HomeCelebs Update NewsKoreaနိုင်ငံပေါင်း(၂၁)နိုင်ငံမှာ နံပါတ်(၁)ချိတ်နေတဲ့ NCT Dream ရဲ့ အယ်လ်ဘမ် We Boom

နိုင်ငံပေါင်း(၂၁)နိုင်ငံမှာ နံပါတ်(၁)ချိတ်နေတဲ့ NCT Dream ရဲ့ အယ်လ်ဘမ် We Boom

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။


Photo: koreaboo


Photo: koreaboo


Xei

Ref: koreaboo

(Unicode Version)

NCT Dream အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထွက် comeback ဆင်ဂယ်လ် “BOOM” နဲ့ တစ်ဟုန်ထိုး အောင်မြင်မှုကို ရရှိနေပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း အားပေးနေကြပြီး NCT ရဲ့ ပရိသတ်တွေအနေနဲ့လည်း ပိုပြီးရင့်ကျက်လာတဲ့ အဖွဲ့ဝင်တွေကို အံ့သြမှင်သက်ဖွယ် တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။

Photo: koreaboo

“We Boom” လို့ အမည်ရတဲ့ NCT Dream ရဲ့ မီနီအယ်လ်ဘမ်ဟာ နိုင်ငံပေါင်း(၂၁)နိုင်ငံရဲ့ iTunes Chart မှာ နံပါတ်(၁)နေရာက ရပ်တည်နေပါတယ်။ အဲ့ဒီ့(၂၁)နိုင်ငံကတော့ ဆွီဒင်၊ ဖင်လန်၊ ဂရိ၊ ရုရှား၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ချီလီ၊ ဆော်ဒီအာရေဘီးယား၊ ယူနိုက်တက် အာရပ်ဆော်ဘွားများနိုင်ငံ၊ အက်စ်တိုးနီးယား၊ ပနားမား၊ ပီရူး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကာတာနဲ့ ဘယ်လာရုစ်နိုင်ငံတို့ ဖြစ်ပါတယ်။

Photo: koreaboo

အဆိုပါအယ်လ်ဘမ်မှာ သီချင်းအမျိုးအစား ပေါင်းစုံနဲ့ သီချင်း(၆)ပုဒ် ပါဝင်ပါတယ်။ အယ်လ်ဘမ်ထဲက လူကြိုက်အများဆုံးသီချင်းကတော့ အဖွဲ့ဝင်တွေရဲ့ မတူညီတဲ့ အရည်အချင်းတွေကို ခံစားရတယ်လို့ ပရိသတ်တွေကပြောတဲ့ “BOOM” ဖြစ်ပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular