HomeCelebs Update NewsInternationalထိတ္ထိတ္ႀကဲ ေအာင္ျမင္မႈေတြနဲ႔ ကမာၻ႕လူၾကည့္အမ်ားဆုံး YouTube ဗီြဒီယို(၁၀)ခု

ထိတ္ထိတ္ႀကဲ ေအာင္ျမင္မႈေတြနဲ႔ ကမာၻ႕လူၾကည့္အမ်ားဆုံး YouTube ဗီြဒီယို(၁၀)ခု

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

YouTube ရဲ႕အေစာပိုင္း ႏွစ္ေတြတုန္းက လူၾကည့္အမ်ားဆုံး ဗီြဒီယိုေတြဟာ လူေတြစိတ္၀င္စားေအာင္ တင္ဆက္ထားတဲ့ ဗီြဒီယိုမ်ိဳးေတြပါ။ ေနာက္ပိုင္းမွာ တျဖည္းျဖည္း လူႀကိဳက္မ်ားၿပီး အသုံးျပဳသူလူဦးေရ တိုးတက္လာတာနဲ႔အမွ် နာမည္ႀကီးေတြ၊ ဆယ္လီေတြကလည္း YouTube platform ေပၚကို ေရာက္လာၾကပါတယ္။ ဒီအခါမွာေတာ့ လူၾကည့္အမ်ားဆုံး ဗီြဒီယိုစာရင္းဟာ အေျပာင္းအလဲေတြ ျဖစ္လာရပါေတာ့တယ္။ ယခု ၂၀၁၉ခုႏွစ္ ဇူလိုင္လအထိ YouTube က လူၾကည့္အမ်ားဆုံး ဗီြဒီယို(၁၀)ခုကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

(၁၀) Roar (2013) – (2.84 Billions View)

Taylor Swift နဲ႔ Katy Perry တို႔ၾကားက ပဋိပကၡေလးေတြကေတာ့ You Need To Calm Down MV ထဲကအတိုင္း ေျပလည္သြားေပမယ့္ လူၾကည့္အမ်ားဆုံး YouTube ဗီြဒီယိုစာရင္းမွာေတာ့ နံပါတ္(၁၀)ေနရာအတြက္ Katy ရဲ႕ Roar MV နဲ႔ Taylor ရဲ႕ Shake It Off MV တို႔က အေက်အလည္ တိုက္ပြဲ၀င္ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ၂၀၁၃ခုႏွစ္က ထြက္ရိွခဲ့တဲ့ Katy ရဲ႕ Roar MV က သန္း(၅၀) view အသာနဲ႔ နံပါတ္(၁၀)ေနရာမွာ ရပ္တည္ခဲ့ပါတယ္။

(၉) Baby Shark Dance (2016) – (2.94 Billions View)

Baby Shark Dance ဟာ Pinkfong ဆိုတဲ့ ေတာင္ကိုရီးယား ကေလးေဖ်ာ္ေျဖေရးကုမၸဏီက လႊင့္ထုတ္ထားတဲ့ ကေလးသီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ ၂၀၁၆ခုႏွစ္တည္းက YouTube ေပၚ လႊင့္တင္ထားတာ ျဖစ္ေပမယ့္ ၂၀၁၈ခုႏွစ္ ေမလေလာက္မွာမွ အင္တာနက္ေပၚမွာ ဟိုးေလးတေက်ာ္နဲ႔ ပ်ံ႕ႏွံ႔ၿပီး ေပါက္သြားခဲ့တာပါ။ ဘယ္ေလာက္မ်ား ေပါက္သြားလည္းဆိုရင္ေတာ့ Taylor Swift နဲ႔ Katy Perry ရဲ႕ MV ေတြကို ေက်ာ္တက္ၿပီး (၂.၉၄)ဘီလ်ံ view နဲ႔ နံပါတ္(၉)ေနရာမွာ ရပ္တည္ေနတာက အေျဖလို႔ ေျပာရမွာပါ။

(၈) Sugar (2015) – (2.98 Billions View)

Maroon 5 အဖြဲ႔မွာ ေပါက္ေပ့ဆိုတဲ့ MV ေတြ အမ်ားႀကီးပါ။ သို႔ေပမယ့္ မဂၤလာေဆာင္ေတြမွာ လိုက္ေဖ်ာ္ေျဖတဲ့ပုံစံ ရိုက္ကူးထားတဲ့ ဒီ Sugar MV ဟာ She Will Be Loved ၊ Misery ၊ This Love သီခ်ငး္ေတြထက္ ပိုၿပီးလူႀကိဳက္မ်ားသြားခဲ့ပါတယ္။ ဒါရိုက္တာ David Dobkin ရဲ႕ စိတ္ကူးအရ တကယ့္မဂၤလာေဆာင္ေတြမွာ surprise အေနနဲ႔ လိုက္ေဖ်ာ္ေျဖတဲ့ပုံစံ ရိုက္ကူးလိုတာေၾကာင့္ Wedding Planner ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ရိုက္ကူးမယ့္ေန႔နဲ႔ တိုက္ဆိုင္ေနတဲ့ မဂၤလာပြဲေတြမွာ တကယ္ surprise ၀င္ၿပီး ေဖ်ာ္ေျဖခဲ့ၾကတာ ျဖစ္ပါတယ္။ စိတ္ကူးေလး ေကာင္းသြားတာကလည္း ၾကည့္ရႈသူ (၂.၉၈)ဘီလ်ံနဲ႔ လူၾကည့္အမ်ားဆုံး နံပါတ္(၈)ေနရာမွာ ရပ္တည္ဖို႔ ျဖစ္သြားေစပါတယ္။

(၇) Sorry (2015) – (3.15 Billions View)

Justin Bieber ရဲ႕ ၂၀၁၅ခုႏွစ္က ထြက္ရိွခဲ့တဲ့ Sorry MV ဟာ နီယြန္ေရာင္ေတာက္ေတာက္ ၀တ္ဆင္ထားတဲ့ dancer ေတြအျပည့္နဲ႔ ရိုက္ကူးထားတာပါ။ electro-pop အမ်ိဳးအစားျဖစ္တဲ့ ဒီသီခ်င္းဟာ Relationship တစ္ခုကို ရည္ညႊန္းတာထက္ပိုမယ္လို႔ အမ်ားက ခန္႔မွန္းေျပာဆိုခဲ့ၾကေပမယ့္ JB ကိုယ္တိုင္ကေတာ့ ခ်စ္သူေဟာင္း Selena Gomez ကို ရည္ညႊန္းတာပါလို႔ အတည္ျပဳ ေျပာဆိုထားပါတယ္။ ဘယ္လိုပဲျဖစ္ေစ YouTube ေပၚမွာ အလႊမ္းမိုးႏိုင္ဆုံးေသာ MV တစ္ပုဒ္ျဖစ္ၿပီး ၾကည့္ရႈသူ (၃.၁၅) ဘီလ်ံေက်ာ္ ရရိွထားပါတယ္။

(၆) Gangnam Style (2012) – (3.37 Billions View)

Gangnam Style ဟာ k-pop ဂီတကို အေမရိကားလို ႏိုင္ငံရပ္ျခားေတြမွာပါ လူႀကိဳက္မ်ားလာေစခဲ့တဲ့ အဓိကရင္းျမစ္ ဗီြဒီယိုတစ္ခုလို႔ ေျပာရမွာပါ။ ဒီ MV ဟာ ၂၀၁၂ခုႏွစ္က အေမရိကန္ Rapper T-Pain က Twitter မွာ tweet လုပ္လိုက္ရာကတစ္ဆင့္ လူသိမ်ားၿပီး ေပါက္သြားခဲ့တာ ျဖစ္ပါတယ္။ ဒီသီခ်င္းကို သီဆိုခဲ့တဲ့ PSY ကိုယ္တိုင္ကလည္း ဒီ MV ဟာ ကိုရီးယားျပည္တြင္းက ပရိသတ္ေတြအတြက္ပဲ ရည္ရြယ္ခဲ့တာျဖစ္ၿပီး ျပည္ပက ပရိသတ္ေတြကို ပစ္မွတ္ထားခဲ့ျခင္း မရိွဘူးလို႔ Reuters သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။ ဒီ Gangnam Style MV ဟာ တစ္ခ်ိန္ကေတာ့ လူၾကည့္အမ်ားဆုံး ဗီြဒီယိုစာရင္းမွာ နံပါတ္(၁) ခ်ိတ္ခဲ့ဖူးပါတယ္။

(၅) Uptown Funk (2014) – (3.59 Billions View)

Bruno Mars ရဲ႕ ၂၀၁၄ခုႏွစ္က ထြက္ရိွခဲ့တဲ့ Uptown Funk သီခ်င္းဟာ စံခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေက်ာ္ျဖတ္ခဲ့ၿပီး လုံး၀ဟစ္ျဖစ္ခဲ့ပါတယ္။ ဒီသီခ်င္းဟာ ၂၀၁၄ခုႏွစ္ရဲ႕ Billboard 100 စာရင္းမွာ နံပါတ္(၁)အျဖစ္ ဒုတိယအၾကာဆုံး မင္းမူခဲ့တဲ့သီခ်င္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ယူေက၊ ယူအက္စ္နဲ႔ ကမာၻတစ္၀ွမ္းမွာ တစ္ပတ္အတြင္း တိုက္ရိုက္နားဆင္မႈအမ်ားဆုံး သီခ်င္းအျဖစ္လည္း စံခ်ိန္ခ်ိဳးခဲ့ပါေသးတယ္။

(၄) Marsha And The Bear – “Recipe For Disaster” (2012) – (3.73 Billions View)

ရုရွားႏိုင္ငံက ထုတ္လုပ္ထားတဲ့ ဒီကေလးကာတြန္းေလးဟာ YouTube ရဲ႕ လူၾကည့္အမ်ားဆုံး ဗီြဒီယို(၂၀)ထဲမွာ တစ္ခုတည္းေသာ သီခ်င္း MV မဟုတ္တဲ့ ကာတြန္းဗီြဒီယို ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဗီြဒီယိုဟာ ၂၀၁၂ခုႏွစ္က ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး အားလုံးထဲမွာ အေဟာင္းဆုံးေသာ ဗီြဒီယိုျဖစ္ပါတယ္။ ဒီ Marsha And The Bear ကာတြန္းေလးဟာ PSY ရဲ႕ Gangnam Style MV မထြက္ခင္ (၇)လအလိုတည္းက ထြက္ရိွထားတာပါ။ သက္တမ္းၾကာျမင့္လြန္းတာေၾကာင့္ View အမ်ားႀကီး တက္ေနတာလို႔ ထင္စရာရိွေပမယ့္ တကယ္တမ္းမွာ စထြက္ထြက္ခ်င္း ၂၀၁၂ခုႏွစ္တည္းက လူၾကည့္အမ်ားဆုံး ဗီြဒီယိုျဖစ္ခဲ့တာပါ။ Baby Shark ဗီြဒီယိုနဲ႔ မတူတာကေတာ့ ဒီဗီြဒီယိုနဲ႔ပတ္သက္ၿပီး ဘာ meme မွ အင္တာနက္ေပၚမွာ မပ်ံ႕ႏွံ႔ခဲ့တာပါပဲ။ ဒီဗီြဒီယိုေလးဟာ Marsha And The Bear ကာတြန္းဇာတ္လမ္းရဲ႕ (၁၇)ပိုင္းေျမာက္ျဖစ္ၿပီး အျခားေသာ ဗီြဒီယိုအပိုင္းေတြဟာလည္း သန္းနဲ႔ခ်ီတဲ့ View ေတြ ပိုင္ဆိုင္ထားပါတယ္။

(၃) See You Again (2015) – (4.14 Billions View)

ဒီသီခ်င္းဟာ Furious 7 ရုပ္ရွင္ဇာတ္ကားကို ေနာက္ဆုံးရိုက္ကူးၿပီး ကားအက္ဆီးဒင့္ေၾကာင့္ ကြယ္လြန္သြားခဲ့တဲ့ Fast And Furious မင္းသား Paul Walker ကို သတိရလြမ္းဆြတ္တဲ့အေနနဲ႔ အမွတ္တရ သီဆိုထားတဲ့ သီခ်င္းပါ။ Wiz Khalifa နဲ႔ Charlie Puth တို႔ သီဆိုထားတဲ့ ဒီသီခ်င္းဟာ Furious 7 ရုပ္ရွင္ရုံတင္ၿပီးေနာက္မွာ ယူအက္စ္ႏိုင္ငံတြင္း နံပါတ္(၁)ေနရာမွာ အၾကာဆုံး ရပ္တည္ခဲ့တဲ့သီခ်င္းလည္း ျဖစ္ပါတယ္။ ဒီ MV ဟာ ၂၀၁၇ခုႏွစ္ရဲ႕ လူႀကိဳက္အမ်ားဆုံး ဗီြဒီယိုအျဖစ္ Gangnam Style MV ကို ေက်ာ္တက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

(၂) Shape of You (2017) – (4.25 Billions View)

၂၀၁၇ခုႏွစ္က ထြက္ရိွခဲ့တဲ့ Ed Sheeran ရဲ႕ Shape of You သီခ်င္းကေတာ့ ျမန္မာပရိသတ္ၾကားမွာလည္း တကယ္ေပါက္တဲ့ သီခ်င္းပါ။ ေရွာ႔ပင္းစင္တာေတြကေန ေကာ္ဖီဆိုင္ေတြ၊ ဘားေတြအထိ ဘယ္ေနရာသြားသြား ၾကားရေလ့ရိွတဲ့ သီခ်င္းလည္းျဖစ္ပါတယ္။ အလားတူပဲ Shape of You ဟာ ၂၀၁၈ခုႏွစ္ရဲ႕ Spotify မွာလည္း တိုက္ရိုက္နားဆင္မႈ အမ်ားဆုံး သီခ်င္းအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။

(၁) Despacito (2017) _ (6.26 Billions View)

၂၀၁၇ခုနွစ္က ထြက္ရိွခဲ့တဲ့ Despacito MV ဟာ YouTube ရဲ႕ လူၾကည့္အမ်ားဆုံး ဗီြဒီယိုအျဖစ္ နံပါတ္(၁)ေနရာမွာ ရပ္တည္ေနၿပီး နံပါတ္(၂)ေနရာမွာ ရပ္တည္ေနတဲ့ MV နဲ႔ ယွဥ္လုိက္ရင္ အျခားဗီြဒီယိုေတြၾကားက ကြာဟမႈထက္ မ်ားေနတာကို ေတြ႕ရမွာပါ။ ဒီဗီြဒီယိုဟာ လူၾကည့္အမ်ားဆုံးျဖစ္ေနတဲ့ See You Again ကို ျဖဳတ္ခ်ၿပီး ၂၀၁၇ခုႏွစ္ ၾသဂုတ္လမွာတည္းက နံပါတ္(၁)ေနရာကို ေရာက္ရိွလာခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ျမဴးၾကြတဲ့ မယ္လိုဒီနဲ႔ ဘာမွန္းမသိေပမယ့္ လိုက္ရြတ္လို႔ေကာင္းတဲ့ စာသားေတြေၾကာင့္လည္း ထြက္ၿပီးၿပီးခ်င္း (၉၇)ရက္တည္းနဲ႔ ၾကည့္ရႈသူ တစ္ဘီလ်ံေက်ာ္ကို ရရိွခဲ့တာ ျဖစ္ႏိုင္ပါတယ္။ Billboard ကေတာ့ ဒီသီခ်င္းဟာ လက္တင္ဂီတကို US က Records Label ေတြ ျပန္ၿပီးစိတ္၀င္စားလာေအာင္ ဖန္တီးေပးႏိုင္ခဲ့တယ္လို႔ မွတ္ခ်က္ခ်ထားပါတယ္။

ဒါကေတာ့ အခုခ်ိန္ထိ လူၾကည့္အမ်ားဆုံး ျဖစ္ေနဆဲ YouTube ဗီြဒီယို(၁၀)ခု ျဖစ္ပါတယ္။ ဘယ္တစ္ခုက စာဖတ္သူတို႔ရဲ႕ အႀကိဳက္နဲ႔ ကြက္တိျဖစ္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Xei

Ref: polygon

(Unicode Version)

YouTube ရဲ့အစောပိုင်း နှစ်တွေတုန်းက လူကြည့်အများဆုံး ဗွီဒီယိုတွေဟာ လူတွေစိတ်ဝင်စားအောင် တင်ဆက်ထားတဲ့ ဗွီဒီယိုမျိုးတွေပါ။ နောက်ပိုင်းမှာ တဖြည်းဖြည်း လူကြိုက်များပြီး အသုံးပြုသူလူဦးရေ တိုးတက်လာတာနဲ့အမျှ နာမည်ကြီးတွေ၊ ဆယ်လီတွေကလည်း YouTube platform ပေါ်ကို ရောက်လာကြပါတယ်။ ဒီအခါမှာတော့ လူကြည့်အများဆုံး ဗွီဒီယိုစာရင်းဟာ အပြောင်းအလဲတွေ ဖြစ်လာရပါတော့တယ်။ ယခု ၂၀၁၉ခုနှစ် ဇူလိုင်လအထိ YouTube က လူကြည့်အများဆုံး ဗွီဒီယို(၁၀)ခုကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(၁၀) Roar (2013) – (2.84 Billions View)

Taylor Swift နဲ့ Katy Perry တို့ကြားက ပဋိပက္ခလေးတွေကတော့ You Need To Calm Down MV ထဲကအတိုင်း ပြေလည်သွားပေမယ့် လူကြည့်အများဆုံး YouTube ဗွီဒီယိုစာရင်းမှာတော့ နံပါတ်(၁၀)နေရာအတွက် Katy ရဲ့ Roar MV နဲ့ Taylor ရဲ့ Shake It Off MV တို့က အကျေအလည် တိုက်ပွဲဝင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Katy ရဲ့ Roar MV က သန်း(၅၀) view အသာနဲ့ နံပါတ်(၁၀)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

(၉) Baby Shark Dance (2016) – (2.94 Billions View)

Baby Shark Dance ဟာ Pinkfong ဆိုတဲ့ တောင်ကိုရီးယား ကလေးဖျော်ဖြေရေးကုမ္ပဏီက လွှင့်ထုတ်ထားတဲ့ ကလေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်တည်းက YouTube ပေါ် လွှင့်တင်ထားတာ ဖြစ်ပေမယ့် ၂၀၁၈ခုနှစ် မေလလောက်မှာမှ အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်နဲ့ ပျံ့နှံ့ပြီး ပေါက်သွားခဲ့တာပါ။ ဘယ်လောက်များ ပေါက်သွားလည်းဆိုရင်တော့ Taylor Swift နဲ့ Katy Perry ရဲ့ MV တွေကို ကျော်တက်ပြီး (၂.၉၄)ဘီလျံ view နဲ့ နံပါတ်(၉)နေရာမှာ ရပ်တည်နေတာက အဖြေလို့ ပြောရမှာပါ။

(၈) Sugar (2015) – (2.98 Billions View)

Maroon 5 အဖွဲ့မှာ ပေါက်ပေ့ဆိုတဲ့ MV တွေ အများကြီးပါ။ သို့ပေမယ့် မင်္ဂလာဆောင်တွေမှာ လိုက်ဖျော်ဖြေတဲ့ပုံစံ ရိုက်ကူးထားတဲ့ ဒီ Sugar MV ဟာ She Will Be Loved ၊ Misery ၊ This Love သီချင်းတွေထက် ပိုပြီးလူကြိုက်များသွားခဲ့ပါတယ်။ ဒါရိုက်တာ David Dobkin ရဲ့ စိတ်ကူးအရ တကယ့်မင်္ဂလာဆောင်တွေမှာ surprise အနေနဲ့ လိုက်ဖျော်ဖြေတဲ့ပုံစံ ရိုက်ကူးလိုတာကြောင့် Wedding Planner တွေနဲ့ ချိတ်ဆက်ပြီး ရိုက်ကူးမယ့်နေ့နဲ့ တိုက်ဆိုင်နေတဲ့ မင်္ဂလာပွဲတွေမှာ တကယ် surprise ဝင်ပြီး ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ စိတ်ကူးလေး ကောင်းသွားတာကလည်း ကြည့်ရှုသူ (၂.၉၈)ဘီလျံနဲ့ လူကြည့်အများဆုံး နံပါတ်(၈)နေရာမှာ ရပ်တည်ဖို့ ဖြစ်သွားစေပါတယ်။

(၇) Sorry (2015) – (3.15 Billions View)

Justin Bieber ရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Sorry MV ဟာ နီယွန်ရောင်တောက်တောက် ဝတ်ဆင်ထားတဲ့ dancer တွေအပြည့်နဲ့ ရိုက်ကူးထားတာပါ။ electro-pop အမျိုးအစားဖြစ်တဲ့ ဒီသီချင်းဟာ Relationship တစ်ခုကို ရည်ညွှန်းတာထက်ပိုမယ်လို့ အများက ခန့်မှန်းပြောဆိုခဲ့ကြပေမယ့် JB ကိုယ်တိုင်ကတော့ ချစ်သူဟောင်း Selena Gomez ကို ရည်ညွှန်းတာပါလို့ အတည်ပြု ပြောဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်စေ YouTube ပေါ်မှာ အလွှမ်းမိုးနိုင်ဆုံးသော MV တစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုသူ (၃.၁၅) ဘီလျံကျော် ရရှိထားပါတယ်။

(၆) Gangnam Style (2012) – (3.37 Billions View)

Gangnam Style ဟာ k-pop ဂီတကို အမေရိကားလို နိုင်ငံရပ်ခြားတွေမှာပါ လူကြိုက်များလာစေခဲ့တဲ့ အဓိကရင်းမြစ် ဗွီဒီယိုတစ်ခုလို့ ပြောရမှာပါ။ ဒီ MV ဟာ ၂၀၁၂ခုနှစ်က အမေရိကန် Rapper T-Pain က Twitter မှာ tweet လုပ်လိုက်ရာကတစ်ဆင့် လူသိများပြီး ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို သီဆိုခဲ့တဲ့ PSY ကိုယ်တိုင်ကလည်း ဒီ MV ဟာ ကိုရီးယားပြည်တွင်းက ပရိသတ်တွေအတွက်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပြီး ပြည်ပက ပရိသတ်တွေကို ပစ်မှတ်ထားခဲ့ခြင်း မရှိဘူးလို့ Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ဒီ Gangnam Style MV ဟာ တစ်ချိန်ကတော့ လူကြည့်အများဆုံး ဗွီဒီယိုစာရင်းမှာ နံပါတ်(၁) ချိတ်ခဲ့ဖူးပါတယ်။

(၅) Uptown Funk (2014) – (3.59 Billions View)

Bruno Mars ရဲ့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Uptown Funk သီချင်းဟာ စံချိန်တော်တော်များများကို ကျော်ဖြတ်ခဲ့ပြီး လုံးဝဟစ်ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းဟာ ၂၀၁၄ခုနှစ်ရဲ့ Billboard 100 စာရင်းမှာ နံပါတ်(၁)အဖြစ် ဒုတိယအကြာဆုံး မင်းမူခဲ့တဲ့သီချင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူကေ၊ ယူအက်စ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ တစ်ပတ်အတွင်း တိုက်ရိုက်နားဆင်မှုအများဆုံး သီချင်းအဖြစ်လည်း စံချိန်ချိုးခဲ့ပါသေးတယ်။

(၄) Marsha And The Bear – “Recipe For Disaster” (2012) – (3.73 Billions View)

ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ ဒီကလေးကာတွန်းလေးဟာ YouTube ရဲ့ လူကြည့်အများဆုံး ဗွီဒီယို(၂၀)ထဲမှာ တစ်ခုတည်းသော သီချင်း MV မဟုတ်တဲ့ ကာတွန်းဗွီဒီယို ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗွီဒီယိုဟာ ၂၀၁၂ခုနှစ်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အားလုံးထဲမှာ အဟောင်းဆုံးသော ဗွီဒီယိုဖြစ်ပါတယ်။ ဒီ Marsha And The Bear ကာတွန်းလေးဟာ PSY ရဲ့ Gangnam Style MV မထွက်ခင် (၇)လအလိုတည်းက ထွက်ရှိထားတာပါ။ သက်တမ်းကြာမြင့်လွန်းတာကြောင့် View အများကြီး တက်နေတာလို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာ စထွက်ထွက်ချင်း ၂၀၁၂ခုနှစ်တည်းက လူကြည့်အများဆုံး ဗွီဒီယိုဖြစ်ခဲ့တာပါ။ Baby Shark ဗွီဒီယိုနဲ့ မတူတာကတော့ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ဘာ meme မှ အင်တာနက်ပေါ်မှာ မပျံ့နှံ့ခဲ့တာပါပဲ။ ဒီဗွီဒီယိုလေးဟာ Marsha And The Bear ကာတွန်းဇာတ်လမ်းရဲ့ (၁၇)ပိုင်းမြောက်ဖြစ်ပြီး အခြားသော ဗွီဒီယိုအပိုင်းတွေဟာလည်း သန်းနဲ့ချီတဲ့ View တွေ ပိုင်ဆိုင်ထားပါတယ်။

(၃) See You Again (2015) – (4.14 Billions View)

ဒီသီချင်းဟာ Furious 7 ရုပ်ရှင်ဇာတ်ကားကို နောက်ဆုံးရိုက်ကူးပြီး ကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်သွားခဲ့တဲ့ Fast And Furious မင်းသား Paul Walker ကို သတိရလွမ်းဆွတ်တဲ့အနေနဲ့ အမှတ်တရ သီဆိုထားတဲ့ သီချင်းပါ။ Wiz Khalifa နဲ့ Charlie Puth တို့ သီဆိုထားတဲ့ ဒီသီချင်းဟာ Furious 7 ရုပ်ရှင်ရုံတင်ပြီးနောက်မှာ ယူအက်စ်နိုင်ငံတွင်း နံပါတ်(၁)နေရာမှာ အကြာဆုံး ရပ်တည်ခဲ့တဲ့သီချင်းလည်း ဖြစ်ပါတယ်။ ဒီ MV ဟာ ၂၀၁၇ခုနှစ်ရဲ့ လူကြိုက်အများဆုံး ဗွီဒီယိုအဖြစ် Gangnam Style MV ကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

(၂) Shape of You (2017) – (4.25 Billions View)

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Ed Sheeran ရဲ့ Shape of You သီချင်းကတော့ မြန်မာပရိသတ်ကြားမှာလည်း တကယ်ပေါက်တဲ့ သီချင်းပါ။ ရှော့ပင်းစင်တာတွေကနေ ကော်ဖီဆိုင်တွေ၊ ဘားတွေအထိ ဘယ်နေရာသွားသွား ကြားရလေ့ရှိတဲ့ သီချင်းလည်းဖြစ်ပါတယ်။ အလားတူပဲ Shape of You ဟာ ၂၀၁၈ခုနှစ်ရဲ့ Spotify မှာလည်း တိုက်ရိုက်နားဆင်မှု အများဆုံး သီချင်းအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

(၁) Despacito (2017) _ (6.26 Billions View)

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Despacito MV ဟာ YouTube ရဲ့ လူကြည့်အများဆုံး ဗွီဒီယိုအဖြစ် နံပါတ်(၁)နေရာမှာ ရပ်တည်နေပြီး နံပါတ်(၂)နေရာမှာ ရပ်တည်နေတဲ့ MV နဲ့ ယှဉ်လိုက်ရင် အခြားဗွီဒီယိုတွေကြားက ကွာဟမှုထက် များနေတာကို တွေ့ရမှာပါ။ ဒီဗွီဒီယိုဟာ လူကြည့်အများဆုံးဖြစ်နေတဲ့ See You Again ကို ဖြုတ်ချပြီး ၂၀၁၇ခုနှစ် သြဂုတ်လမှာတည်းက နံပါတ်(၁)နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မြူးကြွတဲ့ မယ်လိုဒီနဲ့ ဘာမှန်းမသိပေမယ့် လိုက်ရွတ်လို့ကောင်းတဲ့ စာသားတွေကြောင့်လည်း ထွက်ပြီးပြီးချင်း (၉၇)ရက်တည်းနဲ့ ကြည့်ရှုသူ တစ်ဘီလျံကျော်ကို ရရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ Billboard ကတော့ ဒီသီချင်းဟာ လက်တင်ဂီတကို US က Records Label တွေ ပြန်ပြီးစိတ်ဝင်စားလာအောင် ဖန်တီးပေးနိုင်ခဲ့တယ်လို့ မှတ်ချက်ချထားပါတယ်။

ဒါကတော့ အခုချိန်ထိ လူကြည့်အများဆုံး ဖြစ်နေဆဲ YouTube ဗွီဒီယို(၁၀)ခု ဖြစ်ပါတယ်။ ဘယ်တစ်ခုက စာဖတ်သူတို့ရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Xei

Ref: polygon

 

RELATED ARTICLES

Most Popular