HomeEntertainmentFilmThor 4 အတွက် စူပါဟီးရိုးဇာတ်ကောင်ကို ပြင်ဆင်နေပြီဆိုတဲ့ Natalie Portman

Thor 4 အတွက် စူပါဟီးရိုးဇာတ်ကောင်ကို ပြင်ဆင်နေပြီဆိုတဲ့ Natalie Portman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Natalie Portman ဟာ အခုအသစ်ထွက်လာမယ့် Thor: Love and Thunder ထဲမှာ Thor အဖြစ် သရုပ်ဆောင်ဖို့အတွက် လေ့ကျင့်ရေးတွေ စတင်လုပ်ဆောင်နေပါပြီ။ ပထမဆုံး ထွက်ရှိထားတဲ့ Thor ရုပ်ရှင်နှစ်ကားထဲမှာတော့ သူမဟာ Thor ရဲ့ချစ်သူရည်းစားပုံစံမျိူး သရုပ်ဆောင်ခဲ့ရပါတယ်။ တတိယမြောက်ကားဖြစ်တဲ့ Thor: Ragnarok ရုပ်ရှင်ထဲမှာတော့ သူမဟာ မပါဝင်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ၂၀၁၉ခုနှစ်က ဆန်ဒီယေဂိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာတော့ သူမဟာ Thor 4 မှာ ပါဝင်လာပါမယ်ဆိုပြီး ကြေငြာလိုက်ချိန်မှာ ပရိသတ်တွေအများစုဟာ အံ့ဩခဲ့ကြရပါတယ်။

သူမဟာ လာမယ့် ဇာတ်ကားထဲမှာလည်း Jane Foster နေရာကနေ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အရင်ပုံစံတွေနဲ့မတူဘဲ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမဟာ ဒီရုပ်ရှင်ထဲမှာ Thor အသစ် ဖြစ်လာမှာကြောင့်ပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ စူပါဟီးရိုးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် လေ့ကျင့်ရေးတွေ ပြုလုပ်နေပါတယ် ဆိုပြီးတော့ သူမကိုယ်တိုင်က အတည်ပြုထားပါတယ်။

photo via screenrant

Natalie Portman ဟာ မကြာသေးခင်က Yahoo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Thor: Love and Thunder ထဲမှာ ဘယ်လိုပုံစံမျိူးတွေ ပါဝင်လာမလည်းဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ သူမဟာ လာမယ့် ဇာတ်ကားနဲ့ ပတ်သက်ပြီး သိပ်အများကြီး ပြောပြလို့မရတာကြောင့် Jane Foster ဇာတ်ကောင်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်လာပါတော့မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

“အဲ့လောက်အများကြီးတော့ ပြောပြလို့မရပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ခန္ဓာကိုယ်ကို ကြံ့ခိုင်လာဖို့အတွက် လေ့ကျင့်ရေးတွေ ပြုလုပ်နေပြီး တော်တော်လေးလည်း စိတ်လှုပ်ရှားနေပါပြီ။ အခုလိုမျိူး အမျိူးသမီးစူပါဟီးရိုးတွေ ရှိတယ်ဆိုတော့ အမျိူးသမီးစူပါဟီးရိုးတွေ ပိုများတော့ ပိုကောင်းတာပေါ့ …” ဆိုပြီးတော့ Natalie Portman က ပြောကြားထားတာ ဖြစ်ပါတယ်။

photo via screenrant

သူမရဲ့ ပြောပြချက်ကြောင့် သေချာသွားတာကတော့ လာမယ့်ရုပ်ရှင်ထဲမှာ သူမဟာ Lady Thor ဖြစ်လာမယ်ဆိုတာပါပဲ။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာတဲ့ အချက်ကတော့ သူမကို Lady Thor အနေနဲ့ MCU က ဘယ်လိုမျိူး ပုံဖော်သွားမလည်းဆိုတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Mjolnir ရဲ့စွမ်းအားကြောင့် သူမရဲ့ ခန္ဓာကိုယ်ဟာ နတ်ဘုရားတစ်ယောက်လို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း MCU ထဲမှာတော့ Mjolnir ကို အဲ့လိုပုံစံတွေ မပြခဲ့တာကြောင့် သူမဟာ ဘယ်လိုပုံစံပြောင်းလဲသွားမလည်းဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းကို ရိုက်ကူးမယ့် ဒါရိုက်တာဖြစ်သူ Taika Waititi ကလည်း ဒီဇာတ်ကားဟာ ကောမစ်ထဲက Jane Foster ကင်ဆာဖြစ်သွားတဲ့ timeline ကို ရိုက်ကူးသွားမှာပါလို့ အတည်ပြုထားပါသေးတယ်။ အဲ့ဒီအချက်တွေကြောင့် Thor: Love and Thunder ကလည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားတစ်ကား ဖြစ်လာမှာပါလို့ တင်ပြရင်း … ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသမီး Natalie Portman ဟာ အခုအသစ္ထြက္လာမယ့္ Thor: Love and Thunder ထဲမွာ Thor အျဖစ္ သ႐ုပ္ေဆာင္ဖို႔အတြက္ ေလ့က်င့္ေရးေတြ စတင္လုပ္ေဆာင္ေနပါၿပီ။ ပထမဆုံး ထြက္ရွိထားတဲ့ Thor ႐ုပ္ရွင္ႏွစ္ကားထဲမွာေတာ့ သူမဟာ Thor ရဲ႕ခ်စ္သူရည္းစားပုံစံမ်ိဴး သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ တတိယေျမာက္ကားျဖစ္တဲ့ Thor: Ragnarok ႐ုပ္ရွင္ထဲမွာေတာ့ သူမဟာ မပါဝင္ခဲ့ရပါဘူး။ ဒါေပမယ့္လည္း ၂၀၁၉ခုႏွစ္က ဆန္ဒီေယဂိုၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Comic-Con ပြဲမွာေတာ့ သူမဟာ Thor 4 မွာ ပါဝင္လာပါမယ္ဆိုၿပီး ေၾကျငာလိုက္ခ်ိန္မွာ ပရိသတ္ေတြအမ်ားစုဟာ အံ့ဩခဲ့ၾကရပါတယ္။

သူမဟာ လာမယ့္ ဇာတ္ကားထဲမွာလည္း Jane Foster ေနရာကေန သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ အရင္ပုံစံေတြနဲ႔မတူဘဲ ကြဲျပားသြားမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူမဟာ ဒီ႐ုပ္ရွင္ထဲမွာ Thor အသစ္ ျဖစ္လာမွာေၾကာင့္ပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ စူပါဟီး႐ိုးဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ေလ့က်င့္ေရးေတြ ျပဳလုပ္ေနပါတယ္ ဆိုၿပီးေတာ့ သူမကိုယ္တိုင္က အတည္ျပဳထားပါတယ္။

photo via screenrant

Natalie Portman ဟာ မၾကာေသးခင္က Yahoo နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Thor: Love and Thunder ထဲမွာ ဘယ္လိုပုံစံမ်ိဴးေတြ ပါဝင္လာမလည္းဆိုတဲ့ ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။ အဆိုပါ အင္တာဗ်ဴးမွာ သူမဟာ လာမယ့္ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး သိပ္အမ်ားႀကီး ေျပာျပလို႔မရတာေၾကာင့္ Jane Foster ဇာတ္ေကာင္ဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာပါေတာ့မယ္ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

“အဲ့ေလာက္အမ်ားႀကီးေတာ့ ေျပာျပလို႔မရပါဘူး။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ခႏၶာကိုယ္ကို ႀကံ့ခိုင္လာဖို႔အတြက္ ေလ့က်င့္ေရးေတြ ျပဳလုပ္ေနၿပီး ေတာ္ေတာ္ေလးလည္း စိတ္လႈပ္ရွားေနပါၿပီ။ အခုလိုမ်ိဴး အမ်ိဴးသမီးစူပါဟီး႐ိုးေတြ ရွိတယ္ဆိုေတာ့ အမ်ိဴးသမီးစူပါဟီး႐ိုးေတြ ပိုမ်ားေတာ့ ပိုေကာင္းတာေပါ့ …” ဆိုၿပီးေတာ့ Natalie Portman က ေျပာၾကားထားတာ ျဖစ္ပါတယ္။

photo via screenrant

သူမရဲ႕ ေျပာျပခ်က္ေၾကာင့္ ေသခ်ာသြားတာကေတာ့ လာမယ့္႐ုပ္ရွင္ထဲမွာ သူမဟာ Lady Thor ျဖစ္လာမယ္ဆိုတာပါပဲ။ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းလာတဲ့ အခ်က္ကေတာ့ သူမကို Lady Thor အေနနဲ႔ MCU က ဘယ္လိုမ်ိဴး ပုံေဖာ္သြားမလည္းဆိုတာပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Mjolnir ရဲ႕စြမ္းအားေၾကာင့္ သူမရဲ႕ ခႏၶာကိုယ္ဟာ နတ္ဘုရားတစ္ေယာက္လို ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း MCU ထဲမွာေတာ့ Mjolnir ကို အဲ့လိုပုံစံေတြ မျပခဲ့တာေၾကာင့္ သူမဟာ ဘယ္လိုပုံစံေျပာင္းလဲသြားမလည္းဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းကို ႐ိုက္ကူးမယ့္ ဒါ႐ိုက္တာျဖစ္သူ Taika Waititi ကလည္း ဒီဇာတ္ကားဟာ ေကာမစ္ထဲက Jane Foster ကင္ဆာျဖစ္သြားတဲ့ timeline ကို ႐ိုက္ကူးသြားမွာပါလို႔ အတည္ျပဳထားပါေသးတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ Thor: Love and Thunder ကလည္း ၾကည့္လို႔ေကာင္းမယ့္ ႐ုပ္ရွင္ကားတစ္ကား ျဖစ္လာမွာပါလို႔ တင္ျပရင္း … ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular