HomeAnimeAnime ပရိသတ်တိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Anime Horror စီးရီး(၇)ခု

Anime ပရိသတ်တိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Anime Horror စီးရီး(၇)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime လည်း ကြိုက်မယ်၊ horror လည်း ကြိုက်မယ်ဆိုသူတွေအတွက် မကြည့်မဖြစ် ကြည့်ထားသင့်တဲ့ Anime horror စီးရီးကောင်း(၇)ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(7) Elfen Lied
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရထားတဲ့ မီနီစီးရီးတစ်ခု ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၄)ပိုင်းပဲ ရှိပါတယ်။ ဇာတ်လမ်းကတော့ တက္ကသိုလ်ကျောင်းသားလေး နှစ်ယောက်ဟာ ကူကယ်ရာမဲ့နေတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်တင်ထားပါတယ်။ ဒါပေမဲ့ သူတို့မသိတာက အဲ့ဒီကောင်မလေးဟာ လူတွေအများကြီး သတ်ထားတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်နေပြီးတော့ လူတစ်ကိုယ် စိတ်နှစ်မျိုး ဖြစ်နေတယ်ဆိုတဲ့ အချက်ပါ။  ဒီစီးရီးဟာ သွေးထွက်သံယိုအခန်းတွေ ပါဝင်ပြီး နည်းနည်းလည်း ကြမ်းတာကြောင့် ကလေးတွေ မကြည့်သင့်ပါဘူး။

(6) Parasyte: The Maxim
photo via cbr

Parasyte: The Maxim ဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (8.4) ရရှိထားပါတယ်။ အပိုင်းကတော့ စုစုပေါင်း(၂၄)ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ ကပ်ပါးကောင်တွေဟာ လူတွေနေတဲ့ ကမ္ဘာကို ကျူးကျော်လာကြပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီး ဦးနှောက်ကိုစားကာ လူအယောင်ဆောင်ပြီး နေကြပါတယ်။ အဲ့ဒီ့အချိန်မှာ အသက်(၁၇)နှစ်အရွယ်ကောင်လေး  Shinichi Izumi ရဲ့ ကိုယ်ထဲကိုလည်း ကပ်ပါးကောင်က ဝင်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ကပ်ပါးကောင်က ဦးနှောက်အထိ ရောက်အောင် မသွားနိုင်တော့ဘဲ သူ့ရဲ့ လက်ကိုပဲ စားလိုက်ပြီးတော့ လက်အယောင်ဆောင်ပြီး နေနေပါတယ်။ အဲ့ဒါကို Shinichi Izumi က သိသွားတဲ့အချိန်မှာ အဲ့ဒီကပ်ပါးကောင်နဲ့ ပူးတွဲပြီး ဘယ်လိုနေရမလည်းဆိုတာ အဖြေရှာရပါတော့တယ်။ ဒီစီးရီးဟာ သွေးထွက်သံယိုအခန်းများစွာ ပါဝင်ပြီး ကြည့်ပြီးသွားရင်လည်း သင့်အတွက် တွေးစရာတစ်ခုတော့ ကျန်နေခဲ့ပါလိမ့်မယ်။

(5) Yamishibai
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဒီဇာတ်လမ်းက တစ်ခြားစီးရီးတွေနဲ့ မတူဘဲ နည်းနည်းတော့ ထူးခြားပါတယ်။ အခုထိ season ပေါင်း(၇)ခု ထွက်ထားပြီးတော့ season တစ်ခုမှာ (၁၃)ပိုင်း ပါဝင်ပါတယ်။ ဒါပေမဲ့ တစ်ပိုင်းကို (၄)မိနစ် ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ တစ်ပိုင်းစီတိုင်းမှာ မတူညီတဲ့ အနုပညာလက်ရာ၊ နောက်ခံတေးဂီတ၊ ကာရိုက်တာတွေကို တွေ့ရမှာဖြစ်ပြီး ရသပေါင်းစုံနဲ့ ခံစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အဖိုးကြီးတစ်ယောက်ဟာ အပတ်စဉ်တိုင်း ညနေငါးနာရီထိုးရင်  ကလေးကစားကွင်းကို သွားပြီးတော့ ဂျပန်ရိုးရာ သရဲပုံပြင်တွေအကြောင်းကို ဂျပန်ရုပ်သေးပညာနဲ့ ပြောပြလေ့ရှိပါတယ်။ ဇာတ်လမ်းရဲ့ အပိုင်းတိုင်းက သူပြောပြတဲ့ ပုံပြင်တွေ ဖြစ်ပြီးတော့ တစ်ခြား horror တွေနဲ့ မတူဘဲ ကွဲပြားနေတဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

(4) Ghost Hunt
photo via cbr

Ghost Hunt ဟာ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.6) ရရှိထားပါတယ်။ အပိုင်းကတော့ စုစုပေါင်း (၂၅)ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ ဂျပန်တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံစုံစမ်း ထောက်လှမ်းတဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ သရဲတစ္ဆေတွေကို လိုက်ရှာတဲ့ဇာတ်လမ်းတွေလိုမျိုးပဲ ဒီစီးရီးဟာ ဗြုန်း ဒိုင်း ဆိုပြီး ကြောက်စရာကောင်းတာမျိုးထက် တစိမ့်စိမ့်နဲ့ ကျောချမ်းလာအောင် ခံစားရစေမှာ ဖြစ်ပါတယ်။

(3) Another
photo via cbr

Another ကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.6) ရရှိထားပါတယ်။ ဒီစီးရီးမှာ စုစုပေါင်း အပိုင်း(၁၃)ပိုင်း  ပါဝင်ပါတယ်။ anime ပရိသတ်အများစုကတော့ ဒီစီးရီးကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဇာတ်လမ်းကတော့ Koichi Sakakibara လို့ခေါ်တဲ့ လူငယ်လေးဟာ ကျောင်းအသစ်ကို ပြောင်းလာပြီးတဲ့နောက်မှာ ထူးဆန်းတာတွေကို ကြုံတွေ့ခဲ့ရပြီး ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျောင်းတစ်ကျောင်းလုံးမှာ သူတစ်ယောက်တည်းကပဲ အဲ့ဒီကောင်မလေးကို မြင်ရတဲ့သူ ဖြစ်နေခဲ့ပါတယ်။

အဲ့ဒီ့ကောင်မလေးဟာ ဘယ်သူများ ဖြစ်မလည်း၊ လူတွေက အဲ့ဒီ့ကောင်မလေးကို တကယ်မမြင်ရတာလား၊ ကောင်လေးကရော ဘာဖြစ်လို့ မြင်နေရတာလည်းဆိုတာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစတည်းကနေ ပြီးကာနီးအထိ မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပြီးတော့ anime fan တွေကြားထဲမှာ တော်တော်လေး နာမည်ကြီးတဲ့ စီးရီးလည်း ဖြစ်ပါတယ်။

(2) Shiki
photo via cbr

ဒီစီးရီးကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားတာပါ။ အပိုင်းပေါင်း(၂၄)ပိုင်း ပါရှိကာ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Sotoba ဆိုတဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို သေကြေ ပျက်စီးကုန်ကြပါတယ်။ ဆရာဝန် Toshio Ozaki ဟာ ဒီအဖြစ်အပျက်ကို အစက ကပ်ရောဂါတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တန်းမှာတော့ တစ်ခြားတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့လိုသေဆုံးနေတာတွေဟာ ပြဿနာရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်။ နောက်ထပ်ပြဿနာဖြစ်တဲ့ သေသွားတဲ့သူတွေက ပြန်ထလာတဲ့အခါမှာတော့ ဘယ်လိုတွေ ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။

(1) Corpse Party: Tortured Souls
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး အပိုင်း(၄)ပိုင်းသာ ပါရှိတဲ့ မီနီစီးရီး ဖြစ်ပါတယ်။ IMDb rating ကတော့ (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသားတစ်စုဟာ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ အစီအရင်ပြုလုပ်နည်းတစ်ခုကို ပြုလုပ်ခဲ့ရာက စပါတယ်။

