HomeCelebs Update NewsKoreaကိုရီးယားႏိုင္ငံရဲ႕ သမိုင္းတစ္ေလွ်ာက္ အယ္လ္ဘမ္ခ်ပ္ေရ အေရာင္းရဆုံးေသာ အဖြဲ႕(၁၀)ဖြဲ႕

ကိုရီးယားႏိုင္ငံရဲ႕ သမိုင္းတစ္ေလွ်ာက္ အယ္လ္ဘမ္ခ်ပ္ေရ အေရာင္းရဆုံးေသာ အဖြဲ႕(၁၀)ဖြဲ႕

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေကေပါ့ပ္ဟာ ေခတ္ၿပိဳင္ဂီတကို လူထုသတိထားမိေအာင္ စတင္သယ္ေဆာင္လာတဲ့ Seo Taiji and Boys ဆိုတဲ့ အဖြဲ႕ရဲ႕ ေနာက္ပိုင္းကစလို႔ တစထက္တစ လူႀကိဳက္မ်ားၿပီး ေအာင္ျမင္လာပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ ေကေပါ့ပ္ဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ယဥ္ေက်းမႈဆိုင္ရာ ပို႔ကုန္တစ္ခုသဖြယ္ ျဖစ္လာခဲ့ပါတယ္။ ေကေပါ့ပ္ စတင္မိတ္ဆက္ခ်ိန္ကစလို႔ ယေန႔အခ်ိန္အထိ ေတာင္ကိုရီးယားရဲ႕ သမိုင္းတစ္ေလွ်ာက္ အယ္လ္ဘမ္ခ်ပ္ေရ အေရာင္းရဆုံး အဖြဲ႕(၁၀)ဖြဲ႕ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

နံပါတ္(၁၀) COOL – (၄.၉)သန္းေက်ာ္

Photo: koreaboo

COOL အဖြဲ႕ဟာ ၁၉၉၄ခုႏွစ္က ပြဲထြက္ခဲ့တာျဖစ္ၿပီး ကိုရီးယားႏိုင္ငံက လႊမ္းမိုးမႈအရိွဆုံးေသာ ေကေပါ့ပ္အဖြဲ႕ေတြထဲမွာ ပါ၀င္ပါတယ္။ ဒီအဖြဲ႕ဟာ ေယာက္်ားေလး၊ မိန္းကေလး ေရာထားတဲ့ အဖြဲ႕လည္းျဖစ္ၿပီး အဖြဲ႕၀င္အေနနဲ႔ ေယာက္်ားေလးႏွစ္ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ ပါ၀င္ပါတယ္။ သူတို႔အဖြဲ႕ဟာ ေပါ့ပါးတဲ့ တီးလုံးတီးကြက္တဲ့ ျမဴးတူးစရာ ကကြက္ေတြေၾကာင့္ ေတာင္ကိုရီးယားမွာ ေက်ာ္ၾကားတဲ့အဖြဲ႕ပါ။ (၂၁)ရာစုမွာ ေကေပါ့ပ္ကို လူႀကိဳက္မ်ားလာေစဖို႔ အေျခခံ အုတ္ျမစ္ထူေထာင္ေပးခဲ့တဲ့အဖြဲ႕လို႔လည္း ေျပာလို႔ရပါတယ္။ နံပါတ္(၁၀)ေနရာမွာ ရပ္တည္ေနတဲ့ COOL အဖြဲ႕ကေတာ့ ယေန႔အခ်ိန္အထိ ပ်မ္းမွ်အားျဖင့္ အယ္လ္ဘမ္ခ်ပ္ေရ (၄.၉)သန္းေက်ာ္ ေရာင္းခ်ထားရပါတယ္။

နံပါတ္(၉) DJ DOC – (၅.၁)သန္းေက်ာ္

Photo: koreaboo

အဖြဲ႕၀င္သုံးေယာက္ပါ၀င္တဲ့ DJ DOC အဖြဲ႕ဟာ ဟစ္ေဟာ့အဖြဲ႕ျဖစ္ၿပီး ၁၉၉၄ခုႏွစ္က ပြဲထြက္ခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အထင္ကရ အဖြဲ႕တစ္ဖြဲ႕အျဖစ္ သတ္မွတ္ခံထားရၿပီး ၂၀၁၈ခုႏွစ္ရဲ႕ ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲမွာ လာေရာက္ေဖ်ာ္ေျဖဖို႔ ဖိတ္ၾကားျခင္းခံရတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။ ယေန႔ေခတ္ ေကေပါ့ပ္အဖြဲ႕ေတြလို ရွက္ေၾကာက္တာမ်ိဳး၊ အဖြဲ႕ရဲ႕ ပုံရိပ္ကို အထူးတလည္ ထိန္းခ်ဳပ္ထားတာမ်ိဳးေတာ့ ဒီအဖြဲ႕မွာ မရိွပါဘူး။

သူတို႔အဖြဲ႕ရဲ႕ သီခ်င္းစာသားအမ်ားစုဟာ ဘာသာေရးနဲ႔ အစိုးရအေပၚ ေ၀ဖန္ထားမႈေတြ ပါ၀င္ၿပီး အျငင္းပြားစရာေတြလည္း အေျမာက္အမ်ား ရိွခဲ့ပါတယ္။ အဲ့ဒီ့အရာေတြေၾကာင့္ပဲ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ အႏုပညာရွင္ေတြရဲ႕ ခံစားခ်က္ကို အေႏွာင္အဖြဲ႕ကင္းကင္း ေဖာ္ထုတ္ျပႏိုင္ခဲ့တဲ့ အဖြဲ႕လို႔ အသိအမွတ္ျပဳခံခဲ့ရတာလည္း ျဖစ္ပါတယ္။ ယေန႔အခ်ိန္အထိ အယ္လ္ဘမ္ခ်ပ္ေရ (၅.၁)သန္းေက်ာ္ ေရာင္းခ်ထားရၿပီး နံပါတ္(၉)ေနရာမွာ ရပ္တည္ေနပါတယ္။

နံပါတ္(၈) g.o.d – (၅.၂)သန္းေက်ာ္

Photo: koreaboo

ေကေပါ့ပ္ပရိသတ္အသစ္ေတြေတာ့ Park Joon-Hyung ကို ကိုရီးယားရသစုံရိႈးေတြထဲမွာ ပါ၀င္ၿပီး သိပ္ရယ္စရာေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ သိၾကပါလိမ့္မယ္။ ဒါေပမယ့္လည္း ဒီ g.o.d အဖြဲ႕ဟာ အင္မတန္ ေအာင္ျမင္တဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ ရင္းႏွီးစရာေကာင္းတဲ့ ပုံရိပ္ေတြေၾကာင့္ ႏိုင္ငံေတာ္အဖြဲ႕လို႔ေတာင္ တင္စားျခင္းခံခဲ့ရပါတယ္။

ကိုရီးယားႏိုင္ငံရဲ႕ စီးပြားပ်က္ကပ္ကေန နာလန္ထူကာစ ၁၉၉၇ခုႏွစ္မွာ ပြဲထြက္ခဲ့ေပမယ့္ တစ္လအတြင္းမွာ အယ္လ္ဘမ္ခ်ပ္ေရ (၁.၄)သန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး ေရာင္းအားအေကာင္းဆုံးအဖြဲ႕အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

နံပါတ္(၇) Girls’ Generation – (၅.၃)သန္းေက်ာ္

Photo: koreaboo

ေနာက္ထပ္ ႏိုင္ငံေတာ္အဖြဲ႕လို႔ သတ္မွတ္ခံရတဲ့ အဖြဲ႕ကေတာ့ Girls’ Generation ျဖစ္ပါတယ္။ ဒီအဖြဲ႕ဟာ ေကေပါ့ပ္သမိုင္းမွာ အထင္ကရအျဖစ္ သတ္မွတ္ခံထားရၿပီး ႏိုင္ငံတကာအထိ ထိုးေဖာက္ႏိုင္ခဲ့တဲ့ အဖြဲ႕ျဖစ္လို႔ ဂုဏ္ထူးေဆာင္ေတြလို ဂုဏ္ျပဳခံထားရတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ရဲ႕ ေအာင္ျမင္မႈဟာ ဆယ္ႏွစ္ေက်ာ္ ရွည္ၾကာခဲ့ၿပီး sub-unit တစ္ခုျဖစ္တဲ့ SNSD-Oh!GG ရဲ႕ ေနာက္ဆုံးထြက္သီခ်င္း Lil’ Touch နဲ႔လည္း ေအာင္ျမင္မႈေတြကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ျပန္ပါတယ္။

Girls’ Generation ဟာ ကိုရီးယားႏိုင္ငံက အေရာင္းရဆုံး အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး အယ္လ္ဘမ္ခ်ပ္ေရအေနနဲ႔ ငါးသန္းေက်ာ္ ေရာင္းခ်ထားရတဲ့အျပင္ ဒစ္ဂ်စ္တယ္ ဆင္ဂယ္လ္ပုဒ္ေရေပါင္း သန္း(၃၀)ေက်ာ္ ေရာင္းခ်ထားရတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

နံပါတ္(၆) TWICE – (၅.၆)သန္းေက်ာ္

Photo: koreaboo

TWICE ဟာ ကိုရီးယားႏိုင္ငံရဲ႕ အေရာင္းရဆုံးေသာ မိန္းကေလးအဖြဲ႕ပါ။ သူတို႔ဟာလည္း Girls’ Generation အဖြဲ႕နဲ႔အတူ ႏိုင္ငံေတာ္အဖြဲ႕အျဖစ္ သတ္မွတ္ခံထားရပါတယ္။ အေရာင္းရဆုံး မိန္းကေလးအဖြဲ႕ ျဖစ္ေစခဲ့တာကေတာ့ မၾကာေသးခင္ကမွ ထြက္ရိွခဲ့တဲ့ သူတို႔ရဲ႕ Fancy You ဆိုတဲ့ EP ေၾကာင့္ ျဖစ္ပါတယ္။ ၂၀၁၇နဲ႔ ၂၀၁၈ (၂)ႏွစ္စလုံးမွာ အယ္လ္ဘမ္ခ်ပ္ေရ တစ္သန္းစီ ေရာင္းခ်ခဲ့ရတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

နံပါတ္(၅) H.O.T.  – (၆.၅)သန္းေက်ာ္

Photo: koreaboo

H.O.T. အဖြဲ႕ဟာ SM Entertainment ရဲ႕ ပထမဆုံးေသာအဖြဲ႕ေတြထဲမွာ ပါ၀င္ၿပီး Idol အဖြဲ႕ေတြရဲ႕ နည္းနာနိႆယေတြကို ပထမဆုံး က်င့္သုံးခဲ့တဲ့ အဖြဲ႕တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကိုရီးယားေကေပါ့ပ္သမိုင္းမွာ ေရွ႕ေဆာင္လမ္းျပအျဖစ္ သတ္မွတ္ခံထားရတာ ျဖစ္ႏိုင္ပါတယ္။

ဒီအဖြဲ႕ဟာ ငါးႏွစ္ပဲ လႈပ္ရွားခဲ့ေပမယ့္ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေအာင္ျမင္ခဲ့ၿပီး ကိုရီးယားႏိုင္ငံတြင္းမွာပဲ အယ္လ္ဘမ္ခ်ပ္ေရ (၆)သန္းေက်ာ္ ေရာင္းခ်ခဲ့ရပါတယ္။ ၂၀၀၁ခုႏွစ္မွာ အဖြဲ႕ပ်က္သြားခဲ့ေပမယ့္ ဒီအဖြဲ႕ဟာ ယေန႔ေခတ္ Idol အဖြဲ႕ေတြ ျဖစ္လာဖို႔ လမ္းခင္းေပးခဲ့တဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး Idol အမ်ားစုက အားက်အတုယူခဲ့ရတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

နံပါတ္(၄) Seo Taiji and Boys  –  (၈)သန္းေက်ာ္

Photo: koreaboo

Seo Taiji and Boys အဖြဲ႕ဟာ ၁၉၉၂ခုႏွစ္မွာ ပြဲထြက္ခဲ့ၿပီး ေခတ္ၿပိဳင္ဂီတေလာကမွာ ေရွးအက်ဆုံးေသာ အဖြဲ႕လို႔ ေျပာရမယ့္အဖြဲ႕ပါ။ အေနာက္တိုင္းဂီတကို ျပည္တြင္းမွာ လူႀကိဳက္မ်ားလာေအာင္ ဖန္တီးႏိုင္ခဲ့တဲ့အဖြဲ႕ျဖစ္ၿပီး တကယ့္ဂႏၳ၀င္အဖြဲ႕ေတြထဲမွာ ပါ၀င္ပါတယ္။ ၉၀ခုႏွစ္ မတိုင္ခင္တည္းက ေရပန္းစားခဲ့တဲ့ ကိုရီးယားႏိုင္ငံရဲ႕ ဂီတေလာက အေျခအေနကို လုံး၀ေျပာင္းလဲေစခဲ့ၿပီး ေခတ္သစ္အတြက္ ထိုးေဖာက္ဖို႔ အျမင္သစ္ေတြ ေ၀မွ်ေပးႏိုင္ခဲ့ပါတယ္။

အဲ့ဒီ့လို နာမည္ေက်ာ္ၾကားမႈေတြကပဲ သူတို႔ရဲ႕သက္တမ္းတစ္ေလွ်ာက္ အယ္လ္ဘမ္ခ်ပ္ေရ (၈)သန္းေက်ာ္ ေရာင္းရေစခဲ့ပါတယ္။ ယခုေနာက္ပိုင္း ေကေပါ့ပ္ပရိသတ္ေတြကေတာ့ YG Entertainment ကို တည္ေထာင္ခဲ့ၿပီး ေအာင္ျမင္တဲ့ Idol အဖြဲ႕မ်ားစြာကို ေမြးထုတ္ေပးႏိုင္ခဲ့တဲ့ အဖြဲ႕၀င္ Yang Hyun-Suk ကို ရင္းႏွီးၾကၿပီး ျဖစ္မွာပါ။

နံပါတ္(၃) EXO – (၁၁)သန္းေက်ာ္

Photo: koreaboo

EXO အဖြဲ႕ဟာ ၂၀၁၃ခုႏွစ္ကေန ၂၀၁၇ခုႏွစ္အထိ ငါးႏွစ္တိုင္တိုင္ အယ္လ္ဘမ္ခ်ပ္ေရ အေရင္းရဆုံးေသာအဖြဲ႕ ျဖစ္ပါတယ္။ ၂၀၀၀ခုႏွစ္ေနာက္ပိုင္း ဒစ္ဂ်စ္တယ္လ္ စတိုးေတြ ေပၚေပါက္လာၿပီးေနာက္မွာ အယ္လ္ဘမ္ေရာင္းခ်ရမႈဟာ သိသိသာသာ ေလ်ာ႔က်သြားခဲ့ပါတယ္။ သို႔ေပမယ့္ EXO ဟာ အဲ့ဒီ့ကန္႔သတ္ခ်က္ေတြကို ေဖာက္ထြက္ၿပီး g.o.d ေနာက္ပိုင္း အယ္လ္ဘမ္ခ်ပ္ေရ သန္းနဲ႔ခ်ီ ေရာင္းခ်ရတဲ့ ပထမဆုံးေသာအဖြဲ႕ ျဖစ္လာပါတယ္။

နံပါတ္(၂) TVXQ – (၁၂)သန္းေက်ာ္

Photo: koreaboo

TVXQ အဖြဲ႕ဟာ သူ႔ေခတ္ကာလမွာေတာ့ အေအာင္ျမင္ဆုံး အဖြဲ႕တစ္ဖြဲ႕ျဖစ္ခဲ့ၿပီး ေကေပါ့ပ္ကို ဂ်ပန္ႏိုင္ငံမွာ လူႀကိဳက္မ်ားလာေအာင္ ထိုးေဖာက္ေပးႏိုင္ခဲ့ပါတယ္။ ပြဲစထြက္တဲ့အခ်ိန္ကစၿပီး ဆယ္ႏွစ္ၾကာတဲ့အထိ အယ္လ္ဘမ္ခ်ပ္ေရေပါင္း (၁၀)သန္းကို ေရာင္းခ်ခဲ့ရၿပီး ေကေပါ့ပ္ေလာကရဲ႕ ထိတ္ထိတ္ႀကဲ ေအာင္ျမင္တဲ့အဖြဲ႕အျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ပန္ႏိုင္ငံမွာ တစ္ပတ္အတြင္း အယ္လ္ဘမ္ခ်ပ္ေရ ေလးသိန္းေက်ာ္ ေရာင္းခ်ခဲ့ရတဲ့ ပထမဆုံးေသာ ျပည္ပအဖြဲ႕ျဖစ္လာခဲ့ကာ ဂ်ပန္ႏိုင္ငံရဲ႕ စံခ်ိန္အမ်ားစုကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

နံပါတ္(၁) BTS  –  (၁၆.၂)သန္းေက်ာ္

Photo: koreaboo

BTS ရဲ႕ မၾကာေသးခင္ကမွ ထြက္ရိွထားတဲ့ ေနာက္ဆုံးထြက္အယ္လ္ဘမ္ Map of the Soul: Persona ဟာ ေတာင္ကိုရီးယားမွာ အယ္လ္ဘမ္ခ်ပ္ေရ (၃.၂)သန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး ကိုရီးယားႏိုင္ငံရဲ႕ အေရာင္းရဆုံးေသာ အယ္လ္ဘမ္အျဖစ္ ထိပ္ဆုံးေနရာမွာ ရိွေနပါတယ္။ ဒါ့အျပင္ BTS ဟာ Billboard 200 မွာ နံပါတ္(၁)ခ်ိတ္ဖူးတဲ့ ပထမဆုံးေသာ ေကေပါ့ပ္အဖြဲ႕ျဖစ္ၿပီး ယူအက္စ္မွာ အယ္လ္ဘမ္ခ်ပ္ေရ သိန္းနဲ႔ခ်ီၿပီး ေရာင္းခ်ရတဲ့ ပထမဆုံးအဖြဲ႕လည္း ျဖစ္ပါတယ္။

ဒါကေတာ့ ကုိရီးယားႏိုင္ငံရဲ႕ သမိုင္းတစ္ေလွ်ာက္ အယ္္လ္ဘမ္ခ်ပ္ေရ အမ်ားဆုံး ေရာင္းခ်ထားရတဲ့ အဖြဲ႕(၁၀)ဖြဲ႕ ျဖစ္ပါတယ္။ ဒါဟာ အယ္လ္ဘမ္ခ်ပ္ေရ ေရာင္းခ်ရမႈကို စာရင္းလုပ္ထားတာျဖစ္လို႔ ဒစ္ဂ်စ္တယ္လ္မွာသာ အေရာင္းမ်ားတဲ့ အခ်ိဳ႕ေသာ အဖြဲ႕ေတြ မပါ၀င္ႏိုင္တာလည္း ျဖစ္ပါတယ္။

Xei

Ref: koreaboo

(Unicode Version)

ကေပေါ့ပ်ဟာ ခေတ်ပြိုင်ဂီတကို လူထုသတိထားမိအောင် စတင်သယ်ဆောင်လာတဲ့ Seo Taiji and Boys ဆိုတဲ့ အဖွဲ့ရဲ့ နောက်ပိုင်းကစလို့ တစထက်တစ လူကြိုက်များပြီး အောင်မြင်လာပါတယ်။ အဲ့ဒီ့နောက်ပိုင်းကစလို့ ကေပေါ့ပ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပို့ကုန်တစ်ခုသဖွယ် ဖြစ်လာခဲ့ပါတယ်။ ကေပေါ့ပ် စတင်မိတ်ဆက်ချိန်ကစလို့ ယနေ့အချိန်အထိ တောင်ကိုရီးယားရဲ့ သမိုင်းတစ်လျှောက် အယ်လ်ဘမ်ချပ်ရေ အရောင်းရဆုံး အဖွဲ့(၁၀)ဖွဲ့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နံပါတ်(၁၀) COOL – (၄.၉)သန်းကျော်

Photo: koreaboo

COOL အဖွဲ့ဟာ ၁၉၉၄ခုနှစ်က ပွဲထွက်ခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံက လွှမ်းမိုးမှုအရှိဆုံးသော ကေပေါ့ပ်အဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ ယောက်ျားလေး၊ မိန်းကလေး ရောထားတဲ့ အဖွဲ့လည်းဖြစ်ပြီး အဖွဲ့ဝင်အနေနဲ့ ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ပေါ့ပါးတဲ့ တီးလုံးတီးကွက်တဲ့ မြူးတူးစရာ ကကွက်တွေကြောင့် တောင်ကိုရီးယားမှာ ကျော်ကြားတဲ့အဖွဲ့ပါ။ (၂၁)ရာစုမှာ ကေပေါ့ပ်ကို လူကြိုက်များလာစေဖို့ အခြေခံ အုတ်မြစ်ထူထောင်ပေးခဲ့တဲ့အဖွဲ့လို့လည်း ပြောလို့ရပါတယ်။ နံပါတ်(၁၀)နေရာမှာ ရပ်တည်နေတဲ့ COOL အဖွဲ့ကတော့ ယနေ့အချိန်အထိ ပျမ်းမျှအားဖြင့် အယ်လ်ဘမ်ချပ်ရေ (၄.၉)သန်းကျော် ရောင်းချထားရပါတယ်။

နံပါတ်(၉) DJ DOC – (၅.၁)သန်းကျော်

Photo: koreaboo

အဖွဲ့ဝင်သုံးယောက်ပါဝင်တဲ့ DJ DOC အဖွဲ့ဟာ ဟစ်ဟော့အဖွဲ့ဖြစ်ပြီး ၁၉၉၄ခုနှစ်က ပွဲထွက်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ အဖွဲ့တစ်ဖွဲ့အဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၈ခုနှစ်ရဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ လာရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ယနေ့ခေတ် ကေပေါ့ပ်အဖွဲ့တွေလို ရှက်ကြောက်တာမျိုး၊ အဖွဲ့ရဲ့ ပုံရိပ်ကို အထူးတလည် ထိန်းချုပ်ထားတာမျိုးတော့ ဒီအဖွဲ့မှာ မရှိပါဘူး။

သူတို့အဖွဲ့ရဲ့ သီချင်းစာသားအများစုဟာ ဘာသာရေးနဲ့ အစိုးရအပေါ် ဝေဖန်ထားမှုတွေ ပါဝင်ပြီး အငြင်းပွားစရာတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။ အဲ့ဒီ့အရာတွေကြောင့်ပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အနုပညာရှင်တွေရဲ့ ခံစားချက်ကို အနှောင်အဖွဲ့ကင်းကင်း ဖော်ထုတ်ပြနိုင်ခဲ့တဲ့ အဖွဲ့လို့ အသိအမှတ်ပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ယနေ့အချိန်အထိ အယ်လ်ဘမ်ချပ်ရေ (၅.၁)သန်းကျော် ရောင်းချထားရပြီး နံပါတ်(၉)နေရာမှာ ရပ်တည်နေပါတယ်။

နံပါတ်(၈) g.o.d – (၅.၂)သန်းကျော်

Photo: koreaboo

ကေပေါ့ပ်ပရိသတ်အသစ်တွေတော့ Park Joon-Hyung ကို ကိုရီးယားရသစုံရှိုးတွေထဲမှာ ပါဝင်ပြီး သိပ်ရယ်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် သိကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီ g.o.d အဖွဲ့ဟာ အင်မတန် အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပြီး သူတို့ရဲ့ ရင်းနှီးစရာကောင်းတဲ့ ပုံရိပ်တွေကြောင့် နိုင်ငံတော်အဖွဲ့လို့တောင် တင်စားခြင်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ စီးပွားပျက်ကပ်ကနေ နာလန်ထူကာစ ၁၉၉၇ခုနှစ်မှာ ပွဲထွက်ခဲ့ပေမယ့် တစ်လအတွင်းမှာ အယ်လ်ဘမ်ချပ်ရေ (၁.၄)သန်းကျော် ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံးအဖွဲ့အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

နံပါတ်(၇) Girls’ Generation – (၅.၃)သန်းကျော်

Photo: koreaboo

နောက်ထပ် နိုင်ငံတော်အဖွဲ့လို့ သတ်မှတ်ခံရတဲ့ အဖွဲ့ကတော့ Girls’ Generation ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကေပေါ့ပ်သမိုင်းမှာ အထင်ကရအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့တဲ့ အဖွဲ့ဖြစ်လို့ ဂုဏ်ထူးဆောင်တွေလို ဂုဏ်ပြုခံထားရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုဟာ ဆယ်နှစ်ကျော် ရှည်ကြာခဲ့ပြီး sub-unit တစ်ခုဖြစ်တဲ့ SNSD-Oh!GG ရဲ့ နောက်ဆုံးထွက်သီချင်း Lil’ Touch နဲ့လည်း အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြန်ပါတယ်။

Girls’ Generation ဟာ ကိုရီးယားနိုင်ငံက အရောင်းရဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အယ်လ်ဘမ်ချပ်ရေအနေနဲ့ ငါးသန်းကျော် ရောင်းချထားရတဲ့အပြင် ဒစ်ဂျစ်တယ် ဆင်ဂယ်လ်ပုဒ်ရေပေါင်း သန်း(၃၀)ကျော် ရောင်းချထားရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နံပါတ်(၆) TWICE – (၅.၆)သန်းကျော်

Photo: koreaboo

TWICE ဟာ ကိုရီးယားနိုင်ငံရဲ့ အရောင်းရဆုံးသော မိန်းကလေးအဖွဲ့ပါ။ သူတို့ဟာလည်း Girls’ Generation အဖွဲ့နဲ့အတူ နိုင်ငံတော်အဖွဲ့အဖြစ် သတ်မှတ်ခံထားရပါတယ်။ အရောင်းရဆုံး မိန်းကလေးအဖွဲ့ ဖြစ်စေခဲ့တာကတော့ မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ သူတို့ရဲ့ Fancy You ဆိုတဲ့ EP ကြောင့် ဖြစ်ပါတယ်။ ၂၀၁၇နဲ့ ၂၀၁၈ (၂)နှစ်စလုံးမှာ အယ်လ်ဘမ်ချပ်ရေ တစ်သန်းစီ ရောင်းချခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နံပါတ်(၅) H.O.T.  – (၆.၅)သန်းကျော်

Photo: koreaboo

H.O.T. အဖွဲ့ဟာ SM Entertainment ရဲ့ ပထမဆုံးသောအဖွဲ့တွေထဲမှာ ပါဝင်ပြီး Idol အဖွဲ့တွေရဲ့ နည်းနာနိဿယတွေကို ပထမဆုံး ကျင့်သုံးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုရီးယားကေပေါ့ပ်သမိုင်းမှာ ရှေ့ဆောင်လမ်းပြအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်နိုင်ပါတယ်။

ဒီအဖွဲ့ဟာ ငါးနှစ်ပဲ လှုပ်ရှားခဲ့ပေမယ့် ကြောက်စရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီး ကိုရီးယားနိုင်ငံတွင်းမှာပဲ အယ်လ်ဘမ်ချပ်ရေ (၆)သန်းကျော် ရောင်းချခဲ့ရပါတယ်။ ၂၀၀၁ခုနှစ်မှာ အဖွဲ့ပျက်သွားခဲ့ပေမယ့် ဒီအဖွဲ့ဟာ ယနေ့ခေတ် Idol အဖွဲ့တွေ ဖြစ်လာဖို့ လမ်းခင်းပေးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Idol အများစုက အားကျအတုယူခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နံပါတ်(၄) Seo Taiji and Boys  –  (၈)သန်းကျော်

Photo: koreaboo

Seo Taiji and Boys အဖွဲ့ဟာ ၁၉၉၂ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ခေတ်ပြိုင်ဂီတလောကမှာ ရှေးအကျဆုံးသော အဖွဲ့လို့ ပြောရမယ့်အဖွဲ့ပါ။ အနောက်တိုင်းဂီတကို ပြည်တွင်းမှာ လူကြိုက်များလာအောင် ဖန်တီးနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး တကယ့်ဂန္ထဝင်အဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ၉၀ခုနှစ် မတိုင်ခင်တည်းက ရေပန်းစားခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ဂီတလောက အခြေအနေကို လုံးဝပြောင်းလဲစေခဲ့ပြီး ခေတ်သစ်အတွက် ထိုးဖောက်ဖို့ အမြင်သစ်တွေ ဝေမျှပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီ့လို နာမည်ကျော်ကြားမှုတွေကပဲ သူတို့ရဲ့သက်တမ်းတစ်လျှောက် အယ်လ်ဘမ်ချပ်ရေ (၈)သန်းကျော် ရောင်းရစေခဲ့ပါတယ်။ ယခုနောက်ပိုင်း ကေပေါ့ပ်ပရိသတ်တွေကတော့ YG Entertainment ကို တည်ထောင်ခဲ့ပြီး အောင်မြင်တဲ့ Idol အဖွဲ့များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အဖွဲ့ဝင် Yang Hyun-Suk ကို ရင်းနှီးကြပြီး ဖြစ်မှာပါ။

