယာက္မွာ ရွိေနတယ္ဆိုၿပီး ဒိုင္လူႀကီးေတြက ေျပာၾကားခဲ့တာပါ။ TWICE အဖြဲ႕အတြက္ အဖြဲ႕ဝင္ရွစ္ေယာက္ ေ႐ြးခ်ယ္ထားၿပီးသားျဖစ္ၿပီး ေနာက္ဆုံးအဖြဲ႕ဝင္အေနနဲ႔ အေ႐ြးခ်ယ္ခံလိုက္ရတာကေတာ့ Momo ျဖစ္ပါတယ္။ ဒါ့အျပင္ JYP Entertainment ရဲ႕ A&R တစ္ဖြဲ႕လုံးနဲ႔ ထရိန္နာေတြအကုန္လုံးက အႀကိဳးစားဆုံးနဲ႔ စိတ္ေရာကိုယ္ပါ အႏွစ္ျမဳပ္ထားႏိုင္ဆုံး အဖြဲ႕ဝင္အျဖစ္ Momo ကို ေ႐ြးခ်ယ္ခဲ့ၾကပါေသးတယ္။

ပတၱျမားမွန္ရင္ ႏြံမနစ္ဘူးဆိုတဲ့ စကားအတိုင္းပဲ Momo ဟာ ၿပိဳင္ပြဲက အျဖဳတ္ခံရၿပီး ေမွ်ာ္လင့္ခ်က္လုံးဝ ကုန္ဆုံးသြားခဲ့ေပမယ့္ သူမရဲ႕ စစ္မွန္တဲ့ အရည္အခ်င္းနဲ႔ အရႈံးမေပးတဲ့ စိတ္ဓာတ္တို႔က ဒီေန႔ သူမပိုင္ဆိုင္ေနတဲ့ ေအာင္ျမင္မႈဆီကို တြန္းပို႔ေပးခဲ့တာပါလို႔ ဆိုလိုက္ပါရေစ။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

 

RELATED ARTICLES

Most Popular