သူတို့ အစီအရင် ပြုလုပ်တဲ့အချိန်မှာ တစ်စုံတစ်ခုက မှားယွင်းသွားပြီး သူတို့အားလုံးဟာ ဝိဉာဉ်တွေ ပြည့်နှက်နေတဲ့ မူလတန်းကျောင်းတစ်ခုကို ထွက်ပေါက်မရှိဘဲ ချက်ချင်း ရောက်သွားပါတယ်။ သူတို့ အဲ့ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်လာနိုင်မှာလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါ။ သွေးထွက်သံယိုအခန်းတွေ အများကြီး ပါတာမို့ အသည်းငယ်သူများ မကြည့်သင့်ပါဘူး။

ဒါကတော့ anime horror စီးရီးကောင်းတွေကို စုစည်းဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော အထက်က ဖော်ပြထားတဲ့ စီးရီးတွေထဲက ဘယ်စီးရီးတွေကို ကြည့်ရှုပြီးပါပြီလဲ။ တစ်ခြားကောင်းနိုးရာရာတေွ ကြည့်ထားဖူးရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Anime လည္း ႀကိဳက္မယ္၊ horror လည္း ႀကိဳက္မယ္ဆိုသူေတြအတြက္ မၾကည့္မျဖစ္ ၾကည့္ထားသင့္တဲ့ Anime horror စီးရီးေကာင္း(၇)ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

(7) Elfen Lied
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရထားတဲ့ မီနီစီးရီးတစ္ခု ျဖစ္ပါတယ္။ စုစုေပါင္း အပိုင္း(၁၄)ပိုင္းပဲ ရွိပါတယ္။ ဇာတ္လမ္းကေတာ့ တကၠသိုလ္ေက်ာင္းသားေလး ႏွစ္ေယာက္ဟာ ကူကယ္ရာမဲ့ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ကယ္တင္ထားပါတယ္။ ဒါေပမဲ့ သူတို႔မသိတာက အဲ့ဒီေကာင္မေလးဟာ လူေတြအမ်ားႀကီး သတ္ထားတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ေနၿပီးေတာ့ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဳး ျဖစ္ေနတယ္ဆိုတဲ့ အခ်က္ပါ။  ဒီစီးရီးဟာ ေသြးထြက္သံယိုအခန္းေတြ ပါဝင္ၿပီး နည္းနည္းလည္း ၾကမ္းတာေၾကာင့္ ကေလးေတြ မၾကည့္သင့္ပါဘူး။

(6) Parasyte: The Maxim
photo via cbr

Parasyte: The Maxim ဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိထားၿပီး IMDb (8.4) ရရွိထားပါတယ္။ အပိုင္းကေတာ့ စုစုေပါင္း(၂၄)ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ ကပ္ပါးေကာင္ေတြဟာ လူေတြေနတဲ့ ကမာၻကို က်ဴးေက်ာ္လာၾကၿပီးေတာ့ လူေတြရဲ႕ ခႏၶာကိုယ္ထဲကို ဝင္ၿပီး ဦးေႏွာက္ကိုစားကာ လူအေယာင္ေဆာင္ၿပီး ေနၾကပါတယ္။ အဲ့ဒီ့အခ်ိန္မွာ အသက္(၁၇)ႏွစ္အ႐ြယ္ေကာင္ေလး  Shinichi Izumi ရဲ႕ ကိုယ္ထဲကိုလည္း ကပ္ပါးေကာင္က ဝင္သြားခဲ့ပါတယ္။

ဒါေပမဲ့လည္း ကပ္ပါးေကာင္က ဦးေႏွာက္အထိ ေရာက္ေအာင္ မသြားႏိုင္ေတာ့ဘဲ သူ႔ရဲ႕ လက္ကိုပဲ စားလိုက္ၿပီးေတာ့ လက္အေယာင္ေဆာင္ၿပီး ေနေနပါတယ္။ အဲ့ဒါကို Shinichi Izumi က သိသြားတဲ့အခ်ိန္မွာ အဲ့ဒီကပ္ပါးေကာင္နဲ႔ ပူးတြဲၿပီး ဘယ္လိုေနရမလည္းဆိုတာ အေျဖရွာရပါေတာ့တယ္။ ဒီစီးရီးဟာ ေသြးထြက္သံယိုအခန္းမ်ားစြာ ပါဝင္ၿပီး ၾကည့္ၿပီးသြားရင္လည္း သင့္အတြက္ ေတြးစရာတစ္ခုေတာ့ က်န္ေနခဲ့ပါလိမ့္မယ္။

(5) Yamishibai
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဒီဇာတ္လမ္းက တစ္ျခားစီးရီးေတြနဲ႔ မတူဘဲ နည္းနည္းေတာ့ ထူးျခားပါတယ္။ အခုထိ season ေပါင္း(၇)ခု ထြက္ထားၿပီးေတာ့ season တစ္ခုမွာ (၁၃)ပိုင္း ပါဝင္ပါတယ္။ ဒါေပမဲ့ တစ္ပိုင္းကို (၄)မိနစ္ ပတ္ဝန္းက်င္ပဲ ၾကာပါတယ္။ တစ္ပိုင္းစီတိုင္းမွာ မတူညီတဲ့ အႏုပညာလက္ရာ၊ ေနာက္ခံေတးဂီတ၊ ကာ႐ိုက္တာေတြကို ေတြ႕ရမွာျဖစ္ၿပီး ရသေပါင္းစုံနဲ႔ ခံစားရမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ အဖိုးႀကီးတစ္ေယာက္ဟာ အပတ္စဥ္တိုင္း ညေနငါးနာရီထိုးရင္  ကေလးကစားကြင္းကို သြားၿပီးေတာ့ ဂ်ပန္႐ိုးရာ သရဲပုံျပင္ေတြအေၾကာင္းကို ဂ်ပန္႐ုပ္ေသးပညာနဲ႔ ေျပာျပေလ့ရွိပါတယ္။ ဇာတ္လမ္းရဲ႕ အပိုင္းတိုင္းက သူေျပာျပတဲ့ ပုံျပင္ေတြ ျဖစ္ၿပီးေတာ့ တစ္ျခား horror ေတြနဲ႔ မတူဘဲ ကြဲျပားေနတဲ့ အရသာကို ခံစားရမွာ ျဖစ္ပါတယ္။

(4) Ghost Hunt
photo via cbr

Ghost Hunt ဟာ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.6) ရရွိထားပါတယ္။ အပိုင္းကေတာ့ စုစုေပါင္း (၂၅)ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ ဂ်ပန္တစ္ႏိုင္ငံလုံးမွာ ျဖစ္ေနတဲ့ သဘာဝလြန္ျဖစ္ရပ္ေတြကို လိုက္လံစုံစမ္း ေထာက္လွမ္းတဲ့ ဇာတ္လမ္းမ်ိဳး ျဖစ္ပါတယ္။ သရဲတေစၦေတြကို လိုက္ရွာတဲ့ဇာတ္လမ္းေတြလိုမ်ိဳးပဲ ဒီစီးရီးဟာ ျဗဳန္း ဒိုင္း ဆိုၿပီး ေၾကာက္စရာေကာင္းတာမ်ိဳးထက္ တစိမ့္စိမ့္နဲ႔ ေက်ာခ်မ္းလာေအာင္ ခံစားရေစမွာ ျဖစ္ပါတယ္။

(3) Another
photo via cbr

Another ကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.6) ရရွိထားပါတယ္။ ဒီစီးရီးမွာ စုစုေပါင္း အပိုင္း(၁၃)ပိုင္း  ပါဝင္ပါတယ္။ anime ပရိသတ္အမ်ားစုကေတာ့ ဒီစီးရီးကို ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။ ဇာတ္လမ္းကေတာ့ Koichi Sakakibara လို႔ေခၚတဲ့ လူငယ္ေလးဟာ ေက်ာင္းအသစ္ကို ေျပာင္းလာၿပီးတဲ့ေနာက္မွာ ထူးဆန္းတာေတြကို ႀကဳံေတြ႕ခဲ့ရၿပီး ထူးဆန္းတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒါေပမဲ့လည္း ေက်ာင္းတစ္ေက်ာင္းလုံးမွာ သူတစ္ေယာက္တည္းကပဲ အဲ့ဒီေကာင္မေလးကို ျမင္ရတဲ့သူ ျဖစ္ေနခဲ့ပါတယ္။

အဲ့ဒီ့ေကာင္မေလးဟာ ဘယ္သူမ်ား ျဖစ္မလည္း၊ လူေတြက အဲ့ဒီ့ေကာင္မေလးကို တကယ္မျမင္ရတာလား၊ ေကာင္ေလးကေရာ ဘာျဖစ္လို႔ ျမင္ေနရတာလည္းဆိုတာ ၾကည့္ရႈရမွာပါ။ ဇာတ္လမ္းအစတည္းကေန ၿပီးကာနီးအထိ ေမးခြန္းေပါင္းမ်ားစြာနဲ႔ ၾကည့္ရႈရမွာ ျဖစ္ၿပီးေတာ့ anime fan ေတြၾကားထဲမွာ ေတာ္ေတာ္ေလး နာမည္ႀကီးတဲ့ စီးရီးလည္း ျဖစ္ပါတယ္။

(2) Shiki
photo via cbr

ဒီစီးရီးကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားတာပါ။ အပိုင္းေပါင္း(၂၄)ပိုင္း ပါရွိကာ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Sotoba ဆိုတဲ့ ႐ြာေလးမွာ လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဆက္တိုက္ဆိုသလို ေသေၾက ပ်က္စီးကုန္ၾကပါတယ္။ ဆရာဝန္ Toshio Ozaki ဟာ ဒီအျဖစ္အပ်က္ကို အစက ကပ္ေရာဂါတစ္ခုလို႔ ထင္ခဲ့ေပမယ့္ တကယ္တန္းမွာေတာ့ တစ္ျခားတစ္ခု ျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့လိုေသဆုံးေနတာေတြဟာ ျပႆနာရဲ႕ တစ္ဝက္ပဲ ရွိပါေသးတယ္။ ေနာက္ထပ္ျပႆနာျဖစ္တဲ့ ေသသြားတဲ့သူေတြက ျပန္ထလာတဲ့အခါမွာေတာ့ ဘယ္လိုေတြ ျဖစ္မလည္းဆိုတာ ၾကည့္ရႈရမွာပါ။

(1) Corpse Party: Tortured Souls
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး အပိုင္း(၄)ပိုင္းသာ ပါရွိတဲ့ မီနီစီးရီး ျဖစ္ပါတယ္။ IMDb rating ကေတာ့ (6.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာင္းသားတစ္စုဟာ အြန္လိုင္းေပၚမွာ တင္ထားတဲ့ အစီအရင္ျပဳလုပ္နည္းတစ္ခုကို ျပဳလုပ္ခဲ့ရာက စပါတယ္။

သူတို႔ အစီအရင္ ျပဳလုပ္တဲ့အခ်ိန္မွာ တစ္စုံတစ္ခုက မွားယြင္းသြားၿပီး သူတို႔အားလုံးဟာ ဝိဉာဥ္ေတြ ျပည့္ႏွက္ေနတဲ့ မူလတန္းေက်ာင္းတစ္ခုကို ထြက္ေပါက္မရွိဘဲ ခ်က္ခ်င္း ေရာက္သြားပါတယ္။ သူတို႔ အဲ့ဒီေနရာကေန ေဘးကင္းကင္းနဲ႔ ထြက္လာႏိုင္မွာလားဆိုတာကိုေတာ့ ကိုယ္တိုင္ၾကည့္ရႈလိုက္ပါ။ ေသြးထြက္သံယိုအခန္းေတြ အမ်ားႀကီး ပါတာမို႔ အသည္းငယ္သူမ်ား မၾကည့္သင့္ပါဘူး။

ဒါကေတာ့ anime horror စီးရီးေကာင္းေတြကို စုစည္းေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ အထက္က ေဖာ္ျပထားတဲ့ စီးရီးေတြထဲက ဘယ္စီးရီးေတြကို ၾကည့္ရႈၿပီးပါၿပီလဲ။ တစ္ျခားေကာင္းႏိုးရာရာေတြ ၾကည့္ထားဖူးရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular