HomeCelebs Update NewsKoreaMelon မှာ Like အများဆုံးရရှိထားတဲ့ Girl Group သီချင်း(၁၀)ပုဒ်

Melon မှာ Like အများဆုံးရရှိထားတဲ့ Girl Group သီချင်း(၁၀)ပုဒ်

ကိုရီးယားလူမျိုးတွေဟာ ဘယ်နေရာကိုပဲရောက်နေနေ၊ မိန်းကလေးအဖွဲ့တွေရဲ့ သီချင်းတွေကို နှစ်သက်ကြတယ်ဆိုတာ ထင်ရှားတဲ့အရာတစ်ခုပါ။ ကေပေါ့ပ်လောကမှာ မိန်းကလေးအဖွဲ့တွေ အများအပြားရှိတဲ့အထဲက ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးသော streaming platform တစ်ခုဖြစ်တဲ့ Melon မှာ လူကြိုက်များပြီး Like အများဆုံး ရရှိထားတဲ့ မိန်းကလေးအဖွဲ့တွေရဲ့ သီချင်း(၁၀)ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

နံပါတ်(၁၀) I.O.I အဖွဲ့ရဲ့ Downpour

ဒီသီချင်းဟာ I.O.I အဖွဲ့ မပျက်ခင် နှုတ်ဆက်သွားတဲ့ နောက်ဆုံးတေးသီချင်း ဖြစ်ပါတယ်။ သို့ပေမယ့် အဖွဲ့ဝင်တွေ ပြန်လည်စုစည်းပြီး comeback ပြန်လာမယ်လို့လည်း ကြေငြာထားတာကြောင့် ဒီအဖွဲ့လေးကို လွမ်းနေတဲ့ ပရိသတ်တွေ ပျော်ရွှင်ကြရတော့မှာလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ Like ပေါင်း တစ်သိန်း ငါးသောင်း ခြောက်ထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၉) Red Velvet အဖွဲ့ရဲ့ Russian Roulette

ဒီသီချင်းလေးကတော့ တစ်ခါလောက် နားထောင်လိုက်တာနဲ့ Chorus အပိုဒ်လေးက ခေါင်းထဲမှာ တစ်ခါတည်း စွဲမြဲသွားစေမယ့် သီချင်းမျိုးလေးပါ။ လက်ရှိအချိန်အထိ Like ပေါင်း တစ်သိန်း ငါးသောင်း ခုနှစ်ထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၈) MAMAMOO အဖွဲ့ရဲ့ Starry Night

ဒီသီချင်းလေးဟာ MAMAMOO အဖွဲ့ရဲ့ အောင်မြင်မှုကို နောက်တစ်ဆင့် တက်လှမ်းနိုင်စေခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ လက်တင်ပုံစံသီချင်းလေးဖြစ်ပြီး MAMAMOO ရဲ့ ဂီတမှတ်တိုင်တွေထဲက တစ်ခုလို့လည်း ပြောလို့ရပါတယ်။ လက်ရှိအချိန်အထိ Like ပေါင်း တစ်သိန်း ငါးသောင်း ရှစ်ထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၇) TWICE အဖွဲ့ရဲ့ Knock Knock

TWICE အဖွဲ့ဟာ တစ်ဖွဲ့လုံးရဲ့ ချစ်စရာပုံစံလေးကို ပေါ်လွင်စေမယ့် ဒီသီချင်းလေးနဲ့ ၂၀၁၇ခုနှစ်ကို စတင်ဖွင့်လှစ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်အထိ ဒီ Knock Knock သီချင်းလေးဟာ Melon မှာ Like ပေါင်း တစ်သိန်း ငါးသောင်း ကိုးထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၆) Red Velvet အဖွဲ့ရဲ့ Bad Boy

ဒီ Bad Boy သီချင်းလေးဟာ ထွက်ရှိပြီးတာ နှစ်နှစ်ကျော်ကြာပြီဖြစ်ပေမယ့် လုံးဝရိုးမသွားသေးပါဘူး။ ဒီသီချင်းမှာ Red Velvet အဖွဲ့ရဲ့ ပုံစံအသစ်ကို မြင်လိုက်ကြရပြီး R&B ဂီတကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့အကြောင်း ပြသသွားတဲ့သီချင်းလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ကောင်းကောင်း အသိအမှတ်ပြုခံထားရတဲ့ သီချင်းလေးဖြစ်ပြီး လက်ရှိအချိန်အထိ Like ပေါင်း တစ်သိန်း ခြောက်သောင်းကျော် ရရှိထားပါတယ်။

နံပါတ်(၅) BLACKPINK အဖွဲ့ရဲ့ As If It’s Your Last

ပျော်စရာနွေရာသီပုံစံ သီချင်းအမြူးလေးကြောင့် စထွက်ထွက်ချင်းမှာပဲ Chart တွေရဲ့ ထိပ်မှာ နေရာယူနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တဲ့သီချင်းလေး ဖြစ်ပါတယ်။ စထွက်တဲ့အချိန်ကနေ အခုလက်ရှိအချိန်အထိ Melon မှာ Like ပေါင်း တစ်သိန်း ရှစ်သောင်း နှစ်ထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၄) TWICE အဖွဲ့ရဲ့ TT

ဒီသီချင်းလေးကတော့ ဟောလိုးဝင်းရာသီနဲ့ သိပ်ကိုလိုက်ဖက်လွန်းတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ တစ်ဖွဲ့လုံးရဲ့ အားမာန်ကို ခံစားရစေတဲ့ သီချင်းလေးဖြစ်သလို သူ့ရဲ့အကလေးကလည်း သီချင်းထွက်ပြီးတာနဲ့ လူတိုင်းက လိုက်ကရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ထွက်ရှိပြီး သုံးနှစ်အတွင်းမှာတော့ Like ပေါင်း တစ်သိန်း ကိုးသောင်းကျော် ရရှိထားပါတယ်။

နံပါတ်(၃) BLACKPINK အဖွဲ့ရဲ့ DDU- DU DDU – DU

ဒီသီချင်းလေးကတော့ လူတကာရဲ့ ပါးစပ်ဖျားမှာ စွဲမြဲသွားခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ ကေပေါ့ပ်သီချင်းတွေ သိပ်နားမထောင်တဲ့သူတွေတောင် ဒီသီချင်းကိုတော့ ddu du ddu du နေရာလေးနဲ့ သိနေကြပါတယ်။ လက်ရှိအချိန်အထိ Melon မှာ Like ပေါင်း နှစ်သိန်း တစ်သောင်းကျော် ရရှိထားပါတယ်။

နံပါတ်(၂) TWICE အဖွဲ့ရဲ့ Cheer Up

Cheer Up ဟာ TWICE အဖွဲ့ကို နိုင်ငံတော်မိန်းကလေးအဖွဲ့အဖြစ် အောင်မြင်စေခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ရဲ့ အအောင်မြင်ဆုံးသောသီချင်း ဖြစ်ခဲ့ပြီး TWICE ရဲ့ ပထမဆုံး comeback အဖြစ် ထွက်ရှိခဲ့တဲ့သီချင်းလည်း ဖြစ်ပါတယ်။ ကေပေါ့ပ်လောကမှာရော တစ်ကမ္ဘာလုံးကရော နှစ်ခြိုက်ကြတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိအချိန်အထိ Like ပေါင်း နှစ်သိန်း တစ်သောင်း သုံးထောင်ကျော် ရရှိထားပါတယ်။

နံပါတ်(၁) Red Velvet အဖွဲ့ရဲ့ Red Flavor

Red Velvet အဖွဲ့ရဲ့ ဒီသီချင်းလေးကတော့ Melon မှာ Like အများဆုံးသီချင်းလေး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Like ပေါင်း နှစ်သိန်း တစ်သောင်း ငါးထောင်ကျော် ရရှိထားပါတယ်။ နွေရာသီကို ကိုယ်စားပြုတဲ့ သီချင်းတစ်ပုဒ်လို့တောင် တင်စားထားပြီး ပျော်ရွှင်စေတဲ့ ခံစားချက်လေးကိုလည်း ပေးစွမ်းပါတယ်။ ဒီသီချင်းလေးနဲ့ပဲ ၂၀၁၈ခုနှစ်ရဲ့ Korean Music Awards မှာ အကောင်းဆုံးပေါ့ပ်သီချင်းဆုကို ရရှိခဲ့ပြီး ဂီတမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ဒါကတော့ Melon မှာ Like အများဆုံး girl group သီချင်းဆယ်ပုဒ် ဖြစ်ပါတယ်။ ဘယ်သီချင်းကို အနှစ်သက်ဆုံးလည်းဆိုတာ ဝေမျှပေးခဲ့ပါဦး။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

 

RELATED ARTICLES

Most Popular