နံပါတ်(၃) EXO – (၁၁)သန်းကျော်

Photo: koreaboo

EXO အဖွဲ့ဟာ ၂၀၁၃ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ငါးနှစ်တိုင်တိုင် အယ်လ်ဘမ်ချပ်ရေ အရေင်းရဆုံးသောအဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်နောက်ပိုင်း ဒစ်ဂျစ်တယ်လ် စတိုးတွေ ပေါ်ပေါက်လာပြီးနောက်မှာ အယ်လ်ဘမ်ရောင်းချရမှုဟာ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ သို့ပေမယ့် EXO ဟာ အဲ့ဒီ့ကန့်သတ်ချက်တွေကို ဖောက်ထွက်ပြီး g.o.d နောက်ပိုင်း အယ်လ်ဘမ်ချပ်ရေ သန်းနဲ့ချီ ရောင်းချရတဲ့ ပထမဆုံးသောအဖွဲ့ ဖြစ်လာပါတယ်။

နံပါတ်(၂) TVXQ – (၁၂)သန်းကျော်

Photo: koreaboo

TVXQ အဖွဲ့ဟာ သူ့ခေတ်ကာလမှာတော့ အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပြီး ကေပေါ့ပ်ကို ဂျပန်နိုင်ငံမှာ လူကြိုက်များလာအောင် ထိုးဖောက်ပေးနိုင်ခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကစပြီး ဆယ်နှစ်ကြာတဲ့အထိ အယ်လ်ဘမ်ချပ်ရေပေါင်း (၁၀)သန်းကို ရောင်းချခဲ့ရပြီး ကေပေါ့ပ်လောကရဲ့ ထိတ်ထိတ်ကြဲ အောင်မြင်တဲ့အဖွဲ့အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာ တစ်ပတ်အတွင်း အယ်လ်ဘမ်ချပ်ရေ လေးသိန်းကျော် ရောင်းချခဲ့ရတဲ့ ပထမဆုံးသော ပြည်ပအဖွဲ့ဖြစ်လာခဲ့ကာ ဂျပန်နိုင်ငံရဲ့ စံချိန်အများစုကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

နံပါတ်(၁) BTS  –  (၁၆.၂)သန်းကျော်

Photo: koreaboo

BTS ရဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ နောက်ဆုံးထွက်အယ်လ်ဘမ် Map of the Soul: Persona ဟာ တောင်ကိုရီးယားမှာ အယ်လ်ဘမ်ချပ်ရေ (၃.၂)သန်းကျော် ရောင်းချခဲ့ရပြီး ကိုရီးယားနိုင်ငံရဲ့ အရောင်းရဆုံးသော အယ်လ်ဘမ်အဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် BTS ဟာ Billboard 200 မှာ နံပါတ်(၁)ချိတ်ဖူးတဲ့ ပထမဆုံးသော ကေပေါ့ပ်အဖွဲ့ဖြစ်ပြီး ယူအက်စ်မှာ အယ်လ်ဘမ်ချပ်ရေ သိန်းနဲ့ချီပြီး ရောင်းချရတဲ့ ပထမဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။

ဒါကတော့ ကိုရီးယားနိုင်ငံရဲ့ သမိုင်းတစ်လျှောက် အယ်လ်ဘမ်ချပ်ရေ အများဆုံး ရောင်းချထားရတဲ့ အဖွဲ့(၁၀)ဖွဲ့ ဖြစ်ပါတယ်။ ဒါဟာ အယ်လ်ဘမ်ချပ်ရေ ရောင်းချရမှုကို စာရင်းလုပ်ထားတာဖြစ်လို့ ဒစ်ဂျစ်တယ်လ်မှာသာ အရောင်းများတဲ့ အချို့သော အဖွဲ့တွေ မပါဝင်နိုင်တာလည်း ဖြစ်ပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular